×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 25 November 2020

စိတ်အပန်းလည်းပြေပြီး သင့်ရဲ့ ဖန်တီးမှုဉာဏ်ကို ပံ့ပိုးပေးမဲ့ ဝါသနာ ( ၄ ) ခု

စိတ်အပန်းလည်းပြေပြီး သင့်ရဲ့ ဖန်တီးမှုဉာဏ်ကို ပံ့ပိုးပေးမဲ့ ဝါသနာ ( ၄ ) ခု

လူတိုင်းမှာ ဝါသနာတစ်ခုတော့ အနည်းဆုံး ရှိကြမှာပါ။ ဘာဝါသနာပဲ ဖြစ်ဖြစ် စိတ်ကို အပန်းပြေစေတာတော့ အမှန်ပါပဲ။ ဒါပေမယ့် စိတ်အပန်းလည်းပြေ ၊ ကိုယ့်ရဲ့ ဖန်တီးမှုလည်းပါလို့ရမယ့် ဝါသနာဆိုရင် ပိုကောင်းမှာပါ။ ခုလို ကိုဗစ်ကာလမှာဆို ရင် ဆယ်ကျော်သက်တော်တော်များများ Tik Tok လိုမျိုး Social Platform တစ်ခု ကို အသုံးချပြီး သူတို့ရဲ့ ဝါသနာလေးတွေကို ဖန်တီးဉာဏ်အားကောင်းကောင်းနဲ့ ချပြလာကြတာ အားလုံးအမြင်ပဲ ဖြစ်ပါတယ် ။

ဒီလို စိတ်အပန်းပြေမှု ရသတစ်ခု ကို ဖန်တီးရပြီး သင့်ကိုရော သင့်ပတ်ဝန်းကျင်ကိုပါ စိတ်ချမ်းမြေ့စေနိုင်တဲ့ ဝါသနာ ( ၄ ) ခု ကတော့

 

(၁) ဓါတ်ပုံပညာ

1.Photograph.jpg

ကင်မရာတစ်လုံးက အံ့ဖွယ်မှတ်တမ်းတစ်ခု ၊ အနုပညာဖန်တီးစက်တစ်ခု ပါ။ ဓါတ်ပုံပညာဟာ ခလုတ်ကလေးနှိပ်တတ်ရုံဆိုတာထက် အများကြီး နက်နဲတဲ့ ပညာဖြစ်ပါတယ်။ ကင်မရာအတတ်ပညာဟာ လူတစ်ယောက်ရဲ့ ခံစားမှုရသကို အကောင်းဆုံးပုံဖော်နိုင်တဲ့အပြင် ဓါတ်ပုံဝါသနာအိုးတွေဟာ တစ်ခြားသူတွေထက် ပိုပြီး ပျော်ရွှင်တတ်ကြပါတယ်။ သူတို့ရဲ့ ဓာတ်ပုံတွေက သူတို့ရဲ့ ခံစားမှုရသအပြင် သူတို့ရဲ့ ဖန်တီးနိုင်မှုစွမ်းအားကိုလည်း ချပြနိုင်ပါသေးတယ် ။

 

(၂) ဥယျာဉ်စိုက်ခြင်း

 

2.Planting.jpg


သစ်ပင်လေးတွေ ကိုယ်တိုင်စိုက်ကြည့်ပါ။ သစ်တောသစ်ပင်ပြုစုစိုက်ပျိုးခြင်း အတတ်ပညာဟာ သဘာဝကြီးနဲ့ အနီးစပ်ဆုံး ရောက်ရှိစေတဲ့ ဝါသနာတစ်ခုပါပဲ။ ကိုယ်စိုက်ထားတဲ့ အပင်လေးတွေကို ပြုစုနေရတာဟာ စိတ်လည်း ချမ်းသာသလို ကိုယ်လည်း ကျန်းမာစေပါတယ်။ ဒါ့အပြင် သင့်ရဲ့ ပတ်ဝန်းကျင် ကို ပါ တစ်ဖက်တစ်လမ်း က ပံ့ပိုးပေးမှု တစ်ခု ဖြစ်တာကြောင့် ဥယျာဉ်စိုက်ခြင်း က တကယ့်ကို တန်ဖိုးရှိတဲ့ ဝါသနာတစ်ခုပါ ။

 

(၃) မှတ်တမ်းရေးခြင်း

3.Journaling.jpg

 


ခု ၂၀၂၀ နှစ်ကုန်ပိုင်းလောက် မှာ Journaling ပြန်ခေတ်စားလာပါတယ် ။ Journaling ဆိုတာ ကိုယ့်ရဲ့ အားသာချက် ၊ အားနည်းချက် အစရှိသဖြင့် ကိုယ်နဲ့ပတ်သက်သမျှ အရာတိုင်းကို မှတ်တမ်းတင်ခြင်း ပဲ ဖြစ်ပါတယ် ။ ဒိုင်ယာရီအမျိုးအစားဆိုပေမဲ့ သူက ပိုပြီး ဖန်တီးမှုအင်အား ပါဝင်သလို Self-Esteem ( ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်း ) ကို မြင့်စေသလို Positive Vibes ကို လည်း ဖြစ်စေပါတယ် ။ ဒီလို မှတ်တမ်းရေးခြင်းဟာ ဦးနှောက်ရဲ့ စွမ်းအားကို လှုံ့ဆော်ပေးနိုင်သလို ပျော်စရာလည်း ကောင်းပါတယ်။ စာရေးတဲ့ ဝါသနာဟာ ဘာကုန်ကျစရိတ်မှ မရှိပါဘူး။ ဘောပင်တစ်ချောင်း ၊ စာအုပ်တစ်အုပ်နဲ့ တင် လုံလောက်ပါတယ်။

 

 

(၄) ပန်းချီဆွဲခြင်း

 

4.Painting.jpg
ပန်းချီဝါသနာပါတဲ့သူတွေဟာ တကယ့်ကို စိတ်ရဲ့ ခိုလှုံရာကောင်းရထားတာပါပဲ။ ပန်းချီကားချပ်တွေ ရေးဆွဲသူဟာ စိတ်နှလုံးငြိမ်မွေ့ပြီး ကာတွန်းဆွဲသူတွေကတော့ အမြဲပျော်ရပါတယ်။


ဒီဝါသနာလေးတွေက သင့်ကို စိတ်အပန်းလည်း ပြေစေပြီး သင့်ရဲ့ ဖန်တီးမှုဉာဏ်စွမ်းကို မြင့်တင်ပေးမဲ့ ဝါသနာတွေ ဖြစ်ပါတယ် ။ ဒီ ကိုဗစ်ကာလ မှာ အားလုံးပဲ ကိုယ်ဝါသနာပါရာ တွေ လုပ်ရင်း ပျော်ရွှင်ဖွယ်ရာအချိန်တွေ ပိုင်ဆိုင်နိုင်ကြပါစေ ။

 

 

 

 

စိတ္အပန္းလည္းေျပၿပီး သင့္ရဲ႕ ဖန္တီးမႈဉာဏ္ကို ပံ့ပိုးေပးမဲ့ ဝါသနာ ( ၄ ) ခု

လူတိုင္းမွာ ဝါသနာတစ္ခုေတာ့ အနည္းဆုံး ရွိၾကမွာပါ။ ဘာဝါသနာပဲ ျဖစ္ျဖစ္ စိတ္ကို အပန္းေျပေစတာေတာ့ အမွန္ပါပဲ။ ဒါေပမယ့္ စိတ္အပန္းလည္းေျပ ၊ ကိုယ့္ရဲ႕ ဖန္တီးမႈလည္းပါလို႔ရမယ့္ ဝါသနာဆိုရင္ ပိုေကာင္းမွာပါ။ ခုလို ကိုဗစ္ကာလမွာဆို ရင္ ဆယ္ေက်ာ္သက္ေတာ္ေတာ္မ်ားမ်ား Tik Tok လိုမ်ိဳး Social Platform တစ္ခု ကို အသုံးခ်ၿပီး သူတို႔ရဲ႕ ဝါသနာေလးေတြကို ဖန္တီးဉာဏ္အားေကာင္းေကာင္းနဲ႔ ခ်ျပလာၾကတာ အားလုံးအျမင္ပဲ ျဖစ္ပါတယ္။

ဒီလို စိတ္အပန္းေျပမႈ ရသတစ္ခု ကို ဖန္တီးရၿပီး သင့္ကိုေရာ သင့္ပတ္ဝန္းက်င္ကိုပါ စိတ္ခ်မ္းေျမ့ေစႏိုင္တဲ့ ဝါသနာ ( ၄ ) ခု ကေတာ့

 

(၁) ဓါတ္ပုံပညာ

1.Photograph.jpg

ကင္မရာတစ္လုံးက အံ့ဖြယ္မွတ္တမ္းတစ္ခု ၊ အႏုပညာဖန္တီးစက္တစ္ခု ပါ။ ဓါတ္ပုံပညာဟာ ခလုတ္ကေလးႏွိပ္တတ္႐ုံဆိုတာထက္ အမ်ားႀကီး နက္နဲတဲ့ ပညာျဖစ္ပါတယ္။ ကင္မရာအတတ္ပညာဟာ လူတစ္ေယာက္ရဲ႕ ခံစားမႈရသကို အေကာင္းဆုံးပုံေဖာ္ႏိုင္တဲ့အျပင္ ဓါတ္ပုံဝါသနာအိုးေတြဟာ တစ္ျခားသူေတြထက္ ပိုၿပီး ေပ်ာ္႐ႊင္တတ္ၾကပါတယ္။ သူတို႔ရဲ႕ ဓာတ္ပုံေတြက သူတို႔ရဲ႕ ခံစားမႈရသအျပင္ သူတို႔ရဲ႕ ဖန္တီးႏိုင္မႈစြမ္းအားကိုလည္း ခ်ျပႏိုင္ပါေသးတယ္ ။

 

(၂) ဥယ်ာဥ္စိုက္ျခင္း

 

2.Planting.jpg


သစ္ပင္ေလးေတြ ကိုယ္တိုင္စိုက္ၾကည့္ပါ။ သစ္ေတာသစ္ပင္ျပဳစုစိုက္ပ်ိဳးျခင္း အတတ္ပညာဟာ သဘာဝႀကီးနဲ႔ အနီးစပ္ဆုံး ေရာက္ရွိေစတဲ့ ဝါသနာတစ္ခုပါပဲ။ ကိုယ္စိုက္ထားတဲ့ အပင္ေလးေတြကို ျပဳစုေနရတာဟာ စိတ္လည္း ခ်မ္းသာသလို ကိုယ္လည္း က်န္းမာေစပါတယ္။ ဒါ့အျပင္ သင့္ရဲ႕ ပတ္ဝန္းက်င္ ကို ပါ တစ္ဖက္တစ္လမ္း က ပံ့ပိုးေပးမႈ တစ္ခု ျဖစ္တာေၾကာင့္ ဥယ်ာဥ္စိုက္ျခင္း က တကယ့္ကို တန္ဖိုးရွိတဲ့ ဝါသနာတစ္ခုပါ ။

 

(၃) မွတ္တမ္းေရးျခင္း

3.Journaling.jpg
ခု ၂၀၂၀ ႏွစ္ကုန္ပိုင္းေလာက္ မွာ Journaling ျပန္ေခတ္စားလာပါတယ္ ။ Journaling ဆိုတာ ကိုယ့္ရဲ႕ အားသာခ်က္ ၊ အားနည္းခ်က္ အစရွိသျဖင့္ ကိုယ္နဲ႔ပတ္သက္သမွ် အရာတိုင္းကို မွတ္တမ္းတင္ျခင္း ပဲ ျဖစ္ပါတယ္ ။ ဒိုင္ယာရီအမ်ိဳးအစားဆိုေပမဲ့ သူက ပိုၿပီး ဖန္တီးမႈအင္အား ပါဝင္သလို Self-Esteem ( ကိုယ့္ကိုယ္ကို တန္ဖိုးထားျခင္း ) ကို ျမင့္ေစသလို Positive Vibes ကို လည္း ျဖစ္ေစပါတယ္ ။ ဒီလို မွတ္တမ္းေရးျခင္းဟာ ဦးေႏွာက္ရဲ႕ စြမ္းအားကို လႈံ႕ေဆာ္ေပးႏိုင္သလို ေပ်ာ္စရာလည္း ေကာင္းပါတယ္။ စာေရးတဲ့ ဝါသနာဟာ ဘာကုန္က်စရိတ္မွ မရွိပါဘူး။ ေဘာပင္တစ္ေခ်ာင္း ၊ စာအုပ္တစ္အုပ္နဲ႔ တင္ လုံေလာက္ပါတယ္။

 

(၄) ပန္းခ်ီဆြဲျခင္း

4.Painting.jpg

ပန္းခ်ီဝါသနာပါတဲ့သူေတြဟာ တကယ့္ကို စိတ္ရဲ႕ ခိုလႈံရာေကာင္းရထားတာပါပဲ။ ပန္းခ်ီကားခ်ပ္ေတြ ေရးဆြဲသူဟာ စိတ္ႏွလုံးၿငိမ္ေမြ႕ၿပီး ကာတြန္းဆြဲသူေတြကေတာ့ အၿမဲေပ်ာ္ရပါတယ္။


ဒီဝါသနာေလးေတြက သင့္ကို စိတ္အပန္းလည္း ေျပေစၿပီး သင့္ရဲ႕ ဖန္တီးမႈဥာဏ္စြမ္းကို ျမင့္တင္ေပးမဲ့ ဝါသနာေတြ ျဖစ္ပါတယ္ ။ ဒီ ကိုဗစ္ကာလ မွာ အားလုံးပဲ ကိုယ္ဝါသနာပါရာ ေတြ လုပ္ရင္း ေပ်ာ္႐ႊင္ဖြယ္ရာအခ်ိန္ေတြ ပိုင္ဆိုင္ႏိုင္ၾကပါေစ ။

Read times
Rate this articles
(0 votes)