×
Warning
JUser: :_load: Unable to load user with ID: 723
Motivate
Tuesday, 14 November 2017
တစ်ခုက ယုတ်မာတယ်။ တစ်ခုက မြင့်မြတ်တယ်။
Source;democracy
[Unicode Version]
လူတိုင်းက သူတို့ရဲ့ အတွင်းစိတ်မှာ ဖြစ်တည်နေတဲ့ သက်ဝင်ယုံကြည်ခြင်းနဲ့ ကြောက်ရွံ့ခြင်းဆိုတဲ့ စိတ်ခံစား မှုရဲ့ စေခိုင်းချက်အောက်မှာ လှုပ်ရှားနေကြပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ် ကြီးထွားဖို့ အတွက် အာဟာရတွေဖြည့်တင်းဖို့ လိုအပ်သလို စိတ်ကိုလည်း အစာကျွေးဖို့လိုအပ်ပါတယ်။ တစ်စုံတစ်ယောက်က ခုလိုရေးထားပါတယ်။
ရင်ဘတ်ထဲကို သဘာဝတရားကြီးနှစ်ခုက လာဆောင့်တယ်။
တစ်ခုက ယုတ်မာတယ်။ တစ်ခုက မြင့်မြတ်တယ်။
တစ်ခုကို ချစ်တယ်၊ တစ်ခုကို မုန်းတယ်။
သင့်စိတ်ထဲကို ဝင်ခွင့်ပေးတဲ့အရာက သင့်ကို ကြီးစိုးလိမ့်မယ်။ ကိုယ်ရဲ့စိတ်ကို ဘယ်လိုအစာမျိုးကျွေးမလဲ ဆိုတာ သင်ကုယ်တိုင်ဆုံးဖြတ်ရမှာပါ။
Recommended for you - ဝန်ထမ်းတွေ ဘာကြောင့်အလုပ်က နှုတ်ထွက်ကြသလဲ
ဒီစိတ်လှုပ်ရှားမှုနှစ်ခုစလုံးက ကိုယ့်ဆီမှာ အမြဲတမ်းရှိနေကြတာပါ။ ကိုယ်က ဆက်တိုက်အစာကျွေးနေတဲ့ စိတ်လှုပ်ရှားမှုကပဲ ဘဝမှာ ကြီးစိုးနေပါလိမ့်မယ်။ ကြောက်ရွံ့စိတ်ကို ကိုယ်ကဆက်ပြီး အာရုံစိုက်နေမယ် ဆိုရင်တော့ ကိုယ့်မှာရှိတဲ့ ကြောက်စိတ်က လွယ်လွယ်နဲ့ ပျောက်သွားမှာ မဟုတ်ပါဘူး။ သူတို့ကို ပျော်အောင်ထားတယ်။ သူတို့ကို အရှုံးပေးလိုက်တယ်ဆိုရင် ကြောက်ရွံ့မှုက တိုးတိုးလာပြီး နောက်ဆုံးမှာ ကိုယ့်ကို ဝါးမြိုသွားပါလိမ့်မယ်။
အဲဒီကြောက်ရွံ့မှုကို ကျော်လွှားနိုင်မယ့် နည်းလမ်းကတော့ အဲဒါကိုအစာရေစာအငတ်ခံထားလိုက်တာပါပဲ။ ကိုယ့်ကြောက်စိတ်ကို ဘယ်လိုအချိန်မှ မပေးနဲ့၊ ဘယ်လိုစွမး်အားမှ မပေးနဲ့။ သူတို့ကို ကောလဟလတွေ၊ ဒါမှမဟုတ် မကောင်းသတင်းတွေ၊ စိုးထိတ်စရာရုပ်ရှင်တွေနဲ့ အစာမကျွေးနဲ့။ ကိုယ့်ရဲ့သက်ဝင်ယုံကြည်မှု အပေါ်မှာ အာရုံစိုက်ပါ။ အဲဒါကို အစာကျွေးပါ။
အဲဒါကို စွမး်အားတွေ များများပေးလေလေ၊ အချိန်များများပေးလေလေ၊ အဲဒီယုံကြည်သက်ဝင်မှုက အားကောင်းလာလေပါ။ ပြီးတော့ တစ်ခုခုလုပ်ဖို့ ကြောက်ရွံ့တဲ့အခါတိုင်း ဘယ်လိုပဲဖြစ်ဖြစ် ဆက်လုပ်မယ် ဆိုပြီး ကိုယ့်ရဲ့စိတ်ကို အားပေးပါ လူတိုင်းတော့ တစ်ခါတည်းနဲ့ မအောင်မြင်နိုင်ပါဘူး။
Recommended for you - အချိန်နည်းနည်းလေးနဲ့ အင်္ဂလိပ်စာကို ဘယ်လိုသင်ယူကြမလဲ
ကြောက်လာရင် ရပ်မယ့်အစား ဆက်သွားပါ။ အရှံုးပေးမယ့်အစား ပြင်းပြင်းထန်ထန် ပြန်တိုက်ပါ။
ဘယ်လိုစိတ်ခံစားမှုမျိုးကို ကိုယ်ကအစာကျွေးနေသလဲ၊ ယုံကြည်မှုနဲ့ ရဲစွမ်းသတ္တိကို အစာကျွေးဖို့ ရွေးချယ်ပါ။
ခေတ်မှီတိုးတက်နေတဲ့ကမ္ဘာကြီးမှာ သင်ယူစရာတွေလည်းမကုန်နိုင်ပါဘူး။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်း နိုင်ဖို့အတွက် ကိုယ့်ရဲ့အရည်အချင်းတွေကိုလည်း မြှင့်တင်ဖို့လိုအပ်ပါတယ်။ သင်စိတ်ဝင်စားတဲ့ ဘာသာရပ် ကို အဆင်ပြေတဲ့အချိန်မှာ သင်ယူနိုင်ဖို့အတွက် Sayar.com.mm မှာရှိတဲ့ ဆရာ ဆရာမများနဲ့ဆက်သွယ်လိုက်ပါ။
Source;democracy
Read times Last modified on Monday, 30 December 2019 15:45
Rate this articles
(3 votes)