×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 11 November 2020

အသက်အရွယ်နှင့် စိတ်စွမ်းရည်

အသက်အရွယ်နှင့် စိတ်စွမ်းရည်

လူ့ဘဝနောက်ပိုင်းနှစ်ကာလများသည် စိတ်ပိုင်းဆိုင်ရာ စွမ်းအားအမြင့်ဆုံး အချိန်များပင်ဖြစ်ကြောင်း သိပ္ပံနည်းကျ အထောက်အထားများ တွေ့ရှိလာလေရာ . . . .

 

အမေရိကန်ပြည်ထောင်စု "အိုင်အိုဝါ" ပြည်နယ်ကောလိပ် စိတ်ပညာဌာနမှူး "ဝီလျံအိုဝင်" သည် ကောလိပ်အဆောက်အအုံ အထပ်ခိုးတစ်ခုတွင် မမျှော်လင့်သော စာရွက်စာတမ်းများကို တွေ့ရှိခဲ့သည်။ ယင်းတို့မှာ ၁၉၁၉ ခုနှစ် ကောလိပ်ကျောင်းသား (၁၇၉)ယောက်တို့အား စိတ်စွမ်းရည်များ လေ့လာစမ်းသပ်ရာတွင် ရရှိသော အမှတ်စာရင်းများဖြစ်လေသည်။

 

ထို အမှတ်စာရင်းများကိုအခြေပြု၍ ထိုကျောင်းသားဟောင်းများအား ဆက်သွယ်စုံစမ်းရာတွင် (၁၂၇)ဦးနှင့် အဆက်အသွယ်ရရှိခဲ့သည်။ ထိုသူတို့၏ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးကို ထပ်မံလေ့လာစမ်းသပ်ရာတွင် အသက်ကြီးလာလျှင် စိတ်သည် ကိုယ်ခန္ဓာလိုပင် ယိုယွင်းလာသည်ဟူသော အယူအဆဟောင်းမှာ မှားယွင်းကြောင်း အံ့သြလောက်အောင် လေ့လာတွေ့ရှိရလေသည်။

 

ထိုအချက်နှင့်ပတ်သက်၍ ဒေါက်တာအိုဝင်က "အသက်ကြီးလာရင် ဦးနှောက်အခြေအနေ ယိုယွင်းလာတဲ့လက္ခဏာ မတွေ့ရပါဘူး။ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေသာ တိုးတက်လာတာ တွေ့ရပါတယ်" ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုသူတို့သည် တက္ကသိုလ်များတွင် လေးနှစ်ကြာ ပညာသင်ယူခဲ့ပြီး လက်တွေ့ဘ၀ အတွေ့အကြုံများလည်း နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးဖြစ်သဖြင့် အထွေထွေဗဟုသုတမေးခွန်းများတွင် ရမှတ်များ ပိုမိုမြင့်မားလာကြောင်း၊ လက်တွေ့ဆုံးဖြတ်မှုဆိုင်ရာများနှင့်ပတ်သက်၍လည်း ရမှတ်များ ပိုမိုမြင့်မားလာကြောင်းကို လေ့လာတွေ့ရှိခဲ့သည်။

 

"ဒါပေမယ့် စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ကြောင်းကျိုးဆင်ခြင်မှုနဲ့ တွေးခေါ်မြော်မြင်မှုဆိုင်ရာ စမ်းသပ်မှုတွေမှာ ရမှတ်တွေ တိုးတက်လာတဲ့ အချက်ပါပဲ။ အရွယ်ရောက်လာတဲ့အချိန်မှာ လူ့ဦးနှောက်ဟာ သွက်လက်မြန်ဆန်ပြီး အသိပညာတွေကို ခံယူနိုင်စွမ်း အကောင်းဆုံးကာလို့ ယူဆရပေမယ့် စမ်းသပ်တွေ့ရှိချက်အရ လူအများစုဟာ အသက်(၅၀)အရွယ်မှာ အရွယ်ကောင်းချိန်ကထက် ဉာဏ်စွမ်းအား ပိုမိုမြင့်မားလာတယ်ဆိုတဲ့ အဖြေထွက်နေပါတယ်" လို့ ဒေါက်တာအိုဝင်က ဆိုပါတယ်။

 

ဉာဏ်ရည်ထက်မြတ်သူများသည် အသက်ကြီးရင့်လာသည်နှင့်အမျှ ဉာဏ်ရည်များ ပိုမိုထက်မြက်လာကြောင်း၊ စိတ်ပိုင်းဆိုင်ရာစွမ်းရည်များသည် အသက်(၂၀)နှင့် (၅) အတွင်း မှန်မှန်ပင် တိုးတက်လာကြောင်း၊ အတိတ်က ဉာဏ်ရည်အသင့်အတင့်ရှိသူ လူကြီးများစွာသည် အသက်(၇၀) မှ (၈၀) အထိ ဉာဏ်ရည်များ ဆက်လက်တိုးတက်နေကြာင်း တွေ့ရှိရပါသည်။

 

သိပ္ပံနည်းကျ အဖြေထုတ်ရာတွင် စိတ်ပိုင်းဆိုင်ရာ အရည်အသွေးများဖြစ်သော မှတ်ဉာဏ်နှင့် သင်ယူနိုင်မှုစွမ်းရည်တို့သည် အထွေထွေအသိဉာဏ်များလိုပင် ဆုတ်ယုတ်မှုမရှိကြောင်း၊ အတိတ်ကာလအဖြစ်အပျက်များကို ပြန်လည်မှတ်မိနိုင်သောစွမ်းရည်မှာ လူငယ်၊ လူလတ်၊ လူကြီး ဟူ၍ ခြားနားမှုမရှိကြောင်း . . . အသက်ကြီးသူများသည် စဉ်းစားချိန် ပိုကြာသော်လည်း စာလုံးမျာကိုပိုမိုတိကျစွာ မှတ်မိနိုင်ကြောင်း တွေ့ရှိရပါသည်။ အသက်(၇၀)ထိ လူများစွာကို ရုရှားဘာသာနှင့်လက်ရည်တိုပညာရပ်တို့ကို လေ့ကျင့်သင်ကြားပေးရာတွင် ငယ်ရွယ်သူများလိုပင် လွယ်ကူစွာ တတ်မြောက်နိုင်ကြောင်း သုတေသနပညာရှင်တစ်ဦးက လေ့လာတွေ့ရှိလေသည်။

 

အသက်ကြီးလာသော်လည်း စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များ ကျဆင်းခြင်းမရှိကြောင်း အထောက်အထားများ ရှိနေသော်လည်း အသက်ကြီးရင့်လာသော လူများစွာတို့သည် သူတို့၏ စွမ်းရည်ကို ထိရောက်စွာအသုံးမချဘဲ ဖြုန်းတီးနေမိကြသည်။ အိုမင်းလာသူများ၏ စိတ်ဓာတ်များ သွက်လက်ထက်မြတ်နေစေရန် အသိဉာဏ်တိုးတက်စေသော လေ့ကျင့်အားထုတ်မိများ ပြုလုပ်ရန်လိုအပ်သည်။

အိုမင်းရင့်ရော်မှုဆိုင်ရာ အမေရိကန်ထိပ်တန်းသူတေသနပညာရှင်တစ်ဦးက "ခေတ်သစ်ဆေးပညာနဲ့ နည်းပညာတို့ရဲ့အကျိုးကျေးဇူးကြောင့် အသက်ကြီးရင့်လာသူတွေဟာ လူ့ဘဝရဲ့ သစ်လွင်မြင့်မားတဲ့ အခြေအနေတစ်မျိုးကို ဖော်ထုတ်နိုင်မယ့်လူတွေဖြစ်ပါတယ်။ ဒီအချက်ကို ကျွန်တော်တို့ကောင်စွာသဘောပေါက်ရင် ကျွန်တော်တို့ဟာ လူ့ယဉ်ကျေးမှု တစ်ခုကို ဖော်ထုတ်လာနိုငမှာပဲဖြစ်ပါတယ်" လို့ ဆိုပါတယ်။


အချုပ်အားဖြင့် လူတွေဟာ အသက်ရွယ်ကြီးရင့်လာပေမယ့် ဉာဏ်ပညာတွေဟာ သေဆုံးသွားတာမဟုတ်တဲ့အတွက် ထိုဉာဏ်ပညာတွေကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်မှန်းလျှက် . . .

"The Brain is Wider Than the SKY!!!"

 

 

အသက္အရြယ္ႏွင့္ စိတ္စြမ္းရည္

လူ႔ဘ၀ေနာက္ပိုင္းႏွစ္ကာလမ်ားသည္ စိတ္ပိုင္းဆိုင္ရာ စြမ္းအားအျမင့္ဆံုး အခ်ိန္မ်ားပင္ျဖစ္ေၾကာင္း သိပၸံနည္းက် အေထာက္အထားမ်ား ေတြ႕ရွိလာေလရာ . . . .

အေမရိကန္ျပည္ေထာင္စု "အိုင္အို၀ါ" ျပည္နယ္ေကာလိပ္ စိတ္ပညာဌာနမွဴး "၀ီလ်ံအို၀င္" သည္ ေကာလိပ္အေဆာက္အအံု အထပ္ခိုးတစ္ခုတြင္ မေမွ်ာ္လင့္ေသာ စာရြက္စာတမ္းမ်ားကို ေတြ႕ရွိခဲ့သည္။ ယင္းတို႔မွာ ၁၉၁၉ ခုႏွစ္ ေကာလိပ္ေက်ာင္းသား (၁၇၉)ေယာက္တို႔အား စိတ္စြမ္းရည္မ်ား ေလ့လာစမ္းသပ္ရာတြင္ ရရိွေသာ အမွတ္စာရင္းမ်ားျဖစ္ေလသည္။

 

ထို အမွတ္စာရင္းမ်ားကိုအေျချပဳ၍ ထိုေက်ာင္းသားေဟာင္းမ်ားအား ဆက္သြယ္စံုစမ္းရာတြင္ (၁၂၇)ဦးႏွင့္ အဆက္အသြယ္ရရွိခဲ့သည္။ ထိုသူတို႔၏ စိတ္ပိုင္းဆိုင္ရာ အရည္အေသြးကို ထပ္မံေလ့လာစမ္းသပ္ရာတြင္ အသက္ႀကီးလာလွ်င္ စိတ္သည္ ကိုယ္ခႏၶာလိုပင္ ယိုယြင္းလာသည္ဟူေသာ အယူအဆေဟာင္းမွာ မွားယြင္းေၾကာင္း အံ့ၾသေလာက္ေအာင္ ေလ့လာေတြ႕ရွိရေလသည္။

ထိုအခ်က္ႏွင့္ပတ္သက္၍ ေဒါက္တာအို၀င္က "အသက္ႀကီးလာရင္ ဦးေႏွာက္အေျခအေန ယိုယြင္းလာတဲ့လကၡဏာ မေတြ႕ရပါဘူး။ စိတ္ပိုင္းဆိုင္ရာ စြမ္းရည္ေတြသာ တိုးတက္လာတာ ေတြ႕ရပါတယ္" ဟု ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

 

ထိုသူတို႔သည္ တကၠသိုလ္မ်ားတြင္ ေလးႏွစ္ၾကာ ပညာသင္ယူခဲ့ၿပီး လက္ေတြ႕ဘ၀ အေတြ႕အႀကံဳမ်ားလည္း ႏွစ္ေပါင္းမ်ားစြာ ၾကံဳေတြ႕ခဲ့ရၿပီးျဖစ္သျဖင့္ အေထြေထြဗဟုသုတေမးခြန္းမ်ားတြင္ ရမွတ္မ်ား ပိုမိုျမင့္မားလာေၾကာင္း၊ လက္ေတြ႕ဆံုးျဖတ္မႈဆိုင္ရာမ်ားႏွင့္ပတ္သက္၍လည္း ရမွတ္မ်ား ပိုမိုျမင့္မားလာေၾကာင္းကို ေလ့လာေတြ႕ရွိခဲ့သည္။

"ဒါေပမယ့္ စိတ္၀င္စားစရာအေကာင္းဆံုးကေတာ့ ေၾကာင္းက်ိဳးဆင္ျခင္မႈနဲ႔ ေတြးေခၚေျမာ္ျမင္မႈဆိုင္ရာ စမ္းသပ္မႈေတြမွာ ရမွတ္ေတြ တိုးတက္လာတဲ့ အခ်က္ပါပဲ။ အရြယ္ေရာက္လာတဲ့အခ်ိန္မွာ လူ႔ဦးေႏွာက္ဟာ သြက္လက္ျမန္ဆန္ၿပီး အသိပညာေတြကို ခံယူႏိုင္စြမ္း အေကာင္းဆံုးကာလို႔ ယူဆရေပမယ့္ စမ္းသပ္ေတြ႕ရွိခ်က္အရ လူအမ်ားစုဟာ အသက္(၅၀)အရြယ္မွာ အရြယ္ေကာင္းခ်ိန္ကထက္ ဥာဏ္စြမ္းအား ပိုမိုျမင့္မားလာတယ္ဆိုတဲ့ အေျဖထြက္ေနပါတယ္" လို႔ ေဒါက္တာအို၀င္က ဆိုပါတယ္။

 

ဥာဏ္ရည္ထက္ျမတ္သူမ်ားသည္ အသက္ႀကီးရင့္လာသည္ႏွင့္အမွ် ဥာဏ္ရည္မ်ား ပိုမိုထက္ျမက္လာေၾကာင္း၊ စိတ္ပိုင္းဆိုင္ရာစြမ္းရည္မ်ားသည္ အသက္(၂၀)ႏွင့္ (၅) အတြင္း မွန္မွန္ပင္ တိုးတက္လာေၾကာင္း၊ အတိတ္က ဥာဏ္ရည္အသင့္အတင့္ရွိသူ လူႀကီးမ်ားစြာသည္ အသက္(၇၀) မွ (၈၀) အထိ ဥာဏ္ရည္မ်ား ဆက္လက္တိုးတက္ေနၾကာင္း ေတြ႕ရွိရပါသည္။

 

သိပၸံနည္းက် အေျဖထုတ္ရာတြင္ စိတ္ပိုင္းဆိုင္ရာ အရည္အေသြးမ်ားျဖစ္ေသာ မွတ္ဥာဏ္ႏွင့္ သင္ယူႏိုင္မႈစြမ္းရည္တို႔သည္ အေထြေထြအသိဥာဏ္မ်ားလိုပင္ ဆုတ္ယုတ္မႈမရွိေၾကာင္း၊ အတိတ္ကာလအျဖစ္အပ်က္မ်ားကို ျပန္လည္မွတ္မိႏိုင္ေသာစြမ္းရည္မွာ လူငယ္၊ လူလတ္၊ လူႀကီး ဟူ၍ ျခားနားမႈမရွိေၾကာင္း . . . အသက္ႀကီးသူမ်ားသည္ စဥ္းစားခ်ိန္ ပိုၾကာေသာ္လည္း စာလံုးမ်ာကိုပိုမိုတိက်စြာ မွတ္မိႏိုင္ေၾကာင္း ေတြ႕ရွိရပါသည္။ အသက္(၇၀)ထိ လူမ်ားစြာကို ရုရွားဘာသာႏွင့္လက္ရည္တိုပညာရပ္တို႔ကို ေလ့က်င့္သင္ၾကားေပးရာတြင္ ငယ္ရြယ္သူမ်ားလိုပင္ လြယ္ကူစြာ တတ္ေျမာက္ႏိုင္ေၾကာင္း သုေတသနပညာရွင္တစ္ဦးက ေလ့လာေတြ႕ရွိေလသည္။

 

အသက္ႀကီးလာေသာ္လည္း စိတ္ပိုင္းဆိုင္ရာ စြမ္းရည္မ်ား က်ဆင္းျခင္းမရွိေၾကာင္း အေထာက္အထားမ်ား ရွိေနေသာ္လည္း အသက္ႀကီးရင့္လာေသာ လူမ်ားစြာတို႔သည္ သူတို႔၏ စြမ္းရည္ကို ထိေရာက္စြာအသံုးမခ်ဘဲ ျဖဳန္းတီးေနမိၾကသည္။ အိုမင္းလာသူမ်ား၏ စိတ္ဓာတ္မ်ား သြက္လက္ထက္ျမတ္ေနေစရန္ အသိဥာဏ္တိုးတက္ေစေသာ ေလ့က်င့္အားထုတ္မိမ်ား ျပဳလုပ္ရန္လိုအပ္သည္။

အိုမင္းရင့္ေရာ္မႈဆိုင္ရာ အေမရိကန္ထိပ္တန္းသူေတသနပညာရွင္တစ္ဦးက "ေခတ္သစ္ေဆးပညာနဲ႔ နည္းပညာတို႔ရဲ႕အက်ိဳးေက်းဇူးေၾကာင့္ အသက္ႀကီးရင့္လာသူေတြဟာ လူ႔ဘ၀ရဲ႕ သစ္လြင္ျမင့္မားတဲ့ အေျခအေနတစ္မ်ိဳးကို ေဖာ္ထုတ္ႏိုင္မယ့္လူေတြျဖစ္ပါတယ္။ ဒီအခ်က္ကို ကၽြန္ေတာ္တို႔ေကာင္စြာသေဘာေပါက္ရင္ ကၽြန္ေတာ္တို႔ဟာ လူ႔ယဥ္ေက်းမႈ တစ္ခုကို ေဖာ္ထုတ္လာႏို္ငမွာပဲျဖစ္ပါတယ္" လို႔ ဆိုပါတယ္။

 


အခ်ဳပ္အားျဖင့္ လူေတြဟာ အသက္ရြယ္ႀကီးရင့္လာေပမယ့္ ဥာဏ္ပညာေတြဟာ ေသဆံုးသြားတာမဟုတ္တဲ့အတြက္ ထိုဥာဏ္ပညာေတြကို အက်ိဳးရွိစြာ အသံုးခ်ႏိုင္ေစရန္ ရည္မွန္းလွ်က္ . . .

 

"The Brain is Wider Than the SKY!!!"

Read times Last modified on Wednesday, 11 November 2020 11:32
Rate this articles
(0 votes)