×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Thursday, 26 July 2018

McGill University မှာ ကျောင်းတက်လိုသူများအတွက်

McGill University မှာ ကျောင်းတက်လိုသူများအတွက် google.com

McGill University ဟာ ကနေဒါ နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ Montreal မြို့မှာ တည်ရှိပြီး 1821 ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်။ McGill University ဟာ QS World Ranking အရ ကနေဒါနိုင်ငံတွင် အဆင့်(၂) တွင်ရှိပြီး ကမ္ဘာပေါ်တွင် အဆင့် (၃၂) မှာရပ်တည်လျှက်ရှိတဲ့ ကမ္ဘာ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။


McGill University မှာ Religions ၊ Agriculture & Environmental Science၊ Arts ၊ Dentistry ၊ Education ၊ Engineering ၊ Law ၊ Management ၊ Medicine ၊ Music ၊ Nursing ၊ Physical and Occupational Therapy ၊ Science စတဲ့ Programme တွေသင်ကြားနိုင်ပြီး Arts ၊ Science ၊ Medicine ၊ Engineering နဲ့ Management Programme တွေကတော့ ကျောင်းသားအများစုရွေးချယ်တဲ့ ဘာသာရပ်ဖြစ်ပါတယ်။


McGill University မှာ

(1) Main Campus

(2) Mcdonald Campus စတဲ့ Campus (၂) ခုရှိပါတယ်။


McGill Main Campus ကတော့ ကမ္ဘာပေါ်မှာလှတဲ့ Campus များထဲကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။


McGill University မှ ကျောင်းသားများအတွက် လုံခြုံရေး နဲ့ နေထိုင်ရေး ဝန်ဆောင်မှုတွေကိုလည်း အဓိကထားဆောင်ရွက်ပေးနေပါတယ်။


McGill University မှ Nobel Laureates (၁၂) ဦး၊ Rhodes Scholar ရရှိသူ (၁၄၄) ဦး၊ ကနေဒါဝန်ကြီးချုပ် (၃) ဦး ၊ နိုင်ငံခြားခေါင်းဆောင် (၄) ဦး၊ နိုင်ငံခြားသံအမတ် (၂၈) ဦး၊ အော်စကာဆုရသူ (၉) ဦး၊ ဂရမ်မီဆုရသူ (၁၁) ဦး နှင့် အစိုးရနိုင်ငံခေါင်းဆောင်များ ပညာသင်ကြားခဲ့ကြပါတယ်။


McGill university မှ ဘွဲ့ရအလုပ်အကိုင်ရရှိမှုနှုန်းက ကမ္ဘာပေါ်မှာ အဆင့် (37) တွင်ရပ်တည်လျှက်ရှိပါတယ်။ မြန်မာကျောင်းသားတွေ အနေနဲ့ ရွေးချယ်သင့်တဲ့တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။ McGill University မှ စိတ်ဝင်စားဖို့ကောင်းတဲ့ အားကစား၊ အစားအသောက်နဲ့ ဖျော်ဖြေမှု တွေကိုလည်း တွေ့ရမှာဖြစ်ပြီး အသင်းအဖွဲ့လိုက် လူမှုရေး လှုပ်ရှားမှုများ၊ အားကစားပွဲများ၊ ပြတိုက်လေ့လာခြင်းများနဲ့အတူ မိမိအချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ပါတယ်။


ကျောင်းတက်ရင်း အချိန်ပိုင်း အလုပ်ကို ၁ ပတ်ကို နာရီ (၂၀) လုပ်ကိုင်နိုင်ပါတယ်။ လူနေမှုအဆင့်အတန်း မြင့်မားကောင်းမွန်တဲ့ နိုင်ငံမှာ ကျောင်းလခနဲ့ နေထိုင်စားသောက်စရိတ်က အမေရိကားနဲ့ ယူကေတို့ထက်သက်သာပြီး McGill University မှာကမ္ဘာ့အဆင့်မှီပညာရေးကို သင်ကြားနိုင်တာကြောင့် ကျောင်းသားတွေအနေနဲ့ရွေးချယ်သင့်ပါတယ်။

 

Recommended for you - မကွေးတက္ကသိုလ်မှ (day) မေဂျာအမှတ်များ


McGill University တက်ရောက်ဖို့အတွက်ပြင်ဆင်ရာမှာ OSSD Program (Pre University) ဟာအကောင်းဆုံး foundation programme ပဲဖြစ်ပါတယ်။ OSSD (Ontario Secondary School Diploma) ဟာ Canada နိုင်ငံ Ministry of Education ကနေတရားဝင်ပေးအပ်တဲ့ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်ဖြစ်ပြီး တက္ကသိုလ်ရောက်တဲ့အခါအောင်မြင်တဲ့ကျောင်းသားတစ်ယောက်ဖြစ်စေရန် လိုအပ်တဲ့အရည်အချင်းတွေကို ဖြည့်ဆည်းပေးတဲ့ programme ကောင်းဖြစ်ပါတယ်။


သင်ရိုးညွှန်းတမ်းများမှာ ကနေဒါနိုင်ငံမှ ရေးဆွဲတဲ့သင်ရိုးညွှန်းတမ်း ဖြစ်ပြီး ကနေဒါမှစစ်ဆေးသော စာမေးပွဲကို ဖြေဆိုရမှာဖြစ်တဲ့အတွက် ကျောင်းသားကျောင်းသူများ၏အရည်အသွေးကို စဉ်ဆက်မပြတ်တိုင်းတာနိုင်မှာ ဖြစ်ပါတယ်။ OSSD University Foundation Programme ကို ပြည်တွင်းမှာ (၈ လ - ၁၂ လ ) ကြာတက်ရောက်ရမှာဖြစ်ပါတယ်။ OSSD ကိုအောင်မြင်ပြီးပါက USA, Canada, Australia, New Zealand နှင့် Singapore နိုင်ငံတွေမှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ foundation အတန်းတက်ရန်မလိုပဲ direct admission နဲ့ first year ကိုတိုက်ရိုက်တက်ရောက်နိုင်မှာဖြစ်ပါတယ်။


OSSD University Foundation Programme ကို ယခင်က ကနေဒါနိုင်ငံမှာသာ တက်ရောက်နိုင်ပြီး ယခုချိန်မှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ Canadian International College မှာ တက်ရောက်နိုင်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တက်ရောက်နိုင်ခြင်းရဲ့ အားသာချက်ကတော့ ကုန်ကျစရိတ်တစ်ဝက်သက်သာနိုင်တဲ့အပြင် နိုင်ငံတကာပညာရေးစံချိန်စံညွှန်းတွေအတိုင်း ကောင်းမွန်စွာပြင်ဆင်ပေးလိုက်နိုင်မှာပဲ ဖြစ်ပါတယ်။


အသေးစိတ်သိရှိလိုပါက -

Canadian International College

အမှတ် (22) မြေညီထပ်၊ မိုးမြင့်စံကွန်ဒို၊ မကြီးကြီးလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
ဖုန်း - 09784065050, 09784064040 ကို ဆက်သွယ်စုံစမ်းဖို့ ဖိတ်ခေါ်အပ်ပါတယ်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

 

Recommended for you - စမတ်ကျထက်မြက်တဲ့ ဘေဘီလေးတွေဖြစ်စေနိုင်မယ့် နည်းလမ်း ၆ သွယ်

 

Recommended for you - အခမဲ့သင်ကြားပေးမည့် စင်ကာပူ-မြန်မာ သက်မွေးသင်တန်းကျောင်းမှ လျှောက်လွှာခေါ်ယူပြီ

 

Credit; Canadian International College - Myanmar

Read times Last modified on Friday, 10 January 2020 11:15
Rate this articles
(1 Vote)