×

Warning

JUser: :_load: Unable to load user with ID: 723


Book Review

Thursday, 19 April 2018

အသက္ ၃၀ မတိုင္ခင္ လူတုိင္းဖတ္သင္႔တဲ႔ ႏိုင္ငံတကာစာအုပ္(၃၀) - အပိုင္း ၂

အသက္ ၃၀ မတိုင္ခင္ လူတုိင္းဖတ္သင္႔တဲ႔ ႏိုင္ငံတကာစာအုပ္(၃၀) - အပိုင္း ၂ google.com

16. David Copperfield by Charles Dickens

အင်္ဂလိပ်စာရေးဆရာကြီး ချားလ် ဒစ်ကင်းစ် ရဲ့ ရှစ်အုပ်မြောက် စာအုပ်ဖြစ်ပြီး၊ ၁၈၅၀ ခုနှစ်မှာ စတင် ထုတ်ခဲ့သည်။ ဒစ်ကင်းစ် ကိုယ်တိုင်က “မိဘအများစုလိုပဲ၊ သားသမီးအများကြီးထဲက တစ်ယောက်ကို အချစ်ဆုံး ဖြစ်တတ်သလို၊ ကျနော်လည်း ရေးသမျှတွေထဲက ဒေးဗစ်ကော်ပါးဖီးလ် ကို အနှစ်သက်ဆုံးပဲ” ဟုဆိုသည်။ ဒေးဗစ်ကော်ပါးဖီးလ် ရုပ်ရှင်၊ တီဗီ၊ ပြဇာတ်များ များစွာရှိပြီး၊ စာရေးဆရာ ဒစ်ကင်းက ဂဏှာမငြိမ်တဲ့ နှလုံးသားကနေ မှားယွင်းမှှု ဖြစ်ပေါ်လာခြင်းကို စောင့်စည်း ထိန်းသိမ်းနိုင်စွမ်းရှိဖို့ တင်ပြထားခြင်း ဖြစ်သည်။

17. Four Quartets by T.S Eliot

ဒုတိယကမ္ဘာစစ်အတွင်း ရေးသားခဲ့တဲ့ ကဗျာစကားပြေ လေးပုဒ်ကို စုပေါင်းထားခြင်းဖြစ်ပြီး၊ မော်ဒန်ခေတ်ရဲ့ အကောင်းဆုံး ကဗျာစကားပြေအဖြစ် သတ်မှတ်ခံရသည်။

18. Catch-22 by Joseph Heller

၁၉၆၁ ခုနှစ်မှာ အမေရိကန် သရော်စာရေး စာရေးဆရာ ဂျိုးဇက် ဟဲလ်လာ ရေးခဲ့တဲ့ ၂၀ ရာစု အကောင်းဆုံး လက်ရာ စာရင်းဝင် စာအုပ်ဖြစ်သည်။ ဗျူရိုကရေစီ စနစ်ကို သရော်ဝေဖန်တဲ့ စာအုပ်ဖြစ်ပြီး၊ စာအုပ်နာမည် Catch-22 မှာ အနောက်နိုင်ငံများတွင် နေ့စဉ်သုံး ဗန်းစကားတစ်ခုအထိ ဖြစ်လာခဲ့သည်။

19. The Great Gatsby by F. Scott Fitzgerald

၁၉၂၀ ပြည့်နှစ်များမှ ဂျက်ဇ် တေးဂီတခေတ်ကို နောက်ခံထားပြီး၊ နာမည်ကျော် ‘အမေရိကန် အိပ်မက်’ ကို တင်ပြထားတဲ့ ဇာတ်လမ်းဖြစ်သည်။ ရင်းနှီးတဲ့ မိတ်ဆွေများစွာရှိတဲ့အနက်၊ မိတ်ဆွေကောင်း အနည်းငယ်က ပိုတန်ဖိုးရှိပုံမှာ စာဖတ်သူများအတွက် သင်ခန်းစာယူစရာ ဖြစ်သည်။ နောက်ပြီး၊ ဘဝမှာ ကိုယ်တန်ဖိုးထားတဲ့ အရာကို ထမြောက်အောင်လုပ်ဖို့ တွန်းအားပေးတဲ့ စာအုပ်ဖြစ်သည်။

20. The Catcher in the Rye by J.D Salinger

အမေရိကန် စာရေးဆရာ ဂျေဒီ ဆလင်းဂျာ က ၁၉၅၁ ခုနှစ် ဆယ်ကျော်သက်များအတွက် ရည်ရွယ်ရေးတဲ့ စာအုပ်ဖြစ်သည်။ ဆယ်ကျော်တို့ရဲ့ အကြောက်၊ စိုးရိမ်သောက၊ အာခံပုန်ကန်လိုစိတ်တို့ရဲ့ အတက်အကျကို ဖော်ပြတဲ့ ဇာတ်လမ်းဖြစ်သည်။ ဆယ်ကျော်သက်တို့ရဲ့ စိတ်နေသဘောထားကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနိုင်တဲ့ စာအုပ်ဖြစ်သည်။

21. Crime and Punishment by Fyodor Dostoyevsky

ကာရာမာဇော့ဗ် ညီအစ်ကိုများ စာအုပ်ရေးသူ၊ ရုရုားစာရေးဆရာ ဒေါ့စတိုယဗ်စကီး က ဆာဘီးယားမှာ ပြည်ပြေး ၅ နှစ်နေပြီးနောက် ရုရှားကိုအပြန်၊ ၁၈၆၆ ခုနှစ်မှာ ရေးခဲ့တဲ့ နာမည်ကြီးစာအုပ်ဖြစ်သည်။ ဆင်းရဲမွဲတေတဲ့ လူငယ်တစ်ဦးရဲ့ စိတ်ဒေါသ၊ ကိုယ့်ကျင့်တရား ပြဿနာနဲ့ ငွေအတွက် လူသတ်လိုမှှုတွေကို ဖော်ပြတဲ့ ဝတ္ထုကောင်း ဖြစ်သည်။

22. The Prince by Niccolo Machiavelli

အာဏာနှင့် နိုင်ငံခေါင်းဆောင်မှှုရဲ့ လျှို့ဝှက်ချက်များကို ဖော်ပြတဲ့ နာမည်ကြီး စာအုပ်ဖြစ်သည်။ နိုင်ငံရေးအာဏာမှသည် ကော်ပိုရေးရှင်းလောကအထိ ရာထူး၊ ဩဇာ၊ နေရာ ရရှိဖို့ ရုန်းကန်ကြိုးစားရာမှာ၊ အီတလီ သမိုင်းနဲ့ ဒဿနပညာရှင်ရဲ့ ၁၅၁၃ ခုနှစ်မှာ စတင်ဖြန့်ခဲ့တဲ့ စာအုပ်ကို လေ့လာဖို့ လိုအပ်နေဆဲပင် ဖြစ်သည်။

23. Walden by Henry David Thorean

ဟင်နရီ ဒေးဗစ် သော်ရိုးက ဒီစာအုပ်ကို ရေးဖို့အတွက် အမေရိကန်၊ မက်ဆာချူးဆတ်စ် ပြည်နယ် ကွန်ကော့ဒ်မြို့ရှိ ဝဲလ်ဒန် ကန်ဘောင်ပေါ်မှာ ရွက်ဖျင်တဲထိုးပြီး နှစ်နှစ်၊ နှစ်လနဲ့ နှစ်ရက် အချိန်ယူ ရေးခဲ့သည်။ လူ့အဖွဲ့အစည်းရဲ့ ဖိအားတွေကနေ အမှန်တကယ် လွတ်မြောက်နိုင်တဲ့ နည်းလမ်းတွေကို တင်ပြထားတဲ့ ဇာတ်လမ်း ဖြစ်သည်။

ဒီစာအုပ်မှ ကျော်ကြားတဲ့ စာသားတစ်ခုကတော့ “လွတ်လပ်စွာ အသက်ရှင်လိုတဲ့ ဆန္ဒနဲ့ ဘဝရဲ့ အရေးပါတဲ့ အချက်တွေကို ရင်ဆိုင်ဖို့အတွက် ငါ တောထဲကို သွားခဲ့တယ်။ ဘာတွေ သင်ယူနိုင်မလဲဆိုတာ ငါကြည့်ခဲ့တယ်။ ဘာမှ သင်ယူစရာ မတွေ့ဘူးဆိုရင်တော့၊ ငါသေခါနီးမှာ ငါရဲ့ ဘဝကို ကောင်းကောင်း မရှင်သန် မနေထိုင်ခဲ့ဘူး ဆိုတာ တွေ့ရလိမ့်မယ်”

24. The Republic by Plato

ဘဝကို ဘယ်လိုနေထိုင်သင့်သလဲ၊ တရားမျှတမှှုကို ဘယ်လိုဆောင်ရွက်သင့်လဲ၊ သူရသတ္တိဆိုတာ ဘာလဲ၊ ခေါင်းဆောင်တွေက ဘယ်လိုဦးဆောင်မှုပေးသင့်သလဲ စတဲ့ အချေအတင် ဆွေးနွေးထားချက်များကို ဂရိဒဿနပညာရှင် ပလေတို က တင်ပြထားခြင်း ဖြစ်သည်။ ပလေတိုက သူ့ဆရာ ဆော့ခရတ္တိ ကို ခေါင်းဆောင်တင် ရေးသားထားပြီး၊ အနောက်တိုင်း နိုင်ငံရေးသီအိုရီကို နားလည်ဖု့ိအတွက် အခြေခံဖြစ်သည်။ ဆရာဇော်ဂျီ က ပလေးတိုးနဒါန်း အဖြစ် မိတ်ဆက်ပေးခဲ့သည်။

25. Lolita by Vladimir Nabokov

ရုရှားစာရေးဆရာ နဘိုကော့ဗ် က ၁၉၅၁ ခုနှစ် ပြင်သစ်မှာ အင်္ဂလိပ်လို ရေးခဲ့ဲ့ပြီး၊ နောက်မှ ရုရှားဘာသာကို ပြန်ခဲ့သည်။ အချစ်၊ ကိုယ်ကျင့်တရား ဖောက်ပြန်မှှုနှင့် ဘဝခံစားချက်များအပေါ် ပဋိပက္ခဖြစ်မှှုကို အမြင်ကျယ်ကျယ် ဖော်ပြထားတဲ့ စာအုပ်ဖြစ်သည်။

26. Getting Things Done by David Allen

အမေရိကန် စာရေးဆရာ ဒေးဗစ်ဒ် အလန် က သူ့စာအုပ်နာမည်အတိုင်း Getting Things Done (GTD) ဆိုတဲ့ အတိုင်ပင်ခံ (consultant) အဖွဲ့တစ်ဖွဲ့ကိုလည်း ထောင်ထားသည်။ သူ့အယူအဆတက လူတစ်ယောက်ဟာ စိတ်ထဲမှာ မှတ်သားထားတဲ့ အရာရာကို ဖယ်ရှားပြီးမှသာ အလုပ်စတင်ဖို့လိုတယ်။ လုပ်ဖို့လိုအပ်တယ်ဆိုပြီး ဖိစီးနေတဲ့ အရာရာကို စိတ်ထဲက ဖယ်ထုတ်ပစ်မှာသာ၊ အောင်မြင်တဲ့လုပ်ငန်းအတွက် အာရုံစူးစိုက်နိုင်မှာ ဖြစ်ကြောင်း တင်ပြထားသည်။

27. How to Win Friends and Influence People by Dale Carnegie

အောင်မြင်ရေး တက်ကျမ်းစာအုပ်များထဲတွင်တော့ အကြီးကျယ်ဆုံး စာအုပ်ဖြစ်သည်။ စီးပွားရေး၊ နိုင်ငံရေ၊ ပုဂ္ဂိုလ်ရေး ဆက်ဆံမှှုများတွင် ကိုယ့်ဖက်ပါအောင် သိမ်းယူစွဲဆောင်နိုင်ဖို့အတွက် အလွယ်တကူ ညွှန်ပြနိုင်တဲ့ စာအုပ်ဖြစ်သည်။ ဦးနုနှင့် ဗမိုးတို့က မြန်မာပြန်ဆိုခဲ့ကြသည်။

28. Lord of the Flies by William Golding

၎င်းစာအုပ်နာမည်နှင့်ပင် ၁၉၆၁ ခုနှစ်တွင် ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့သည်။ လူသားရဲ့ အကြင်နာတရားနဲ့ ဆင်ခြင်တုံတရားနေရာတွင် မင်းမဲ့စရိုက်နဲ့ တိရိစ္ဆာန်စိတ်များ ဝင်လာပြီး၊ ဥပဒေမဲ့ ပတ်ဝန်းကျင် ဖြစ်သွားတဲ့အခါ ရက်စက်ကြမ်းကြုပ်မှှုနဲ့ ကြောက်မယ်ဖွယ် ဖြစ်နိုင်ချေတွေကို တင်ပြထားတဲ့ စာအုပ်ဖြစ်သည်။

29. The Grapes of Warth by John Steinbeck

ဆရာမောင်ထွန်းသူက ‘ဒေါသမာန်’ အမည်ဖြင့် ပြန်ဆိုခဲ့သည်။ ၁၉၃၀ အမေရိကန် စီးပွားရေး အကျပ်အတည်း ကာလမှာ ပြည်တွင်းရွှေ့ပြောင်းမိသားစုများရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် အလုပ်အကိုင် အရူးအမူး ရှာကြပုံကို ဖော်ပြထားတဲ့ ဇာတ်လမ်းဖြစ်သည်။ အမေရိကန် အထက်တန်းကျောင်းများတွင် ဂန္တဝင်စာပေ သင်ကြားရေးအတွက် မကြာခဏ ပြဌာန်းသောစာအုပ် ဖြစ်သည်။

30. The Master and Margarita by Mikhail Bulgakov

ကောင်းမှှုနဲ့ မကောင်းမှှုကြား ပဋိပက္ခလွန်ဆွဲမှှုကို ဖော်ပြရင်း ကွန်မြူနစ်ဆန့်ကျင်ရေး တင်ပြထားတဲ့ ရုရှား ဝတ္ထုဖြစ်သည်။ လောဘ၊ အဂတိလိုက်စားမှှုနဲ့ လိမ်လည်လှည့်စားမှှုများမှာ လူ့သဘာဝနှင့် ဆက်နွယ်နေကြောင်း တင်ပြတဲ့ စာအုပ်လည်း ဖြစ်သည်။ ဆိုဗီယက်ခေတ်ကို သရော်တဲ့ဇာတ်လမ်းဖြစ်ပြီး လန်ဒန်တိုင်းမ်း သတင်းစာက ၂၀ ရာစုရဲ့ အကောင်းဆုံးဝတ္ထုတစ်အုပ်ဖြစ်ကြောင်း ညွှန်းဆိုခဲ့သည်။

Credit: orginal writer

 

(Zawgyi)

16. David Copperfield by Charles Dickens

အဂၤလိပ္စာေရးဆရာႀကီး ခ်ားလ္ ဒစ္ကင္းစ္ ရဲ႕ ရွစ္အုပ္ေျမာက္ စာအုပ္ျဖစ္ၿပီး၊ ၁၈၅၀ ခုႏွစ္မွာ စတင္ ထုတ္ခဲ႔သည္။ ဒစ္ကင္းစ္ ကိုယ္တိုင္က “မိဘအမ်ားစုလိုပဲ၊ သားသမီးအမ်ားႀကီးထဲက တစ္ေယာက္ကို အခ်စ္ဆံုး ျဖစ္တတ္သလုိ၊ က်ေနာ္လည္း ေရးသမွ်ေတြထဲက ေဒးဗစ္ေကာ္ပါးဖီးလ္ ကို အႏွစ္သက္ဆံုးပဲ” ဟုဆိုသည္။ ေဒးဗစ္ေကာ္ပါးဖီးလ္ ရုပ္ရွင္၊ တီဗီ၊ ျပဇာတ္မ်ား မ်ားစြာရွိၿပီး၊ စာေရးဆရာ ဒစ္ကင္းက ဂဏွာမၿငိမ္တဲ႔ ႏွလုံုးသားကေန မွားယြင္းမွႈ ျဖစ္ေပၚလာျခင္းကို ေစာင္႔စည္း ထိန္းသိမ္းႏိုင္စြမ္းရွိဖို႔ တင္ျပထားျခင္း ျဖစ္သည္။

17. Four Quartets by T.S Eliot

ဒုတိယကမၻာစစ္အတြင္း ေရးသားခဲ႔တဲ႔ ကဗ်ာစကားေျပ ေလးပုဒ္ကို စုေပါင္းထားျခင္းျဖစ္ၿပီး၊ ေမာ္ဒန္ေခတ္ရဲ႕ အေကာင္းဆံုး ကဗ်ာစကားေျပအျဖစ္ သတ္မွတ္ခံရသည္။

18. Catch-22 by Joseph Heller

၁၉၆၁ ခုႏွစ္မွာ အေမရိကန္ သေရာ္စာေရး စာေရးဆရာ ဂ်ဳိးဇက္ ဟဲလ္လာ ေရးခဲ႔တဲ႔ ၂၀ ရာစု အေကာင္းဆံုး လက္ရာ စာရင္း၀င္ စာအုပ္ျဖစ္သည္။ ဗ်ဴရိုကေရစီ စနစ္ကို သေရာ္ေ၀ဖန္တဲ႔ စာအုပ္ျဖစ္ၿပီး၊ စာအုပ္နာမည္ Catch-22 မွာ အေနာက္ႏိုင္ငံမ်ားတြင္ ေန႔စဥ္သံုး ဗန္းစကားတစ္ခုအထိ ျဖစ္လာခဲ႔သည္။

19. The Great Gatsby by F. Scott Fitzgerald

၁၉၂၀ ျပည့္ႏွစ္မ်ားမွ ဂ်က္ဇ္ ေတးဂီတေခတ္ကို ေနာက္ခံထားၿပီး၊ နာမည္ေက်ာ္ ‘အေမရိကန္ အိပ္မက္’ ကို တင္ျပထားတဲ႔ ဇာတ္လမ္းျဖစ္သည္။ ရင္းႏွီးတဲ႔ မိတ္ေဆြမ်ားစြာရွိတဲ႔အနက္၊ မိတ္ေဆြေကာင္း အနည္းငယ္က ပိုတန္ဖိုးရွိပံုမွာ စာဖတ္သူမ်ားအတြက္ သင္ခန္းစာယူစရာ ျဖစ္သည္။ ေနာက္ၿပီး၊ ဘ၀မွာ ကိုယ္တန္ဖိုးထားတဲ႔ အရာကို ထေျမာက္ေအာင္လုပ္ဖို႔ တြန္းအားေပးတဲ႔ စာအုပ္ျဖစ္သည္။

20. The Catcher in the Rye by J.D Salinger

အေမရိကန္ စာေရးဆရာ ေဂ်ဒီ ဆလင္းဂ်ာ က ၁၉၅၁ ခုႏွစ္ ဆယ္ေက်ာ္သက္မ်ားအတြက္ ရည္ရြယ္ေရးတဲ႔ စာအုပ္ျဖစ္သည္။ ဆယ္ေက်ာ္တို႔ရဲ႕ အေၾကာက္၊ စိုးရိမ္ေသာက၊ အာခံပုန္ကန္လိုစိတ္တို႔ရဲ႕ အတက္အက်ကို ေဖာ္ျပတဲ႔ ဇာတ္လမ္းျဖစ္သည္။ ဆယ္ေက်ာ္သက္တို႔ရဲ႕ စိတ္ေနသေဘာထားကို ကြက္ကြက္ကြင္းကြင္း ေဖာ္ျပႏိုင္တဲ႔ စာအုပ္ျဖစ္သည္။

21. Crime and Punishment by Fyodor Dostoyevsky

ကာရာမာေဇာ႔ဗ္ ညီအစ္ကိုမ်ား စာအုပ္ေရးသူ၊ ရုရုားစာေရးဆရာ ေဒါ႔စတိုယဗ္စကီး က ဆာဘီးယားမွာ ျပည္ေျပး ၅ ႏွစ္ေနၿပီးေနာက္ ရုရွားကိုအျပန္၊ ၁၈၆၆ ခုႏွစ္မွာ ေရးခဲ႔တဲ႔ နာမည္ႀကီးစာအုပ္ျဖစ္သည္။ ဆင္းရဲမြဲေတတဲ႔ လူငယ္တစ္ဦးရဲ႕ စိတ္ေဒါသ၊ ကိုယ္႔က်င္႔တရား ျပႆနာနဲ႔ ေငြအတြက္ လူသတ္လိုမွႈေတြကို ေဖာ္ျပတဲ႔ ၀တၳဳေကာင္း ျဖစ္သည္။

22. The Prince by Niccolo Machiavelli

အာဏာႏွင္႔ ႏိုင္ငံေခါင္းေဆာင္မွႈရဲ႕ လွ်ဳိ႕၀ွက္ခ်က္မ်ားကို ေဖာ္ျပတဲ႔ နာမည္ႀကီး စာအုပ္ျဖစ္သည္။ ႏိုင္ငံေရးအာဏာမွသည္ ေကာ္ပိုေရးရွင္းေလာကအထိ ရာထူး၊ ဩဇာ၊ ေနရာ ရရွိဖို႔ ရုန္းကန္ႀကိဳးစားရာမွာ၊ အီတလီ သမုိင္းနဲ႔ ဒႆနပညာရွင္ရဲ႕ ၁၅၁၃ ခုႏွစ္မွာ စတင္ျဖန္႔ခဲ႔တဲ႔ စာအုပ္ကို ေလ႔လာဖို႔ လိုအပ္ေနဆဲပင္ ျဖစ္သည္။

 

23. Walden by Henry David Thorean

ဟင္နရီ ေဒးဗစ္ ေသာ္ရိုးက ဒီစာအုပ္ကို ေရးဖို႔အတြက္ အေမရိကန္၊ မက္ဆာခ်ဴးဆတ္စ္ ျပည္နယ္ ကြန္ေကာ႔ဒ္ၿမိဳ႕ရွိ ၀ဲလ္ဒန္ ကန္ေဘာင္ေပၚမွာ ရြက္ဖ်င္တဲထိုးၿပီး ႏွစ္ႏွစ္၊ ႏွစ္လနဲ႔ ႏွစ္ရက္ အခ်ိန္ယူ ေရးခဲ႔သည္။ လူ႔အဖြဲ႔အစည္းရဲ႕ ဖိအားေတြကေန အမွန္တကယ္ လြတ္ေျမာက္ႏိုင္တဲ႔ နည္းလမ္းေတြကို တင္ျပထားတဲ႔ ဇာတ္လမ္း ျဖစ္သည္။

ဒီစာအုပ္မွ ေက်ာ္ၾကားတဲ႔ စာသားတစ္ခုကေတာ႔ “လြတ္လပ္စြာ အသက္ရွင္လိုတဲ႔ ဆႏၵနဲ႔ ဘ၀ရဲ႕ အေရးပါတဲ႔ အခ်က္ေတြကို ရင္ဆိုင္ဖို႔အတြက္ ငါ ေတာထဲကို သြားခဲ႔တယ္။ ဘာေတြ သင္ယူႏိုင္မလဲဆိုတာ ငါၾကည့္ခဲ႔တယ္။ ဘာမွ သင္ယူစရာ မေတြ႔ဘူးဆိုရင္ေတာ႔၊ ငါေသခါနီးမွာ ငါရဲ႕ ဘ၀ကို ေကာင္းေကာင္း မရွင္သန္ မေနထုိင္ခဲ႔ဘူး ဆိုတာ ေတြ႔ရလိမ္႔မယ္”

24. The Republic by Plato

ဘ၀ကို ဘယ္လိုေနထုိင္သင္႔သလဲ၊ တရားမွ်တမွႈကို ဘယ္လိုေဆာင္ရြက္သင္႔လဲ၊ သူရသတိၱဆိုတာ ဘာလဲ၊ ေခါင္းေဆာင္ေတြက ဘယ္လိုဦးေဆာင္မႈေပးသင္႔သလဲ စတဲ႔ အေခ်အတင္ ေဆြးေႏြးထားခ်က္မ်ားကို ဂရိဒႆနပညာရွင္ ပေလတို က တင္ျပထားျခင္း ျဖစ္သည္။ ပေလတိုက သူ႔ဆရာ ေဆာ႔ခရတၱိ ကို ေခါင္းေဆာင္တင္ ေရးသားထားၿပီး၊ အေနာက္တုိင္း နိုင္ငံေရးသီအိုရီကို နားလည္ဖု႔ိအတြက္ အေျခခံျဖစ္သည္။ ဆရာေဇာ္ဂ်ီ က ပေလးတိုးနဒါန္း အျဖစ္ မိတ္ဆက္ေပးခဲ႔သည္။

25. Lolita by Vladimir Nabokov

ရုရွားစာေရးဆရာ နဘိုေကာ႔ဗ္ က ၁၉၅၁ ခုႏွစ္ ျပင္သစ္မွာ အဂၤလိပ္လို ေရးခဲ႔ဲ႔ၿပီး၊ ေနာက္မွ ရုရွားဘာသာကို ျပန္ခဲ႔သည္။ အခ်စ္၊ ကိုယ္က်င္႔တရား ေဖာက္ျပန္မွႈႏွင္႔ ဘ၀ခံစားခ်က္မ်ားအေပၚ ပဋိပကၡျဖစ္မွႈကို အျမင္က်ယ္က်ယ္ ေဖာ္ျပထားတဲ႔ စာအုပ္ျဖစ္သည္။

26. Getting Things Done by David Allen

အေမရိကန္ စာေရးဆရာ ေဒးဗစ္ဒ္ အလန္ က သူ႔စာအုပ္နာမည္အတိုင္း Getting Things Done (GTD) ဆိုတဲ႔ အတိုင္ပင္ခံ (consultant) အဖြဲ႔တစ္ဖြဲ႔ကိုလည္း ေထာင္ထားသည္။ သူ႔အယူအဆတက လူတစ္ေယာက္ဟာ စိတ္ထဲမွာ မွတ္သားထားတဲ႔ အရာရာကို ဖယ္ရွားၿပီးမွသာ အလုပ္စတင္ဖို႔လိုတယ္။ လုပ္ဖို႔လိုအပ္တယ္ဆိုၿပီး ဖိစီးေနတဲ႔ အရာရာကို စိတ္ထဲက ဖယ္ထုတ္ပစ္မွာသာ၊ ေအာင္ျမင္တဲ႔လုပ္ငန္းအတြက္ အာရံုစူးစိုက္ႏိုင္မွာ ျဖစ္ေၾကာင္း တင္ျပထားသည္။

27. How to Win Friends and Influence People by Dale Carnegie

ေအာင္ျမင္ေရး တက္က်မ္းစာအုပ္မ်ားထဲတြင္ေတာ႔ အႀကီးက်ယ္ဆံုး စာအုပ္ျဖစ္သည္။ စီးပြားေရး၊ ႏိုင္ငံေရ၊ ပုဂၢိဳလ္ေရး ဆက္ဆံမွႈမ်ားတြင္ ကိုယ္႔ဖက္ပါေအာင္ သိမ္းယူစြဲေဆာင္ႏိ္ုင္ဖုိ႔အတြက္ အလြယ္တကူ ညႊန္ျပႏိုင္တဲ႔ စာအုပ္ျဖစ္သည္။ ဦးႏုႏွင္႔ ဗမိုးတို႔က ျမန္မာျပန္ဆိုခဲ႔ၾကသည္။

28. Lord of the Flies by William Golding

၄င္းစာအုပ္နာမည္ႏွင္႔ပင္ ၁၉၆၁ ခုႏွစ္တြင္ ရုပ္ရွင္အျဖစ္ ရိုက္ကူးခဲ႔သည္။ လူသားရဲ႕ အၾကင္နာတရားနဲ႔ ဆင္ျခင္တံုတရားေနရာတြင္ မင္းမဲ႔စရိုက္နဲ႔ တိရိစာၦန္စိတ္မ်ား ၀င္လာၿပီး၊ ဥပေဒမဲ႔ ပတ္၀န္းက်င္ ျဖစ္သြားတဲ႔အခါ ရက္စက္ၾကမ္းၾကဳပ္မွႈနဲ႔ ေၾကာက္မယ္ဖြယ္ ျဖစ္ႏိုင္ေခ်ေတြကို တင္ျပထားတဲ႔ စာအုပ္ျဖစ္သည္။

29. The Grapes of Warth by John Steinbeck

ဆရာေမာင္ထြန္းသူက ‘ေဒါသမာန္’ အမည္ျဖင္႔ ျပန္ဆိုခဲ႔သည္။ ၁၉၃၀ အေမရိကန္ စီးပြားေရး အက်ပ္အတည္း ကာလမွာ ျပည္တြင္းေရႊ႕ေျပာင္းမိသားစုမ်ားရဲ႕ အသက္ရွင္ရပ္တည္ေရးအတြက္ အလုပ္အကိုင္ အရူးအမူး ရွာၾကပံုကို ေဖာ္ျပထားတဲ႔ ဇာတ္လမ္းျဖစ္သည္။ အေမရိကန္ အထက္တန္းေက်ာင္းမ်ားတြင္ ဂႏၱ၀င္စာေပ သင္ၾကားေရးအတြက္ မၾကာခဏ ျပဌာန္းေသာစာအုပ္ ျဖစ္သည္။

30. The Master and Margarita by Mikhail Bulgakov

ေကာင္းမွႈနဲ႔ မေကာင္းမွႈၾကား ပဋိပကၡလြန္ဆြဲမွႈကို ေဖာ္ျပရင္း ကြန္ျမဴနစ္ဆန္႔က်င္ေရး တင္ျပထားတဲ႔ ရုရွား ၀တၳဳျဖစ္သည္။ ေလာဘ၊ အဂတိလုိက္စားမွႈနဲ႔ လိမ္လည္လွည့္စားမွႈမ်ားမွာ လူ႔သဘာ၀ႏွင္႔ ဆက္ႏြယ္ေနေၾကာင္း တင္ျပတဲ႔ စာအုပ္လည္း ျဖစ္သည္။ ဆုိဗီယက္ေခတ္ကို သေရာ္တဲ႔ဇာတ္လမ္းျဖစ္ၿပီး လန္ဒန္တိုင္းမ္း သတင္းစာက ၂၀ ရာစုရဲ႕ အေကာင္းဆံုး၀တၳဳတစ္အုပ္ျဖစ္ေၾကာင္း ညႊန္းဆိုခဲ႔သည္။

Credit: orginal writer

Read times Last modified on Wednesday, 08 January 2020 15:25
Rate this articles
(0 votes)