×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Tuesday, 04 April 2017

"ကမ္ဘာ့ဥာဏ်ရည် အကောင်းဆုံးသော လူသားများ"

"ကမ္ဘာ့ဥာဏ်ရည် အကောင်းဆုံးသော လူသားများ" Google.com

၁. Terence Tao (IQ of 230)

Terence Tao က ဥာဏ်ရည်အဆင့် သတ်မှတ်ချက်က ၂၃၀အထိ ရှိပြီး ကမ္ဘာ့ဥာဏ်ရည်အမြင့်ဆုံး ဖြစ်ပြီး သြစတြေးလျနွယ်ဖွား တရုတ်-အမေရိကန်သင်္ချာပညာရှင် တစ်ဦး ဖြစ်ပါတယ်။

Terence Tao1

သူက လေ့လာဆန်းစစ်မှု၊ ညီမျှခြင်းများ၊ ပေါင်းခြင်း၊ ထပ်ဖြည့်ခြင်း၊ မျှချေတွက်ချက်မှုတွေ အပါအ၀င် Ergodic Ramsey သီအိုရီ၊ Random matrix သီအိုရီ၊ Analytic number သီအိုရီစတဲ့ သီအိုရီပေါင်းများစွာ ကိုလည်း ရှာဖွေတွေ့ရှိထားသူ ဖြစ်ပါတယ်။

သူဟာ University of California လော့စ်အိန်ဂျလိစ်ရဲ့ အသက်အငယ်ဆုံး ပါမောက္ခ တစ်ဦးလည်းဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှာ ရွှံ့စေနဲ့ပတ်သက်ပြီး သုတေသနဆုကို ရရှိခဲ့ပြီး ၂၀၀၂ခုနှစ်မှာ Bôcher Memorial Prize ၊၂၀၀၀ ခုနှစ်မှာ Salem Prize တို့ကိုလည်း ရရှိထားသူဖြစ်ပါတယ်။

၂. Christopher Hirata (IQ of 225)

22

Christopher Hirata ဟာ အသက်၁၃နှစ်မှာပင် နိုင်ငံတကာရူပဗေဒပညာရပ် ဆိုင်ရာ အိုလံပစ်ပြိုင်ပွဲမှာ waveနဲ့ ပတ်သက်ပြီး ရွှေတံဆိပ်ဆုရရှိခဲ့သူဖြစ်ပါတယ်။

အသက် ၁၆နှစ်မှာတော့ NASAရဲ့ မားစ်ဂြိုလ်လေ့လာရေး မစ်ရှင်မှာ ပါဝင်ခွင့်ရသူပါ။ အသက်၂၂နှစ်အရွယ်မှာ Princeton University ကနေ Ph.Dဘွဲ့ ရရှိခဲ့ပါတယ်။

အခုတော့ Hirata ဟာ California Institute of Technology (CIT) မှာ astrophysics ဘာသာရပ် (ကြယ်၊ ဂြိုလ်တွေရဲ့ရူပ၊ ဓာတုဆိုင်ရာဖွဲ့စည်းပုံလေ့လာခြင်း၊ နက္ခတ္တဗေဒရဲ့ဘာသာရပ်ခွဲ) ကိုသင်ကြားပေးနေပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၃. Kim Ung-Yong (IQ of 210)

33

Kim Ung-Yong ဟာ ကိုရီးယားနိုင်ငံသား မြို့ပြအင်ဂျင်နီယာတစ်ဦးဖြစ်ပါတယ်။ သူ့အသက် ၆လမှာ ကတည်းက ကိုရီးယားဘာသာစကားကို နားလည်ပြီး ပြောနိုင်နေပါပြီ။

အသက် ၃နှစ် အရွယ်မှာ ကိုရီးယား၊ ဂျပန်၊ ဂျာမန်နဲ့ အင်္ဂလိပ်ဘာသာစကားတွေကို လေ့လာ ဖတ်ရှုနိုင်နေပါပြီ။ ဒါ့အပြင် ဂျပန်ရုပ်သံကနေ တိုက်ရိုက် ထုတ်လွှင့်တဲ့ ရှုပ်ထွေးတဲ့ calculus သင်္ချာပုစ္ဆာတွေကိုလည်း ဖြေရှင်းနိုင်ပါသေးတယ်။

၎. Dr. Evangelos Katsioulis (IQ of 198)

44

ဂရိနိုင်ငံသား Dr. Evangelos Katsioulis ဟာ ဆေးဘက် ဆိုင်ရာဆရာဝန်နဲ့စိတ်ရောဂါ အထူးကု ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။

The World Intelligence Network (WIN)ရဲ့ တည်ထောင်သူဖြစ်ပါတယ်။

ဒေါက်တာ Katsioulis ဟာ International organization of high IQ societies and of the organization AAAA.GR ရဲ့တည်ထောင်သူလည်းဖြစ်ပြီး အဲဒီအဖွဲ့အစည်းဟာ ဥာဏ်ရည်မြင့်သူတွေကို စူးစမ်းရှာဖွေဖော်ထုတ်ပြီး ပံ့ပိုးပေးနေတဲ့ ဂရိနိုင်ငံရဲ့ပထမဆုံး ပရဟိတ စွန့်ဦးတီထွင် အဖွဲ့အစည်းလည်းဖြစ်ပါတယ်။

နောက်ထပ်ထူးခြားတာက ဒေါက်တာ Katsioulis ဟာ ပန်းချီဆွဲကောင်း သူတစ်ယောက်ဖြစ်ပြီး အတော်အသင့်ထူးချွန်တဲ့ ရေကူးသမားတစ်ယောက်လည်းဖြစ်ပါတယ်။

၅. Christopher Langan (IQ of 195)

55

Christopher Langan ဟာ အမေရိကန် နိုင်ငံသားတစ်ဦးဖြစ်ပြီး ဥာဏ်ရည်အဆင့်အတန်း ၂၁၀ နဲ့ ၁၉၅ ကြားမှာ ရှိပါတယ်။

သူဟာ အသက် ၆လ အရွယ်ကတည်းက စကား စပြောခဲ့ပြီး အသက် ၃နှစ်အရွယ်မှာတော့ စာဖတ်ခြင်းကို self-study အဖြစ် ကိုယ်တိုင်လေ့လာသင်ယူခဲ့တာပါ။

သူကိုယ်တိုင် ခေါ်တွင်စေခဲ့တဲ့ Cognitive-Theoretic Model of the Universe (CTMU) ဆိုတဲ့ သိစိတ်နဲ့ မသိစိတ်ရဲ့ ဆက်စပ်နေမှုသီအိုရီကို ရှာဖွေတွေ့ရှိခဲ့သူလည်းဖြစ်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

source: shwemom

Read times Last modified on Saturday, 28 December 2019 11:33
Rate this articles
(5 votes)