×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 06 January 2021

ဇီဝဗေဒသင်ခန်းစာတွေထဲကတစ်ခုဖြစ်တဲ့ Dead Space အကြောင်း

ဇီဝဗေဒသင်ခန်းစာတွေထဲကတစ်ခုဖြစ်တဲ့ Dead Space အကြောင်း

ကျွန်တော်တို့တစ်သက်လုံးလည်း ဇီဝဗေဒကို ကျက်စာလို့ပဲသတ်မှတ်ပြီး Bio စသင်ရတဲ့ ကိုးတန်းအရွယ်တည်းက “ Biology is the study of living thing. A large variety of living things exit on the land…” ဆိုပြီး ကြက်တူရွေးနှုတ်တိုက်ကျက်ခဲ့ကြတာပါ။ ဒါပေမယ့် ဇီဝဗေဒဆိုတာကျက်စာမဟုတ်ပါဘူး။

 

နှုတ်တိုက်ကျက်လို့ တိုင်ပတ်ခဲ့ရတဲ့အချိန်ကတော့ ဆယ်တန်းအရွယ်ပါပဲ။ အဲ့တုန်းက Chapter(11) က Dead Space ဆိုတဲ့အပိုဒ်ကြီးကို ဘယ်လိုကျက်ကျက်မရခဲ့တာပါ။ ခုကျက်လို့ရသွားလည်း နောက်နှစ်ရက်နေရင် အစတောင်ပြန်ဖော်မရဘူး။ ဒါကြောင့် နောက်လာမယ့် ညီလေး၊ညီမလေးတွေကို ဒီလိုမဖြစ်ရအောင် ဇီဝဗေဒဆိုတာ ကျက်စာမဟုတ်ကြောင်း Dead Space ဆိုတဲ့အပိုဒ်အကြောင်းရှင်းပြရင်း ပြောပြလိုက်ပါရစေ။

 

Dead Space ဆိုတာ ဓာတ်ငွေ့ဖလှယ်မှု(Gaseous Exchange)မလုပ်နိုင်တဲ့နေရာ ကိုပြောတာပါ။ Gaseous Exchange လုပ်တယ်ဆိုတာ O2 နှင့် CO2 ဓာတ်ငွေ့ဖလှယ်ခြင်းပါ။ ဒီလို ဓာတ်ငွေ့ဖလှယ်ဖို့ဆိုရင် ဆံခြည်မျှင်သွေးကြောတွေရှိနေရမယ်။ Alveolus (လေအိတ်) ရဲ့ Wall (နံရံပေါ်မှာ) ဆံခြည်မျှင်သွေးကြောတွေများစွာရှိပါတယ်။ ဒီ ဆံခြည်မျှင်သွေးကြောတွေအပြင် သွေးအလုံအလောက်ရှိဖို့လည်းလိုအပ်ပါတယ်။ သွေးရှိမှ သွေးထဲက Hemoglobin က Oxygenကို သယ်ဆောင်ပေးနိုင်မယ်လေ။

 

ဓာတ်ငွေ့ဖလှယ်ခြင်းဖြစ်စဉ်က Alveolus မှာ စတင်ပါတယ်။ Alveolus မတိုင်မှီလေဝင်လမ်းကြောင်း အစိတ်အပိုင်းတွေဖြစ်တဲ့ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း၊ လေပြွန်၊ လေအိတ်တွေက ဓာတ်ငွေ့ဖလှယ်မှုမလုပ်နိုင်ပါဘူး။ ဒါကြောင့် အဲ့အစိတ်အပိုင်းတွေကိုခန္ဓာဗေဒဖွဲ့စည်းပုံအရ ဓာတ်ငွေ့ဖလှယ်မှု မလုပ်နိုင်တဲ့နေရာAnatomical Dead Space လို့ခေါ်တယ်။ Anatomical Dead Space ဆိုတာ Structure အရခွဲတယ်မှတ်ပါ။

 

Physiological or Functional Dead Space ဆိုတာဘာလဲ။
အသက်ရှင်မှု လုပ်ငန်းဆိုင်ရာ ဓာတ်ငွေ့ဖလှယ်မှုမလုပ်နိုင်သောနေရာ Physiological Dead Space ဆိုတာ Function အရခွဲတယ်မှတ်ပါ။ Alveolus မှာ Gaseous Exchange လုပ်တာကြောင့် အဲ့ ဒီ Alveolus (လေအိတ်တွေမှာ) Gaseous Exchange ဆိုတဲ့ Function (လုပ်ငန်းတာဝန်) မလုပ်နိုင်တော့ဘူးဆိုရင ်Physiological Dead Space ပါပဲ။ အဆုတ်ရောဂါအခြေအနေ တွေကို ကြည့်နိုင်ရင်ပိုမြင်သာပါတယ်။


Alveolus ကြီးထိခိုက်စေတဲ့ အဆုတ်ရောဂါတွေ မှာ Alveolus ထိထားမှတော့ Gaseous Exchange Function လုပ်နိုင်ပါဦးမလား? မလုပ်နိုင်ပါဘူး။ အဲ့တာဆို အဲ့အခြေအနေကို Physiological Dead Space လို့ပြောလို့မရဘူးလား? ရတာပေါ့။Gaseous Exchange လုပ်မယ့် Function ကို ထိခိုက်သမျှ Physiology Dead Space လို့ပြောနိုင်ပါတယ်။

 

Physiology dead space is increased with lung diseases ဆို မမှန်ဘူးလား?
မှန်ပါတယ်။ ဘာလို့လည်းဆိုတော့ Lung Disease (အဆုတ်ရောဂါတွေမှာ) Alveolar Component(လေအိတ်အစိတ်အပိုင်း) ထိခိုက်စေတာဖြစ်ပါတယ်။ အဲ့လိုထိခိုက်တော့ Gaseous Exchange Function မလုပ်နိုင်ပါဘူး။ ရပ်နေတဲ့အချိနိမှာ စဉ်းစားကြည့်ရအောင်။

 

ရပ်နေတော့ Gravity ဆွဲအားကြောင့် သွေးတွေက အဆုတ်ရဲ့အပေါ်ပိုင်းမှာ ဒါမှမဟုတ် အဆုတ်ရဲ့အောက်ပိုင်းမှာအများဆုံးဖြစ်မလား? အဆုတ်ရဲ့အောက်ပိုင်းမှာ သွေးထောက်ပံ့မှုအများဆုံးဖြစ်နေမှာပါ။

 

အဆုတ်ရဲ့ 30-50% အဆုတ်အပေါ်ပိုင်းကျတော့ Blood Supply ကောင်းဦးမလား?
အဲ့တာဆို အဲ့အပိုင်းက Physiological Dead Space ဖြစ်ပါတယ်။ 30-50% ကို average (ပျှမ်းမျှ)ယူလိုက်ရင် 40%ပေါ့ ။ အဲ့တော့ ရပ်နေရင် 40%က Physiological Dead Space ဖြစ်ပြီး 60%က Gaseous Exchange ဖြစ်ပါတယ်။

 

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီဆိုပါစို့။
နှလုံးခုန်နှုန်းမြန်လာမယ် ။ သွေးလှည့်ပတ်နှုန်းမြန်လာမယ်။ အဆုတ်ရဲ့နေရာများများကို သွေးရောက်သွားမယ် ။ ဒါဆို ခု နတုန်းက ရပ်နေတုန်းက Physiological Dead Space ကြီး က Exercise လုပ်တဲ့အချိန် ရှိပါဦးမလား? မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ရာခိုင်နှုန်းနဲ့ပြောရင် 0%က Physiological Dead Space 100%က Gaseous Exchange ဖြစ်သွားလို့ပါ။

 

အဲ့တာကို စာထဲမှာ Physiological dead space is negligible.(မပြောပလောက်ဘူး)(လျစ်လျူရှုနိုင်တယ်)လို့ပြောထားတာပါ။ အချုပ်ပြောရရင် Anatomical Dead Space က မွေးကတည်းကနေ သေတဲ့အထိမပြောင်းလဲပါဘူး။ Alveolus မရောက်ခင် Mouth, Pharynx, Bronchi, Bronchioles တို့က Gaseous Exchange မဖြစ်ပါဘူး။ ဘာလို့ Gaseous Exchange မဖြစ်တာလဲဆိုတော့ သွေးထောက်ပံ့ပေးမယ့် သွေးကြောတွေမရှိလို့ပါ။ ဒါကြောင့် Mouth, Pharynx, Bronchi, Bronchiolesတို့က Anatomical Dead Space ပါ။

 

Physiological Dead Space ကြတော့ အခြေအနေအရ အပြောင်းအလဲရှိနေတော့ရှုပ်ကုန်ကြတယ်။ Gaseous Exchange ဆိုတဲ့ လုပ်ငန်းတာဝန် (Function)ဖြစ်ဖို့ သွေးထောက်ပံ့မှုလိုတယ်။ သွေးထောက်ပံ့မှုကောင်းကောင်းမရရင် Gaseous Exchange မလုပ်နိုင်ဘူး ။ အဲ့တာ Physiology Dead Space ပေါ့။

 

ရပ်နေ ငြိမ်နေတဲ့အနေအထားမှာအဆုတ်ရဲ့ 30-50% ကသွေးမရတော့ Physiological Dead Space ဖြစ်ပါတယ်။ Exercise လုပ်ရင်တော့ Blood Supply ကောင်းတာမလို့ အဆုတ် ရဲ့နေရာတော်တော်များများသွေးထောက်ပံ့မှုပြန်ရတော့ Physiological Dead Space ပြောမရတော့ဘူးပေါ့။

 

ဇီဝဗေဒဆိုတာ ကျက်စာမဟုတ်ပါဘူး။ "ဘိုင်အို - ထိုင်ငို" မဖြစ်ရလေအောင်၊ "ဇီ၀ - ရီပြ" အနေအထားဖြစ်အောင် ကျက်မှတ်ဖို့ထက် နားလည်အောင်မှတ်ယူရမှာဖြစ်ပါတယ်။

 

 

ဇီဝေဗဒသင္ခန္းစာေတြထဲကတစ္ခုျဖစ္တဲ့ Dead Space အေၾကာင္း

ကြၽန္ေတာ္တို႔တစ္သက္လုံးလည္း ဇီဝေဗဒကို က်က္စာလို႔ပဲသတ္မွတ္ၿပီး Bio စသင္ရတဲ့ ကိုးတန္းအ႐ြယ္တည္းက “ Biology is the study of living thing. A large variety of living things exit on the land…” ဆိုၿပီး ၾကက္တူေ႐ြးႏႈတ္တိုက္က်က္ခဲ့ၾကတာပါ။ ဒါေပမယ့္ ဇီဝေဗဒဆိုတာက်က္စာမဟုတ္ပါဘူး။

 

ႏႈတ္တိုက္က်က္လို႔ တိုင္ပတ္ခဲ့ရတဲ့အခ်ိန္ကေတာ့ ဆယ္တန္းအ႐ြယ္ပါပဲ။ အဲ့တုန္းက Chapter(11) က Dead Space ဆိုတဲ့အပိုဒ္ႀကီးကို ဘယ္လိုက်က္က်က္မရခဲ့တာပါ။ ခုက်က္လို႔ရသြားလည္း ေနာက္ႏွစ္ရက္ေနရင္ အစေတာင္ျပန္ေဖာ္မရဘူး။ ဒါေၾကာင့္ ေနာက္လာမယ့္ ညီေလး၊ညီမေလးေတြကို ဒီလိုမျဖစ္ရေအာင္ ဇီဝေဗဒဆိုတာ က်က္စာမဟုတ္ေၾကာင္း Dead Space ဆိုတဲ့အပိုဒ္အေၾကာင္းရွင္းျပရင္း ေျပာျပလိုက္ပါရေစ။

 

Dead Space ဆိုတာ ဓာတ္ေငြ႕ဖလွယ္မႈ(Gaseous Exchange)မလုပ္ႏိုင္တဲ့ေနရာ ကိုေျပာတာပါ။ Gaseous Exchange လုပ္တယ္ဆိုတာ O2 ႏွင့္ CO2 ဓာတ္ေငြ႕ဖလွယ္ျခင္းပါ။ ဒီလို ဓာတ္ေငြ႕ဖလွယ္ဖို႔ဆိုရင္ ဆံျခည္မွ်င္ေသြးေၾကာေတြရွိေနရမယ္။ Alveolus (ေလအိတ္) ရဲ႕ Wall (နံရံေပၚမွာ) ဆံျခည္မွ်င္ေသြးေၾကာေတြမ်ားစြာရွိပါတယ္။ ဒီ ဆံျခည္မွ်င္ေသြးေၾကာေတြအျပင္ ေသြးအလုံအေလာက္ရွိဖို႔လည္းလိုအပ္ပါတယ္။ ေသြးရွိမွ ေသြးထဲက Hemoglobin က Oxygenကို သယ္ေဆာင္ေပးႏိုင္မယ္ေလ။

 

ဓာတ္ေငြ႕ဖလွယ္ျခင္းျဖစ္စဥ္က Alveolus မွာ စတင္ပါတယ္။ Alveolus မတိုင္မွီေလဝင္လမ္းေၾကာင္း အစိတ္အပိုင္းေတြျဖစ္တဲ့ ႏွာေခါင္း၊ ပါးစပ္၊ လည္ေခ်ာင္း၊ ေလႁပြန္၊ ေလအိတ္ေတြက ဓာတ္ေငြ႕ဖလွယ္မႈမလုပ္ႏိုင္ပါဘူး။ ဒါေၾကာင့္ အဲ့အစိတ္အပိုင္းေတြကိုခႏၶာေဗဒဖြဲ႕စည္းပုံအရ ဓာတ္ေငြ႕ဖလွယ္မႈ မလုပ္ႏိုင္တဲ့ေနရာAnatomical Dead Space လို႔ေခၚတယ္။ Anatomical Dead Space ဆိုတာ Structure အရခြဲတယ္မွတ္ပါ။

 

Physiological or Functional Dead Space ဆိုတာဘာလဲ။
အသက္ရွင္မႈ လုပ္ငန္းဆိုင္ရာ ဓာတ္ေငြ႕ဖလွယ္မႈမလုပ္ႏိုင္ေသာေနရာ Physiological Dead Space ဆိုတာ Function အရခြဲတယ္မွတ္ပါ။ Alveolus မွာ Gaseous Exchange လုပ္တာေၾကာင့္ အဲ့ ဒီ Alveolus (ေလအိတ္ေတြမွာ) Gaseous Exchange ဆိုတဲ့ Function (လုပ္ငန္းတာဝန္) မလုပ္ႏိုင္ေတာ့ဘူးဆိုရင ္Physiological Dead Space ပါပဲ။ အဆုတ္ေရာဂါအေျခအေန ေတြကို ၾကည့္ႏိုင္ရင္ပိုျမင္သာပါတယ္။


Alveolus ႀကီးထိခိုက္ေစတဲ့ အဆုတ္ေရာဂါေတြ မွာ Alveolus ထိထားမွေတာ့ Gaseous Exchange Function လုပ္ႏိုင္ပါဦးမလား? မလုပ္ႏိုင္ပါဘူး။ အဲ့တာဆို အဲ့အေျခအေနကို Physiological Dead Space လို႔ေျပာလို႔မရဘူးလား? ရတာေပါ့။Gaseous Exchange လုပ္မယ့္ Function ကို ထိခိုက္သမွ် Physiology Dead Space လို႔ေျပာႏိုင္ပါတယ္။

 

Physiology dead space is increased with lung diseases ဆို မမွန္ဘူးလား?
မွန္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ Lung Disease (အဆုတ္ေရာဂါေတြမွာ) Alveolar Component(ေလအိတ္အစိတ္အပိုင္း) ထိခိုက္ေစတာျဖစ္ပါတယ္။ အဲ့လိုထိခိုက္ေတာ့ Gaseous Exchange Function မလုပ္ႏိုင္ပါဘူး။ ရပ္ေနတဲ့အခ်ိနိမွာ စဥ္းစားၾကည့္ရေအာင္။

ရပ္ေနေတာ့ Gravity ဆြဲအားေၾကာင့္ ေသြးေတြက အဆုတ္ရဲ႕အေပၚပိုင္းမွာ ဒါမွမဟုတ္ အဆုတ္ရဲ႕ေအာက္ပိုင္းမွာအမ်ားဆုံးျဖစ္မလား? အဆုတ္ရဲ႕ေအာက္ပိုင္းမွာ ေသြးေထာက္ပံ့မႈအမ်ားဆုံးျဖစ္ေနမွာပါ။

 

အဆုတ္ရဲ႕ 30-50% အဆုတ္အေပၚပိုင္းက်ေတာ့ Blood Supply ေကာင္းဦးမလား?
အဲ့တာဆို အဲ့အပိုင္းက Physiological Dead Space ျဖစ္ပါတယ္။ 30-50% ကို average (ပွ်မ္းမွ်)ယူလိုက္ရင္ 40%ေပါ့ ။ အဲ့ေတာ့ ရပ္ေနရင္ 40%က Physiological Dead Space ျဖစ္ၿပီး 60%က Gaseous Exchange ျဖစ္ပါတယ္။

 

ကိုယ္လက္ေလ့က်င့္ခန္းလုပ္ၿပီဆိုပါစို႔။
ႏွလုံးခုန္ႏႈန္းျမန္လာမယ္ ။ ေသြးလွည့္ပတ္ႏႈန္းျမန္လာမယ္။ အဆုတ္ရဲ႕ေနရာမ်ားမ်ားကို ေသြးေရာက္သြားမယ္ ။ ဒါဆို ခု နတုန္းက ရပ္ေနတုန္းက Physiological Dead Space ႀကီး က Exercise လုပ္တဲ့အခ်ိန္ ရွိပါဦးမလား? မရွိေတာ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ရာခိုင္ႏႈန္းနဲ႔ေျပာရင္ 0%က Physiological Dead Space 100%က Gaseous Exchange ျဖစ္သြားလို႔ပါ။

 

အဲ့တာကို စာထဲမွာ Physiological dead space is negligible.(မေျပာပေလာက္ဘူး)(လ်စ္လ်ဴရႈႏိုင္တယ္)လို႔ေျပာထားတာပါ။ အခ်ဳပ္ေျပာရရင္ Anatomical Dead Space က ေမြးကတည္းကေန ေသတဲ့အထိမေျပာင္းလဲပါဘူး။ Alveolus မေရာက္ခင္ Mouth, Pharynx, Bronchi, Bronchioles တို႔က Gaseous Exchange မျဖစ္ပါဘူး။ ဘာလို႔ Gaseous Exchange မျဖစ္တာလဲဆိုေတာ့ ေသြးေထာက္ပံ့ေပးမယ့္ ေသြးေၾကာေတြမရွိလို႔ပါ။ ဒါေၾကာင့္ Mouth, Pharynx, Bronchi, Bronchiolesတို႔က Anatomical Dead Space ပါ။

 

Physiological Dead Space ၾကေတာ့ အေျခအေနအရ အေျပာင္းအလဲရွိေနေတာ့ရႈပ္ကုန္ၾကတယ္။ Gaseous Exchange ဆိုတဲ့ လုပ္ငန္းတာဝန္ (Function)ျဖစ္ဖို႔ ေသြးေထာက္ပံ့မႈလိုတယ္။ ေသြးေထာက္ပံ့မႈေကာင္းေကာင္းမရရင္ Gaseous Exchange မလုပ္ႏိုင္ဘူး ။ အဲ့တာ Physiology Dead Space ေပါ့။

 

ရပ္ေန ၿငိမ္ေနတဲ့အေနအထားမွာအဆုတ္ရဲ႕ 30-50% ကေသြးမရေတာ့ Physiological Dead Space ျဖစ္ပါတယ္။ Exercise လုပ္ရင္ေတာ့ Blood Supply ေကာင္းတာမလို႔ အဆုတ္ ရဲ႕ေနရာေတာ္ေတာ္မ်ားမ်ားေသြးေထာက္ပံ့မႈျပန္ရေတာ့ Physiological Dead Space ေျပာမရေတာ့ဘူးေပါ့။

 

ဇီဝေဗဒဆိုတာ က်က္စာမဟုတ္ပါဘူး။ "ဘိုင္အို - ထိုင္ငို" မျဖစ္ရေလေအာင္၊ "ဇီ၀ - ရီျပ" အေနအထားျဖစ္ေအာင္ က်က္မွတ္ဖို႔ထက္ နားလည္ေအာင္မွတ္ယူရမွာျဖစ္ပါတယ္။

Read times
Rate this articles
(3 votes)