ကျွန်တော်တို့တွေဟာ ငယ်ငယ်ကတည်းက အခုချိန်ထိ နောက်မကျဖူးသူ မရှိပါဘူး။
အိပ်ရာထနောက်ကျလို့၊ အိမ်အလုပ်တွေ လုပ်နေရလို့ ဆိုတဲ့အကြောင်းပြချက်တွေ အမျိုးမျိုးရှိကြပါတယ်။
ဒါပေမယ့် နောက်ကျတဲ့အပြုအမှုက မကောင်းဘူးဆိုတာ ကျွန်တော်တို့တွေ သိထားရပါမယ်။
ကျောင်းတုန်းကနောက်ကျရင်တော့ အဆူခံအရိုက်ခံရတာလောက်နဲ့ ပြီးသွားပေမယ့် အသက်ကြီးလာလို့ ရုံးဝန်ထမ်းဖြစ်လာတဲ့ အခါမှာတော့ နောက်ကျတယ်ဆိုရင် အနည်းငယ် ထိခိုက်နစ်နာရတာတွေရှိလာပါပြီး ဒီတော့ အလုပ်နောက်မကျအောင် ဘယ်လို ပြင်ဆင် မလဲဆိုတာကို တူတူ လေလ့လာကြည့်ရအောင်…
၁။ နောက်နေ့အချိန်ဇယားမှာ အရေးကြီးတာ ဘာလုပ်စရာရှိလဲဆိုတာကို သတိပြုပါ။ ဒီလိုအရေးကြီးတဲ့ ကိစ္စတွေက သင့် တစ်ယောက် ထဲမှာ ရှိတာမဟုတ်လို့ ကြိုတင်ပြင်ဆင်ပြီး အလုပ်အတွက် ပြင်ဆင်ထားပါ။
၂။ အိပ်ရာဝင်နောက်ကျတတ်တာမျိုး၊ ညဘက် Night out ထွက်တာမျိုးတွေကို ရှောင်သင့်ပါတယ်။ ညဘက်အိပ်မပျော်လို့ အိပ်ရာ ဝင်နောက်ကျတတ်တဲ့သူဆိုရင် အရက်ကောင်းတစ်ခွက် မှီဝဲသင့်ပါတယ်။ အရက်ကောင်းတစ်ခွက်က သင့်ကို ကောင်းစွာ အိပ်စက် စေနိုင်ပါတယ်။
၃။ နေ့လည်စာအတွက်ကို ညကတည်းက ပြင်ဆင်ထားသင့်ပါတယ်။ ပြီးတော့အိမ်ကနေပဲ ယူသွားနိုင်အောင်လုပ်ပါ။
၎။ အလုပ်မှာလိုအပ်တဲ့ စာရွက်စာတမ်း၊ ပစ္စည်းတွေကိုတော့ မနက်ရုံးသွားချိန်တပါးတည်း ယူဆောင်သွားနိုင်ဖို့ ညကတည်းက ပြင်ဆင်ပြီး မနက်ခင်း အလုအယက်အပြေးအလွှား လုပ်ဆောင်ရတဲ့ အချိန်ကိုဖယ်ရှားလိုက်ပါ။ ဒီလိုပြင်ဆင်ထားတဲ့အတွက် ရုံးချိန် နောက်ကျမှာကို စိတ်ပူနေစရာမလိုတော့ပါဘူး။
၅။ နှိုးစက်ပေးထားပါ။ မနက်နှိုးစက်မြည်တာကို ပိတ်ပြီး တစ်မှေးလောက်ပြန်မှေးတတ်တဲ့ အကျင့်ကိုလည်း ဖျောက်ပါ။ မိနစ် အနည်းငယ် မှေးတယ်ဆိုပေမယ့် အချိန်အကြာကြီး အိပ်ပျော်သွားနိုင်တာကိုလည်း သတိရပါ။
၆။ အိမ်အလုပ်တွေကို မနက်ခင်းမှထပြီး ဝရုန်းသုန်းကားမလုပ်ပါနဲ့။ ဒါကအလုပ်မတွင်ကျယ်တဲ့အပြင် ရုံးနောက်ကျဖို့ ဖြစ်လာနိုင် ပါသေးတယ်။ ဖြစ်နိုင်မယ်ဆို ညဘက်ကတည်းက အကုန်လုပ်ထားပါ။ ပြီးရင်ရုံးသွားရင် ဝတ်ဖို့ အဝတ်အစား အသုံးအဆောင် ပစ္စည်းတွေ ကိုလဲ စဉ်းစားထားပြီး တစ်ခါတည်း အပြင်ထုတ်ထားပါ။ အိမ်သော့၊ ကားသော့ကိုလည်း မြင်သာထင်သာတဲ့နေရာမှာ ထားပြီး သော့ရှာပြီး ကုန်ဆုံးရမယ့်အချိန်တွေကို ဖယ်ထုပ်လိုက်ပါ။
၇။ အိမ်အလုပ်တွေဆိုတာ သူ့အလုပ်၊ ကိုယ့်အလုပ်ခွဲခြားထားတာမဟုတ်လို့ သင့်ရဲ့အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေကိုလည်း ကူညီ လုပ်ကိုင်ဖို့ အကူအညီတောင်းပါ။
၈။ သင့်ရဲ့ကားက ဆီမရှိပဲမောင်းလို့မရပါဘူး။ ရုံးသွားမှ ဆီဆိုင်ဝင်ဖြည့်တာတွေ မလုပ်ပဲ ပိတ်ရက်တွေမှာ ကားကိုစစ်ဆေးတာ၊ ဆီဖြည့် တာကို လုပ်ထားပါ။ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး သင့်အိတ်ကပ်ထဲက အပိုငွေတွေကို အပြင်မထွက်ပါစေနဲ့။
၉။ ရုံးသွားတော့မယ်ဆို ယာဉ်ကြောကိုလေ့လာထားဖို့လည်းလိုပါတယ်။ ပြီးတော့ ရုံးတက်ချိန်ထက်စောနိုင်သမျှစောထွက်ပါ။ နောက်ကျလို့ ယာဉ်ကြောပိတ်တယ်ဆိုရင် စိတ်လောနေတာကြောင့် ယာဉ်မတော်တဆမှုတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ပိုင် ကားနဲ့မဟုတ်ပဲ လိုင်းကားနဲ့ ရုံးတတ်ရတဲ့သူဆိုရင်လည်း မှတ်တိုင်က ကိုယ့်လိုရုံးတတ်ဖို့စောင့်နေတဲ့ လူအုပ်ကြီးမမြင်ရဖို့ ကား မှတ်တိုင်ကို စောရောက်နေပါစေ။
၁၀။ အကောင်းဆုံးနည်းလမ်းကတော့ အိမ်ကစောထွက်ပါ။ အလုပ်ကို နာရီဝက်ကြိုရောက်နေရင် အလုပ်လုပ်ဖို့ တကယ်ကို ကောင်းမွန်တဲ့ နေ့ကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
source: digital rockstar