×

Warning

JUser: :_load: Unable to load user with ID: 723


Student

Thursday, 23 November 2017

အမေရိကန်နိုင်ငံမှပေးအပ်မည့် “MASTER’S DEGREE PROGRAM IN ECONOMICS” ပညာသင်ဆုလျှောက်ထားနိုင်

အမေရိကန်နိုင်ငံမှပေးအပ်မည့် “MASTER’S DEGREE PROGRAM IN ECONOMICS” ပညာသင်ဆုလျှောက်ထားနိုင် google.com




Recommended for you - သင့်ခေါင်းထဲမှ ဆန်းသစ်တဲ့ စိတ်ကူးအကြံဥာဏ်တွေကို လှုပ်နှိုးလိုက်ပါ။




[Unicode Version]

စီးပွားရေးနဲ့သက်ဆိုင်တဲ့ဘွဲ့ရရှိထားသူတို့အတွက် Master’s Degree program ကို ပညာသင်ဆုနဲ့ အမေရိကန်နိုင်ငံမှာ တက်ရောက်နိုင်မယ့် အခွင့်အရေးပါ။
အဆိုပြုတဲ့ ပညာရပ်နယ်ပယ်နဲ့ ပတ်သက်ပြီး လုပ်ငန်းအတွေ့အကြုံ ၃ နှစ် နှင့် အထက်ရှိသူ၊ အင်္ဂလိပ်စာ 4 Skills ကျွမ်းကျင်သူ၊ မိမိတာဝန်ထမ်းဆောင်နေသော သက်ဆိုင်ရာ အဖွဲ့အစည်း၊ ကုမ္ပဏီ၏ ခွင့်ပြုချက် တွေနဲ့ လျှောက်ထားရမှာ ဖြစ်ပါတယ်။
ပညာတော်သင် ပြီးမြောက်ပါကလည်း မိမိ၏ကုမ္ပဏီ၊ အဖွဲ့အစည်းမှာ ပြန်လည်တာဝန် ထမ်းဆောင်ရန် လိုအပ်ပါတယ်။ သတ်မှတ် အရည်အချင်းတွေနဲ့ ကိုက်ညီတဲ့ ကုန်သည် စက်မှု အသင်းချုပ် ဝန်ထမ်းများ၊ ညီနောင်အသင်းများမှ ဝန်ထမ်းများ၊ အသင်းချုပ် အသင်းဝင်ကုမ္ပဏီ၏ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းများ လျှောက်ထားနိုင်ပါတယ်။ ကုန်သည်စက်မှုအသင်းချုပ်ရဲ့ ခွင့်ပြုချက်စာကို ပူးတွဲပြီး သက်ဆိုင်ရာ တက္ကသိုလ်သို့ ဒီဇင်ဘာလ ၁ ရက်နေ့ ထက် နောက်မကျဘဲ လျှောက်ထားနိုင် ပါတယ်။

Recommended for you - သင့်ခေါင်းထဲမှ ဆန်းသစ်တဲ့ စိတ်ကူးအကြံဉာဏ်တွေကို လှုပ်နှိုးလိုက်ပါ။
အသင်းချုပ်ရဲ့ ခွင့်ပြုချက် ရယူနိုင်ရေးအတွက် လျှောက်ထားသူ၏ CV၊ ဓါတ်ပုံ၊ အသင်းချုပ်၊ အမှုဆောင် အရာရှိချုပ်ထံ လိပ်မူ၍ ကိုယ်တိုင်ရေး လျှောက်လွှာ(၁)စောင်၊ အသင်းဝင်ကဒ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ ကုန်သည်စက်မှု အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင် (သို့) ဝန်ထမ်း၊ ကုန်သည်စက်မှု အသင်းချုပ်၊ အသင်းဝင် ကုမ္ပဏီများမှ အဖွဲ့ဝင်(သို့) ဝန်ထမ်း ဖြစ်ကြောင်း ထောက်ခံစာများ လိုအပ်မှာ ဖြစ်ပါတယ်။
တက်ရောက်ရမယ့် သင်တန်းကာလအနေနဲ့ ၁၀ လကြာမြင့်မှာဖြစ်ပါတယ်။ လျှောက်လွှာပုံစံနဲ့ အသေးစိတ် အချက်အလက်တွေကို ဝက်ဘ်ဆိုက်လိပ်စာဖြစ်တဲ့ https://cde.williams.edu/ ဝင်ရောက် လေ့လာနိုင် သလို HRD ဌာန၊ ဖုန်း ၀၁-၂၃၁၄၃၄၄ ~ ၄၉ (လိုင်းခွဲ၊ ၁၃၃၊၁၃၄) နှင့် အီးမေးလ် This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်စုံးစမ်း ရယူနိုင်ပါတယ်။
Source;internetjournal

Read times Last modified on Monday, 30 December 2019 15:48
Rate this articles
(0 votes)