အခြင့္အေရးဆိုတာ အျမဲတမ္းလိုလို ရေနတဲ့အရာတစ္ခု မဟုတ္ပါဘူး။ အခြင့္အေရးဆုိတာ လူတိုင္းရဲ႕ အိမ္တံခါးကို အနည္းဆံုး တစ္ၾကိမ္ေတာ့ ေခါက္ပါတယ္။ အေရးၾကီးတာက အခြင့္အေရးက တံခါးလာ ေခါက္တဲ့အခ်ိန္မွာ သင္တံခါးကို အဆင္သင့္ဖြင့္ေပးနိုင္ဖို႔ အေရးၾကီးတာပါ။ တခ်ိဳ႕ေသာသူေတြကေတာ့ တံခါးဖြင့္တာေနာက္က်သြားတဲ့အတြက္ အခြင့္အေရးဆိုတာကုိ လြတ္သြားတတ္ပါတယ္။
အခြင့္အေရးေတြကို လက္တစ္လံုးျခားေလး မဆံုးရွဳံးေဖဖို႔ ျပင္သင့္တဲ့အခ်က္ေလးေတြ ဆင္ျခင္ရမယ့္ အရာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
၁. စူးစမ္းလြန္းျခင္း
သိခ်င္တာ အကုန္ေလွ်ာက္ေမးတယ္။ ျဖစ္နိုင္ေခ်ရွိတဲ့ အေၾကာင္းအရာေပါင္းစံုကို စဥ္းစားတယ္။ ရွဳေဒါင့္ေပါင္းစံုကေန ျမင္ၾကည့္တယ္။ ေလ့လာတယ္။ စမ္းစစ္တယ္။ ေသေသခ်ာခ်ာ တြက္ခ်က္တယ္။ မေသခ်ာရင္ ၾကြက္ေတာင္မခုတ္ဘူး ဆိုတာမ်ိဳး၊ ေသခ်ာျပီဆိုတဲ့အခါက်ေတာ့ အခြင့္အေရးေျပးျပီ။
Recommended for you - Memory card ထပ္စိုက္သလိုမ်ိဳး မွတ္ဥာဏ္ပိုေကာင္းလာေအာင္ ဘယ္လိုလုပ္ရမလဲ
၂. တြန္႔ဆုတ္ျခင္း
ခ်ီတုန္ခ်တုန္ျဖစ္လြန္းတယ္။ အခ်ိန္ေပးစဥ္းစားတာ ၾကာလြန္းေနတယ္။ ဆံုးျဖတ္ခ်က္ကို ေတာ္ေတာ္နဲ႕ မခ်နိုင္ဘူး။ ပူပူေႏြးေႏြးသတင္းဦးကို သမိုင္းျဖစ္ေအာင္ လုပ္ပစ္တယ္။ သတိျပန္လည္လာတဲ့အခါက်ေတာ့ အခြင့္အေရးက အဲဒီေနရာကေန ထြက္သြားပါျပီ။
၃. မွားတဲ့လူကို ေမးမိျခင္း
အဝတ္အစား အေၾကာင္းသိခ်င္ေပမယ့္ တိရစာၦန္ေမြးတဲ့လူကို သြားေမးမိတာမ်ိဳး၊ အပ်က္သေဘာေဆာင္ တဲ့လူကို သြားေမးမိတာမ်ိဳး၊ ဘာမဆို မျဖစ္နုိင္ဘူးလို႔ ယူဆတဲ့လူကို သြားေမးမိတာမ်ိဳး၊ နဂိုကမွ မိမိကုိယ္ မိမိယံုၾကည္မွဳ အျပည့္အဝ မရွိတဲ့ ၾကားထဲ သူတို႔အေျဖၾကားလိုက္ေတာ့ ဘာမွ မလုပ္ရဲမကိုင္ရဲ ျဖစ္သြားတယ္။
၄. ကိုယ့္ကုိယ္ကို ယံုၾကည္မွဳ မရွိျခင္း။
အေရးၾကီးဆံုးအခ်က္ပါပဲ ၊ကုိယ့္ကုိယ္ကို ယံုၾကည္ပါ။ ကိုယ့္ကိုယ္ကို ယံုၾကည္မွဳ မရွိတဲ့သူေတြက အခြင့္အေရးဆိုတာကို လက္လႊတ္ခံလိုက္ရတဲ့ လူေတြ မ်ားပါတယ္။ သူမ်ားအေပၚမွာ အားမကိုးပါနဲ႕ ။ ဘဝဆိုတာ ကုိယ္တိုင္တစ္ေယာက္ထဲ ပဲ့ကိုင္ျပီးေလွ်ာက္လွမ္းရမွာမို႔လို႕ ကုိယ့္ကုိ္ယ္ကို ယံုၾကည္ပါ။
Recommended for you - ေအာင္ျမင္မွဳပန္းတိုင္ဆီသို႔ ပို႔ေပးနိုင္မည့္ လွ်ိဳ႕ဝွက္နည္းလမ္း
၅. ခက္ခဲလို႔
အမွန္ပါပဲ။ ခက္ခဲမွဳကို စိန္ေခၚမွဳလုိ႔ မသတ္မွတ္နိုင္သေရြ႕ေတာ့ အခြင့္အေရးေတြ ေျပးေနအံုးမွာပါ။
ဒီ Link ထဲကို ဝင္ျပီး သင္ယူခ်င္တဲ့ဘာသာရပ္ကို ေရြးခ်ယ္လိုက္ပါ။ ဆရာမ်ားနွင့္တိုက္ရိုက္ဆက္သြယ္ျပီး သင့္ရဲ႕ အရည္အခ်င္းေတြကို ျမွင့္တင္လိုက္ပါ။
ဆရာ ဆရာမမ်ားလည္း အခမဲ့ register လုပ္ထားလို႔ ရပါတယ္ခင္ဗ်ာ။
Ref: Sayar AungKoLatt
[Unicode Version]
အခွင့်အရေးဆိုတာ အမြဲတမ်းလိုလို ရနေတဲ့အရာတစ်ခု မဟုတ်ပါဘူး။ အခွင့်အရေးဆိုတာ လူတိုင်းရဲ့ အိမ်တံခါးကို အနည်းဆုံး တစ်ကြိမ်တော့ ခေါက်ပါတယ်။ အရေးကြီးတာက အခွင့်အရေးက တံခါးလာ ခေါက်တဲ့အချိန်မှာ သင်တံခါးကို အဆင်သင့်ဖွင့်ပေးနိုင်ဖို့ အရေးကြီးတာပါ။ တချို့သောသူတွေကတော့ တံခါးဖွင့်တာနောက်ကျသွားတဲ့အတွက် အခွင့်အရေးဆိုတာကို လွတ်သွားတတ်ပါတယ်။
အခွင့်အရေးတွေကို လက်တစ်လုံးခြားလေး မဆုံးရှုံးဖေဖို့ ပြင်သင့်တဲ့အချက်လေးတွေ ဆင်ခြင်ရမယ့် အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁. စူးစမ်းလွန်းခြင်း
သိချင်တာ အကုန်လျှောက်မေးတယ်။ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရာပေါင်းစုံကို စဉ်းစားတယ်။ ရှုဒေါင့်ပေါင်းစုံကနေ မြင်ကြည့်တယ်။ လေ့လာတယ်။ စမ်းစစ်တယ်။ သေသေချာချာ တွက်ချက်တယ်။ မသေချာရင် ကြွက်တောင်မခုတ်ဘူး ဆိုတာမျိုး၊ သေချာပြီဆိုတဲ့အခါကျတော့ အခွင့်အရေးပြေးပြီ။
Recommended for you - Memory card ထပ်စိုက်သလိုမျိုး မှတ်ဉာဏ်ပိုကောင်းလာအောင် ဘယ်လိုလုပ်ရမလဲ
၂. တွန့်ဆုတ်ခြင်း
ချီတုန်ချတုန်ဖြစ်လွန်းတယ်။ အချိန်ပေးစဉ်းစားတာ ကြာလွန်းနေတယ်။ ဆုံးဖြတ်ချက်ကို တော်တော်နဲ့ မချနိုင်ဘူး။ ပူပူနွေးနွေးသတင်းဦးကို သမိုင်းဖြစ်အောင် လုပ်ပစ်တယ်။ သတိပြန်လည်လာတဲ့အခါကျတော့ အခွင့်အရေးက အဲဒီနေရာကနေ ထွက်သွားပါပြီ။
၃. မှားတဲ့လူကို မေးမိခြင်း
အဝတ်အစား အကြောင်းသိချင်ပေမယ့် တိရစ္ဆာန်မွေးတဲ့လူကို သွားမေးမိတာမျိုး၊ အပျက်သဘောဆောင် တဲ့လူကို သွားမေးမိတာမျိုး၊ ဘာမဆို မဖြစ်နိုင်ဘူးလို့ ယူဆတဲ့လူကို သွားမေးမိတာမျိုး၊ နဂိုကမှ မိမိကိုယ် မိမိယုံကြည်မှု အပြည့်အဝ မရှိတဲ့ ကြားထဲ သူတို့အဖြေကြားလိုက်တော့ ဘာမှ မလုပ်ရဲမကိုင်ရဲ ဖြစ်သွားတယ်။
၄. ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိခြင်း။
အရေးကြီးဆုံးအချက်ပါပဲ ၊ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတဲ့သူတွေက အခွင့်အရေးဆိုတာကို လက်လွှတ်ခံလိုက်ရတဲ့ လူတွေ များပါတယ်။ သူများအပေါ်မှာ အားမကိုးပါနဲ့ ။ ဘဝဆိုတာ ကိုယ်တိုင်တစ်ယောက်ထဲ ပဲ့ကိုင်ပြီးလျှောက်လှမ်းရမှာမို့လို့ ကိုယ့်ကို်ယ်ကို ယုံကြည်ပါ။
Recommended for you - အောင်မြင်မှုပန်းတိုင်ဆီသို့ ပို့ပေးနိုင်မည့် လျှို့ဝှက်နည်းလမ်း
၅. ခက်ခဲလို့
အမှန်ပါပဲ။ ခက်ခဲမှုကို စိန်ခေါ်မှုလို့ မသတ်မှတ်နိုင်သရွေ့တော့ အခွင့်အရေးတွေ ပြေးနေအုံးမှာပါ။
ဒီ Link ထဲကို ဝင်ပြီး သင်ယူချင်တဲ့ဘာသာရပ်ကို ရွေးချယ်လိုက်ပါ။ ဆရာများနှင့်တိုက်ရိုက်ဆက်သွယ်ပြီး သင့်ရဲ့ အရည်အချင်းတွေကို မြှင့်တင်လိုက်ပါ။
ဆရာ ဆရာမများလည်း အခမဲ့ register လုပ်ထားလို့ ရပါတယ်ခင်ဗျာ။
Ref: Sayar AungKoLatt