×

Warning

JUser: :_load: Unable to load user with ID: 723


Motivate

Thursday, 16 November 2017

သင့္ေခါင္းထဲမွ ဆန္းသစ္တဲ့ စိတ္ကူးအၾကံဥာဏ္ေတြကို လွဳပ္ႏွိဳးလိုက္ပါ။

သင့္ေခါင္းထဲမွ ဆန္းသစ္တဲ့ စိတ္ကူးအၾကံဥာဏ္ေတြကို လွဳပ္ႏွိဳးလိုက္ပါ။ google.com

အၾကံေကာင္းရင္တစ္ခ်က္ ကံေကာင္းရင္တစ္သက္ဆိုတဲ့စကားပံုေလးအတိုင္း အၾကံေကာင္းတစ္ခု ရဖို႔ဆို တာလည္း မလြယ္ပါဘူး။ စီးပြါးေရးေလာကမွာဆိုရင္လည္း တျခားသူေတြထက္ ပိုမိုေကာင္းမြန္တဲ့ လုပ္ငန္းတစ္ခုကို ဘယ္လိုနည္းလမ္းေတြနဲ႕ ထုိးေဖာက္ရမလဲ။ ကုိယ့္မွာသာ အၾကံဥာဏ္ေကာင္းေတြ ဆန္းသစ္တဲ့ အေတြးအေခၚေတြရွိေနမယ္ဆိုရင္ ရင္းနွီးျမွဳပ္ႏွံမွဳကို လိုက္ရွာရံုပါပဲ။ ဒါျဖင့္ ဒီလိုဆန္းသစ္တဲ့ အေတြးအေခၚေကာင္းေတြ သစ္လြင္ထူးျခားတဲ့စိတ္ကူးေတြရေအာင္ ဘယ္လိုလုပ္ေဆာင္ရမလဲ။

၁. ေလ့လာမွဳကိုအျမဲမျပတ္လုပ္ေဆာင္ပါ။

ထူးျခားျပီးေကာင္းမြန္တဲ့ စိတ္ကူးေတြက ဘာမွမရွိတဲ့ဦးေနွာက္ကေန ထြက္လာမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ သစ္လြင္လတ္ဆတ္ျပီး ဆန္းသစ္တဲ့စိတ္ကူး အၾကံဥာဏ္ေတြရရွိဖို႕ ေလ့လာမွဳေတြအျမဲတမ္းျပဳလုပ္ေနဖို႔ လိုပါတယ္။ နည္းလမ္းေတြထဲက တစ္ခုကေတာ့ လူေတြကို ေလ့လာဆန္းစစ္ျခင္းပါ။ အားလပ္ခ်ိန္ အခ်ိဳ႕ကို အျပင္ထြက္ျပီးလမ္းေလွ်ာက္ေပးပါ။ ပတ္ဝန္းက်င္ကအရာေတြ အေလ့အထေတြက သင့္ကို အေတြးအျမင္ အသစ္ေတြ ေပးနိုင္ပါတယ္။

 Recommended for you - ေၾကာက္လာရင္ ရပ္မယ့္အစား ဆက္သြားပါ။ အရွံဳးေပးမယ့္အစား ျပင္းျပင္းထန္ထန္ ျပန္တိုက္ပါ။

၂. စာအုပ္မ်ားမ်ားဖတ္ပါ။                    

စာအုပ္ေတြက သစ္လြင္ေတာက္ပျပီးထူးျခားတဲ့အေတြးေတြကို ဖန္တီးနိုင္ေအာင္စြမ္းေဆာင္ေပးတဲ့ နွစ္သက္ဖြယ္အရာပဲျဖစ္ပါတယ္။ ေလာကၾကီးကျဖစ္ပ်က္သမွ်အရာအားလံုးကို ကိုယ္တိုင္လုပ္ေဆာင္နိုင္ ေလာက္တဲ့အထိ ဘဝၾကီးက မရွည္ၾကာပါဘူး။ သင္ကိုယ္တိုင္ ဒုတိယကမၻာစစ္ပြဲတြင္မပါဝင္နုိင္ေပမယ့္ စာအုပ္ဖတ္ျခင္း ကေနေတာ့ သင္စစ္ပြဲေတြအေၾကာင္းကို အခ်ိန္ခဏေလးအတြင္းမွာ သိနိုင္ပါတယ္။ စာအုပ္ဖတ္ျခင္းကေန လတ္ဆတ္တဲ့ စိတ္ကူးအၾကံဥာဏ္ေတြကို ရွာေဖြနိုင္မွာပါ။

၃.ေန႔စဥ္မွတ္တမ္းေရးပါ။

ေန႔စဥ္မွတ္တမ္းေရးျခင္းက သင့္ရဲ႕အေတြး၊ ခံစားခ်က္ေတြ နဲ႕ သင့္ဘဝ အေၾကာင္းကို ျပန္လည္ဆန္း စစ္နိုင္ဖို႕ အေကာင္းဆံုးနည္းလမ္းျဖစ္ပါတယ္။ သင့္ရဲ႕စိတ္ကူးတီထြင္ဥာဏ္ေတြကုိ ပိုမိုဖိြ႕ျဖိဳးတုိးတက္လာ ေအာင္ေလ့က်င့္ေပးနိုင္တဲ့ နည္းလမ္းေကာင္းလဲျဖစ္ပါတယ္။ သင္ေန႔စဥ္မွတ္တမ္းမေရးျဖစ္ဘူးလား။ ဒီေန႔က စတင္လိုက္ပါ။

Recommended for you -  ဝန္ထမ္းေတြ ဘာေၾကာင့္အလုပ္က ႏွဳတ္ထြက္ၾကသလဲ

၄. တရားထိုင္ပါ။

ထူးျခားတဲ့စိတ္ကူးအၾကံဥာဏ္ေတြ ကသင္ရဲ႕စိတ္ရွုပ္ေထြးေနတဲ့အခ်ိန္ေတြမွာ ထြက္လာမွာမဟုတ္ပါဘူး။ သင့္ရဲ႕စိတ္တည္ျငိမ္ျပီး ရွင္းလင္းေနဖို႔လိုပါတယ္။ တရားထိုင္ျခင္းက သင့္ရဲ့အလုပ္နဲ႔ေန႔စဥ္ဘဝမွာ ၾကံဳေနတဲ့ ဖိတ္ဖိစီးမွဳေတြကို ေလ်ာ့ခ်ေပးနိုင္ပါတယ္။ တိတ္ဆိတ္တဲ့ေနရာမွာ တစ္နာရီေလာက္ အခ်ိန္ေပးျပီးအပတ္ တိုင္းပံုမွန္ေဆာင္ရြက္မည္ဆိုလွ်င္ စိတ္ကူးအၾကံဥာဏ္အသစ္ေတြကို ဖန္တီးလာနိုင္ပါလိမ့္မယ္။

Source; Inc.

[Unicode Version]


ကြံကောင်းရင်တစ်ချက် ကံကောင်းရင်တစ်သက်ဆိုတဲ့စကားပုံလေးအတိုင်း အကြံကောင်းတစ်ခု ရဖို့ဆို တာလည်း မလွယ်ပါဘူး။ စီးပွါးရေးလောကမှာဆိုရင်လည်း တခြားသူတွေထက် ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းတစ်ခုကို ဘယ်လိုနည်းလမ်းတွေနဲ့ ထိုးဖောက်ရမလဲ။ ကိုယ့်မှာသာ အကြံဉာဏ်ကောင်းတွေ ဆန်းသစ်တဲ့ အတွေးအခေါ်တွေရှိနေမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုကို လိုက်ရှာရုံပါပဲ။ ဒါဖြင့် ဒီလိုဆန်းသစ်တဲ့ အတွေးအခေါ်ကောင်းတွေ သစ်လွင်ထူးခြားတဲ့စိတ်ကူးတွေရအောင် ဘယ်လိုလုပ်ဆောင်ရမလဲ။
၁. လေ့လာမှုကိုအမြဲမပြတ်လုပ်ဆောင်ပါ။
ထူးခြားပြီးကောင်းမွန်တဲ့ စိတ်ကူးတွေက ဘာမှမရှိတဲ့ဦးနှောက်ကနေ ထွက်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် သစ်လွင်လတ်ဆတ်ပြီး ဆန်းသစ်တဲ့စိတ်ကူး အကြံဉာဏ်တွေရရှိဖို့ လေ့လာမှုတွေအမြဲတမ်းပြုလုပ်နေဖို့ လိုပါတယ်။ နည်းလမ်းတွေထဲက တစ်ခုကတော့ လူတွေကို လေ့လာဆန်းစစ်ခြင်းပါ။ အားလပ်ချိန် အချို့ကို အပြင်ထွက်ပြီးလမ်းလျှောက်ပေးပါ။ ပတ်ဝန်းကျင်ကအရာတွေ အလေ့အထတွေက သင့်ကို အတွေးအမြင် အသစ်တွေ ပေးနိုင်ပါတယ်။

Recommended for you - ကြောက်လာရင် ရပ်မယ့်အစား ဆက်သွားပါ။ အရှုံးပေးမယ့်အစား ပြင်းပြင်းထန်ထန် ပြန်တိုက်ပါ။

၂. စာအုပ်များများဖတ်ပါ။
စာအုပ်တွေက သစ်လွင်တောက်ပပြီးထူးခြားတဲ့အတွေးတွေကို ဖန်တီးနိုင်အောင်စွမ်းဆောင်ပေးတဲ့ နှစ်သက်ဖွယ်အရာပဲဖြစ်ပါတယ်။ လောကကြီးကဖြစ်ပျက်သမျှအရာအားလုံးကို ကိုယ်တိုင်လုပ်ဆောင်နိုင် လောက်တဲ့အထိ ဘဝကြီးက မရှည်ကြာပါဘူး။ သင်ကိုယ်တိုင် ဒုတိယကမ္ဘာစစ်ပွဲတွင်မပါဝင်နိုင်ပေမယ့် စာအုပ်ဖတ်ခြင်း ကနေတော့ သင်စစ်ပွဲတွေအကြောင်းကို အချိန်ခဏလေးအတွင်းမှာ သိနိုင်ပါတယ်။ စာအုပ်ဖတ်ခြင်းကနေ လတ်ဆတ်တဲ့ စိတ်ကူးအကြံဉာဏ်တွေကို ရှာဖွေနိုင်မှာပါ။

၃.နေ့စဉ်မှတ်တမ်းရေးပါ။
နေ့စဉ်မှတ်တမ်းရေးခြင်းက သင့်ရဲ့အတွေး၊ ခံစားချက်တွေ နဲ့ သင့်ဘဝ အကြောင်းကို ပြန်လည်ဆန်း စစ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သင့်ရဲ့စိတ်ကူးတီထွင်ဉာဏ်တွေကို ပိုမိုဖွိ့ဖြိုးတိုးတက်လာ အောင်လေ့ကျင့်ပေးနိုင်တဲ့ နည်းလမ်းကောင်းလဲဖြစ်ပါတယ်။ သင်နေ့စဉ်မှတ်တမ်းမရေးဖြစ်ဘူးလား။ ဒီနေ့က စတင်လိုက်ပါ။

Recommended for you -  ဝန်ထမ်းတွေ ဘာကြောင့်အလုပ်က နှုတ်ထွက်ကြသလဲ

၄. တရားထိုင်ပါ။
ထူးခြားတဲ့စိတ်ကူးအကြံဉာဏ်တွေ ကသင်ရဲ့စိတ်ရှုပ်ထွေးနေတဲ့အချိန်တွေမှာ ထွက်လာမှာမဟုတ်ပါဘူး။ သင့်ရဲ့စိတ်တည်ငြိမ်ပြီး ရှင်းလင်းနေဖို့လိုပါတယ်။ တရားထိုင်ခြင်းက သင့်ရဲ့အလုပ်နဲ့နေ့စဉ်ဘဝမှာ ကြုံနေတဲ့ ဖိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်ပါတယ်။ တိတ်ဆိတ်တဲ့နေရာမှာ တစ်နာရီလောက် အချိန်ပေးပြီးအပတ် တိုင်းပုံမှန်ဆောင်ရွက်မည်ဆိုလျှင် စိတ်ကူးအကြံဉာဏ်အသစ်တွေကို ဖန်တီးလာနိုင်ပါလိမ့်မယ်။

Source; Inc.

Read times Last modified on Monday, 30 December 2019 15:40
Rate this articles
(2 votes)