×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 11 March 2021

Britannica စွယ်စုံကျမ်းဆိုသည်မှာ

Britannica စွယ်စုံကျမ်းဆိုသည်မှာ

စွယ်စုံကျမ်း (Encyclopaedia) ကို နိုင်ငံအသီးသီးက မိမိတို့ဘာသာဖြင့် မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ လိုအပ်သော ဗဟသုတများကို တစ်ထိုင်တည်း၊ တစ်နေရာတည်းတွင် မိမိတို့သိလိုသော အကြောင်းအရာ၊ အတ္ထုပ္ပတ္တိစသည်တို့ကို ရှာဖွေကြည့်ရှုနိုင်စေရန် ရည်ရွယ်ပြီး ပြုစုဆောင်ရွက်ခဲ့ကြသည်။

 

စွယ်စုံကျမ်း၏အဓိပ္ပာယ်ကို Oxford Advanced Learner’s Dictionary တွင် အသိပညာ၊ ဗဟုသုတ နယ်ပယ်အားလုံးနှင့်သက်ဆိုင်သော အချက်အလက်များ၊ သီးခြားအကြောင်းအရာတစ်ခု၏ ကွဲပြားခြားနားသောနယ်ပယ်များမှ အချက်အလက်များကို (CD ROM သို့မဟုတ် Website တစ်ခုပေါ်တွင် အလားတူအချက်အလက်များကို စုစည်းထားခြင်း) အက္ခရာစဉ်အလိုက် ပြုစုထားသောစာအုပ် သို့မဟုတ် စာအုပ်တွဲများ (A book or set of books giving information about all areas of knowledge or about different areas of one particular subject, usually arranged in alphabetical order, a similar collection of information on a website or CD ROM)ဟု တွေ့ရသည်။

 

နိုင်ငံများစွာမှ အသီးသီးပြုစုထားသော စွယ်စုံကျမ်းများစွာအနက် မြငအညေညငခေ စွယ်စုံကျမ်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး အလွန်ရှေးကျကာ စွယ်စုံကျမ်းပြုစုခြင်းနှင့်ပတ်သက်၍ စံထားလောက်သော အဖိုးမဖြတ်နိုင်သည့် ကျမ်းကြီးတစ်ဆူ ဖြစ်သည်။

 

Britannica ဗြိတိသျှစွယ်စုံကျမ်းကြီးကို ၂၀၁၀ြ ပည့်နှစ်က ၁၅ ကြိမ်မြောက်အဖြစ် ထုတ်ဝေခဲ့ပြီး ၂၀၁၆ ခုနှစ်က ပြန်လည်ပုံနှိပ်ထုတ်ဝေခဲ့သည်။ ယင်းကျမ်းကြီးကို ပြုစုရာတွင် အချိန်ပြည့်တာဝန်ထမ်းဆောင်သည့် အယ်ဒီတာဝန်ထမ်းပေါင်း ၁၀၀ နှင့် သက်ဆိုင်ရာဘာသာရပ်၊ အကြောင်းအရာ အလိုက် ရေးသားပေးပို့သူ ၄၀၀၀ ကျော်ခန့်ရှိသည်။ A မှ Z အထိ ၃၂ တွဲရှိပြီး စာမျက်နှာပေါင်း ၃၂၆၄၀ ရှိသည်။ Britannica စွယ်စုံကျမ်းကြီးကို လွန်ခဲ့သော နှစ်ပေါင်း ၂၃၀ ကျော်ကတည်းက စတင်ထုတ်ေ၀ ခဲ့ခြင်း ဖြစ်သည်။ ပထမဆုံးစွယ်စုံကျမ်းကြီးကို ၁၇၆၈ ခုနှစ်မှ ၁၇၇၁ ခုနှစ်အထိ အတွဲ သုံးတွဲဖြင့် စကော့တလန်နိုင်ငံ၏မြို့တော် အဲ့ဒင်ဘာ့ဂျ်တွင် စတင်ထုတ်ဝေခဲ့သည်။

 

၁၈၀၁ ခုနှစ်မှ ၁၈၁၀ ပြည့်နှစ်အထိ အတွဲ ၂၀ ကို လေးကြိမ်မြောက်အဖြစ်လည်းကောင်း၊ ၁၈၇၅ ခုနှစ်မှ ၁၈၈၉ ခုနှစ်အထိကို ကိုးကြိမ်မြောက်အဖြစ်လည်းကောင်း၊ ၁၉၁၁ ခုနှစ်တွင် ၁၀ ကြိမ်မြောက်နှင့် ၂၀၁၀ ပြည့်နှစ်တွင် ၁၅ ကြိမ်မြောက်အဖြစ် အတွဲ ၃၂ တွဲ အသီးသီးထုတ်ေ၀ နိုင်ခဲ့သည်။

 

၁၅ ကြိမ်မြောက် ထုတ်ဝေသော စွယ်စုံကျမ်းကြီးမှစ၍ အပိုင်း သုံးပိုင်းဖြင့် ခွဲခြားထုတ်ဝေနိုင် ခဲ့ကြသည်။ Propaedia အပိုင်းသည် အပိုင်း (၁)၊ Micropaedia သည် အပိုင်း (၂)၊ Macropaedia သည် အပိုင်း (၃) ဟူ၍ ဖြစ်သည်။ Micropaedia တွင် အတွဲ ၁၂ တွဲရှိပြီး စကားလုံးရေ ၇၅၀ အောက်လျော့နည်းသော ဆောင်းပါးအတိုများ ဖြစ်သည်။ Macropaedia အပိုင်းတွင် အတွဲ ၁၇ တွဲရှိပြီး ဆောင်းပါးအရှည်များ ဖြစ်သည်။ Micropaedia သည် Macropaedia ၏ လမ်းညွှန်ဖြစ်ပြီး အချက်အလက်များကို အချိန်တိုအတွင်း လျင်မြန်စွာ ရှာဖွေနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ထို့ပြင် စာဖတ်သူများကိုလည်း ဆောင်းပါးများဖတ်ရာတွင် ပိုမိုစူးစမ်း၍ ဆက်လက်ရှာဖွေဖတ်ရှုရန်နှင့် တည်ပုဒ်၏ အကြောင်းအရာ၊ အတိမ်အနက်နှင့် Propaedia ၏ အဓိကအချက်အလက်များကို အားစိုက်လေ့လာရန် အကြံပြုထားသည်။

 

Britannica စွယ်စုံကျမ်းကို ၁၉၀၁ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံတွင် ပုံနှိပ်ခဲ့သော်လည်း ကျမ်း၏ စာလုံးပေါင်းသတ်ပုံကို British English ကိုသာ စံအဖြစ်ထား၍ ထုတ်ဝေခဲ့ကြသည်။ ဥပမာ- Colour သည် British English ဖြစ်ပြီး Color သည် American English ဖြစ်ရာတွင် Colour ကိုသာ စံအဖြစ်ထားသည်။ အလားတူ Encyclopaedia သည် British English ဖြစ်ပြီး Encyclopedia သည် American English ဖြစ်ရာ Encyclopaedia ကိုသာ စံအဖြစ် အသုံးပြုထားသည်။

 

သို့သော်လည်း အချို့ခြွင်းချက်စကားလုံးများတွင် American English ကိုသာ အသုံးပြုသည်။ ဥပမာ- Defence သည် British English ဖြစ်သော်လည်း American English ဖြစ်သည့် Defenseကိုသာအသုံးပြုသည်။ ၎င်းအပြင် Colour နှင့် Color ကဲ့သို့ အသုံးများသော စကားလုံးများကို Color : see Colour ဟု စာဖတ်သူများ ရှာဖွေဖတ်ရှုနိုင်ရန် မှတ်စုများ ထည့်ပေးထားသည်။ သာဓကအားဖြင့် မြန်မာစွယ်စုံကျမ်းကြီးတွင် ကစ္ဆပနဒီ။ ။ကုလားတန်မြစ်-ရှု ဟု ဖော်ပြထား သကဲ့သို့ ဖြစ်သည်။

 

Britannica စွယ်စုံကျမ်းကြီးတွင် Propaedia ၏ အဓိကရည်ရွယ်ချက်သည် လူသားအားလုံးနှင့် သက်ဆိုင်သည့် အသိပညာများကို အတွေ့အကြုံ ပညာရပ်များမှတစ်ဆင့် လိုအပ်သောအကြောင်းအရာ၊ သတင်းအချက်အလက်များ၊ ဖော်ပြချက်များ၊ စိတ်ကူးစိတ်သန်းသစ်များ ပိုမိုရင်းနှီး သိရှိသွား စေရန် ယုတ္တိကျကျ မူဘောင်ချထားပေးခြင်း ဖြစ်သည်။

 

Micropaedia နှင့် Macropaedia တွင် ပုံပေါင်း ၂၄၀၀၀ ခန့် ပါရှိသည်။ အက္ခရာစဉ်အညွှန်း အတွဲ ၂ တွင် ပုံ ၂၃၅၀ ခန့်ပါရှိပြီး တည်ပုဒ်ပေါင်း ၂၂၈၂၇၄ ပုဒ်ခန့် ပါဝင်သည်။ ယင်းတည်ပုဒ်များ၏အောက်မှ တည်ပုဒ်ခွဲပေါင်း ၄၇၄၆၇၅ ပုဒ်ခန့် ပါဝင်သည်။ ၂၀၀၄ ခုနှစ်တွင် CD/DVD ROM အတွက် ပညာရပ်ဆိုင်ရာ ထုတ်ဝေသူအသင်းမှ Distinguished Achievement Award ဆုကိုလည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် Top Ten Superbrands in the UK ဆုများအနက်မှ ဆုတစ်ဆုကိုလည်းကောင်း ရရှိခဲ့သည်။

 

Britannica စွယ်စုံကျမ်းထုတ်ဝေမှုကို ၁၇၈၆ ခုနှစ်မှ ယနေ့အထိ ခေတ်ငါးခေတ်ဖြင့် ခွဲခြားထားသည်ကိုလည်း တွေ့ရှိရသည်။ ပထမဆုံးထုတ်ဝေသည့် ၁၇၆၈ ခုနှစ်မှ ခြောက်ကြိမ်မြောက်ထုတ်ဝေသည့် ၁၈၂၆ ခုနှစ်အထိကို ခေတ်တစ်ခေတ်၊ ခုနစ်ကြိမ်မြောက်ထုတ်ဝေသည့် ၁၈၂၇ ခုနှစ်မှ ကိုးကြိမ်မြောက်ထုတ်ဝေသည့် ၁၉၀၁ ခုနှစ်အထိကိုေ ခတ်တစ်ခေတ်၊ ၁၀ ကြိမ်မြောက် ထုတ်ဝေသည့် ၁၉၀၁ ခုနှစ်မှ ၁၄ ကြိမ်မြောက် ထုတ်ဝေသည့် ၁၉၇၃ ခုနှစ်အထိကို ခေတ်တစ်ခေတ်၊ ၁၉၇၄ ခုနှစ် မှ ၁၉၉၄ ခုနှစ်အထိကို ခေတ်တစ်ခေတ်၊ ၁၉၉၄ ခုနှစ်မှ ယနေ့အထိကို ခေတ်တစ်ခေတ်ဟူ၍ ခွဲခြားထားသည်။

 

Britannica ၏ ၁၅ ကြိမ်မြောက် ထုတ်ဝေခြင်းကို ပုံစံသစ်ဖြင့် စတင်မိတ်ဆက်ခဲ့ပြီး ြMicropaedia? Macropaedia နှင့် Propaedia ဟူ၍ အပိုင်းသုံးပိုင်းဖြင့် ထုတ်ဝေခဲ့သည်။ ၁၉၉၄ ခုနှစ်မှ ယနေ့အထိသည် Digital Version ဖြင့် Optical Media နှင့် Onine တို့မှ ဖြန့်ချိနိုင်ခဲ့သည်။ Britannica စွယ်စုံကျမ်းကြီး၏ သမိုင်းတစ်လျှောက်ကိုကြည့်လျှင် ရည်ရွယ်ချက်နှစ်ခုဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ပထမရည်ရွယ်ချက်မှာ အကောင်းဆုံးအကိုးအကား ပြုနိုင်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ရန်နှင့် ဒုတိယရည်ရွယ်ချက်မှာ ပညာရပ်ဆိုင်ရာနယ်ပယ်တွင် အကောင်းဆုံး အထောက်အပံ့ပေးနိုင်ရန် ဖြစ်သည်။

 

မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် ဦးဆောင်ပြီး စာပေပညာရှင်များစွာဖြင့် မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲကို ၁၉၅၄ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ပြုစုထုတ်ဝေနိုင်ခဲ့သည်။ ယခုအခါ မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲကို ခေတ်မီအကြောင်းအရာ၊ အချက်အလက်များ ဖြည့်စွက်တည်းဖြတ်လျက် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရန် မြန်မာစာပေပညာရှင်ကြီးများ၊ ထွန်းဖောင်ဒေးရှင်းဘဏ်နှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်တို့ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။

 

အချုပ်အားဖြင့် Britannica စွယ်စုံကျမ်းအပါအဝင် ကမ္ဘာ့စွယ်စုံကျမ်းကြီးများ၊ မြန်မာ့စွယ်စုံကျမ်းကြီးများကို သုတေသနပြုလုပ်ရာတွင်လည်းကောင်း ၊ Reference အဖြစ်ဖြင့်လည်းကောင်း ဗဟုသုတဆိုင်ရာများကို ခြုံငုံသုံးသပ်မိစေရန် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ဖတ်ရှုလေ့လာနိုင်ကြစေရန် တိုက်တွန်းတင်ပြအပ်ပါသည်။

 

Credit : စိုးနိုင် (ကနီ)

Ref: https://en.Wikipedia.org/wiki/Encyclopaedia-Britannica

 

 

Britannica စြယ္စုံက်မ္းဆိုသည္မွာ

စြယ္စုံက်မ္း (Encyclopaedia) ကို ႏိုင္ငံအသီးသီးက မိမိတို႔ဘာသာျဖင့္ မိမိတို႔ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားလိုအပ္ေသာ ဗဟသုတမ်ားကို တစ္ထိုင္တည္း၊ တစ္ေနရာတည္းတြင္ မိမိတို႔သိလိုေသာ အေၾကာင္းအရာ၊ အတၳဳပၸတၱိစသည္တို႔ကို ရွာေဖြၾကည့္ရႈႏိုင္ေစရန္ ရည္႐ြယ္ၿပီး ျပဳစုေဆာင္႐ြက္ခဲ့ၾကသည္။

 

စြယ္စုံက်မ္း၏အဓိပၸာယ္ကို Oxford Advanced Learner’s Dictionary တြင္ အသိပညာ၊ ဗဟုသုတ နယ္ပယ္အားလုံးႏွင့္သက္ဆိုင္ေသာ အခ်က္အလက္မ်ား၊ သီးျခားအေၾကာင္းအရာတစ္ခု၏ ကြဲျပားျခားနားေသာနယ္ပယ္မ်ားမွ အခ်က္အလက္မ်ားကို (CD ROM သို႔မဟုတ္ Website တစ္ခုေပၚတြင္ အလားတူအခ်က္အလက္မ်ားကို စုစည္းထားျခင္း) အကၡရာစဥ္အလိုက္ ျပဳစုထားေသာစာအုပ္ သို႔မဟုတ္ စာအုပ္တြဲမ်ား (A book or set of books giving information about all areas of knowledge or about different areas of one particular subject, usually arranged in alphabetical order, a similar collection of information on a website or CD ROM)ဟု ေတြ႕ရသည္။

 

ႏိုင္ငံမ်ားစြာမွ အသီးသီးျပဳစုထားေသာ စြယ္စုံက်မ္းမ်ားစြာအနက္ ျမငအေညညငေခ စြယ္စုံက်မ္းသည္လည္း တစ္ခုအပါအဝင္ျဖစ္ၿပီး အလြန္ေရွးက်ကာ စြယ္စုံက်မ္းျပဳစုျခင္းႏွင့္ပတ္သက္၍ စံထားေလာက္ေသာ အဖိုးမျဖတ္ႏိုင္သည့္ က်မ္းႀကီးတစ္ဆူ ျဖစ္သည္။

 

Britannica ၿဗိတိသွ်စြယ္စုံက်မ္းႀကီးကို ၂၀၁၀ျ ပည့္ႏွစ္က ၁၅ ႀကိမ္ေျမာက္အျဖစ္ ထုတ္ေဝခဲ့ၿပီး ၂၀၁၆ ခုႏွစ္က ျပန္လည္ပုံႏွိပ္ထုတ္ေဝခဲ့သည္။ ယင္းက်မ္းႀကီးကို ျပဳစုရာတြင္ အခ်ိန္ျပည့္တာဝန္ထမ္းေဆာင္သည့္ အယ္ဒီတာဝန္ထမ္းေပါင္း ၁၀၀ ႏွင့္ သက္ဆိုင္ရာဘာသာရပ္၊ အေၾကာင္းအရာအလိုက္ ေရးသားေပးပို႔သူ ၄၀၀၀ ေက်ာ္ခန႔္ရွိသည္။ A မွ Z အထိ ၃၂ တြဲရွိၿပီး စာမ်က္ႏွာေပါင္း ၃၂၆၄၀ ရွိသည္။ Britannica စြယ္စုံက်မ္းႀကီးကို လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၃၀ ေက်ာ္ကတည္းက စတင္ထုတ္ေ၀ ခဲ့ျခင္း ျဖစ္သည္။ ပထမဆုံးစြယ္စုံက်မ္းႀကီးကို ၁၇၆၈ ခုႏွစ္မွ ၁၇၇၁ ခုႏွစ္အထိ အတြဲ သုံးတြဲျဖင့္ စေကာ့တလန္ႏိုင္ငံ၏ၿမိဳ႕ေတာ္ အဲ့ဒင္ဘာ့ဂ်္တြင္ စတင္ထုတ္ေဝခဲ့သည္။

 

၁၈၀၁ ခုႏွစ္မွ ၁၈၁၀ ျပည့္ႏွစ္အထိ အတြဲ ၂၀ ကို ေလးႀကိမ္ေျမာက္အျဖစ္လည္းေကာင္း၊ ၁၈၇၅ ခုႏွစ္မွ ၁၈၈၉ ခုႏွစ္အထိကို ကိုးႀကိမ္ေျမာက္အျဖစ္လည္းေကာင္း၊ ၁၉၁၁ ခုႏွစ္တြင္ ၁၀ ႀကိမ္ေျမာက္ႏွင့္ ၂၀၁၀ ျပည့္ႏွစ္တြင္ ၁၅ ႀကိမ္ေျမာက္အျဖစ္ အတြဲ ၃၂ တြဲ အသီးသီးထုတ္ေ၀ ႏိုင္ခဲ့သည္။

 

၁၅ ႀကိမ္ေျမာက္ ထုတ္ေဝေသာ စြယ္စုံက်မ္းႀကီးမွစ၍ အပိုင္း သုံးပိုင္းျဖင့္ ခြဲျခားထုတ္ေဝႏိုင္ခဲ့ၾကသည္။ Propaedia အပိုင္းသည္ အပိုင္း (၁)၊ Micropaedia သည္ အပိုင္း (၂)၊ Macropaedia သည္ အပိုင္း (၃) ဟူ၍ ျဖစ္သည္။ Micropaedia တြင္ အတြဲ ၁၂ တြဲရွိၿပီး စကားလုံးေရ ၇၅၀ ေအာက္ေလ်ာ့နည္းေသာ ေဆာင္းပါးအတိုမ်ား ျဖစ္သည္။ Macropaedia အပိုင္းတြင္ အတြဲ ၁၇ တြဲရွိၿပီး ေဆာင္းပါးအရွည္မ်ား ျဖစ္သည္။ Micropaedia သည္ Macropaedia ၏ လမ္းၫႊန္ျဖစ္ၿပီး အခ်က္အလက္မ်ားကို အခ်ိန္တိုအတြင္း လ်င္ျမန္စြာ ရွာေဖြႏိုင္ရန္ ရည္႐ြယ္ထားျခင္း ျဖစ္သည္။ ထို႔ျပင္ စာဖတ္သူမ်ားကိုလည္း ေဆာင္းပါးမ်ားဖတ္ရာတြင္ ပိုမိုစူးစမ္း၍ ဆက္လက္ရွာေဖြဖတ္ရႈရန္ႏွင့္ တည္ပုဒ္၏ အေၾကာင္းအရာ၊ အတိမ္အနက္ႏွင့္ Propaedia ၏ အဓိကအခ်က္အလက္မ်ားကို အားစိုက္ေလ့လာရန္ အႀကံျပဳထားသည္။

 

Britannica စြယ္စုံက်မ္းကို ၁၉၀၁ ခုႏွစ္ကတည္းက အေမရိကန္ႏိုင္ငံတြင္ ပုံႏွိပ္ခဲ့ေသာ္လည္း က်မ္း၏ စာလုံးေပါင္းသတ္ပုံကို British English ကိုသာ စံအျဖစ္ထား၍ ထုတ္ေဝခဲ့ၾကသည္။ ဥပမာ- Colour သည္ British English ျဖစ္ၿပီး Color သည္ American English ျဖစ္ရာတြင္ Colour ကိုသာ စံအျဖစ္ထားသည္။ အလားတူ Encyclopaedia သည္ British English ျဖစ္ၿပီး Encyclopedia သည္ American English ျဖစ္ရာ Encyclopaedia ကိုသာ စံအျဖစ္ အသုံးျပဳထားသည္။

 

သို႔ေသာ္လည္း အခ်ိဳ႕ႁခြင္းခ်က္စကားလုံးမ်ားတြင္ American English ကိုသာ အသုံးျပဳသည္။ ဥပမာ- Defence သည္ British English ျဖစ္ေသာ္လည္း American English ျဖစ္သည့္ Defenseကိုသာအသုံးျပဳသည္။ ၎အျပင္ Colour ႏွင့္ Color ကဲ့သို႔ အသုံးမ်ားေသာ စကားလုံးမ်ားကို Color : see Colour ဟု စာဖတ္သူမ်ား ရွာေဖြဖတ္ရႈႏိုင္ရန္ မွတ္စုမ်ား ထည့္ေပးထားသည္။ သာဓကအားျဖင့္ ျမန္မာစြယ္စုံက်မ္းႀကီးတြင္ ကစၦပနဒီ။ ။ကုလားတန္ျမစ္-ရႈ ဟု ေဖာ္ျပထား သကဲ့သို႔ ျဖစ္သည္။

 

Britannica စြယ္စုံက်မ္းႀကီးတြင္ Propaedia ၏ အဓိကရည္႐ြယ္ခ်က္သည္ လူသားအားလုံးႏွင့္ သက္ဆိုင္သည့္ အသိပညာမ်ားကို အေတြ႕အႀကဳံ ပညာရပ္မ်ားမွတစ္ဆင့္ လိုအပ္ေသာအေၾကာင္းအရာ၊ သတင္းအခ်က္အလက္မ်ား၊ ေဖာ္ျပခ်က္မ်ား၊ စိတ္ကူးစိတ္သန္းသစ္မ်ား ပိုမိုရင္းႏွီး သိရွိသြားေစရန္ ယုတၱိက်က် မူေဘာင္ခ်ထားေပးျခင္း ျဖစ္သည္။

 

Micropaedia ႏွင့္ Macropaedia တြင္ ပုံေပါင္း ၂၄၀၀၀ ခန႔္ ပါရွိသည္။ အကၡရာစဥ္အၫႊန္း အတြဲ ၂ တြင္ ပုံ ၂၃၅၀ ခန႔္ပါရွိၿပီး တည္ပုဒ္ေပါင္း ၂၂၈၂၇၄ ပုဒ္ခန႔္ ပါဝင္သည္။ ယင္းတည္ပုဒ္မ်ား၏ေအာက္မွ တည္ပုဒ္ခြဲေပါင္း ၄၇၄၆၇၅ ပုဒ္ခန႔္ ပါဝင္သည္။ ၂၀၀၄ ခုႏွစ္တြင္ CD/DVD ROM အတြက္ ပညာရပ္ဆိုင္ရာ ထုတ္ေဝသူအသင္းမွ Distinguished Achievement Award ဆုကိုလည္းေကာင္း၊ ၂၀၀၉ ခုႏွစ္တြင္ Top Ten Superbrands in the UK ဆုမ်ားအနက္မွ ဆုတစ္ဆုကိုလည္းေကာင္း ရရွိခဲ့သည္။

 

Britannica စြယ္စုံက်မ္းထုတ္ေဝမႈကို ၁၇၈၆ ခုႏွစ္မွ ယေန႔အထိ ေခတ္ငါးေခတ္ျဖင့္ ခြဲျခားထားသည္ကိုလည္း ေတြ႕ရွိရသည္။ ပထမဆုံးထုတ္ေဝသည့္ ၁၇၆၈ ခုႏွစ္မွ ေျခာက္ႀကိမ္ေျမာက္ထုတ္ေဝသည့္ ၁၈၂၆ ခုႏွစ္အထိကို ေခတ္တစ္ေခတ္၊ ခုနစ္ႀကိမ္ေျမာက္ထုတ္ေဝသည့္ ၁၈၂၇ ခုႏွစ္မွ ကိုးႀကိမ္ေျမာက္ထုတ္ေဝသည့္ ၁၉၀၁ ခုႏွစ္အထိကိုေ ခတ္တစ္ေခတ္၊ ၁၀ ႀကိမ္ေျမာက္ ထုတ္ေဝသည့္ ၁၉၀၁ ခုႏွစ္မွ ၁၄ ႀကိမ္ေျမာက္ ထုတ္ေဝသည့္ ၁၉၇၃ ခုႏွစ္အထိကို ေခတ္တစ္ေခတ္၊ ၁၉၇၄ ခုႏွစ္မွ ၁၉၉၄ ခုႏွစ္အထိကို ေခတ္တစ္ေခတ္၊ ၁၉၉၄ ခုႏွစ္မွ ယေန႔အထိကို ေခတ္တစ္ေခတ္ဟူ၍ ခြဲျခားထားသည္။

 

Britannica ၏ ၁၅ ႀကိမ္ေျမာက္ ထုတ္ေဝျခင္းကို ပုံစံသစ္ျဖင့္ စတင္မိတ္ဆက္ခဲ့ၿပီး ျMicropaedia? Macropaedia ႏွင့္ Propaedia ဟူ၍ အပိုင္းသုံးပိုင္းျဖင့္ ထုတ္ေဝခဲ့သည္။ ၁၉၉၄ ခုႏွစ္မွ ယေန႔အထိသည္ Digital Version ျဖင့္ Optical Media ႏွင့္ Onine တို႔မွ ျဖန႔္ခ်ိႏိုင္ခဲ့သည္။ Britannica စြယ္စုံက်မ္းႀကီး၏ သမိုင္းတစ္ေလွ်ာက္ကိုၾကည့္လွ်င္ ရည္႐ြယ္ခ်က္ႏွစ္ခုျဖင့္ ျပဳလုပ္ေဆာင္႐ြက္ခဲ့သည္ကို ေတြ႕ျမင္ရမည္ျဖစ္သည္။ ပထမရည္႐ြယ္ခ်က္မွာ အေကာင္းဆုံးအကိုးအကား ျပဳႏိုင္သည့္ စာအုပ္ေကာင္းတစ္အုပ္ျဖစ္ရန္ႏွင့္ ဒုတိယရည္႐ြယ္ခ်က္မွာ ပညာရပ္ဆိုင္ရာနယ္ပယ္တြင္ အေကာင္းဆုံး အေထာက္အပံ့ေပးႏိုင္ရန္ ျဖစ္သည္။

 

ျမန္မာႏိုင္ငံတြင္လည္း ျမန္မာႏိုင္ငံဘာသာျပန္စာေပအသင္းဥကၠ႒၊ ဝန္ႀကီးခ်ဳပ္ဦးႏုကိုယ္တိုင္ ဦးေဆာင္ၿပီး စာေပပညာရွင္မ်ားစြာျဖင့္ ျမန္မာ့စြယ္စုံက်မ္း ၁၅ တြဲကို ၁၉၅၄ ခုႏွစ္မွ ၁၉၇၇ ခုႏွစ္အထိ ျပဳစုထုတ္ေဝႏိုင္ခဲ့သည္။ ယခုအခါ ျမန္မာ့စြယ္စုံက်မ္း ၁၅ တြဲကို ေခတ္မီအေၾကာင္းအရာ၊ အခ်က္အလက္မ်ား ျဖည့္စြက္တည္းျဖတ္လ်က္ ျပန္လည္ပုံႏွိပ္ထုတ္ေဝႏိုင္ရန္ ျမန္မာစာေပပညာရွင္ႀကီးမ်ား၊ ထြန္းေဖာင္ေဒးရွင္းဘဏ္ႏွင့္ ျပန္ၾကားေရးဝန္ႀကီးဌာန၊ ပုံႏွိပ္ေရးႏွင့္ထုတ္ေဝေရးဦးစီးဌာန၊ စာေပဗိမာန္တို႔ပူးေပါင္း၍ ေဆာင္႐ြက္လ်က္ရွိသည္။

 

အခ်ဳပ္အားျဖင့္ Britannica စြယ္စုံက်မ္းအပါအဝင္ ကမာၻ႔စြယ္စုံက်မ္းႀကီးမ်ား၊ ျမန္မာ့စြယ္စုံက်မ္းႀကီးမ်ားကို သုေတသနျပဳလုပ္ရာတြင္လည္းေကာင္း ၊ Reference အျဖစ္ျဖင့္လည္းေကာင္း ဗဟုသုတဆိုင္ရာမ်ားကို ၿခဳံငုံသုံးသပ္မိေစရန္ ေကာင္းမြန္ေသာ ရည္႐ြယ္ခ်က္ျဖင့္ ဖတ္ရႈေလ့လာႏိုင္ၾကေစရန္ တိုက္တြန္းတင္ျပအပ္ပါသည္။

 

Credit : စိုးႏိုင္ (ကနီ)

Ref: https://en.Wikipedia.org/wiki/Encyclopaedia-Britannica

Read times
Rate this articles
(0 votes)