×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 23 February 2021

Left Brain Vs Right Brain

Left Brain Vs Right Brain

သီအိုရီများအရ လူတစ်ဦးချင်းဆီကို ဘယ်ဘက်ဦးနှောက် (Left Brain) (ဒါမှမဟုတ်) ညာဘက်ဦးနှောက် (Right Brain) က လွှမ်းမိုးထားတယ်လို့ဆိုပါတယ်။

အချက်အလက်တွေ၊ ခွဲခြမ်းစိတ်ဖြာခြင်းတွေ၊ စနစ်ကျကျ တွေးခေါ်ခြင်းတွေကို နှစ်သက်တယ်ဆိုရင်တယ်တော့ သင်ဟာ ဘယ်ဘက်ဦးနှောက်ရဲ့ လွှမ်းမိုးခံလူသားတစ်ဦးဖြစ်ပြီး အနုပညာဆန်တယ်၊ ဖန်တီးမှုကို ဝါသနာပါတယ်ဆိုရင်တော့ ညာဘက်ဦးနှောက်ရဲ့ လွှမ်းမိုးခံလူသားတစ်ဦးအဖြစ် အကြမ်းဖျင်း မှတ်ယူလို့ရပါတယ်။

 

ဒီသီအိုရီများဟာဆိုရင် ဦးနှောက်ရဲ့ Hemisphere (စက်ဝိုင်းခြမ်း) နှစ်ခု လုပ်ဆောင်တဲ့ ကွဲပြားခြားနားတဲ့ အလုပ်လုပ်ဆောင်ပုံတွေပေါ်မှာအခြေခံပြီး သတ်မှတ်ထားတာဖြစ်ပါတယ်။ Psychobiologic တစ်ဦးလည်းဖြစ်၊ Nobel ဆုရှင်လည်းဖြစ်တဲ့ Roger W. Sperry ရဲ့ (1960s ပြည့်နှစ်များမှ) သုတေသနပြုချက်များအရ ပထမဆုံး ပေါ်ပေါက်လာခဲ့တာလည်းဖြစ်ပါတယ်။

တစ်ခါတစ်လေမှာ ဘယ်ဘက်ဦးနှောက်ကို ဒီဂျစ်တယ်ဦးနှောက်လို့လည်း ခေါ်ပါတယ်။ သူက စာဖတ်ခြင်း၊ ရေးသားခြင်းနဲ့ တွက်ချက်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း စတာတွေမှာ ပိုမိုအားကောင်းတဲ့အတွက်ပဲဖြစ်ပါတယ်။ W. Sperry ရဲ့ သုတေသနပြုချက်များအရ ဘယ်ဘက်ဦးနှောက်အားသန်တဲ့လူတွေဟာဆိုရင် -

  • Language
  • Logic
  • Numbers
  • Reasoning
  • Sequencing
  • Critical thinking
  • Mathematics
  • Facts
  • Thinking in words စတာတွေမှာ တော်ကြတယ်၊ ဒီလိုတွေးခေါ်ရတာတွေကို ပိုမိုနှစ်သက်ကြတယ် ဆိုတာတွေကို လေ့လာတွေ့ရှိရပါတယ်။

ညာဘက်ဦးနှောက်ကတော့ အမြင်အာရုံနဲ့ အလိုလိုသိမြင်ခြင်း မှာ ပိုမိုအားသန်ကြပါတယ်။ တစ်ခါတစ်ရံမှာ ညာဦးနှောက်အားသန်သူတွေကို Analog ဦးနှောက်လို့လည်း ခေါ်ကြပါသေးတယ်။ သူတို့က တီထွင်ဖန်တီးမှု၊ စနစ်တကျစဉ်းစားတွေါ်ခေါ်နိုင်စွမ်း၊ ဖန်တီးမှု၊ အနုပညာတွေမှာ ပိုမိုဝါသနာထုံကြပါတယ်။
W. Sperry ရဲ့ သုတေသနပြုချက်များအရ ညာဘက်ဦးနှောက်အားသန်တဲ့လူတွေဟာဆိုရင် -

  • Imagination
  • Holistic thinking
  • Intuition
  • Arts
  • Rhythm
  • Nonverbal cues
  • Feelings visualization
  • Daydreaming
  • Recognizing faces
  • Expressing emotions
  • Creating music
  • Reading emotions
  • Appreciating color
  • Using imagination
  • Being intuitive
  • Being creative စတာတွေမှာ တော်ကြတယ်၊ ဝါသနာထုံကြတယ်ဆိုတာတွေကို လေ့လာတွေ့ရှိရပါတယ်။

ဒီယေဘူယျအချက်အလက်လေးတွေကိုကြည့်မင်း သင်ဟာ Left Brain လား Right Brain လားဆိုတာကို ခွဲခြမ်းလေ့လာကြည့်ပါအုန်းနော်။

 

Left Brain Vs Right Brain

သီအိုရီမ်ားအရ လူတစ္ဦးခ်င္းဆီကို ဘယ္ဘက္ဦးေႏွာက္ (Left Brain) (ဒါမွမဟုတ္) ညာဘက္ဦးေႏွာက္ (Right Brain) က လႊမ္းမိုးထားတယ္လို႔ဆိုပါတယ္။

 

အခ်က္အလက္ေတြ၊ ခြဲျခမ္းစိတ္ျဖာျခင္းေတြ၊ စနစ္က်က် ေတြးေခၚျခင္းေတြကို ႏွစ္သက္တယ္ဆိုရင္တယ္ေတာ့ သင္ဟာ ဘယ္ဘက္ဦးေႏွာက္ရဲ႕ လႊမ္းမိုးခံလူသားတစ္ဦးျဖစ္ၿပီး အႏုပညာဆန္တယ္၊ ဖန္တီးမႈကို ဝါသနာပါတယ္ဆိုရင္ေတာ့ ညာဘက္ဦးေႏွာက္ရဲ႕ လႊမ္းမိုးခံလူသားတစ္ဦးအျဖစ္ အၾကမ္းဖ်င္း မွတ္ယူလို႔ရပါတယ္။

ဒီသီအိုရီမ်ားဟာဆိုရင္ ဦးေႏွာက္ရဲ႕ Hemisphere (စက္၀ိုင္းျခမ္း) ႏွစ္ခု လုပ္ေဆာင္တဲ့ ကြဲျပားျခားနားတဲ့ အလုပ္လုပ္ေဆာင္ပံုေတြေပၚမွာအေျခခံၿပီး သတ္မွတ္ထားတာျဖစ္ပါတယ္။ Psychobiologic တစ္ဦးလည္းျဖစ္၊ Nobel ဆုရွင္လည္းျဖစ္တဲ့ Roger W. Sperry ရဲ႕ (1960s ျပည့္ႏွစ္မ်ားမွ) သုေတသနျပဳခ်က္မ်ားအရ ပထမဆံုး ေပၚေပါက္လာခဲ့တာလည္းျဖစ္ပါတယ္။

 

တစ္ခါတစ္ေလမွာ ဘယ္ဘက္ဦးေႏွာက္ကို ဒီဂ်စ္တယ္ဦးေႏွာက္လို႔လည္း ေခၚပါတယ္။ သူက စာဖတ္ျခင္း၊ ေရးသားျခင္းနဲ႔ တြက္ခ်က္ျခင္း၊ ခြဲျခမ္းစိတ္ျဖာျခင္း စတာေတြမွာ ပိုမိုအားေကာင္းတဲ့အတြက္ပဲျဖစ္ပါတယ္။ W. Sperry ရဲ႕ သုေတသနျပဳခ်က္မ်ားအရ ဘယ္ဘက္ဦးေႏွာက္အားသန္တဲ့လူေတြဟာဆိုရင္ -

 

  • Language
  • Logic
  • Numbers
  • Reasoning
  • Sequencing
  • Critical thinking
  • Mathematics
  • Facts
  • Thinking in words စတာေတြမွာ ေတာ္ၾကတယ္၊ ဒီလိုေတြးေခၚရတာေတြကို ပိုမိုႏွစ္သက္ၾကတယ္ ဆိုတာေတြကို ေလ့လာေတြ႕ရွိရပါတယ္။

ညာဘက္ဦးေႏွာက္ကေတာ့ အျမင္အာရံုနဲ႔ အလိုလိုသိျမင္ျခင္း မွာ ပိုမိုအားသန္ၾကပါတယ္။ တစ္ခါတစ္ရံမွာ ညာဦးေႏွာက္အားသန္သူေတြကို Analog ဦးေႏွာက္လို႔လည္း ေခၚၾကပါေသးတယ္။ သူတို႔က တီထြင္ဖန္တီးမႈ၊ စနစ္တက်စဥ္းစားေတြၚေခၚႏိုင္စြမ္း၊ ဖန္တီးမႈ၊ အႏုပညာေတြမွာ ပိုမို၀ါသနာထံုၾကပါတယ္။
W. Sperry ရဲ႕ သုေတသနျပဳခ်က္မ်ားအရ ညာဘက္ဦးေႏွာက္အားသန္တဲ့လူေတြဟာဆိုရင္ -

 

  • Imagination
  • Holistic thinking
  • Intuition
  • Arts
  • Rhythm
  • Nonverbal cues
  • Feelings visualization
  • Daydreaming
  • Recognizing faces
  • Expressing emotions
  • Creating music
  • Reading emotions
  • Appreciating color
  • Using imagination
  • Being intuitive
  • Being creative စတာေတြမွာ ေတာ္ၾကတယ္၊ ၀ါသနာထံုၾကတယ္ဆိုတာေတြကို ေလ့လာေတြ႕ရွိရပါတယ္။

ဒီေယဘူယ်အခ်က္အလက္ေလးေတြကိုၾကည့္မင္း သင္ဟာ Left Brain လား Right Brain လားဆိုတာကို ခြဲျခမ္းေလ့လာၾကည့္ပါအုန္းေနာ္။

Read times
Rate this articles
(1 Vote)