×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Monday, 04 December 2017

ေန႔လည္တေရးအိပ္တာက မွတ္ဥာဏ္ကို ေကာင္းေစတာလား ထိုင္မွိဳင္းေစတာလား

ေန႔လည္တေရးအိပ္တာက မွတ္ဥာဏ္ကို ေကာင္းေစတာလား ထိုင္မွိဳင္းေစတာလား google.com

အလုပ္ထဲမွာ အိပ္ငိုက္လို႔ အထက္လူႀကီး ဆူတာ၊ ေငါက္တာကို ခံရဖူးပါသလား။ ဒါဆိုရင္ ဒီလိုၾကံဳဖူးတာ သင္တစ္ေယာက္တည္း မဟုတ္ပါဘူး။ ေခတ္အဆက္ဆက္မွာ အလုပ္ခ်ိန္မွာ အိပ္ငိုက္ျခင္း၊ ခုိးအိပ္ေနျခင္းကို အပ်င္းႀကီးတယ္၊ အလုပ္မွာအပါးခိုတယ္လို႔ သတ္မွတ္ထားၾကပါတယ္။

တကယ္တမ္းက်ေတာ့ ေန႔လည္ေန႔ခင္းဘက္မွာ တေရးတေမာအိပ္ျခင္းဟာ မွတ္ဉာဏ္စြမ္းရည္နဲ႔ သင္ယူႏိုင္စြမ္းကို ျမင့္တက္ေစပါတယ္။ 

ဥေရာပတိုက္သားေတြဟာ ေန႔လည္ေန႔ခင္း တေရးတေမာအိပ္စက္ျခင္းကို ျပဳလုပ္လာခဲ့ၾကတာ ႏွစ္ရာနဲ႔ခ်ီေနပါၿပီ။ ဒါေပမယ့္ ဒီဘက္ေခတ္မွာေတာ့ ေန႔ခင္းေန႔လည္ တေရးတေမာအိပ္စက္ျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကို မသိၾကပါဘူး ဒါမွမဟုတ္ သိရင္ေတာင္ လက္ေတြ႕အသံုးခ်တဲ့သူ နည္းပါတယ္။

Recommended for you -အခြင့္အေရးေတြ လက္တစ္လံုးျခား ဆံုးရွံဳးေနတာလား

ကံအားေလ်ာ္စြာပဲ သိပၸံပညာက ပ်င္းရိထံုထိုင္းျခင္းနဲ႔ တေရးတေမာ အနားယူျခင္းၾကားက ကြဲျပားမႈကိုထင္ရွားေအာင္ သက္ေသျပေနပါတယ္။ Colorado Boulder တကၠသိုလ္က သုေတသနတစ္ခုရဲ႕အဆိုအရေတာ့ ေန႔ခင္းဘက္မွာ တေရးတေမာ မအိပ္တတ္တဲ့ ကေလးေတြဟာ စိတ္ေသာကပိုမ်ားတယ္။ စာမလိုက္ႏိုင္ဘူး။ ေနာက္ၿပီး တေရးတေမာအိပ္တတ္တဲ့ တျခားအတန္းေဖာ္ေတြေလာက္ ျပႆနာေျဖရွင္းရာမွာ ဉာဏ္မသြက္တာကို ေတြ႕ရွိရပါတယ္။ 

အဲဒီသာဓကဟာ အရြယ္ေရာက္ပုဂၢိဳလ္ေတြမွာလည္း တူတူပါပဲ။ ေန႔လည္ေန႔ခင္း အိပ္စက္အနားယူ တတ္သူေတြဟာ လုပ္ရည္ကိုင္ရည္လည္း ပိုေကာင္းၿပီး ျဖတ္ထိုးဉာဏ္လည္း ပိုေကာင္းတာကို ေတြ႕ရွိရပါတယ္။

ကြန္ပ်ဴတာေတြ reboot ခ်ဖို႔ လိုအပ္သလိုမ်ိဳး၊ ေမာ္ေတာ္ကားေတြ အင္ဂ်င္ဝိုင္လဲေပးဖို႔ လိုသလိုမ်ိဳး ကြ်န္ေတာ္တို႔ဦးေႏွာက္ကိုလည္း ခဏေလာက္အနားေပးဖို႔ လိုပါတယ္။ ဒါမွသာ ဦးေႏွာက္ဟာ သူ႔ထဲက သတင္းအခ်က္အလက္ေတြကို အသံုးက်တဲ့အခ်က္အလက္၊ အသံုးမက်တဲ႔ အခ်က္အလက္ဆိုၿပီး ခြဲျခမ္းစိတ္ျဖာႏိုင္ၿပီး စြမ္းေဆာင္ရည္လည္း ပိုျမင့္လာမွာပါ။

Recommended for you - စိတ္ဓါတ္ဆိုတာလည္း စနစ္တက် အားျဖည့္ဖို႔လိုပါတယ္

ဘယ္ေလာက္ၾကာၾကာအိပ္သင့္လဲ

သိပၸံပညာက ဆိုထားတာကေတာ့ တစ္ရက္ကို (၁၀) မိနစ္၊ မိနစ္ (၂၀) ခန္႔ရေအာင္ အိပ္ျခင္းဟာ ဦးေႏွာက္ကို လုပ္ေဆာင္ရည္ ျမွင့္တင္ေပးဖို႔အတြက္ေတာ့ လိုအပ္တာထက္ပိုတဲ့ အခ်ိန္ပါပဲတဲ့။ အဲဒီထက္ပိုၾကာရင္ေတာ့ လူကအိပ္ေရးမဝျဖစ္ၿပီး ႏုန္းခ်ိသြားတတ္ပါတယ္။ မိနစ္ (၃၀) အိပ္မိရင္ မိနစ္ (၃၀) ေလာက္ ေခါင္းကိုက္ေဝဒနာကို ျပန္ခံစားရပါလိမ့္မယ္။

ဒါေပမယ့္ အခ်ိန္ရလို႔ မိနစ္ (၆၀) (တစ္နာရီ) ေလာက္ၾကာေအာင္ အိပ္ေပးမယ္ဆိုရင္လည္း အခ်ိန္တိုမွတ္ဉာဏ္အတြက္ အက်ိဳးရွိေစႏိုင္ပါတယ္။ ဒါေၾကာင့္ ညဘက္မွာ အိပ္ေရးမဝခဲ့ဘူးဆိုရင္ သုေတသီေတြက ေန႔ခင္းဘက္မွာ တေရးတေမာျပန္အိပ္ေပးဖို႔ တိုက္တြန္းၾကတာျဖစ္ပါတယ္။

ပံုမွန္တေရးတေမာ အိပ္စက္သူေတြဟာ သူတို႔ရဲ႕ေန႔လည္ေန႔ခင္း အိပ္စက္ျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကို သိရွိၾကပါတယ္။ ဒါေပမယ့္ လုပ္ငန္းခြင္တိုးတက္မႈကို ေရွးရႈၿပီး ရံုးတိုင္း၊ ကုမၼဏီတိုင္းမွာ ဒီအေလ့အက်င့္ေကာင္းေလးကို လိုက္နာၾကရင္ ပိုေကာင္းမွာပါ။ ဒါေၾကာင့္ မိမိရဲ႕လုပ္ရည္ကိုင္ရည္ေတြ က်ေနတယ္လို႔ထင္ရင္ စားပြဲခံုေပၚကိုသာေခါင္းတင္ၿပီး တေရးတေမာေလာက္ အိပ္စက္လိုက္ပါ။ ေနာက္ (၁၀) မိနစ္ေလာက္ၾကာလို႔ ႏိုးလာရင္ ဦးေႏွာက္က ပိုမိုဖ်တ္လတ္ေနတာကို ျမင္ေတြ႕ရမွာပါ။

Credit; duwun

[Unicode Version]

အလုပ်ထဲမှာ အိပ်ငိုက်လို့ အထက်လူကြီး ဆူတာ၊ ငေါက်တာကို ခံရဖူးပါသလား။ ဒါဆိုရင် ဒီလိုကြုံဖူးတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်မှာ အလုပ်ချိန်မှာ အိပ်ငိုက်ခြင်း၊ ခိုးအိပ်နေခြင်းကို အပျင်းကြီးတယ်၊ အလုပ်မှာအပါးခိုတယ်လို့ သတ်မှတ်ထားကြပါတယ်။ တကယ်တမ်းကျတော့ နေ့လည်နေ့ခင်းဘက်မှာ တရေးတမောအိပ်ခြင်းဟာ မှတ်ဉာဏ်စွမ်းရည်နဲ့ သင်ယူနိုင်စွမ်းကို မြင့်တက်စေပါတယ်။

ဥရောပတိုက်သားတွေဟာ နေ့လည်နေ့ခင်း တရေးတမောအိပ်စက်ခြင်းကို ပြုလုပ်လာခဲ့ကြတာ နှစ်ရာနဲ့ချီနေပါပြီ။ ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ နေ့ခင်းနေ့လည် တရေးတမောအိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို မသိကြပါဘူး ဒါမှမဟုတ် သိရင်တောင် လက်တွေ့အသုံးချတဲ့သူ နည်းပါတယ်။

Recommended for you - အခွင့်အရေးတွေ လက်တစ်လုံးခြား ဆုံးရှုံးနေတာလား

ကံအားလျော်စွာပဲ သိပ္ပံပညာက ပျင်းရိထုံထိုင်းခြင်းနဲ့ တရေးတမော အနားယူခြင်းကြားက ကွဲပြားမှုကိုထင်ရှားအောင် သက်သေပြနေပါတယ်။ Colorado Boulder တက္ကသိုလ်က သုတေသနတစ်ခုရဲ့အဆိုအရတော့ နေ့ခင်းဘက်မှာ တရေးတမော မအိပ်တတ်တဲ့ ကလေးတွေဟာ စိတ်သောကပိုများတယ်။ စာမလိုက်နိုင်ဘူး။ နောက်ပြီး တရေးတမောအိပ်တတ်တဲ့ တခြားအတန်းဖော်တွေလောက် ပြဿနာဖြေရှင်းရာမှာ ဉာဏ်မသွက်တာကို တွေ့ရှိရပါတယ်။

အဲဒီသာဓကဟာ အရွယ်ရောက်ပုဂ္ဂိုလ်တွေမှာလည်း တူတူပါပဲ။ နေ့လည်နေ့ခင်း အိပ်စက်အနားယူ တတ်သူတွေဟာ လုပ်ရည်ကိုင်ရည်လည်း ပိုကောင်းပြီး ဖြတ်ထိုးဉာဏ်လည်း ပိုကောင်းတာကို တွေ့ရှိရပါတယ်။

ကွန်ပျူတာတွေ reboot ချဖို့ လိုအပ်သလိုမျိုး၊ မော်တော်ကားတွေ အင်ဂျင်ဝိုင်လဲပေးဖို့ လိုသလိုမျိုး ကျွန်တော်တို့ဦးနှောက်ကိုလည်း ခဏလောက်အနားပေးဖို့ လိုပါတယ်။ ဒါမှသာ ဦးနှောက်ဟာ သူ့ထဲက သတင်းအချက်အလက်တွေကို အသုံးကျတဲ့အချက်အလက်၊ အသုံးမကျတဲ့ အချက်အလက်ဆိုပြီး ခွဲခြမ်းစိတ်ဖြာနိုင်ပြီး စွမ်းဆောင်ရည်လည်း ပိုမြင့်လာမှာပါ။

Recommended for you - စိတ်ဓါတ်ဆိုတာလည်း စနစ်တကျ အားဖြည့်ဖို့လိုပါတယ်

ဘယ်လောက်ကြာကြာအိပ်သင့်လဲ

သိပ္ပံပညာက ဆိုထားတာကတော့ တစ်ရက်ကို (၁၀) မိနစ်၊ မိနစ် (၂၀) ခန့်ရအောင် အိပ်ခြင်းဟာ ဦးနှောက်ကို လုပ်ဆောင်ရည် မြှင့်တင်ပေးဖို့အတွက်တော့ လိုအပ်တာထက်ပိုတဲ့ အချိန်ပါပဲတဲ့။ အဲဒီထက်ပိုကြာရင်တော့ လူကအိပ်ရေးမဝဖြစ်ပြီး နုန်းချိသွားတတ်ပါတယ်။ မိနစ် (၃၀) အိပ်မိရင် မိနစ် (၃၀) လောက် ခေါင်းကိုက်ဝေဒနာကို ပြန်ခံစားရပါလိမ့်မယ်။

ဒါပေမယ့် အချိန်ရလို့ မိနစ် (၆၀) (တစ်နာရီ) လောက်ကြာအောင် အိပ်ပေးမယ်ဆိုရင်လည်း အချိန်တိုမှတ်ဉာဏ်အတွက် အကျိုးရှိစေနိုင်ပါတယ်။ ဒါကြောင့် ညဘက်မှာ အိပ်ရေးမဝခဲ့ဘူးဆိုရင် သုတေသီတွေက နေ့ခင်းဘက်မှာ တရေးတမောပြန်အိပ်ပေးဖို့ တိုက်တွန်းကြတာဖြစ်ပါတယ်။

ပုံမှန်တရေးတမော အိပ်စက်သူတွေဟာ သူတို့ရဲ့နေ့လည်နေ့ခင်း အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိရှိကြပါတယ်။ ဒါပေမယ့် လုပ်ငန်းခွင်တိုးတက်မှုကို ရှေးရှုပြီး ရုံးတိုင်း၊ ကုမ္မဏီတိုင်းမှာ ဒီအလေ့အကျင့်ကောင်းလေးကို လိုက်နာကြရင် ပိုကောင်းမှာပါ။ ဒါကြောင့် မိမိရဲ့လုပ်ရည်ကိုင်ရည်တွေ ကျနေတယ်လို့ထင်ရင် စားပွဲခုံပေါ်ကိုသာခေါင်းတင်ပြီး တရေးတမောလောက် အိပ်စက်လိုက်ပါ။ နောက် (၁၀) မိနစ်လောက်ကြာလို့ နိုးလာရင် ဦးနှောက်က ပိုမိုဖျတ်လတ်နေတာကို မြင်တွေ့ရမှာပါ။
Credit; duwun

Read times Last modified on Friday, 03 January 2020 10:09
Rate this articles
(1 Vote)