×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Wednesday, 21 February 2018

ကမၻာေက်ာ္သိပၸံပညာရွင္ၾကီး မေျဖနုိ္င္တဲ့ ေမးခြန္းတစ္ခု

ကမၻာေက်ာ္သိပၸံပညာရွင္ၾကီး မေျဖနုိ္င္တဲ့ ေမးခြန္းတစ္ခု google.com

ကမာၻေပၚမွာ ေမာ္ေတာ္ကားကို ပထမဆံုးတီထြင္ထုတ္လုပ္ခဲ့တဲ့ မီလ်ံနာသူေဌးႀကီး ဟင္နရီဖို႔ဒ္ကို ခ်ီကာဂိုထရီဘြန္းသတင္းစာႀကီးက "နလပိန္းတံုး" လို႔ ေရးသားေဖၚျပခဲ့လို႔ သူေဌးႀကီးဖို႔ဒ္က သတင္းစာတိုက္ကို တရားစြဲပါတယ္။ တရားရံုးေတာ္ရဲ႕ တရားခြင္မွာ သူေဌးႀကီးက

သတင္းစာတိုက္က သတင္းေထာက္ေတြက သူ႔ကို 'နလပိန္းတံုး' 'ဘာမွ မသိသူ' လို႔ ေရးသားေဖၚ ျပခဲ့တာ မွန္ကန္ေၾကာင္းကို သက္ေသျပခိုင္းပါတယ္။ သတင္းေထာက္ေတြက သူေဌးႀကီးကို လူတိုင္းနီးပါး ေျဖႏိုင္တဲ့ ခုလို ေမးခြန္းေလးေတြ ေမးၾကတယ္။

- "အေမရိကန္ႏိုင္ငံရဲ႕ ပထမဆံုးဗိုလ္ခ်ဳပ္ႀကီးဟာ ဘယ္သူလဲ"

- "အေမရိကန္ျပည္တြင္းစစ္ ဘယ္ႏွခုႏွစ္မွာ စတင္ျဖစ္ပြားခဲ့သလဲ" စတာေတြပါ။

Recommended for you - စကားတစ္ခြန္းေၾကာင့္ ဘ၀ေျပာင္းခဲ႔သူ

သူေဌးႀကီးဟာ ငယ္စဥ္က ေက်ာင္းမေနခဲ့ဖူးလို႔ အဲဒီေမးခြန္းေတြကို မေျဖႏိုင္ပါဘူး။ သတင္း ေထာက္ေတြကလည္း ေမးခြန္းေတြ ထပ္ေမးၾကတယ္။ သူတို႔ေမးခြန္းေတြကို မေျဖႏိုင္တဲ့ သူေဌးႀကီးဟာ စိတ္တိုလာၿပီး သူတို႔ကို ခုလို ေျပာလိုက္ပါတယ္။

- "မင္းတို႔ ေမးတဲ့ ေမးခြန္းေတြကို ငါ မေျဖႏိုင္ပါဘူး။ ဒါေပမဲ့ အဲဒီေမးခြန္းေတြကို ၂ မိနစ္ အတြင္း ေျဖႏိုင္ၾကတဲ့ လူေတြ ငါ့မွာ ရွိတယ္။ မင္းတို႔ အဲဒီအေျဖေတြကို သိခ်င္ရင္ ငါ အခု ေခၚေပးမယ္"တဲ့။

ကမၻာေက်ာ္သိပၸံပညာရွင္ၾကီး အဲလ္ဘတ္အိုင္းစတိုင္းကို သတင္းေထာက္ေတြက ေမးခြန္းတစ္ခု ေမးတယ္။ ေမးခြန္းက လြယ္လြယ္ေလးပါ။ တစ္မိုင္မွာ ေပေပါင္း ဘယ္ေလာက္ရွိသလဲတဲ့။ အိုင္းစတိုင္း မေျဖနိုင္ပါဘူး။ ေက်ာင္းသားတစ္ေယာက္ လြယ္လြယ္ကူကူေျဖနိုင္တာေလးကိုေတာင္ ကမၻာေက်ာ္သိပၸံပညာရွင္ၾကီး မေျဖနိုင္ဘူးဆုိျပီး သတင္းေထာက္ေတြက သူ႔ကိုဟားတိုက္ေလွာင္ ေျပာင္ၾကတယ္။ အိုင္းစတိုင္းက သူတို႔ကို ခုလိုျပန္ေျပာလိုက္ပါတယ္။

“ဒီေမးခြန္းရဲ႕ အေျဖကို ငါမသိဘူး။ သိစရာလည္း မလိုဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီအေျဖကို သခၤ်ာစာအုပ္မွာ တစ္မိနစ္အတြင္း ရွာလို႔ရတယ္။ ဒီလို လြယ္လြယ္ကူကူ ရွာလို႔ရတဲ့ အေၾကာင္း အရာကို ငါ့ေခါင္းထဲမွာ ဘယ္ေတာ့မွ ထည့္မထားဘူး” တဲ့။

Recommended for you - ၾသစေၾတးလ်နိုင္ငံမွာ ေက်ာင္းတက္ဖို႔ ဘာေတြျပင္ဆင္ထားရမလဲ ?

အိုင္းစတိုင္းနဲ႔ ဟင္နရီဖို႔ဒ္တို႔ဟာ အေထြေထြ ဗဟုသုတ သတင္းအခ်က္အလက္ေတြကို ေခါင္းထဲထည့္ထားဖို႔ စိတ္မဝင္စားၾကဘူး။ သူတို႔စိတ္ဝင္စားၾကတာက သတင္းအခ်က္အလက္ေတြကို ဘယ္လို အသံုးခ်မလဲဆိုတာပါ။

ဒီအျဖစ္အပ်က္ႏွစ္ခုဟာ ကၽြန္ေတာ္တို႔ကို မွတ္သားစရာ အသိႏွစ္ခုေပးခဲ့ပါတယ္။ အဲဒါေတြက

- (၁)ဦးေႏွာက္ဆိုတာ အခ်က္အလက္ေတြကို သိုမွီးသိမ္းဆည္းထားရမယ့္ စတိုတစ္ခုမဟုတ္ပါ။ စဥ္းစားေတြေတာအၾကံထုတ္ရမယ့္ အရာပါ

- (၂) စာအုပ္ထဲမွာ လြယ္လြယ္ကူကူ ရွာလို႔ ရတဲ့ အခ်က္အလက္ေတြကို ေခါင္းထဲမွာ သိမ္းမထားပါနဲ႔။ မလိုတာေတြ မွတ္ထားတာမ်ားလာရင္ ဦးေႏွာက္ဟာ မေတြးတတ္ မစဥ္းစားတတ္ေတာ့ဘူး။

အဂၤလိပ္စာကို အေျခခံမွစျပီး ကြ်မ္းက်င္စြာ သင္ယူခ်င္ပါသလား။ sayar.com.mm တြင္ရွိေသာ ဆရာ ဆရာမမ်ားႏွင့္ ဆက္သြယ္လိုက္ပါ။ 

သင္ကိုယ္တိုင္က ဆရာတစ္ေယာက္ဆိုပါက ကြ်န္ေတာ္တို႔ နွင့္ လက္တြဲဖို႔ ဖိတ္ေခၚလိုက္ပါရေစ။ အခမဲ့ register လုပ္နိုင္ပါတယ္။

Credit: Bamaw Thein Pe

[Unicode Version]

ကမ္ဘာပေါ်မှာ မော်တော်ကားကို ပထမဆုံးတီထွင်ထုတ်လုပ်ခဲ့တဲ့ မီလျံနာသူဌေးကြီး ဟင်နရီဖို့ဒ်ကို ချီကာဂိုထရီဘွန်းသတင်းစာကြီးက "နလပိန်းတုံး" လို့ ရေးသားဖေါ်ပြခဲ့လို့ သူဌေးကြီးဖို့ဒ်က သတင်းစာတိုက်ကို တရားစွဲပါတယ်။ တရားရုံးတော်ရဲ့ တရားခွင်မှာ သူဌေးကြီးက

သတင်းစာတိုက်က သတင်းထောက်တွေက သူ့ကို 'နလပိန်းတုံး' 'ဘာမှ မသိသူ' လို့ ရေးသားဖေါ် ပြခဲ့တာ မှန်ကန်ကြောင်းကို သက်သေပြခိုင်းပါတယ်။ သတင်းထောက်တွေက သူဌေးကြီးကို လူတိုင်းနီးပါး ဖြေနိုင်တဲ့ ခုလို မေးခွန်းလေးတွေ မေးကြတယ်။

- "အမေရိကန်နိုင်ငံရဲ့ ပထမဆုံးဗိုလ်ချုပ်ကြီးဟာ ဘယ်သူလဲ"

- "အမေရိကန်ပြည်တွင်းစစ် ဘယ်နှခုနှစ်မှာ စတင်ဖြစ်ပွားခဲ့သလဲ" စတာတွေပါ။

Recommended for you - စကားတစ်ခွန်းကြောင့် ဘဝပြောင်းခဲ့သူ

သူဌေးကြီးဟာ ငယ်စဉ်က ကျောင်းမနေခဲ့ဖူးလို့ အဲဒီမေးခွန်းတွေကို မဖြေနိုင်ပါဘူး။ သတင်း ထောက်တွေကလည်း မေးခွန်းတွေ ထပ်မေးကြတယ်။ သူတို့မေးခွန်းတွေကို မဖြေနိုင်တဲ့ သူဌေးကြီးဟာ စိတ်တိုလာပြီး သူတို့ကို ခုလို ပြောလိုက်ပါတယ်။

- "မင်းတို့ မေးတဲ့ မေးခွန်းတွေကို ငါ မဖြေနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီမေးခွန်းတွေကို ၂ မိနစ် အတွင်း ဖြေနိုင်ကြတဲ့ လူတွေ ငါ့မှာ ရှိတယ်။ မင်းတို့ အဲဒီအဖြေတွေကို သိချင်ရင် ငါ အခု ခေါ်ပေးမယ်"တဲ့။

ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်းကို သတင်းထောက်တွေက မေးခွန်းတစ်ခု မေးတယ်။ မေးခွန်းက လွယ်လွယ်လေးပါ။ တစ်မိုင်မှာ ပေပေါင်း ဘယ်လောက်ရှိသလဲတဲ့။ အိုင်းစတိုင်း မဖြေနိုင်ပါဘူး။ ကျောင်းသားတစ်ယောက် လွယ်လွယ်ကူကူဖြေနိုင်တာလေးကိုတောင် ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး မဖြေနိုင်ဘူးဆိုပြီး သတင်းထောက်တွေက သူ့ကိုဟားတိုက်လှောင် ပြောင်ကြတယ်။ အိုင်းစတိုင်းက သူတို့ကို ခုလိုပြန်ပြောလိုက်ပါတယ်။

“ဒီမေးခွန်းရဲ့ အဖြေကို ငါမသိဘူး။ သိစရာလည်း မလိုဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအဖြေကို သင်္ချာစာအုပ်မှာ တစ်မိနစ်အတွင်း ရှာလို့ရတယ်။ ဒီလို လွယ်လွယ်ကူကူ ရှာလို့ရတဲ့ အကြောင်း အရာကို ငါ့ခေါင်းထဲမှာ ဘယ်တော့မှ ထည့်မထားဘူး” တဲ့။

Recommended for you - သြစတြေးလျနိုင်ငံမှာ ကျောင်းတက်ဖို့ ဘာတွေပြင်ဆင်ထားရမလဲ ?

အိုင်းစတိုင်းနဲ့ ဟင်နရီဖို့ဒ်တို့ဟာ အထွေထွေ ဗဟုသုတ သတင်းအချက်အလက်တွေကို ခေါင်းထဲထည့်ထားဖို့ စိတ်မဝင်စားကြဘူး။ သူတို့စိတ်ဝင်စားကြတာက သတင်းအချက်အလက်တွေကို ဘယ်လို အသုံးချမလဲဆိုတာပါ။

ဒီအဖြစ်အပျက်နှစ်ခုဟာ ကျွန်တော်တို့ကို မှတ်သားစရာ အသိနှစ်ခုပေးခဲ့ပါတယ်။ အဲဒါတွေက

- (၁)ဦးနှောက်ဆိုတာ အချက်အလက်တွေကို သိုမှီးသိမ်းဆည်းထားရမယ့် စတိုတစ်ခုမဟုတ်ပါ။ စဉ်းစားတွေတောအကြံထုတ်ရမယ့် အရာပါ။

- (၂) စာအုပ်ထဲမှာ လွယ်လွယ်ကူကူ ရှာလို့ ရတဲ့ အချက်အလက်တွေကို ခေါင်းထဲမှာ သိမ်းမထားပါနဲ့။ မလိုတာတွေ မှတ်ထားတာများလာရင် ဦးနှောက်ဟာ မတွေးတတ် မစဉ်းစားတတ်တော့ဘူး။

အင်္ဂလိပ်စာကို အခြေခံမှစပြီး ကျွမ်းကျင်စွာ သင်ယူချင်ပါသလား။ sayar.com.mm တွင်ရှိသော ဆရာ ဆရာမများနှင့် ဆက်သွယ်လိုက်ပါ။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဆိုပါက ကျွန်တော်တို့ နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်နိုင်ပါတယ်။

Credit: Bamaw Thein Pe

 

Read times Last modified on Friday, 03 January 2020 14:43
Rate this articles
(5 votes)