×

Warning

JUser: :_load: Unable to load user with ID: 723


Student

Friday, 13 October 2017

ကျောင်းသားကျောင်းသူများအတွက် သွားရောက် လေ့လာစရာ ပညာရေးဆွေးနွေးပွဲများ

ကျောင်းသားကျောင်းသူများအတွက် သွားရောက် လေ့လာစရာ ပညာရေးဆွေးနွေးပွဲများ google.com



အဆိုပါဆွေးနွေးပွဲတွင်နိုင်ငံတကာတွင်ပညာသင်ယူသည်ဖြစ်စေ၊ ပြည်တွင်းတွင်ပညာသင်ယူသည် ဖြစ်စေ၊လူငယ်များသိရှိထားသင့်သော စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာဆက်စပ်ဘာသာရပ်တွေ၊ MBA သင်ယူရာတွင်သိရှိထားသင့်တဲ့ အချက်အလက်တွေကို ရှင်းလင်းပြောကြားပေးသွားမှာဖြစ်ပါတယ်။









အင်္ဂလိပ်စာကို အိမ်တွင်ဝိုင်းခေါ်ပြီးသီးသန့်် သင်ချင်သူများအတွက် sayar.com.mm မှာ ရှိတဲ့ အင်္ဂလိပ်စာ ဆရာ ဆရာမ များနှင့်ဆက်သွယ်လိုက်ပါ။


[Unicode Version]

နိုင်ငံတကာ MBA/Master များအကြောင်းဆွေးနွေးပွဲ
နိုင်ငံတကာ MBA/Master များအကြောင်းဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁၀ နာရီမှနေ့လယ် ၁၂ နာရီအထိ CROWN Education ရုံးခန်းမှာကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။
အဆိုပါဆွေးနွေးပွဲတွင်နိုုင်ငံတကာတွင်ပညာသင်ယူသည်ဖြစ်စေ၊ ပြည်တွင်းတွင်ပညာသင်ယူသည် ဖြစ်စေ၊လူငယ်များသိရှိထားသင့်သော စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာဆက်စပ်ဘာသာရပ်တွေ၊ MBA သင်ယူရာတွင်သိရှိထားသင့်တဲ့ အချက်အလက်တွေကို ရှင်းလင်းပြောကြားပေးသွားမှာဖြစ်ပါတယ်။
စီးပွားရေးနဲ့ ဆက်စပ်ဘာသာရပ်တွေဖြစ်တဲ့ Accounting and Financial Management, Banking and Finance, Marketing, Tourism and Hospitality Management, Entrepreneurial Management ဘာသာရပ်တွေအကြောင်းအပြင် MBA နှင့် MSC ဘာသာရပ်ကွဲပြားပုံတွေကိုရှင်းလင်းပြောကြားပေးမယ့် အပြင် သြစတြေးလျ MBA, အင်္ဂလန် MBA နဲ့ အမေရိကန် MBA တို့ရဲ့ကွဲပြားခြားနားချက်တွေကိုလဲ ဆွေးနွေးပေးသွားမှာပါ။

Recommended for you - သင့်ကိုကူညီပေးနေတယ်ဆိုတိုင်း ကျွန်တော်အဆင်ပြေနေတယ်မထင်ပါနဲ့
ဆွေးနွေးပွဲ တက်ရောက်လိုသူတွေအနေနဲ့ CROWN Education (ရန်ကုန်)အမှတ်(၂၇ဝ)၊မြေညီထပ်၊ မြေနီကုန်း၊ ပြည်လမ်း၊ ဖုန်း- ဝ၁ - ၅၂၇-၈၃၈ ၊ ဝ၉ - ၉၇၇ ၉၇၇ ၂၀၀ နဲ့ ၀၉ - ၂၆၀၀၀ ၄၀၅၀သို့ ဆက်သွယ်စာရင်းပေးသွင်းတက်ရောက်နိုင်ပါတယ်။
သြစတြေးလျနိုင်ငံပညာရေးနှင့်ပတ်သက်သည့်ဆွေးနွေးပွဲ
သြစတြေးလျ ပညာရေးကိုစိတ်ဝင်စားသော ကျောင်းသား ကျောင်းသူများအတွက် သြစတြေးလျနိုင်ငံ ပညာရေးနဲ့ပတ်သက်တဲ့ပညာရေးဆွေးနွေးပွဲကို အောက်တိုဘာလ ၁၇ ရက်၊ နေ့လယ် ၁ နာရီ မှ ၃ နာရီအထိ Novotel Hotel မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
အဆိုပါဆွေးနွေးပွဲကို Bridge Blue Myanmar ကပြုလုပ်တာဖြစ်ပြီး ဆွေးနွေးပွဲမှာမြန်မာကျောင်းသားတွေ သြစတြေးလျရှိတက္ကသိုလ်/ကောလိပ်ကိုတက်ရောက်မည်ဆိုပါက ကျောင်းရွေးချယ်မှုမှန်ကန်စေရန် သတိပြုရမယ့်ပညာရေးစနစ်အကြောင်း၊ ဗီဇာပြင်ဆင်မှုနဲ့ အချက်အလက်ပြင်ဆင်မှုအကြောင်းတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံကို သွားရောက် ပညာသင်ကြားလိုသူတွေ အတွက် Federation University နှင့် IIBIT ကျောင်းမှတာဝန်ရှိသူနဲ့ ကိုယ်တိုင်လာရောက် ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

Recommended for you - သရဲကြောက်တတ်သူများအတွက် နည်းလမ်းကောင်းများ
ဆွေးနွေးပွဲတက်ရောက်လိုသူတွေ အနေနဲ့ ဖုန်း-၀၁-၅၂၇၁၆၈ နှင့် ၀၉၇၉၆၁၁၄၅၇၅ သို့ဆက်သွယ်မေးမြန်းတက်ရောက်နိုင်သလို Bridge Blue Myanmar ဖေ့စ်ဘွတ်စာမျက်နှာမှ တစ်ဆင့် အွန်လိုင်း Register လင့်ခ်ကို ၀င်ကာစာရင်းပေးသွင်း နိုင်မှာဖြစ်ပါတယ်။
အင်္ဂလိပ်စာကို အိမ်တွင်ဝိုင်းခေါ်ပြီးသီးသန့်် သင်ချင်သူများအတွက် sayar.com.mm မှာ ရှိတဲ့ အင်္ဂလိပ်စာ ဆရာ ဆရာမ များနှင့်ဆက်သွယ်လိုက်ပါ။
Source; internet journal

Read times Last modified on Monday, 30 December 2019 15:13
Rate this articles
(1 Vote)