×
Warning
JUser: :_load: Unable to load user with ID: 81428
Success
Monday, 12 October 2020
လုပ်ငန်းခွင်အတွက် အောင်မြင်ရေးနည်းလမ်းကောင်းများ
လုပ်ငန်းခွင်အတွက် အောင်မြင်ရေးနည်းလမ်းကောင်းများ
စီးပွားရေးလုပ်ငန်းအသီးသီးတွင် လုပ်ကိုင်ဆောင်ရွက်နေကြသူများအတွက် မိမိတို့၏ အလုပ်တာဝန်များကို အချိန်မီ ပြီးမြောက်အောင်မြင်ရေးအတွက် ကြိုးပမ်းအားထုတ်နေကြသည်။ စိတ်ဖိစီးမှုများလည်း အနည်းနှင့်အများဆိုသလို ကြုံတွေ့ရမည်သာဖြစ်သည်။ သို့ရာတွင် အချိန်ကို စနစ်တကျ စီမံခန့်ခွဲ၍ အသုံးချခြင်းသည်လည်း အရေးပါသော အခန်းကဏ္ဍဖြစ်လာသည်။ မိမိ၏ အချိန်ကို တန်ဖိုးရှိရှိ အသုံးချနိုင်စေရန် နည်းလမ်းကောင်းများကို တင်ပြလိုက်ရပါတယ်။
မျှတသောအချိန်ဇယားကို ရေးဆွဲပါ။
ထိုက်သင့်သော အပန်းဖြေမှုမရှိဘဲ အလုပ်တာဝန်များအား ဆက်တက်လုပ်ဆောင်ခြင်းသည် ကောင်းမွန်သော အကျိုးကျေးဇူးကို ရစေနိုင်မည်မုတ်ပါ။ လုပ်ငန်းခွင်နှင့် မိသားစုကြားတွင် မျှတသော အချိန်ဇယား တစ်ခုကိုထား၍ လူမှုရေးဆိုင်ရာကိစ္စရပ်များ၊ နေ့စဉ်ဝတ္တရားများ၊ အပန်းဖြေအနားယူမှုများ စသည်တို့ကို အချိုးကျကျ ပါဝင်နေသင့်ပါသည်။ ထို့ကြောင့် မိမိ၏ အချိန်များကို စီမံခန့်ခွဲရာတွင် Work Life Balance ဖြစ်အောင် သေချာစဉ်းစားပြီး မျှတသော အချိန်ဇယားကို ရေးဆွဲပါ။
ခေတ္တခဏ အပန်းဖြေပါ။
တစ်နေ့စာလုပ်ဆောင်နေသော တာဝန်များအကြားတွင် ဆယ်မိနစ် (သို့) ဆယ့်ငါးမိနစ်စသော အချိန်ခဏ အနားယူခြင်းသည် မိမိလုပ်ငန်းအပေါ် ပိုမိုအာရုံစိုက်နိုင်သည့်အပြင် ပြီးပြည့်စုံသော လုပ်ငန်းပြီးမြောက်မှုကိုလည်း ရရှိနိုင္ပါသည်။
အလွန်အကျွံ ကတိပေးခြင်းမှ ရှောင်ကြဉ်ပါ။
တစ်နေ့တာအတွင်း မိမိလုပ်ဆောင်နိုင်သည့် အနေအထားမှကျော်လွန်၍ ကတိပေးပြောဆိုခြင်းသည် မိမိ၏ လုပ်ငန်းပြီးမြောက်မှုကို မကူညီသည့်အပြင် လုပ်ငန်းထိခိုက်မှုကိုပါ ဖြစ်စေနိုင်သည်။ မိမိလုပ်ဆောင်နိုင်သည့် အတိုင်းအတာတစ်ခုကိုသာ Commitment (ကတိကဝတ်) ပေး၍ ၎င်းလုပ်ငန်းတာဝန်အပေါ် အရည်အသွေးပြည့်မှီအောင် လုပ်ဆောင်ခြင်းက ပို၍ အရေးကြီးပါသည်။
လုပ်ငန်းတာဝန်များကို စနစ်တကျ ခွဲဝေသတ်မှတ်၍ လုပ်ဆောင်ပါ။
လုပ်ငန်းတာဝန်များ များပြားနေပါက “Should” and “Must” ဟူ၍ နှစ်ပိုင်းခွဲကာ လုပ်ဆောင်သင့်ပါသည်။ ၎င်းအပြင ်အလုပ်တာဝန်များကိုပါ အရေးကြီး အလျဉ်လိုမှုများအပေါ်မူတည်၍ “Priority” သတ်မှတ်ကာ အမြင့်ဆုံးမှစ၍ လုပ်ဆောင်သင့်ပါသည်။ ထို့နောက် အဆင့်လိုက်ဖြေရှင်းကာ ပြီးပြည့်စုံသော ရလဒ်ကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။
အထက်ပါနည်းလမ်းများကို အသုံးပြု၍ မိမိတို့၏ သက်ဆိုင်ရာလုပ်ငန်းခွင်များတွင် အောင်မြင်မှုများ အသီးသီး ရနိုင်ကြစေရန် ရည်ရွယ်ပါသည်။
ခေတ္တခဏ အပန်းဖြေပါ။
တစ်နေ့စာလုပ်ဆောင်နေသော တာဝန်များအကြားတွင် ဆယ်မိနစ် (သို့) ဆယ့်ငါးမိနစ်စသော အချိန်ခဏ အနားယူခြင်းသည် မိမိလုပ်ငန်းအပေါ် ပိုမိုအာရုံစိုက်နိုင်သည့်အပြင် ပြီးပြည့်စုံသော လုပ်ငန်းပြီးမြောက်မှုကိုလည်း ရရှိနိုင်ပါသည်။
Read times
Rate this articles
(0 votes)