ဘဝမှာစိတ်ချမ်းသာချင်ကြတယ်၊ ကြီးပွားတိုးတက်အောင်မြင်လိုကြတယ်ဆိုတာ လူတိုင်းလိုလိုရဲ့ ဆန္ဒတွေဖြစ်ပါတယ်။
စီးပွားရေး၊လူမှုရေးကိစ္စအရပ်ရပ်မှာအောင်မြင်မှုသရဖူဆောင်းနိုင်ဖို့ရာ ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးတွေရှိဖို့လိုအပ်ပါတယ်။
ထို့ကြောင့်သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေအရာထင်ဖို့ရာ ဒီလိုအချက်တွေကိုလိုက်နာကြည့်ပါဦး။
ကာလတိုရည်မှန်းချက်
လူတိုင်းလိုလိုမှာမြင့်မားတဲ့ရည်မှန်းချက်ရှိနေကြတယ်ဆိုပေမဲ့ ကာလတိုရည်မှန်းချက်လေးတွေလည်း ထားသင့်ပါတယ်။
ရေတိုရည်မှန်းချက်လေးတွေက များကောင်းများနေနိုင်ပေမဲ့ တကယ်တမ်းအောင်မြင်ပြီး မြောက်သွားတဲ့ အခါမှာပျော်ရွှင်ရမှာပါ။ ဒါကြောင့် မကြာခဏစိတ်အားတက်ကြွနေစေနိုင်မှာလည်းဖြစ်ပါတယ်။
ကိုယ်ပိုင်လွတ်လပ်တဲ့အချိန်
နေစဉ်နေ့တိုင်းဟာ အိပ်မယ် စားမယ် အလုပ်သွားမယ်နဲ့သံသရာလည်နေကြတာ များပါတယ်။ ဒီလိုနဲ့ပဲ ကမ္ဘာကြီးက လည်ပတ်နေတာပါ။ အလုပ်တွေလူမှုရေးတွေနဲ့ချည်းစိတ်ဖိစီးမွန်းကျပ်နေတာမျိုးမဟုတ်ပဲ ကိုယ်ပိုင်အချိန်လေးရအောင်ယူသင့်ပါတယ်။
စိတ်ချမ်းသာပျော်ရွှင်အောင်နေထိုင်ခြင်းဖြင့် ဘဝကို ဟန်ချက်ညီညီနဲ့ ထိန်းကျောင်းနိုင်အောင် ကြိုးစားသင့်ပါတယ်။
သူငယ်ချင်းအစစ်အမှန်
လူဆိုတာတစ်ယောက်တည်းမနေဘဲအစုအဖွဲ့နဲ့နေတဲ့သူတွေဖြစ်ပါတယ်။ လူပေါင်းများစွာထဲကမှ ကိုယ့်အပေါ်စိတ်ရင်းအမှန်နဲ့ချစ်ခင်တဲ့သူ ရှိဖို့လိုအပ်ပါတယ်။
သင့်ရဲ့အခက်အခဲတွေပြဿနတွေ မှန်သမျှကိုမခြွင်းမချန် ရင်ဖွင့်တိုင်ပင်လို့ရတဲ့သူရှိနေတာကလုံခြုံပြီး စိတ်ချမ်းသာစရာကောင်း ပါတယ်။ အဲ့ဒီတော့သူငယ်ချင်းကောင်းတွေရှိဖို့ကလည်း လိုအပ်တာပါပဲ။
ကိုယ့်ကိုကိုယ်ဂရုစိုက်ခြင်း
သင့်ရဲ့ အကောင်းဆုံးလုပ်ဆောင်ချက်တွေ တိုးတက်မှုတွေကိုရရှိနိုင်ဖို့ဆိုရင် ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့ လိုပါမယ်။ဘာကြောင့်လဲဆိုရင် သင့်ရဲ့ စိတ်ချမ်းသာပျော်ရွှင်နေခြင်းကနေ လုပ်ငန်းခွင်အတွင်းတိုးတက်မှုတွေ လူမှုဆက်ဆံရေးကောင်းမွန်မှုတွေကို ပေါက်ဖွားလာနိုင်ပါတယ်။
ဒါတွေကဆက်စပ်နေတာကြောင့် သင့်ကိုယ်သင် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာတွေအပြင် ကျန်းမာရေးကောင်းမွန်ဖို့စတာတွေကို ဦးစားပေးအနေနဲ့ ဂရုစိုက်လိုက်ပါ။
Refrence:thoughtsabove