×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 15 August 2018

ကိုရီးယားတက္ကသိုလ်သို့ ပညာသင်ဆု လျှောက်ထားနိုင်

ကိုရီးယားတက္ကသိုလ်သို့ ပညာသင်ဆု လျှောက်ထားနိုင် google.com

ကိုရီးယားနိုင်ငံအစိုးရ၏ ပညာသင်ဆုအစီအစဉ် (Korea Government Scholarship Program - KGSP) ဖြင့် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ ကိုရီးယားတက္ကသိုလ်များတွင် ဖွင့်လှစ်မည့် Korean Government Scholarship Program - KGSP Graduate School Programs သင်တန်းသို့ အရည်အချင်း ပြည့်မီသူများ လျှောက်ထားနိုင်ပါကြောင်း ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးက ရည်ညွှန်းချက်ပါစာဖြင့် အကြောင်းကြားလာပါသည်။


သို့ဖြစ်ပါ၍ လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ အချက်အလက်များအား သိရှိဆောင်ရွက်နိုင်ပါရန်နှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်/ ကောလိပ်များအနေဖြင့် လျှောက်ထားသည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့် ၎င်းတို့၏ လျှောက်လွှာအပြည့်အစုံ (၄)စုံ စီကို ဤဦးစီးဌာန သို့ (၂၉-၁၀-၂၀၁၈)ရက်နေ့ အရောက်ပေးပို့ လျှောက်ထားကြရန် အကြောင်းကြားပါသည်။


(က) သက်ဆိုင်ရာ Website: http://graduate2.korea.ac.kr သို့ ဝင်ရောက်ပြီး အစီအစဉ်ဆိုင်ရာ အသေးစိတ်အချက်အလက်များ ကြည့်ရှု၍ လျှောက်လွှာရယူ လျှောက်ထားနိုင်ပါသည်။


(ခ) ကိုရီးယားတက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်း တက်ရောက်လိုသည့် ကျောင်းသားများသည် သက်ဆိုင်ရာနိုင်ငံများရှိ ကိုရီးယားသံရုံး၏ ထောက်ခံချက်ဖြင့် လည်းကောင်း၊ ကိုရီးယားသံရုံးမှ လည်းကောင်း၊ သတ်မှတ်ထားသည့် တက္ကသိုလ်သို့လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါကြောင်း၊


(ဂ) ပညာသင်ဆု လျှောက်လွှာများ စိစစ်ရွေးချယ်ခြင်းနှင့် လူတွေ့စစ်ဆေးခြင်းကို ၂၀၁၉ ခုနှစ် မေလတွင် ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊


(ဃ) ရွေးချယ်ခံရသည့် သင်တန်းသားအတွက် အသွား/အပြန် လေယာဉ်စရိတ်၊ လစဉ် ထောက်ပံ့ကြေး ကိုရီးယားဝမ်ကိုးသိန်းတို့အား ကိုရီးယားအစိုးရမှ ထောက်ပံ့ပေးမည် ဖြစ်ပါကြောင်း၊


(င) သင်တန်းကြေး (Tuition Fees) အား National Institute for International Education (NITED) မှ ထောက်ပံ့ပေးမည် ဖြစ်ပါကြောင်း၊


(စ) ပညာသင်ရွေးချယ်ခံရသည့် အမည်စာရင်းကို http://www.studyinkorea.go.kr ၌ ၂၀၁၉ ခုနှစ် ဇွန်လတွင် ကြေညာသွားမည် ဖြစ်ပါကြောင်း၊

 

Recommended for you - အဝေးသင်တက္ကသိုလ်စာမေးပွဲများ အောက်တိုဘာ ၂ ရက်တွင် ကျင်းပမည်


Korea University မှ ကိုရီးယားသမ္မတနိုင်ငံအစိုးရ၏ ပညာသင်ဆု အစီအစဉ်သို့ ဝင်ရောက်လျှောက်ထားနိုင်ကြောင်း ပေးပို့ထားသည့် အကြောင်းကြားစာနှင့် အစီအစဉ်များ သိရှိနိုင်ပါရန်နှင့် လိုအပ်သကဲ့သို့ ဆက်လက်ဆောင်ရွက်နိုင်ပါရန် ထိုစာနှင့်အတူ ပူးတွဲပေးပို့အပ်ပါသည်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

Recommended for you - သြစတြေးလျမှပေးအပ်မယ့်ဘွဲ့ကို စင်ကာပူရှိ James Cook University တွင် တက်ရောက်နိုင်

 

Recommended for you - ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ လျှောက်ထားနိုင်

 

Credit; EDGE

Read times Last modified on Saturday, 11 January 2020 10:23
Rate this articles
(1 Vote)