×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 20 November 2020

မဟတ္တမဂန္ဒီ နှင့် သူပြောသော အဖိုးတန်စကား ( ၅ ) ခွန်း

မဟတ္တမဂန္ဒီ နှင့် သူပြောသော အဖိုးတန်စကား ( ၅ ) ခွန်း

မြင့်မြတ်သော စိတ်ဓာတ်ကို အစွဲပြုပြီး အိန္ဒိယနိုင်ငံ လူထုတစ်ရပ်လုံးက ‘မဟတ္တမ” လို့ ဘွဲ့ထူးသညာ အပ်နှင်းခြင်းခံရသော မိုဟန်ဒတ် ကရမ်ချန် ဂန္ဒီ ဟာ အိန္ဓိယတစ်နိုင်ငံလုံးသာမကဘဲ တစ်ကမ္ဘာလုံးက လေးစားရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

 

သူရဲ့ အပြုအမူတိုင်းက စံပြဖြစ်တာကြောင့် သူ့ကို အားလုံးက စံပြတစ်ယောက်အနေနဲ့ လေးစားကြတာဖြစ်ပါတယ် ။ သူ့ရဲ့ အပြုအမူတွေ ၊ စကားတွေက လေးစားမှတ်သားဖွယ်ဖြစ်တာကြောင့် ဂန္ဒီပြောတဲ့ အဖိုးတန်စကား ( ၅ ) ခွန်းကို စုစည်းတင်ပြလိုက်ပါတယ်။

 

( ၁ ) ကျွန်တော့်ရဲ့ အတွေးထဲကို ဘယ်သူမှ ညစ်ပတ်တဲ့ခြေထောက်နဲ့ ဝင်လာခွင့်အပေးဘူး ။
I will not let anyone walk through my mind with their dirty feet.

 

( ၂ ) ပျော်ရွှင်ခြင်းဆိုတာ သင့် ရဲ့ အတွေး ၊ သင့် ရဲ့ စကား ၊ သင့် ရဲ့ အပြုအမူ ( ၃ ) ခုလုံး လိုက်ဖက်နေတဲ့အခါ ပေါ်ပေါက်လာတဲ့ အရာပါ ။
Happiness is when what you think, what you say, and what you do are in a harmony.

 

( ၃ ) မနက်ဖြန်က သေမဲ့ရက်လို့တွေးပြီးနေထိုင်ပါ ။ တစ်သက်လုံးရှင်သန်မယ် ဆိုတဲ့ စိတ်နဲ့ သင်ယူပါ ။
Live as if you were to die tomorrow. Learn as if you were to live forever.

 

( ၄ ) အမှားလုပ်ခွင့်ရှိတယ် ဆိုတဲ့ လွတ်လပ်ခွင့်မပါသရွေ့ အဲ့ လွတ်လပ်ခွင့် ဟာ စစ်မှန်တဲ့အရာ တစ်ခုမဟုတ်ဘူး ။
Freedom is not worth having if it does not include the freedom to make mistakes.

 

( ၅ ) သင့်ရဲ့မနက်ဖြန် က သင်ခုဘာလုပ်နေလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ် ။
The future depends on what you do today.

 

ဒီ စကား ( ၅ ) ခွန်း က ဂန္ဒီပြောခဲ့ စကားမြောက်မြားစွာထဲက ကောက်နှုတ်ဖော်ပြထားတာဖြစ်ပါတယ် ။

ဂန္ဒီပြောတဲ့ စကားတွေဟာ ဘဝနေနည်းထိုင်နည်း အကြောင်းတွေဖြစ်တဲ့အတွက် လိုက်နာကျင့်သုံးသင့်တဲ့ အဖိုးတန်စကားတွေ ဖြစ်ပါတယ် ။

 

 



 


 


 


 


 


 


 



Read times
Rate this articles
(1 Vote)