×
Warning
JUser: :_load: Unable to load user with ID: 81428
Knowledge
Wednesday, 25 November 2020
သင့်ကိုလုံးဝမှင်သက်စေမဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့/အသုံးပြုနေရတဲ့ ဓာတုဗေဒအချက် ( ၇ ) ချက်
သင့်ကိုလုံးဝမှင်သက်စေမဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့/အသုံးပြုနေရတဲ့ ဓာတုဗေဒအချက် ( ၇ ) ချက်
ဓာတ်ပြောင်းလဲခြင်းတွေက လူတို့ရဲ့ နေ့စဉ်ဘဝမှာ အမြဲပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ် ။ လူနေမှုအဆင့်အတန်းမြင့်လာလေ မထင်မှတ်ထားတဲ့ ဓာတ်ပြောင်းလဲခြင်းတွေကို နေ့စဉ်ဘဝမှာ အသုံးချရလေ ဖြစ်ပါတယ်။ ဒါကြောင့် သင်မသိသေးတဲ့ သင့်နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့/ အသုံးပြုနေရတဲ့ မှတ်သားစရာ ဓာတုဗေဒအချက် ( ၇ ) ချက် ကို ဖော်ပြပေးလိုက်ပါတယ်။
( ၁ ) ကမ္ဘာပေါ်မှာ ငွေသတ္တုမရောတဲ့ သန့်စင်တဲ့ သတ္တု ( ၂ ) မျိုးပဲ ရှိပါတယ် ။ အဲ့တာတွေကတော့ ရွှေ နဲ့ ကြေးနီ ဖြစ်ပါတယ်။
( ၂ ) အမျိုးသမီးတွေ အသုံးပြုတဲ့ နှုတ်ခမ်းနီတွေ ထုတ်လုပ်တဲ့အခါ အဓိကအသုံးပြုတဲ့ ကုန်ကြမ်းက ငါးအကြေးခွံပဲ ဖြစ်ပါတယ်။
( ၃ ) ဒိုင်နမိုက် ထုတ်လုပ်တဲ့အခါ သုံးရတဲ့ ကုန်ကြမ်းထဲမှာ မြေပဲ လည်း ပါဝင်ပါတယ်တဲ့။ (ဒိုင်နမိုက်က စားလို့ရမလား မသိဘူးနော်။ :P)
( ၄ ) ရေတစ်ခွက်ထဲ ကို ဆားလက်တစ်ဆုပ်စာထည့်လိုက်ရင် ရေ Level က ကျသွားပါတယ်။
( ၅ ) ဖန် ဟာ အစိုင်အခဲ မဟုတ်ဘဲ အရည်ပါတဲ့။ သူ က ဖြေးဖြေးချင်းစီးဆင်းနေတဲ့ အရည်ဖြစ်ပါတယ်။
( ၆ ) ကားတွေမှာပါတဲ့ လေအိတ် က Sodium Azide ဆား တွေကို ထုတ်ထားတာဖြစ်ပြီး လူတွေအတွက် တော်တော် ကို အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတစ်ခုဖြစ်ပါတယ်။
( ၇ ) မား(စ်) ဂြိုဟ် အနီရောင်ဖြစ်နေရခြင်း က သူ့ဂြိုဟ်မှာ Iron Oxide တွေ များနေလို့ပါတဲ့။
Read times
Rate this articles
(1 Vote)