×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 05 February 2021

အိန္ဒိယသမ္မတဟောင်းရဲ့ မှတ်သားစရာစကား

အိန္ဒိယသမ္မတဟောင်းရဲ့ မှတ်သားစရာစကား

 

ကျွန်တော်ငယ်ငယ်က မေမေက ထမင်းဟင်း ချက်ကျွေးတယ်။ တစ်နေ့ ညနေ ထမင်းဝိုင်းမှာ မီးကျွမ်းနေတဲ့ ပလာတာကို အဖေ့ရှေ့မှာတွေ့လိုက်ရတယ်။

 

ကျွန်တော်လည်း မီးကျွမ်းနေတဲ့ပလာတာကို အဖေဘာပြောမလဲ စောင့်ကြည့်နေမိတယ်။ အဖေက ဒါနဲ့ပတ်သက်ပြီးဘာမှမပြောဘဲ ကျွန်တော့်ရဲ့ကျောင်းရဲ့အခြေအနေကို မေးပါတယ်။ "သားဒီနေ့ ကျောင်းမှာစာသင်ရတာ ဘယ်လိုလဲတဲ့"

 

ကျွန်တော် ဘာတွေဖြေခဲ့တယ်ဆိုတာကိုတော့ မမှတ်မိတော့ပါဘူး။

မှတ်မိတာကတော့ မေမေက အဖေ့ကို ပလာတာမီးကျွမ်းသွားတဲ့ပလာတာအတွက် တောင်းပန်တာပါပဲ။

 

အဖေပြန်ပြောခဲ့တဲ့စကားတွေကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါ။ အဖေက "မိန်းမရေ၊ မီးကျွမ်းတဲ့ပလာတာကို ငါကြိုက်တယ်ကွ"တဲ့။

 

အဲ့ဒီ့ညမှာပဲ ညအိပ်ယာမဝင်ခင် ကျွန်တော့်အဖေ့ကို မီးကျွမ်းနေတဲ့ပလာတာကို တကယ်ကြိုက်သလားလို့ မေးကြည့်ခဲ့မိတယ်။

အဖေက ကျွန်တော့ကိုဖက်ထားပြီး
"သားရေ၊ မင်းမေမေက တစ်နေ့လုံး အိမ်အလုပ်တွေ လုပ်နေရတာ။ ဒီနေ့ဆို သူတော်တော်ပင်ပန်းနေတယ်။ တူးနေတဲ့ပလာတာက ဘယ်သူ့ကိုမှ မနာကျင်စေပါဘူး။ အပြစ်တင်တဲ့စကား ကြမ်းတမ်းတဲ့စကားတွေကပဲ လူတွေကို နာကျင်စေတာပါ"

 

"သားရေ၊ ဘဝဆိုတာ ပြီးပြည့်စုံမှုမရှိတဲ့အရာတွေ၊ ပြီးပြည့်စုံမှုမရှိမှုတွေနဲ့ ပြည့်နေတယ်။ အဖေကိုယ်တိုင်လဲ ပြီးပြည့်စုံတဲ့လူတစ်ယောက်မဟုတ်ပါဘူး"

 

"သားလေးလည်းမှတ်ထားပါ။ ကိုယ်တိုင်က မပြည့်စုံတဲ့အတွက် တစ်ပါးသူရဲ့ ပြီးပြည့်စုံမှုမရှိတာကိုလက်ခံတတ်ရမယ်။ ဒါကြောင့် နည်းနည်းလွဲနေတာကို လက်ခံပေးလိုက်ပါ။ ခွင့်လွှတ်ပေးလိုက်ပါ။ ပြည့်စုံမှုမရှိတာကို ချစ်ခင်မှုနဲ့ အစားထိုးပြီး ပျော်ရွှင်အောင်နေပါ"တဲ့

 

#အိန္ဒိယသမ္မတဟောင်း အဗ်ဒွလ်ကလာမ် (Dr. A. P. J. Abdul Kalam)

Abdul-Kalam-Quotes-15.jpg   Abdul-Kalam-Quotes-14.jpg

Abdul-Kalam-Quotes-3.jpg    Abdul-Kalam-Quotes-12.jpg

Abdul-Kalam-Quotes-6.jpg   Abdul-Kalam-Quotes-13.jpg

2dd4b7c5efada82537ffd50e92223bf8.jpg   857b471d354d12dc5d6565e4c687a82f.jpg

APJ-Abdul-Kalam-Quotes.jpg

 

 

 

အိႏၵိယသမၼတေဟာင္းရဲ႕ မွတ္သားစရာစကား

ကၽြန္ေတာ္ငယ္ငယ္က ေမေမက ထမင္းဟင္း ခ်က္ေကၽြးတယ္။ တစ္ေန႔ ညေန ထမင္း၀ိုင္းမွာ မီးကၽြမ္းေနတဲ့ ပလာတာကို အေဖ့ေရွ႕မွာေတြ႕လိုက္ရတယ္။

 

ကၽြန္ေတာ္လည္း မီးကၽြမ္းေနတဲ့ပလာတာကို အေဖဘာေျပာမလဲ ေစာင့္ၾကည့္ေနမိတယ္။ အေဖက ဒါနဲ႔ပတ္သက္ၿပီးဘာမွမေျပာဘဲ ကၽြန္ေတာ့္ရဲ႕ေက်ာင္းရဲ႕အေျခအေနကို ေမးပါတယ္။ "သားဒီေန႔ ေက်ာင္းမွာစာသင္ရတာ ဘယ္လိုလဲတဲ့"

 

ကၽြန္ေတာ္ ဘာေတြေျဖခဲ့တယ္ဆိုတာကိုေတာ့ မမွတ္မိေတာ့ပါဘူး။

မွတ္မိတာကေတာ့ ေမေမက အေဖ့ကို ပလာတာမီးကၽြမ္းသြားတဲ့ပလာတာအတြက္ ေတာင္းပန္တာပါပဲ။

 

အေဖျပန္ေျပာခဲ့တဲ့စကားေတြကို ကၽြန္ေတာ္ ဘယ္ေတာ့မွ ေမ့ႏိုင္မွာမဟုတ္ပါ။ အေဖက "မိန္းမေရ၊ မီးကၽြမ္းတဲ့ပလာတာကို ငါႀကိဳက္တယ္ကြ"တဲ့။

 

အဲ့ဒီ့ညမွာပဲ ညအိပ္ယာမ၀င္ခင္ ကၽြန္ေတာ့္အေဖ့ကို မီးကၽြမ္းေနတဲ့ပလာတာကို တကယ္ႀကိဳက္သလားလို႔ ေမးၾကည့္ခဲ့မိတယ္။

အေဖက ကၽြန္ေတာ့ကိုဖက္ထားၿပီး
"သားေရ၊ မင္းေမေမက တစ္ေန႔လံုး အိမ္အလုပ္ေတြ လုပ္ေနရတာ။ ဒီေန႔ဆို သူေတာ္ေတာ္ပင္ပန္းေနတယ္။ တူးေနတဲ့ပလာတာက ဘယ္သူ႔ကိုမွ မနာက်င္ေစပါဘူး။ အျပစ္တင္တဲ့စကား ၾကမ္းတမ္းတဲ့စကားေတြကပဲ လူေတြကို နာက်င္ေစတာပါ"

 

"သားေရ၊ ဘ၀ဆိုတာ ၿပီးျပည့္စံုမႈမရွိတဲ့အရာေတြ၊ ၿပီးျပည့္စံုမႈမရွိမႈေတြနဲ႔ ျပည့္ေနတယ္။ အေဖကိုယ္တိုင္လဲ ၿပီးျပည့္စံုတဲ့လူတစ္ေယာက္မဟုတ္ပါဘူး"

 

"သားေလးလည္းမွတ္ထားပါ။ ကိုယ္တိုင္က မျပည့္စံုတဲ့အတြက္ တစ္ပါးသူရဲ႕ ၿပီးျပည့္စံုမႈမရွိတာကိုလက္ခံတတ္ရမယ္။ ဒါေၾကာင့္ နည္းနည္းလြဲေနတာကို လက္ခံေပးလိုက္ပါ။ ခြင့္လႊတ္ေပးလိုက္ပါ။ ျပည့္စံုမႈမရွိတာကို ခ်စ္ခင္မႈနဲ႔ အစားထိုးၿပီး ေပ်ာ္ရႊင္ေအာင္ေနပါ"တဲ့။

 

#အိႏၵိယသမၼတေဟာင္း အဗ္ဒြလ္ကလာမ္ (Dr. A. P. J. Abdul Kalam)

Abdul-Kalam-Quotes-15.jpg   Abdul-Kalam-Quotes-14.jpg

Abdul-Kalam-Quotes-3.jpg    Abdul-Kalam-Quotes-12.jpg

Abdul-Kalam-Quotes-6.jpg   Abdul-Kalam-Quotes-13.jpg

2dd4b7c5efada82537ffd50e92223bf8.jpg   857b471d354d12dc5d6565e4c687a82f.jpg

APJ-Abdul-Kalam-Quotes.jpg

Credit: Original Uploader

Read times
Rate this articles
(1 Vote)