×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Monday, 28 December 2020

အနာဂတ်ရဲ့ဘီလျံနာလောင်းများအတွက် ငွေစုနည်းဗျူဟာ

အနာဂတ်ရဲ့ဘီလျံနာလောင်းများအတွက် ငွေစုနည်းဗျူဟာ
တစ်လ တစ်လကုန်ကုန်သွားတယ်။ ဘာပိုက်ဆံမှ မစုဖြစ်လိုက်ဘူး။ ဒီလိုအမြဲဖြစ်ဖူးကြတယ်မလား။
စာရေးသူလည်းဖြစ်ဖူးပါတယ်။ ဒါကြောင့်ပိုက်ဆံဘယ်လိုစုရမလဲ လို့ ရှာဖွေကြည့်လိုက်တော့ တန်ဖိုးရှိတဲ့ ဗျူဟာလေးတချို့ကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ပိုက်ဆံစုနည်းဗျူဟာလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 

ပိုက်ဆံစုတယ်ဆိုတာ ရည်မှန်းချက်တစ်ခုထားပြီးရေရှည်တည်ဆောက်ထားသင့်တဲ့အလေ့အကျင့်တစ်ခုပါ။ ငွေကြေးအောင်မြင်မှုမှာ ပိုက်ဆံဘယ်လောက်ဝင်တယ်ဆိုတာထက် ဘယ်လောက်စုနိုင်တယ်ဆိုတာက ပိုအရေးကြီးပါတယ်။ ဒီတော့ ငွေကြေးအောင်မြင်မှုကို လိုလားသောလူတိုင်း ဒီအချက်လေးတွေကို လိုက်နာကြည့်ကြပါနော်။

 

(၁) သုံးပြီးမှ မစုပါနဲ့။ စုပြီးမှ သုံးပါ။
အများစုက လစာထုတ်လာတာနဲ့ ကိုယ်လိုချင်တာလေးတွေဝယ်ပြီးမှ ပိုက်ဆံစုတတ်ကြပါတယ်။ တကယ်တမ်းကတော့ လစဉ်စုဆောင်းမယ့်ပိုက်ဆံပမာဏကို သတ်မှတ်စုဆောင်းပြီးမှသာ လိုအပ်တဲ့အရာတွေကို ဝယ်သင့်ပါတယ်။ လစာထုတ်တာနဲ့ ပထမဆုံးလုပ်ရမှာက စုဆောင်းမယ့်ပိုက်ဆံကို သီးသန့်စုဆောင်းထားရပါမယ်။

 

(၂) တံဆိပ်စွဲမထားပါနဲ့။
ငွေကြေးစုဆောင်းနေတဲ့အချိန်မှာ တံဆိပ်စွဲမထားပါနဲ့။ နာမည်ကြီးတံဆိပ်နောက်ကို လိုက်နေတာထက် အရည်အသွေးကောင်းတဲ့ ပစ္စည်းကို သုံးသင့်တဲ့သဘောပါ။ ဆိုင်ထိုင်မယ်ဆိုရင် နာမည်ကြီးဆိုင်မှာထိုင်တာထက် အစားအသောက်ကောင်းတဲ့ဆိုင်မှာ ထိုင်တာက ပိုအရသာရှိသလို ငွေကုန်လည်းသက်သာစေပါတယ်။ ( ဟာသတစ်ခုအနေနဲ့ သူငယ်ချင်းတစ်ယောက်ပြောတဲ့ စကားလေးတစ်ခွန်းကို မျှဝေပေးချင်ပါတယ်။ သူက Branded တွေကြိုက်နှစ်သက်တဲ့အတွက် သူ့မှာ Brand အကျီ ၤ ခြောက်ထည်ရှိတယ်တဲ့။ ဟယ် အများကြီးပဲဆိုတော့ " ဟဲ့ အထင်မကြီးနဲ့။ ခြောက်ထည်ဆိုတာက အဝတ်ခြောက်ထည်ကိုပြောတမဟုတ်ဘူး - Brand ကိုကြိုက်လွန်းတဲ့အတွက် အခြောက်ခံလိုက် ပြန်ဝတ်လိုက်ဖြစ်နေတာပါတဲ့။")

 

(၃) အသေးအဖွဲ့လေးတွေကို ဂရုစိုက်ပါ။
ဥပမာ "ဒီနေ့တော့ Cheese O tea လေးဝယ်သောက်လိုက်ပါမယ်။ တစ်ရက်တစ်လေပဲကို" လို့မတွေးလိုက်ပါနဲ့။ ဆိတ်ဖန်များ အနာဖြစ်တတ်ပါတယ်။ ဒီလို အသေးအဖွဲ့လေးတွေမှာ ငွေကြေးသုံးစွဲတာကို အကျင့်မလုပ်ပါနဲ့။ တတ်နိုင်သမျှ အသေးအဖွဲ့ကိစ္စတွေမှာ ငွေမသုံးမိအောင် ဂရုစိုက်ပါ။

 

(၄) နှစ်ပတ်စောင့်တဲ့ ဗျူဟာကို သုံးကြည့်ပါ။
သင်လိုချင်တဲ့အရာတစ်ခု ရှိလာပြီဆိုရင် ချက်ချင်းမဝယ်ဘဲ နှစ်ပတ်စောင့်ပြီးမှ ဝယ်ပါ။ အကယ်၍ ချက်ချင်းအသုံးလိုနေတဲ့အရာဆိုရင်တော့ဝယ်လိုက်ပါ။ ဒါပေမယ့် မလိုအပ်ဘဲ လိုချင်တဲ့စိတ်နဲ့ပဲ ဆိုရင်တော့ ဒီ နှစ်ပတ်စောင့်တဲ့ ဗျူဟာကို သုံးဖြစ်အောင်သုံးကြည့်နော်။ တကယ်ထိရောက်ပါတယ်။

 

(၅) လိုအပ်တာလား လိုချင်တာလား။
လူတွေဟာ ကိုယ့်အတွက် တကယ်မလိုအပ်တဲ့ပစ္စည်းတွေကိုမှ လိုချင်နေမိတတ်တယ်။ “မလိုအပ်တဲ့အရာတွေကို ဝယ်မိရင် လိုအပ်တာတွေ ထုတ်ရောင်းရမယ်” ဆိုတဲ့ ဝါရင့်ဘန့်ဖတ်ရဲ့စကားအတိုင်းပဲ ဆန္ဒနောက် မလိုက်မိပါစေနဲ့။

 

နောက်ဆုံးအနေနဲ့ ငွေကရှာရခက်ပြီး သုံးရင်ခဏလေးပဲမလို့ ငွေကြေးစီမံမှုကို ကောင်းကောင်းကိုင်တွယ်နိုင်ဖို့ က တကယ်ကိုအရေးကြီးပါတယ်။ ဒါကြောင့် အားလုံးပဲ ငွေကြေးစီမံမှုကို ကောင်းကောင်းလုပ်နိုင်ပြီး အနာဂတ်ရဲ့ ဘီလျံနာလောင်းတွေဖြစ်ကြပါစေ။

 

 

အနာဂတ္ရဲ႕ဘီလ်ံနာေလာင္းမ်ားအတြက္ ေငြစုနည္းဗ်ဴဟာ
တစ္လ တစ္လကုန္ကုန္သြားတယ္။ ဘာပိုက္ဆံမွ မစုျဖစ္လိုက္ဘူး။ ဒီလိုအၿမဲျဖစ္ဖူးၾကတယ္မလား။
စာေရးသူလည္းျဖစ္ဖူးပါတယ္။ ဒါေၾကာင့္ပိုက္ဆံဘယ္လိုစုရမလဲ လို႔ ရွာေဖြၾကည့္လိုက္ေတာ့ တန္ဖိုးရွိတဲ့ ဗ်ဴဟာေလးတခ်ိဳ႕ကို ေတြ႕ရွိခဲ့ပါတယ္။ ဒါေၾကာင့္ ပိုက္ဆံစုနည္းဗ်ဴဟာေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

 

ပိုက္ဆံစုတယ္ဆိုတာ ရည္မွန္းခ်က္တစ္ခုထားၿပီးေရရွည္တည္ေဆာက္ထားသင့္တဲ့အေလ့အက်င့္တစ္ခုပါ။ ေငြေၾကးေအာင္ျမင္မႈမွာ ပိုက္ဆံဘယ္ေလာက္ဝင္တယ္ဆိုတာထက္ ဘယ္ေလာက္စုႏိုင္တယ္ဆိုတာက ပိုအေရးႀကီးပါတယ္။ ဒီေတာ့ ေငြေၾကးေအာင္ျမင္မႈကို လိုလားေသာလူတိုင္း ဒီအခ်က္ေလးေတြကို လိုက္နာၾကည့္ၾကပါေနာ္။

 

(၁) သုံးၿပီးမွ မစုပါနဲ႔။ စုၿပီးမွ သုံးပါ။
အမ်ားစုက လစာထုတ္လာတာနဲ႔ ကိုယ္လိုခ်င္တာေလးေတြဝယ္ၿပီးမွ ပိုက္ဆံစုတတ္ၾကပါတယ္။ တကယ္တမ္းကေတာ့ လစဥ္စုေဆာင္းမယ့္ပိုက္ဆံပမာဏကို သတ္မွတ္စုေဆာင္းၿပီးမွသာ လိုအပ္တဲ့အရာေတြကို ဝယ္သင့္ပါတယ္။ လစာထုတ္တာနဲ႔ ပထမဆုံးလုပ္ရမွာက စုေဆာင္းမယ့္ပိုက္ဆံကို သီးသန႔္စုေဆာင္းထားရပါမယ္။

 

(၂) တံဆိပ္စြဲမထားပါနဲ႔။
ေငြေၾကးစုေဆာင္းေနတဲ့အခ်ိန္မွာ တံဆိပ္စြဲမထားပါနဲ႔။ နာမည္ႀကီးတံဆိပ္ေနာက္ကို လိုက္ေနတာထက္ အရည္အေသြးေကာင္းတဲ့ ပစၥည္းကို သုံးသင့္တဲ့သေဘာပါ။ ဆိုင္ထိုင္မယ္ဆိုရင္ နာမည္ႀကီးဆိုင္မွာထိုင္တာထက္ အစားအေသာက္ေကာင္းတဲ့ဆိုင္မွာ ထိုင္တာက ပိုအရသာရွိသလို ေငြကုန္လည္းသက္သာေစပါတယ္။ ( ဟာသတစ္ခုအေနနဲ႔ သူငယ္ခ်င္းတစ္ေယာက္ေျပာတဲ့ စကားေလးတစ္ခြန္းကို မွ်ေ၀ေပးခ်င္ပါတယ္။ သူက Branded ေတြႀကိဳက္ႏွစ္သက္တဲ့အတြက္ သူ႔မွာ Brand အက်ီ ၤ ေျခာက္ထည္ရွိတယ္တဲ့။ ဟယ္ အမ်ားႀကီးပဲဆိုေတာ့ " ဟဲ့ အထင္မႀကီးနဲ႔။ ေျခာက္ထည္ဆိုတာက အ၀တ္ေျခာက္ထည္ကိုေျပာတမဟုတ္ဘူး - Brand ကိုႀကိဳက္လြန္းတဲ့အတြက္ အေျခာက္ခံလိုက္ ျပန္၀တ္လိုက္ျဖစ္ေနတာပါတဲ့။")

 

(၃) အေသးအဖြဲ႕ေလးေတြကို ဂ႐ုစိုက္ပါ။
ဥပမာ "ဒီေန႔ေတာ့ Cheese O tea ေလးဝယ္ေသာက္လိုက္ပါမယ္။ တစ္ရက္တစ္ေလပဲကို" လို႔မေတြးလိုက္ပါနဲ႔။ ဆိတ္ဖန္မ်ား အနာျဖစ္တတ္ပါတယ္။ ဒီလို အေသးအဖြဲ႕ေလးေတြမွာ ေငြေၾကးသုံးစြဲတာကို အက်င့္မလုပ္ပါနဲ႔။ တတ္ႏိုင္သမွ် အေသးအဖြဲ႕ကိစၥေတြမွာ ေငြမသုံးမိေအာင္ ဂ႐ုစိုက္ပါ။

 

(၄) ႏွစ္ပတ္ေစာင့္တဲ့ ဗ်ဴဟာကို သုံးၾကည့္ပါ။
သင္လိုခ်င္တဲ့အရာတစ္ခု ရွိလာၿပီဆိုရင္ ခ်က္ခ်င္းမဝယ္ဘဲ ႏွစ္ပတ္ေစာင့္ၿပီးမွ ဝယ္ပါ။ အကယ္၍ ခ်က္ခ်င္းအသုံးလိုေနတဲ့အရာဆိုရင္ေတာ့ဝယ္လိုက္ပါ။ ဒါေပမယ့္ မလိုအပ္ဘဲ လိုခ်င္တဲ့စိတ္နဲ႔ပဲ ဆိုရင္ေတာ့ ဒီ ႏွစ္ပတ္ေစာင့္တဲ့ ဗ်ဴဟာကို သုံးျဖစ္ေအာင္သုံးၾကည့္ေနာ္။ တကယ္ထိေရာက္ပါတယ္။

 

(၅) လိုအပ္တာလား လိုခ်င္တာလား။
လူေတြဟာ ကိုယ့္အတြက္ တကယ္မလိုအပ္တဲ့ပစၥည္းေတြကိုမွ လိုခ်င္ေနမိတတ္တယ္။ “မလိုအပ္တဲ့အရာေတြကို ဝယ္မိရင္ လိုအပ္တာေတြ ထုတ္ေရာင္းရမယ္” ဆိုတဲ့ ဝါရင့္ဘန္႔ဖတ္ရဲ႕စကားအတိုင္းပဲ ဆႏၵေနာက္ မလိုက္မိပါေစနဲ႔။

 

ေနာက္ဆုံးအေနနဲ႔ ေငြကရွာရခက္ၿပီး သုံးရင္ခဏေလးပဲမလို႔ ေငြေၾကးစီမံမႈကို ေကာင္းေကာင္းကိုင္တြယ္ႏိုင္ဖို႔ က တကယ္ကိုအေရးႀကီးပါတယ္။ ဒါေၾကာင့္ အားလုံးပဲ ေငြေၾကးစီမံမႈကို ေကာင္းေကာင္းလုပ္ႏိုင္ၿပီး အနာဂတ္ရဲ႕ ဘီလ်ံနာေလာင္းေတြျဖစ္ၾကပါေစ။

Read times
Rate this articles
(1 Vote)