×

Warning

JUser: :_load: Unable to load user with ID: 723


Success

Wednesday, 10 January 2018

အသက္ ၂၅ ႏွစ္မတိုင္ခင္မွာ လူတိုင္းၾကံဳကို ၾကံဳရမယ့္ ဒုကၡ (၅) မ်ိဳး

အသက္ ၂၅ ႏွစ္မတိုင္ခင္မွာ လူတိုင္းၾကံဳကို ၾကံဳရမယ့္ ဒုကၡ (၅) မ်ိဳး google.com

အသက္ ၂၅ ႏွစ္ ဆိုတာ ဘဝတစ္ခုလံုး အတြက္ စေကာစက အ႐ြယ္ပဲ ျဖစ္ပါတယ္။ အသက္ ၂၅ ႏွစ္ မတိုင္ခင္ အ႐ြယ္ဟာ ဘဝရဲ႕ ရည္မွန္းခ်က္ ပန္းတုိင္ကို ေရာက္ရွိဖို႔စတင္ အေကာင္အထည္ ေဖာ္တတ္ၾကတဲ့ ပ်မ္းမွ်အ႐ြယ္ ျဖစ္ပါတယ္။

အေတြ႔အႀကံဳ မစံုလင္ေသးတဲ့ အ႐ြယ္ ျဖစ္တာေၾကာင့္ အမွား အမ်ားစုဟာ ဒီအခ်ိန္မွာ ႀကံဳေတြ႔ရတတ္ ပါတယ္။ အသက္ ၂၅ ႏွစ္အ႐ြယ္ မတိုင္ခင္ လူငယ္ အမ်ားစု မွားယြင္းတတ္တဲ့ အမွားေလးေတြ ရွိပါတယ္။ ဒါေတြ ရင္ဆိုင္ ေျဖရွင္းႏိုင္ဖို႔ နည္းလမ္း (၅) ခုကို ေဖာ္ျပ ေပးလိုက္ပါတယ္။

1) အေကာင္းဆံုး ႀကိဳးစားပါ။

က်႐ံႈးမႈကို စိတ္မပ်က္ပါနဲ႔... အလုပ္ပဲ ျဖစ္ျဖစ္၊ relationships ပဲျဖစ္ျဖစ္၊ မိသားစုေရးပဲ ျဖစ္ျဖစ္ ဒီအ႐ြယ္မွာ အဆင္မေျပ ျဖစ္တတ္ပါတယ္။ အနည္းဆံုး တစ္ခါေလာက္ေတာ့ ႀကံဳရမွာပါ။ က်႐ံႈးမႈေတြကို ဆက္မယူသြားပါနဲ႔။ အမွားေတြထဲက သင္ခန္းစာပဲ ယူပါ။

Recommended for you - အသက္ ၃၀ အရြယ္အထိ ဘာဆိုဘာမွ အျဖစ္မရွိခဲ့ပါဘူးဆိုတဲ့ လုပ္ငန္းရွင္ၾကီး ၁၀ ဦး

2) ပန္းတုိင္ေရာက္ဖို႔ လက္မေလွ်ာ့ပါနဲ႔

အသက္ ၂၀ အေက်ာ္အ႐ြယ္ဟာ အေတြ႔အႀကံဳယူခါစ အ႐ြယ္ျဖစ္ပါတယ္။ ဒီအ႐ြယ္မွာ လုပ္ေနတဲ့ အလုပ္အကိုင္က ကိုယ့္ရဲ႕ စိတ္ကူးအိပ္မက္နဲ႔ ထပ္တူက်ဖို႔ ခဲယဥ္းပါတယ္။ လက္ရွိအလုပ္ေၾကာင့္ စိတ္ကူးအိပ္မက္ကို လက္မလႊတ္ပါနဲ႔။ လက္ရွိအလုပ္ကိုလည္း ခ်က္ျခင္းမစြန္႔လႊတ္ပါနဲ႔။ အေတြ႔အႀကံဳဟာ ေငြေပးလို႔ မရႏိုင္ပါဘူး။

3) အျခားသူေတြ ကိုယ့္ကိုဘယ္သူလဲလို႔ သတ္မွတ္တာ မခံပါနဲ႔

မင္းက ေအာင္ျမင္မယ့္သူ မဟုတ္ဘူး ဆိုတဲ့ စကားမ်ိဳးေတြ၊ မင္းက ဒီေနရာမွာ ေအာင္ျမင္မွာ မဟုတ္ဘူးဆိုတဲ့ မွတ္ခ်က္မ်ိဳးေတြကို သိမ္းမထားပါနဲ႔။ လက္ရွိ အေျခအေနမွာ အေကာင္းဆံုး ျဖစ္ေအာင္သာ လုပ္ပါ။ စိတ္ကူး အိပ္မက္ကို အၿမဲေတြးေနပါ။

4) အႀကံဉာဏ္ေတြယူပါ

ကိုယ့္ထက္ အသက္အားျဖင့္၊ အေတြ႔အႀကံဳအားျဖင့္ မ်ားေနသူေတြဆီက ဗဟုသုတနဲ႔ အေတြ႔အႀကံဳေတြရယူပါ။ အေတာ္မ်ားမ်ားက အသက္ ၂၅ ႏွစ္ အ႐ြယ္မွာ ကိုယ္ဘာျဖစ္ခ်င္လဲဆိုတာ တိတိက်က် မသိတတ္ၾကေသးပါဘူး။ ဒီအ႐ြယ္မွာ အဆင္မေျပျဖစ္မႈေတြက တစ္ဘဝလံုးစာ မဟုတ္ဘူးဆိုတာ သတိရပါ။ အေတြ႔အႀကံဳမ်ားသူေတြဆီက အေၾကာင္းအရာေတြကို ေလ့လာပါ။
Recommended for you - 
ဂ်ပန္၊ ကိုရီးယား ဘာသာစကားေလ့လာေနသူမ်ားအတြက္ android app မ်ား

5) ေငြေၾကးကို စနစ္တက်သံုးစြဲပါ

ေငြေၾကးမ်ားစြာ ရွာဖို႔ မလြယ္ေသးတဲ့ အခ်ိန္မွာ ကိုယ္ရလာတဲ့ ဝင္ေငြကို စိတ္မပ်က္ပါနဲ႔။ အေျခအေန အမ်ိဳးမ်ိဳးေၾကာင့္ ကုိယ့္ အသက္အ႐ြယ္မွာ ေငြေၾကးမ်ားစြာ သံုးစြဲႏိုင္ေနသူေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ ႏိႈင္းယွဥ္တာမ်ိဳး မလုပ္ပါနဲ႔။ ထြက္သမွ် ပစၥည္းအသစ္ေတြကို ဝယ္ဖို႔ မလိုအပ္ဘူးဆိုတာ သတိရပါ။ ကိုယ့္မွာရွိတဲ့ ပစၥည္းေတြနဲ႔ ယံုၾကည္ခ်က္ရွိရွိ ေနထိုင္ပါ။
Credit: duwun

[Unicode Version]

အသက် ၂၅ နှစ် ဆိုတာ ဘဝတစ်ခုလုံး အတွက် စကောစက အရွယ်ပဲ ဖြစ်ပါတယ်။ အသက် ၂၅ နှစ် မတိုင်ခင် အရွယ်ဟာ ဘဝရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိဖို့စတင် အကောင်အထည် ဖော်တတ်ကြတဲ့ ပျမ်းမျှအရွယ် ဖြစ်ပါတယ်။
အတွေ့အကြုံ မစုံလင်သေးတဲ့ အရွယ် ဖြစ်တာကြောင့် အမှား အများစုဟာ ဒီအချိန်မှာ ကြံုတွေ့ရတတ် ပါတယ်။ အသက် ၂၅ နှစ်အရွယ် မတိုင်ခင် လူငယ် အများစု မှားယွင်းတတ်တဲ့ အမှားလေးတွေ ရှိပါတယ်။ ဒါတွေ ရင်ဆိုင် ဖြေရှင်းနိုင်ဖို့ နည်းလမ်း (၅) ခုကို ဖော်ပြ ပေးလိုက်ပါတယ်။

1) အကောင်းဆုံး ကြိုးစားပါ။
ကျရှုံးမှုကို စိတ်မပျက်ပါနဲ့... အလုပ်ပဲ ဖြစ်ဖြစ်၊ relationships ပဲဖြစ်ဖြစ်၊ မိသားစုရေးပဲ ဖြစ်ဖြစ် ဒီအရွယ်မှာ အဆင်မပြေ ဖြစ်တတ်ပါတယ်။ အနည်းဆုံး တစ်ခါလောက်တော့ ကြံုရမှာပါ။ ကျရှုံးမှုတွေကို ဆက်မယူသွားပါနဲ့။ အမှားတွေထဲက သင်ခန်းစာပဲ ယူပါ။

Recommended for you - အသက် ၃၀ အရွယ်အထိ ဘာဆိုဘာမှ အဖြစ်မရှိခဲ့ပါဘူးဆိုတဲ့ လုပ်ငန်းရှင်ကြီး ၁၀ ဦး

2) ပန်းတိုင်ရောက်ဖို့ လက်မလျှော့ပါနဲ့
အသက် ၂၀ အကျော်အရွယ်ဟာ အတွေ့အကြံုယူခါစ အရွယ်ဖြစ်ပါတယ်။ ဒီအရွယ်မှာ လုပ်နေတဲ့ အလုပ်အကိုင်က ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်နဲ့ ထပ်တူကျဖို့ ခဲယဉ်းပါတယ်။ လက်ရှိအလုပ်ကြောင့် စိတ်ကူးအိပ်မက်ကို လက်မလွှတ်ပါနဲ့။ လက်ရှိအလုပ်ကိုလည်း ချက်ခြင်းမစွန့်လွှတ်ပါနဲ့။ အတွေ့အကြံုဟာ ငွေပေးလို့ မရနိုင်ပါဘူး။

3) အခြားသူတွေ ကိုယ့်ကိုဘယ်သူလဲလို့ သတ်မှတ်တာ မခံပါနဲ့
မင်းက အောင်မြင်မယ့်သူ မဟုတ်ဘူး ဆိုတဲ့ စကားမျိုးတွေ၊ မင်းက ဒီနေရာမှာ အောင်မြင်မှာ မဟုတ်ဘူးဆိုတဲ့ မှတ်ချက်မျိုးတွေကို သိမ်းမထားပါနဲ့။ လက်ရှိ အခြေအနေမှာ အကောင်းဆုံး ဖြစ်အောင်သာ လုပ်ပါ။ စိတ်ကူး အိပ်မက်ကို အမြဲတွေးနေပါ။

4) အကြံဉာဏ်တွေယူပါ
ကိုယ့်ထက် အသက်အားဖြင့်၊ အတွေ့အကြံုအားဖြင့် များနေသူတွေဆီက ဗဟုသုတနဲ့ အတွေ့အကြံုတွေရယူပါ။ အတော်များများက အသက် ၂၅ နှစ် အရွယ်မှာ ကိုယ်ဘာဖြစ်ချင်လဲဆိုတာ တိတိကျကျ မသိတတ်ကြသေးပါဘူး။ ဒီအရွယ်မှာ အဆင်မပြေဖြစ်မှုတွေက တစ်ဘဝလုံးစာ မဟုတ်ဘူးဆိုတာ သတိရပါ။ အတွေ့အကြံုများသူတွေဆီက အကြောင်းအရာတွေကို လေ့လာပါ။

Recommended for you - ဂျပန်၊ ကိုရီးယား ဘာသာစကားလေ့လာနေသူများအတွက် android app များ
5) ငွေကြေးကို စနစ်တကျသုံးစွဲပါ
ငွေကြေးများစွာ ရှာဖို့ မလွယ်သေးတဲ့ အချိန်မှာ ကိုယ်ရလာတဲ့ ဝင်ငွေကို စိတ်မပျက်ပါနဲ့။ အခြေအနေ အမျိုးမျိုးကြောင့် ကိုယ့် အသက်အရွယ်မှာ ငွေကြေးများစွာ သုံးစွဲနိုင်နေသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်တာမျိုး မလုပ်ပါနဲ့။ ထွက်သမျှ ပစ္စည်းအသစ်တွေကို ဝယ်ဖို့ မလိုအပ်ဘူးဆိုတာ သတိရပါ။ ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေနဲ့ ယုံကြည်ချက်ရှိရှိ နေထိုင်ပါ။
Credit: duwun

Read times Last modified on Friday, 03 January 2020 10:34
Rate this articles
(0 votes)