×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 05 November 2019

"တကၠသိုလ္စတက္ေတာ့မယ့္ Fresher ေလးမ်ား သိထားရမယ့္ အခ်က္ (၅) ခ်က္"

"တကၠသိုလ္စတက္ေတာ့မယ့္ Fresher ေလးမ်ား သိထားရမယ့္ အခ်က္ (၅) ခ်က္" freepick

(၁) လုပ္ႏုိင္ၿပီဆုိတာနဲ႔ လုပ္သင့္တာ မဟုတ္ပါဘူး

အၿမဲတမ္းၾကားဖူးမွာပါ။ ဆယ္တန္းေအာင္တာနဲ႔ လြတ္လြတ္လပ္လပ္ ေနလို႔ရၿပီဆိုတဲ့ စကားမ်ိဳး။

ဒါေပမယ့္ လြတ္လပ္တယ္ဆိုတဲ့ ေနရာမွာ ကိုယ့္ကိုယ္ကိုေရာ တစ္ပါးသူကိုေရာ မထိခိုက္ေစဘဲ မိဘကိုလည္း စိတ္မပူေစဘဲ ကိုယ့္အတြက္ အက်ိဳးရိွတဲ့ ေပ်ာ္စရာေကာင္းတဲ့ activity မ်ိဳးေတြ၊ အျဖဴအစိမ္းဘဝတုန္းက ကေလးျဖစ္ေနခဲ့လို႔ ကန္႔သတ္ခ်က္ရိွတဲ့ အခ်ိဳ႕အရာေတြ (ဥပမာ – သူငယ္ခ်င္းေတြနဲ႔ ခရီးထြက္တာ၊ တကၠသိုလ္ေက်ာင္းသားတစ္ေယာက္အေနနဲ႔ activity ေတြ လုပ္တာမ်ိဳးေတြ) ကို လြတ္လပ္ေပ်ာ္ရႊင္စြာ လုပ္လုိက္ပါ။

တကၠသိုလ္ေရာက္တာနဲ႔ ရည္းစားရရမယ္ဆိုတဲ့ အေတြးမွားေတြ၊ ေဆးလိပ္ေတြ၊ အယ္ကိုေဟာေတြ မိဘကြယ္ရာျဖစ္လို႔ စိတ္ႀကိဳက္သံုးစြဲတာမ်ိဳးေတြက လြတ္လြတ္လပ္လပ္ ေနတယ္ဆိုတဲ့ စကားအျဖစ္ အဓိပၸာယ္ဖြင့္လို႔ မသင့္ေတာ္ဘူးလို႔ ေျပာခ်င္ပါတယ္။

 


(၂) ကုန္က်စရိတ္

ကေလးတို႔ တကၠသိုလ္ တက္ရဖို႔အတြက္ ကေလးတို႔ အိမ္ကေန အဘက္ဘက္ကေန ေထာက္ပံ့ေပးၾကရပါတယ္။

အျဖဴအစိမ္းဘဝ မဟုတ္ေတာ့တဲ့အတြက္ ဝတ္ခ်င္စားခ်င္တဲ့ ဆယ္ေက်ာ္သက္တို႔အတြက္ မိဘတို႔မွာ အဝတ္အထည္ေတြ ဝယ္ဆင္ေပးရတယ္၊

မုန္႔ဖိုးေတြ၊ သြားလာစရိတ္ေတြ ေပးရတယ္၊ ေက်ာင္းလခ၊ က်ဴရွင္လခေတြ ေပးရတယ္။ ဒီကုန္က်စရိတ္ေတြ၊ ၿပီးေတာ့ က်ဴရွင္မလုိတဲ့ တကၠသိုလ္ေတြဆိုလည္း ေက်ာင္းလခ ျမင့္ၿပီးသားပါ၊ ေက်ာင္းလခ မျမင့္ဘဲ က်ဴရွင္ယူရမယ္ဆိုလည္း က်ဴရွင္ခက ဘာသာအလုိက္ပါ။ ဒါေတြကို နားလည္ထားရင္ အတန္းလစ္ခ်င္တုိင္း လစ္ေတာ့မယ္ဆိုတဲ့ စိတ္ေလးေတြ နည္းပါးသြားမွာပါ။

 

(၃) လူအသစ္ေတြနဲ႔ မိတ္ဖြဲ႔ပါ

ေတာ္ေတာ္မ်ားမ်ားကေတာ့ ကိုယ့္အထက္တန္းေက်ာင္းသူငယ္ခ်င္းနဲ႔ မကြဲခ်င္ၾကပါဘူး။ ဒါေပမယ့္ ဒါဟာ ဆယ္တန္းေအာင္သူတုိင္းအတြက္ ျပည့္ဖို႔ ခက္ခဲတဲ့ ဆုပါ။

အကယ္လို႔ ကံေကာင္းၿပီး ကိုယ့္သူငယ္ခ်င္းနဲ႔ပဲ တကၠသိုလ္တူတူတက္ရဖို႔ ျဖစ္လာလည္း အျခားသူငယ္ခ်င္းအသစ္ေတြနဲ႔ မိတ္ဖြဲ႔ဖို႔ မလစ္ဟင္းပါေစနဲ႔။

ဒါေပမယ့္ ပထမႏွစ္မွာ တြဲမိတဲ့ သူငယ္ခ်င္းနဲ႔ အဆင္မေျပလို႔လည္း စိတ္မညစ္ပါနဲ႔။ မ်ားေသာအားျဖင့္ uni က bff ေတြကို ဒုတိယႏွစ္မွာ စေတြ႔တတ္ၾကလို႔ပါ။

Recommended For You >>>> "လူငယ္ေတြ အေနနဲ႔ေခတ္သစ္ရဲ႕ စိန္ေခၚမႈေတြအတြက္ အသင့္ျဖစ္ေနေစဖို႔"

 

(၄) activity ေတြနဲ႔ ေက်ာင္းစာ မွ်တပါေစ

တခ်ိဳ႕ေက်ာင္းေပ်ာ္ေလးေတြကေတာ့ တကၠသိုလ္မွာ ေက်ာင္းစာအျပင္ လူမႈေရး၊ အားကစားစသျဖင့္ ေက်ာင္း activity ေလးေတြကို အေတာ္ကိုမွ ေပ်ာ္ပိုက္သြားတတ္ၾကပါတယ္။

ဒီအတြက္ စိတ္ထဲ ထည့္ထားေစခ်င္တာက သင့္ဘဝဦးတည္ခ်က္ကို တစ္ဖက္တစ္လမ္းကေန အေထာက္အကူျဖစ္ေစမယ့္ ဘြဲ႔ရဖို႔ လိုမယ့္ ေက်ာင္းစာပိုင္းကို မလစ္ဟင္းသြားဖို႔ သတိျပဳေစခ်င္တာ ျဖစ္ပါတယ္။

 

(၅) ေက်ာင္းေရြးခ်ယ္မႈ

တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီးေနာက္ ေသခ်ာစဥ္းစားရမွာက ဘယ္တကၠသိုလ္ကို ေရြးရမလဲဆိုတာပါ။

ကိုယ့္အရည္အခ်င္း၊ ဝါသနာနဲ႔ ကိုက္တဲ့ လုိင္းကို ေသခ်ာစဥ္းစားေရြးခ်ယ္ဖို႔လိုပါတယ္။ ေက်ာင္းေတာ့ ျဖစ္သလို ေရြးလိုက္မယ္ ေနာက္မွ ဝါသနာအတြက္ သက္သက္ထပ္တက္မယ္ဆိုၿပီးေတာ့ ေျပာလို႔ရေပမယ့္ ဆယ္ေက်ာ္သက္ေတြရဲ႕ သင္ယူႏုိင္မႈ စြမ္းရည္ျမင့္တဲ့ ငယ္ရြယ္ခ်ိန္မွာ ကိုယ္ေရြးခ်ယ္တဲ့လမ္းက ဝါသနာနဲ႔ ကိုက္ေနၿပီးသားဆိုရင္ ဘဝမွာ အခ်ိန္ထပ္ကုန္စရာမလိုေတာ့ဘဲ သက္ဆုိင္ရာ ပညာရပ္ကို ပိုကၽြမ္းက်င္လာဖို႔ ထပ္ဆည္းပူးဖို႔သာ လိုမွာပါ။ ဒါေၾကာင့္ ေက်ာင္းကသင္တာ တျခား ဝါသနာပါတာ တျခားျဖစ္ၿပီး အခ်ိန္ေတြ ထပ္မကုန္ေစဖို႔ အုပ္ထိန္းသူနဲ႔ ေသခ်ာတိုင္ပင္ၿပီး ေက်ာင္းေရြးေစခ်င္ပါတယ္။

 

ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနနဲ ့ ဘာသာစကားမ်ားႏွင့္ အျခားေသာသင္တန္းမ်ားကို သင္ၾကားလိုပါက sayar.com.mm တြင္တစ္ဦးခ်င္းသင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ားရွိပါသည္။

အေသးစိတ္သိရွိလိုပါက  https://www.sayar.com.mm/subjects.html တြင္ ဆရာ၊ ဆရာမ်ား၏အခ်က္အလက္မ်ားကို အခမဲ့ဝင္ေရာက္ၾကည့္ရႈရွာေဖြႏိုင္ပါသည္။

 

Sources : Shwemom

 

UNICODE

"တက္ကသိုလ်စတက်တော့မယ့် Fresher လေးများ သိထားရမယ့် အချက် (၅) ချက်"

(၁) လုပ်နိုင်ပြီဆိုတာနဲ့ လုပ်သင့်တာ မဟုတ်ပါဘူး

အမြဲတမ်းကြားဖူးမှာပါ။ ဆယ်တန်းအောင်တာနဲ့ လွတ်လွတ်လပ်လပ် နေလို့ရပြီဆိုတဲ့ စကားမျိုး။ ဒါပေမယ့် လွတ်လပ်တယ်ဆိုတဲ့ နေရာမှာ ကိုယ့်ကိုယ်ကိုရော တစ်ပါးသူကိုရော မထိခိုက်စေဘဲ မိဘကိုလည်း စိတ်မပူစေဘဲ ကိုယ့်အတွက် အကျိုးရှိတဲ့ ပျော်စရာကောင်းတဲ့ activity မျိုးတွေ၊ အဖြူအစိမ်းဘဝတုန်းက ကလေးဖြစ်နေခဲ့လို့ ကန့်သတ်ချက်ရှိတဲ့ အချို့အရာတွေ (ဥပမာ – သူငယ်ချင်းတွေနဲ့ ခရီးထွက်တာ၊ တက္ကသိုလ်ကျောင်းသားတစ်ယောက်အနေနဲ့ activity တွေ လုပ်တာမျိုးတွေ) ကို လွတ်လပ်ပျော်ရွှင်စွာ လုပ်လိုက်ပါ။
တက္ကသိုလ်ရောက်တာနဲ့ ရည်းစားရရမယ်ဆိုတဲ့ အတွေးမှားတွေ၊ ဆေးလိပ်တွေ၊ အယ်ကိုဟောတွေ မိဘကွယ်ရာဖြစ်လို့ စိတ်ကြိုက်သုံးစွဲတာမျိုးတွေက လွတ်လွတ်လပ်လပ် နေတယ်ဆိုတဲ့ စကားအဖြစ် အဓိပ္ပာယ်ဖွင့်လို့ မသင့်တော်ဘူးလို့ ပြောချင်ပါတယ်။


(၂) ကုန်ကျစရိတ်

ကလေးတို့ တက္ကသိုလ် တက်ရဖို့အတွက် ကလေးတို့ အိမ်ကနေ အဘက်ဘက်ကနေ ထောက်ပံ့ပေးကြရပါတယ်။
အဖြူအစိမ်းဘဝ မဟုတ်တော့တဲ့အတွက် ဝတ်ချင်စားချင်တဲ့ ဆယ်ကျော်သက်တို့အတွက် မိဘတို့မှာ အဝတ်အထည်တွေ ဝယ်ဆင်ပေးရတယ်၊

မုန့်ဖိုးတွေ၊ သွားလာစရိတ်တွေ ပေးရတယ်၊ ကျောင်းလခ၊ ကျူရှင်လခတွေ ပေးရတယ်။ ဒီကုန်ကျစရိတ်တွေ၊ ပြီးတော့ ကျူရှင်မလိုတဲ့ တက္ကသိုလ်တွေဆိုလည်း ကျောင်းလခ မြင့်ပြီးသားပါ၊ ကျောင်းလခ မမြင့်ဘဲ ကျူရှင်ယူရမယ်ဆိုလည်း ကျူရှင်ခက ဘာသာအလိုက်ပါ။ ဒါတွေကို နားလည်ထားရင် အတန်းလစ်ချင်တိုင်း လစ်တော့မယ်ဆိုတဲ့ စိတ်လေးတွေ နည်းပါးသွားမှာပါ။

 

(၃) လူအသစ်တွေနဲ့ မိတ်ဖွဲ့ပါ

တော်တော်များများကတော့ ကိုယ့်အထက်တန်းကျောင်းသူငယ်ချင်းနဲ့ မကွဲချင်ကြပါဘူး။ ဒါပေမယ့် ဒါဟာ ဆယ်တန်းအောင်သူတိုင်းအတွက် ပြည့်ဖို့ ခက်ခဲတဲ့ ဆုပါ။

အကယ်လို့ ကံကောင်းပြီး ကိုယ့်သူငယ်ချင်းနဲ့ပဲ တက္ကသိုလ်တူတူတက်ရဖို့ ဖြစ်လာလည်း အခြားသူငယ်ချင်းအသစ်တွေနဲ့ မိတ်ဖွဲ့ဖို့ မလစ်ဟင်းပါစေနဲ့။

ဒါပေမယ့် ပထမနှစ်မှာ တွဲမိတဲ့ သူငယ်ချင်းနဲ့ အဆင်မပြေလို့လည်း စိတ်မညစ်ပါနဲ့။ များသောအားဖြင့် uni က bff တွေကို ဒုတိယနှစ်မှာ စတွေ့တတ်ကြလို့ပါ။

Recommended For You >>>> "လူငယ်တွေ အနေနဲ့ခေတ်သစ်ရဲ့ စိန်ခေါ်မှုတွေအတွက် အသင့်ဖြစ်နေစေဖို့"

 


(၄) activity တွေနဲ့ ကျောင်းစာ မျှတပါစေ

တချို့ကျောင်းပျော်လေးတွေကတော့ တက္ကသိုလ်မှာ ကျောင်းစာအပြင် လူမှုရေး၊ အားကစားစသဖြင့် ကျောင်း activity လေးတွေကို အတော်ကိုမှ ပျော်ပိုက်သွားတတ်ကြပါတယ်။

ဒီအတွက် စိတ်ထဲ ထည့်ထားစေချင်တာက သင့်ဘဝဦးတည်ချက်ကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်စေမယ့် ဘွဲ့ရဖို့ လိုမယ့် ကျောင်းစာပိုင်းကို မလစ်ဟင်းသွားဖို့ သတိပြုစေချင်တာ ဖြစ်ပါတယ်။

 


(၅) ကျောင်းရွေးချယ်မှု

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် သေချာစဉ်းစားရမှာက ဘယ်တက္ကသိုလ်ကို ရွေးရမလဲဆိုတာပါ။

ကိုယ့်အရည်အချင်း၊ ဝါသနာနဲ့ ကိုက်တဲ့ လိုင်းကို သေချာစဉ်းစားရွေးချယ်ဖို့လိုပါတယ်။ ကျောင်းတော့ ဖြစ်သလို ရွေးလိုက်မယ် နောက်မှ ဝါသနာအတွက် သက်သက်ထပ်တက်မယ်ဆိုပြီးတော့ ပြောလို့ရပေမယ့် ဆယ်ကျော်သက်တွေရဲ့ သင်ယူနိုင်မှု စွမ်းရည်မြင့်တဲ့ ငယ်ရွယ်ချိန်မှာ ကိုယ်ရွေးချယ်တဲ့လမ်းက ဝါသနာနဲ့ ကိုက်နေပြီးသားဆိုရင် ဘဝမှာ အချိန်ထပ်ကုန်စရာမလိုတော့ဘဲ သက်ဆိုင်ရာ ပညာရပ်ကို ပိုကျွမ်းကျင်လာဖို့ ထပ်ဆည်းပူးဖို့သာ လိုမှာပါ။ ဒါကြောင့် ကျောင်းကသင်တာ တခြား ဝါသနာပါတာ တခြားဖြစ်ပြီး အချိန်တွေ ထပ်မကုန်စေဖို့ အုပ်ထိန်းသူနဲ့ သေချာတိုင်ပင်ပြီး ကျောင်းရွေးစေချင်ပါတယ်။

ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ဘာသာစကားများနှင့် အခြားသောသင်တန်းများကို သင်ကြားလိုပါက sayar.com.mm တွင်တစ်ဦးချင်းသင်ကြားပေးသော ဆရာ၊ ဆရာမများရှိပါသည်။

အသေးစိတ်သိရှိလိုပါက https://www.sayar.com.mm/subjects.html တွင် ဆရာ၊ ဆရာများ၏အချက်အလက်များကို အခမဲ့ဝင်ရောက်ကြည့်ရှုရှာဖွေနိုင်ပါသည်။

 


Sources : Shwemom

Read times Last modified on Wednesday, 08 January 2020 17:08
Rate this articles
(0 votes)