×

Warning

JUser: :_load: Unable to load user with ID: 723


Motivate

Monday, 27 November 2017

က်ရွဳံးမွဳကို ရုပ္ဖ်က္လာတဲ့ ဆုလာဘ္တစ္ခုအျဖစ္ ေထြးေပြ႔လိုက္ပါ။

က်ရွဳံးမွဳကို ရုပ္ဖ်က္လာတဲ့ ဆုလာဘ္တစ္ခုအျဖစ္ ေထြးေပြ႔လိုက္ပါ။ google.com

အိုလီဗာစမစ္ဟာ ဆင္းရဲတဲ့တရားေဟာဆရာတစ္ဦးကေန ေမြးဖြားလာတဲ့သားတစ္ေယာက္ ျဖစ္ပါတယ္။ သူ႔ကို ၁၇၀၀ ျပည့္ႏွစ္မ်ားအတြင္း အိုင္ယာလန္မွာ ေမြးဖြားခဲ့တာပါ။ သူဟာေတာ္တဲ့ေက်ာင္းသား တစ္ေယာက္အေနနဲ႔ မၾကီးပ်င္းခဲ့ပါဘူး။ သူ႔ေက်ာင္းအုပ္ဆရာၾကီးက သူ႕ကို “ငထံုတစ္ေကာင္” လို႔ အမည္တပ္ခဲ့တယ္။ သူဟာ ေကာလိပ္ဒီဂရီရေအာင္ေတာ့ လုပ္ခဲ့တယ္။ ဒါေပမဲ့ ေအာက္ဆံုးကေန ေအာင္လာတာပါ။

 သူဘာလုပ္ရမယ္ဆိုတာ သူ႔ကိုယ္သူ မေသခ်ာျဖစ္ခဲ့တယ္။ သူကတရားေဟာဆရာ ျဖစ္မလား ၾကိဳးစားေသးတယ္။ ဒါေပမဲ့ အဲဒီအလုပ္က သူနဲ႔ မကိုက္ဘူး။ သူဟာ သိကၡာေတာ္ဘြဲ႕ ဘယ္ေတာ့မွ မရခဲ့ဘူး။ ေနာက္ေတာ့ သူက ဥပေဒသင္ဖို႔ ၾကိဳးစားေသးတယ္။ မေအာင္ျမင္ျပန္ဘူး။

ဒါနဲ႕ ေဆးပညာလိုက္စားဖို႔ စီစဥ္တယ္။ ဒါေပမယ့္ သူဟာ သာမန္ဆရာဝန္တစ္ေယာက္သာ ျဖစ္ခဲ့တယ္။ ျပီးေတာ့ အဲ့ဒီအတတ္ပညာကိုလည္း သူ ဝါသနာ မၾကီးျပန္ဘူး။ သူဟာအလုပ္တစ္ခုကို ခဏပဲလုပ္လို႔ ရခဲ့တယ္။

Recommended for you - အသက္ ၃၀ မွာ မီလ်ံနာ မျဖစ္လာနိုင္ဘူးလို႔ ထင္ေနတာလား

ဂုိးလ္စမစ္ဟာ ဆင္းဆင္းရဲရဲေနခဲ့ရတယ္။ တစ္ခါတစ္ခါဆို ကုန္းေကာက္စရာ မရွိေအာင္ ျဖစ္ရတယ္။ တစ္ခါတုန္းကဆို စားစရာမရွိလို႔ အဝတ္အစားေပါင္ျပီးစားခဲ့ရတယ္။

ၾကည့္ရတာနဲ႕တင္ သူဟာ သူ႔လမ္းသူ ဘယ္ေတာ့မွ ရွာနိုင္ေတာ့မယ့္ပံုမရွိေတာ့သလိုဘဲ။ ဒါေပမဲ့ သူဟာ ဘာကို စိတ္ဝင္စားတယ္၊ ဘယ္ဟာမွာ သူပါရမီပါတယ္ဆိုတာကို သူရွာေတြ႔သြားခဲ့တယ္။ အဲဒီအလုပ္က စာေရးတဲ့အလုပ္နဲ႕ ဘာသာျပန္တဲ့ အလုပ္ပဲျဖစ္တယ္။ သူဟာ ဖလိလမ္း သံုးသပ္သူ၊ စာေရးဆရာအျဖစ္ စတင္ခဲ့ပါတယ္။ အဲ့ဒီေနာက္ သူစိတ္ဝင္စားတဲ့ အရာေတြကို သူဟာ ေရးသားတာေတြ စလုပ္တယ္။ သူဟာ ဝတၳဳေရးဆရာ အျဖစ္ ဝိတ္ခ္ဖီးလိက ဘုန္းေတာ္ၾကီးဆိုတဲ့ ဝတၳဳနဲ႕ ထင္ရွားလာတယ္။ စြန္႔ပယ္ခံရြာ ဆိုတဲ့ ကဗ်ာနဲ႕ ကဗ်ာဆရာအျဖစ္ လူသိသြားတယ္။ သူေအာက္တန္းက်က် ေအာင္နိုင္လိုက္တယ္ ဆိုတဲ့ ျပဇာတ္နဲ႕ ျပဇာတ္ေရးဆရာ ျဖစ္လာတယ္။

Recommended for you - သင္က အိမ္မက္ေတြနဲ႕ ရွင္သန္ေနတာလား အိပ္မက္ေတြနဲ႕ အခ်ိန္ကုန္ေနတာလား

တမ္မာစတာဆိုတဲ့ ကြ်န္ေတာ့္သူငယ္ခ်င္းက က်ရွဳံးမွဳဆိုတာ ေအာင္ျမင္မွဳအတြက္ ေပါက္ဖြားလာတဲ့ အစိတ္အပိုင္းတစ္ခုလို႔ ေျပာတယ္။ က်ရွဳံးမွုက ထပ္သြားဖို႔မလိုတဲ့လမ္းကို ကိုယ့္ကုိေပးတယ္။ ထပ္တက္စရာမလိုတဲ့ ေတာင္ကိုေပးတယ္။ ထပ္ျဖတ္သန္းစရာ မလိုတဲ့ ခ်ိဳင့္ဝွမ္းကို ေပးတယ္။ အမွားလုပ္မိတဲ့အခါမွာေတာ့ ကိုယ့္ကို အဲ့ဒီအမွားက ဘုရားသခင္ဆီေတာ့ ေခၚမသြားနိုင္ဘူးေပါ့။ ဒါေပမဲ့ ကိုယ့္မွာ မွန္ကန္တဲ့စိတ္သေဘာထားရွိရင္ေတာ့ ဘာေတြ ကိုယ္လုပ္သင့္လုပ္ထိုက္တယ္ဆိုတာကို အဲဒီအမွားေတြက ဦးေဆာင္ေခၚသြားနိုင္ပါတယ္။

က်ရွဳံးမွဳက ေအာင္ျမင္မွဳဆီကို ေခၚေဆာင္သြားနိုင္တဲ့ လမ္းေၾကာင္းတစ္ခုျဖစ္ပါေစ။

Credit; ကုိကို(စက္မွဳတကၠသိုလ္) 

[Unicode Version]

အိုလီဗာစမစ်ဟာ ဆင်းရဲတဲ့တရားဟောဆရာတစ်ဦးကနေ မွေးဖွားလာတဲ့သားတစ်ယောက် ဖြစ်ပါတယ်။ သူ့ကို ၁၇၀၀ ပြည့်နှစ်များအတွင်း အိုင်ယာလန်မှာ မွေးဖွားခဲ့တာပါ။ သူဟာတော်တဲ့ကျောင်းသား တစ်ယောက်အနေနဲ့ မကြီးပျင်းခဲ့ပါဘူး။ သူ့ကျောင်းအုပ်ဆရာကြီးက သူ့ကို “ငထုံတစ်ကောင်” လို့ အမည်တပ်ခဲ့တယ်။ သူဟာ ကောလိပ်ဒီဂရီရအောင်တော့ လုပ်ခဲ့တယ်။ ဒါပေမဲ့ အောက်ဆုံးကနေ အောင်လာတာပါ။
သူဘာလုပ်ရမယ်ဆိုတာ သူ့ကိုယ်သူ မသေချာဖြစ်ခဲ့တယ်။ သူကတရားဟောဆရာ ဖြစ်မလား ကြိုးစားသေးတယ်။ ဒါပေမဲ့ အဲဒီအလုပ်က သူနဲ့ မကိုက်ဘူး။ သူဟာ သိက္ခာတော်ဘွဲ့ ဘယ်တော့မှ မရခဲ့ဘူး။ နောက်တော့ သူက ဥပဒေသင်ဖို့ ကြိုးစားသေးတယ်။ မအောင်မြင်ပြန်ဘူး။
ဒါနဲ့ ဆေးပညာလိုက်စားဖို့ စီစဉ်တယ်။ ဒါပေမယ့် သူဟာ သာမန်ဆရာဝန်တစ်ယောက်သာ ဖြစ်ခဲ့တယ်။ ပြီးတော့ အဲ့ဒီအတတ်ပညာကိုလည်း သူ ဝါသနာ မကြီးပြန်ဘူး။ သူဟာအလုပ်တစ်ခုကို ခဏပဲလုပ်လို့ ရခဲ့တယ်။

Recommended for you - အသက် ၃၀ မှာ မီလျံနာ မဖြစ်လာနိုင်ဘူးလို့ ထင်နေတာလား
ဂိုးလ်စမစ်ဟာ ဆင်းဆင်းရဲရဲနေခဲ့ရတယ်။ တစ်ခါတစ်ခါဆို ကုန်းကောက်စရာ မရှိအောင် ဖြစ်ရတယ်။ တစ်ခါတုန်းကဆို စားစရာမရှိလို့ အဝတ်အစားပေါင်ပြီးစားခဲ့ရတယ်။

ကြည့်ရတာနဲ့တင် သူဟာ သူ့လမ်းသူ ဘယ်တော့မှ ရှာနိုင်တော့မယ့်ပုံမရှိတော့သလိုဘဲ။ ဒါပေမဲ့ သူဟာ ဘာကို စိတ်ဝင်စားတယ်၊ ဘယ်ဟာမှာ သူပါရမီပါတယ်ဆိုတာကို သူရှာတွေ့သွားခဲ့တယ်။ အဲဒီအလုပ်က စာရေးတဲ့အလုပ်နဲ့ ဘာသာပြန်တဲ့ အလုပ်ပဲဖြစ်တယ်။ သူဟာ ဖလိလမ်း သုံးသပ်သူ၊ စာရေးဆရာအဖြစ် စတင်ခဲ့ပါတယ်။ အဲ့ဒီနောက် သူစိတ်ဝင်စားတဲ့ အရာတွေကို သူဟာ ရေးသားတာတွေ စလုပ်တယ်။ သူဟာ ဝတ္ထုရေးဆရာ အဖြစ် ဝိတ်ခ်ဖီးလိက ဘုန်းတော်ကြီးဆိုတဲ့ ဝတ္ထုနဲ့ ထင်ရှားလာတယ်။ စွန့်ပယ်ခံရွာ ဆိုတဲ့ ကဗျာနဲ့ ကဗျာဆရာအဖြစ် လူသိသွားတယ်။ သူအောက်တန်းကျကျ အောင်နိုင်လိုက်တယ် ဆိုတဲ့ ပြဇာတ်နဲ့ ပြဇာတ်ရေးဆရာ ဖြစ်လာတယ်။

Recommended for you - သင်က အိမ်မက်တွေနဲ့ ရှင်သန်နေတာလား အိပ်မက်တွေနဲ့ အချိန်ကုန်နေတာလား
တမ်မာစတာဆိုတဲ့ ကျွန်တော့်သူငယ်ချင်းက ကျရှုံးမှုဆိုတာ အောင်မြင်မှုအတွက် ပေါက်ဖွားလာတဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောတယ်။ ကျရှုံးမှုက ထပ်သွားဖို့မလိုတဲ့လမ်းကို ကိုယ့်ကိုပေးတယ်။ ထပ်တက်စရာမလိုတဲ့ တောင်ကိုပေးတယ်။ ထပ်ဖြတ်သန်းစရာ မလိုတဲ့ ချိုင့်ဝှမ်းကို ပေးတယ်။ အမှားလုပ်မိတဲ့အခါမှာတော့ ကိုယ့်ကို အဲ့ဒီအမှားက ဘုရားသခင်ဆီတော့ ခေါ်မသွားနိုင်ဘူးပေါ့။ ဒါပေမဲ့ ကိုယ့်မှာ မှန်ကန်တဲ့စိတ်သဘောထားရှိရင်တော့ ဘာတွေ ကိုယ်လုပ်သင့်လုပ်ထိုက်တယ်ဆိုတာကို အဲဒီအမှားတွေက ဦးဆောင်ခေါ်သွားနိုင်ပါတယ်။
ကျရှုံးမှုက အောင်မြင်မှုဆီကို ခေါ်ဆောင်သွားနိုင်တဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါစေ။
Credit; ကိုကို(စက်မှုတက္ကသိုလ်)

Read times Last modified on Monday, 30 December 2019 15:50
Rate this articles
(0 votes)