×
Warning
JUser: :_load: Unable to load user with ID: 723
Lifestyle
Monday, 08 January 2018
ကျောင်းသားများ နှလုံးသားထဲက ဆရာကောင်းများ
ကျောင်းသားများ နှလုံးသားထဲက ဆရာကောင်းများ google.com
ဒီကနေ့ ဆွေးနွေးချင်တာကတော့ ပြည်တွင်းပြည်ပမှာ ရှိတဲ့ အစိုးရ၊ ပညာရေးဋ္ဌာနများရဲ့ သတ်မှတ်ချက် များမဟုတ်ပါ။ ကျောင်းသူ ကျောင်းသားများ စိတ်အတွင်းမှ အမြဲသတိရ ချစ်ခင်နေရတဲ့ ဆရာ ဆရာမများရဲ့ ဘုံအင်္ဂါရပ် ( သို့ ) အရည်အချင်းကို ဆွေးနွေးချင်ပါတယ်။ 
အမေရိကန် နိုင်ငံ ပညာရေး သုတေတီပညာရှင် Paul Wade ဟာ ကျောင်းသူကျောင်းသားများကို စာရေးမေးမြန်းတဲ့ပုံစံနဲ့ အနှစ် ( ၄၀ ) တိုင်တိုင် သူတေသန ပြုခဲ့ပါတယ်။ ကျောင်းသူကျောင်းသားများ စိတ်အတွင်းမှာ ရှိတဲ့ ဆရာဆရာမကောင်းများဟာ အောက်ပါဂုဏ် အရည်အချင်း ( ၁၂ ) ရပ် ပိုင်ဆိုင် ထားကြောင်း ဖေါ်ပြထားပါတယ်။
၁။ သဘောကောင်းခြင်း
သူ ကျွန်တော်တို့ကို တကယ်စိတ်ဝင်းစားရမယ်။ တကယ်ချစ်ရပါမယ်။ ကျွန်တော်တို့ အသက်ငယ်ပေမဲ့ ဆရာ ကျွန်တော်တို့ကို သင်ရတာ ကြိုက်သလား၊ မကြိုက်ဘူးလားဆိုတာ ခံစားတတ်ပါတယ်။
၂။ လေးစားတတ်ခြင်း
၃။ စိတ်ရှည်ခြင်း
ဆရာ၊ ကျွန်တော်တို့ မေးတဲ့မေးခွန်းအပေါ် စိတ်ရှည်ပါ။ ဆရာ့အတွက် ကျွန်တော်တို့မေးတဲ့မေးခွန်းဟာ
နုနယ်လွန်းပြီး ရယ်စရာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဆရာက အရင်နားထောင်တတ်မှ ဆရာ့ ဆီကနေ သူများကို နားထောင်တတ်တဲ့ အကျင့် အတုယူ သင်ယူနိုင်ကြမှာလေ။
၎။ ၀ါသနာ ကျယ်ပြန့်ခြင်း
သေသေသပ်သပ် ရှိတဲ့ဆရာဆရာမများကို ကျွန်တော်တို့ ပိုခင်လွယ်တယ်။ အ၀တ်အစားကို သပ်သပ် ရပ်ရပ် ၀တ်ဆင်တယ်။ သင်ပုန်းပေါ်မှာ စာလုံးသပ်သပ်ရပ်ရပ် ရေးတတ်တယ်။ စာသင်ပုံသင်နည်း အစီအစဉ်ရှိတယ်။
၆။ တရားမျှတခြင်း
ဆရာ၊ တရားမျှတမူသာ ရှိပါစေ၊ နည်းနည်း စည်းကမ်းကြီးရင်လည်း ကျွန်တော်တို့ ခံနိုင်ရည် ရှိပါတယ်။
၇။ တစ်ယောက်စီကို စိတ်ဝင်စားတတ်ခြင်း
စာတော်တဲ့ကျောင်းသားလောက်ပဲ လူထင်တာ မဟုတ်ပဲ ကျောင်းသားတိုင်းကို အလေးထားတဲ့ ဆရာမျိုးကို ပိုချစ်ခင်တယ်။
၈။ အကျင့်ကောင်းခြင်း
ဆရာလည်း စိတ်ဆိုးတတ်ပေမဲ့ ထိန်းထိန်းသိမ်းသိမ်း ရှိပါတယ်။ ကျောင်းသားများရဲ့ စံပြအဖြစ် အမြဲနေထိုင်ပြုမူတယ်။ “ ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့” သဘောထားရှိတဲ့ ဆရာမျိုးကို မကြိုက်ဆုံးပဲ။
၉ ။ ဟာသဥာဏ်ရှိခြင်း
အတန်းထဲမှာ အမြဲလိုလို ရီစရာ ပြောနေတာ မဟုတ်ပေမဲ့ ကျွန်တော်တို့ ငြီးငွေ့လာပြီ၊ အိပ်ငိုက်လာပြီ လို့ ဆရာထင်ရင် ရီစရာတစ်ခုခု အမြဲပြောတတ်တယ်။ ချက်ချင်းလန်းသွားပြီဟေ့ဆိုရင် စာထဲကို ပြန်ခေါ် ဆောင်သွားတယ်။
၁၀။ Flexible ဖြစ်ခြင်း
တော်ရုံတန်ရုံ အပြစ်မျိုးဆိုရင် ဆရာက ခွင့်လွတ်တာ များပါတယ်။ တစ်ခါတစ်လေ ကျောင်းသားမိဘများနဲ့ ပတ်သက်လာခဲ့ရင်၊ အထင်အမြလွှဲ ခံရခဲ့ရင်တောင်မှ ဆရာက စိတ်သဘောထားကြီးကြီးနဲ့ လစ်လျူရူ့ လိုက်တာ များပါတယ်။
၁၂။ နည်းလမ်းသိခြင်း
ကျွန်တော်တိုကို့ ဆရာသင်ပေးတဲ့ ဘာသာရပ်မှာ တော်တော် အားကောင်းလာတာကို သတိပြုမိပါတယ်။
အရည်အချင်းကွာခြားတဲ့ကျောင်းသား၊ နားလည်မူ အနှေးအမြန် ကွာခြားတဲ့ ကျောင်းသားများကို ဆရာက မတူတဲ့ ပုံစံနဲ့ နားလည်အောင် ရှင်းပြတတ်တယ်။ တစ်ခါတစ်လေ ဆရာက တစ်ချက်ပဲ ထောက်ပြလိုက် တယ်။ တစ်ပုဒ်လုံးကို နားလည်သွားသလိုပဲ။
[Unicode Version]
ဆရာဆရာမကောင်းများကိုု ဘယ်လိုုစံချိန်စံညွန်းနဲ့ တိုုင်းတာ သတ်မှတ်ပါသလဲ၊ တစ်နိုုင်ငံနဲ့ တစ်နိုုင်ငံ သတ်မှတ်ပုုံခြင်းမတူညီပါ။ ပညာရေးစနစ်ပေါ် မူတည်ပြီး သတ်မှတ်တဲ့ စံချိန်စံညွန်းများကလည်း ကွားခြားလှပါတယ်။
ဒီကနေ့ ဆွေးနွေးချင်တာကတော့ ပြည်တွင်းပြည်ပမှာ ရှိတဲ့ အစိုုးရ၊ ပညာရေးဋ္ဌာနများရဲ့ သတ်မှတ်ချက် များမဟုုတ်ပါ။ ကျောင်းသူ ကျောင်းသားများ စိတ်အတွင်းမှ အမြဲသတိရ ချစ်ခင်နေရတဲ့ ဆရာ ဆရာမများရဲ့ ဘုံုအင်္ဂါရပ် ( သိုု့ ) အရည်အချင်းကိုု ဆွေးနွေးချင်ပါတယ်။
အမေရိကန် နိုုင်ငံ ပညာရေး သုုတေတီပညာရှင် Paul Wade ဟာ ကျောင်းသူကျောင်းသားများကိုု စာရေးမေးမြန်းတဲ့ပုံုစံနဲ့ အနှစ် ( ၄၀ ) တိုုင်တိုုင် သူတေသန ပြုခဲ့ပါတယ်။ ကျောင်းသူကျောင်းသားများ စ်ိတ်အတွင်းမှာ ရှိတဲ့ ဆရာဆရာမကောင်းများဟာ အောက်ပါဂုုဏ် အရည်အချင်း ( ၁၂ ) ရပ် ပိုုင်ဆိုုင် ထားကြောင်း ဖေါ်ပြထားပါတယ်။
၁။ သဘောကောင်းခြင်း
သူ ကျွန်တော်တိုု့ကိုု တကယ်စိတ်ဝင်းစားရမယ်။ တကယ်ချစ်ရပါမယ်။ ကျွန်တော်တိုု့ အသက်ငယ်ပေမဲ့ ဆရာ ကျွန်တော်တိုု့ကိုု သင်ရတာ ကြိုက်သလား၊ မကြိုက်ဘူးလားဆိုုတာ ခံစားတတ်ပါတယ်။
Recommended for you - အောင်မြင်ပြီးမှ ဘာလို့ကျရှုံးရတာလည်း
၂။ လေးစားတတ်ခြင်း
ဆရာ အရင်ယဉ်ကျေးရပါမယ်။ ကျွန်တော်တိုု့ ကျောင်းသားများလည်း လူသားပဲလေ။
၃။ စိတ်ရှည်ခြင်း
ဆရာ၊ ကျွန်တော်တိုု့ မေးတဲ့မေးခွန်းအပေါ် စိတ်ရှည်ပါ။ ဆရာ့အတွက် ကျွန်တော်တိုု့မေးတဲ့မေးခွန်းဟာ
နုုနယ်လွန်းပြီး ရယ်စရာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဆရာက အရင်နားထောင်တတ်မှ ဆရာ့ ဆီကနေ သူများကိုု နားထောင်တတ်တဲ့ အကျင့် အတုုယူ သင်ယူနိုုင်ကြမှာလေ။
၄။ ၀ါသနာ ကျယ်ပြန့်ခြင်း
သင်ခန်းစာထဲက စာလည်းရတယ်။ ပြင်ပဗဟုုသုုတလည်း အများကြီးတိုုးတယ်။ ဘဝနေထိုုင်နည်း၊ ဘဝရင်ဆိုုင်နည်းပါ ဆရာ့ဆီကနေ ပညာရသွားတယ်။
၅။ သပ်သပ်ရပ်ရပ် နေတတ်ခြင်း
သေသေသပ်သပ် ရှိတဲ့ဆရာဆရာမများကိုု ကျွန်တော်တိုု့ ပိုုခင်လွယ်တယ်။ အဝတ်အစားကိုု သပ်သပ် ရပ်ရပ် ၀တ်ဆင်တယ်။ သင်ပုုန်းပေါ်မှာ စာလုံုးသပ်သပ်ရပ်ရပ် ရေးတတ်တယ်။ စာသင်ပုံုသင်နည်း အစီအစဉ်ရှိတယ်။
၆။ တရားမျှတခြင်း
ဆရာ၊ တရားမျှတမူသာ ရှိပါစေ၊ နည်းနည်း စည်းကမ်းကြီးရင်လည်း ကျွန်တော်တိုု့ ခံနိုုင်ရည် ရှိပါတယ်။
Recommended for you - Working Visa နဲ့ ဂျပန်သွားကြတဲ့အခါ
ရ။ တစ်ယောက်စီကိုု စိတ်ဝင်စားတတ်ခြင်း
စာတော်တဲ့ကျောင်းသားလောက်ပဲ လူထင်တာ မဟုုတ်ပဲ ကျောင်းသားတိုုင်းကိုု အလေးထားတဲ့ ဆရာမျိုးကိုု ပိုုချစ်ခင်တယ်။
၈။ အကျင့်ကောင်းခြင်း
ဆရာလည်း စိတ်ဆိုုးတတ်ပေမဲ့ ထိန်းထိန်းသိမ်းသိမ်း ရှိပါတယ်။ ကျောင်းသားများရဲ့ စံပြအဖြစ် အမြဲနေထိုုင်ပြုမူတယ်။ “ ငါပြောသလိုုလုုပ်၊ ငါလုုပ်သလိုု မလုုပ်နဲ့” သဘောထားရှိတဲ့ ဆရာမျိုးကိုု မကြိုက်ဆုံုးပဲ။
၉ ။ ဟာသဉာဏ်ရှိခြင်း
အတန်းထဲမှာ အမြဲလိုုလိုု ရီစရာ ပြောနေတာ မဟုုတ်ပေမဲ့ ကျွန်တော်တိုု့ ငြီးငွေ့လာပြီ၊ အိပ်ငိုုက်လာပြီ လိုု့ ဆရာထင်ရင် ရီစရာတစ်ခုုခုု အမြဲပြောတတ်တယ်။ ချက်ချင်းလန်းသွားပြီဟေ့ဆိုုရင် စာထဲကိုု ပြန်ခေါ် ဆောင်သွားတယ်။
၁၀။ Flexible ဖြစ်ခြင်း
ဆရာဟာ Flexible အရမ်းဖြစ်တယ်။ စာအုုပ်ကြီးသမား မဟုုတ်ဘူး၊ သင့်ရင်သင့်သလိုု ဆိုုဆုံုးမတတ်ပေမဲ့ ဆရာရဲ့ သွန်သင်မူများဟာ မသိမသာပုံုစံက ပိုုများပါတယ်။ ဆရာဟာ တစ်ခါတစ်လေ ဆရာနဲ့တူတယ်။
တစ်ခါတစ်လေ မိဘနဲ့တူပြန်တယ်။ အချို့ အချိန်မှာ ဆွေးနွေးတိုုင်ပင်လိုု့ ကောင်းတဲ့ မိတ်ဆွေကောင်းနဲ့ တူတတ်ပါတယ်။
၁၁။ စိတ်သဘောထား ကြီးခြင်း
တော်ရုံုတန်ရုံု အပြစ်မျိုးဆိုုရင် ဆရာက ခွင့်လွတ်တာ များပါတယ်။ တစ်ခါတစ်လေ ကျောင်းသားမိဘများနဲ့ ပတ်သက်လာခဲ့ရင်၊ အထင်အမြလွှဲ ခံရခဲ့ရင်တောင်မှ ဆရာက စိတ်သဘောထားကြီးကြီးနဲ့ လစ်လျူရူ့ လိုုက်တာ များပါတယ်။
၁၂။ နည်းလမ်းသိခြင်း
ကျွန်တော်တိုုကိုု့ ဆရာသင်ပေးတဲ့ ဘာသာရပ်မှာ တော်တော် အားကောင်းလာတာကိုု သတိပြုမိပါတယ်။
အရည်အချင်းကွာခြားတဲ့ကျောင်းသား၊ နားလည်မူ အနှေးအမြန် ကွာခြားတဲ့ ကျောင်းသားများကိုု ဆရာက မတူတဲ့ ပုံုစံနဲ့ နားလည်အောင် ရှင်းပြတတ်တယ်။ တစ်ခါတစ်လေ ဆရာက တစ်ချက်ပဲ ထောက်ပြလိုုက် တယ်။ တစ်ပုုဒ်လုံုးကိုု နားလည်သွားသလိုုပဲ။
Credit: Sayar AungKoLatt
Read times Last modified on Friday, 03 January 2020 10:32
Rate this articles
(0 votes)