×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Monday, 21 September 2020

ရေတွင်းပျက်ထဲကျသွားတော့ နက္ခတ်ဆရာကြီး

ဒီပုံပြင်လေးကို မျှဝေရတဲ့ ရည်ရွယ်ချက်ကတော့
(၁) ဒီပုံပြင်လေးကိုဖတ်ပြီးချိန်မှာ အတွေးတစ်ခုခု ကျန်ခဲ့မယ်လို့ ထင်မိပါတယ်
(၂) ဒီပုံပြင်လေးထဲမှာပါဝင်တဲ့ အင်္ဂလိပ် စကားလုံးတွေက လွယ်ကူရိုးရှင်းပြီး ဘာသာပြန်ရန် လွယ်ကူတဲ့အတွက် အင်္ဂလိပ်စာကို စတင်လေ့လာတဲ့ မောင်ငယ်၊ ညီမငယ်များအတွက် အင်္ဂလိပ်-မြန်မာ (Bilingual) အလွယ်တကူ ဖတ်နိုင်မယ်လို့ ထင်မိတဲ့အတွက်ကြောင့်ပါ။

ပုံပြင်အတူတူ ဖတ်ကြပါစို့။

ရေတွင်းပျက်ထဲကျသွားတော့ နက္ခတ်ဆရာကြီး

တစ်ခါတုန်းက တရုတ်ပြည်ရှိ ရွာလေးတစ်ရွာမှာ နက္ခတ်ဆရာတစ်ယောက် နေထိုင်ခဲ့တယ်။ သူက ညအခါမှာ အိမ်အပြင်ကို ထွက်ပြီးတော့ ကောင်းကင်ရှိ ကြယ်၊ နက္ခတ်တာရာတွေကို လေ့လာလေ့ရှိတယ်။ လသာတစ်ညမှာတော့ နက္ခတ်ဆရာကြီးဟာ ကြယ်တာရာတွေကို မော့ကြည့်ရင်းနဲ့ ရေတွင်းပျက်တစ်ခုထဲကို ကျသွားခဲ့တယ်။ သူ့ဘာသာသူ အပေါ်ကို ပြန်မတက်နိုင်တော့ဘူး။ ဒါကြောင့် ရေတွင်းပျက်ထဲကနေ "ကယ်တော်မူပါ" လို့ အကျယ်ကြီး အော်ဟစ်အကူအညီတောင်းရတာပေါ့။ အနီးအနားရှိ သူ့အသံကို ကြားရတဲ့သူတွေက သူ့ကို ကယ်ဆယ်ခဲ့ကြတယ်။ (မြေပြင်ပေါ်ကို ရောက်တဲ့အခါ) သူ့ဘေးမှာရှိတဲ့ လူတွေထဲက တစ်ယောက်က "အို . . . နက္ခတ်ဆရာကြီး၊ သင်ဟာ လူတွေရဲ့ ဘဝမှာ နက္ခတ်တွေရဲ့ အကျိုးသက်ရောက်မှုကိုတောင် ပြောပြနိုင်သေးတာပဲ။ သင် ဘာကြောင့် ရေတွင်းပျက်ထဲ ကျသွားရတာလဲ " လို့ မေးလိုက်တော့ နက္ခတ်ဆရာကြီးက "ကျွန်တော် - အပေါ်ကိုပဲ ကြည့်မိခဲ့တယ်။ အောက်ကို မကြည့်မိဘူး။ ဒါကြောင့် ရေတွင်းပျက်ထဲ ကျသွားတာ" လို့ ပြန်ဖြေလိုက်ပါတော့သတဲ့။

The Astrologer Who Fell Into The Dry Well

 
Once upon a time, there lived an astrologer in a village in China. He used to get out of his house and study the stars and constellations in the sky at nightfall. One moonlit night, the astrologer, while looking up at the stars and constellations, fell into a dry well. He could not climb up by himself. So, he had to cry and should loudly "Help!". People near the place heard his sound and saved him. When he reached the ground, one of the men beside him asked, "Oh, Astrologer, you can even tell the influence of stars on people's lives. Why did you fall into the dry well?" Then, the astrologer replied, "Because I happened to look 'up' only but not 'down'.

ဒီပံုျပင္ေလးကို မွ်ေ၀ရတဲ့ ရည္ရြယ္ခ်က္ကေတာ့
(၁) ဒီပံုျပင္ေလးကိုဖတ္ၿပီးခ်ိန္မွာ အေတြးတစ္ခုခု က်န္ခဲ့မယ္လို႔ ထင္မိပါတယ္
(၂) ဒီပံုျပင္ေလးထဲမွာပါ၀င္တဲ့ အဂၤလိပ္ စကားလံုးေတြက လြယ္ကူရိုးရွင္းၿပီး ဘာသာျပန္ရန္ လြယ္ကူတဲ့အတြက္ အဂၤလိပ္စာကို စတင္ေလ့လာတဲ့ ေမာင္ငယ္၊ ညီမငယ္မ်ားအတြက္ အဂၤလိပ္-ျမန္မာ (Bilingual) အလြယ္တကူ ဖတ္ႏိုင္မယ္လို႔ ထင္မိတဲ့အတြက္ေၾကာင့္ပါ။

ပံုျပင္အတူတူ ဖတ္ၾကပါစို႔။

ေရတြင္းပ်က္ထဲက်သြားေတာ့ နကၡတ္ဆရာႀကီး

တစ္ခါတုန္းက တရုတ္ျပည္ရွိ ရြာေလးတစ္ရြာမွာ နကၡတ္ဆရာတစ္ေယာက္ ေနထိုင္ခဲ့တယ္။ သူက ညအခါမွာ အိမ္အျပင္ကို ထြက္ၿပီးေတာ့ ေကာင္းကင္ရွိ ၾကယ္၊ နကၡတ္တာရာေတြကို ေလ့လာေလ့ရွိတယ္။ လသာတစ္ညမွာေတာ့ နကၡတ္ဆရာႀကီးဟာ ၾကယ္တာရာေတြကို ေမာ့ၾကည့္ရင္းနဲ႔ ေရတြင္းပ်က္တစ္ခုထဲကို က်သြားခဲ့တယ္။ သူ႔ဘာသာသူ အေပၚကို ျပန္မတက္ႏိုင္ေတာ့ဘူး။ ဒါေၾကာင့္ ေရတြင္းပ်က္ထဲကေန "ကယ္ေတာ္မူပါ" လို႔ အက်ယ္ႀကီး ေအာ္ဟစ္အကူအညီေတာင္းရတာေပါ့။ အနီးအနားရွိ သူ႔အသံကို ၾကားရတဲ့သူေတြက သူ႔ကို ကယ္ဆယ္ခဲ့ၾကတယ္။ (ေျမျပင္ေပၚကို ေရာက္တဲ့အခါ) သူ႔ေဘးမွာရွိတဲ့ လူေတြထဲက တစ္ေယာက္က "အို . . . နကၡတ္ဆရာႀကီး၊ သင္ဟာ လူေတြရဲ႕ ဘ၀မွာ နကၡတ္ေတြရဲ႕ အက်ိဳးသက္ေရာက္မႈကိုေတာင္ ေျပာျပႏိုင္ေသးတာပဲ။ သင္ ဘာေၾကာင့္ ေရတြင္းပ်က္ထဲ က်သြားရတာလဲ " လို႔ ေမးလိုက္ေတာ့ နကၡတ္ဆရာႀကီးက "ကၽြန္ေတာ္ - အေပၚကိုပဲ ၾကည့္မိခဲ့တယ္။ ေအာက္ကို မၾကည့္မိဘူး။ ဒါေၾကာင့္ ေရတြင္းပ်က္ထဲ က်သြားတာ" လို႔ ျပန္ေျဖလိုက္ပါေတာ့သတဲ့။

The Astrologer Who Fell Into The Dry Well

Once upon a time, there lived an astrologer in a village in China. He used to get out of his house and study the stars and constellations in the sky at nightfall. One moonlit night, the astrologer, while looking up at the stars and constellations, fell into a dry well. He could not climb up by himself. So, he had to cry and should loudly "Help!". People near the place heard his sound and saved him. When he reached the ground, one of the men beside him asked, "Oh, Astrologer, you can even tell the influence of stars on people's lives. Why did you fall into the dry well?" Then, the astrologer replied, "Because I happened to look 'up' only but not 'down'.

Credit : Nei Chi (Yeni)

Read times Last modified on Monday, 21 September 2020 14:37
Rate this articles
(0 votes)