×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 26 December 2018

ငွေနဲ့ပေးဝယ်လို့မရတဲ့အရာ(၁၀) ခု

တကယ်တော့ " ငွေဆိုတာ ဒုတိယဘုရားသခင်"ဆိုတဲ့စကားဟာ အတိုင်းအတာ တစ်ခုထိပဲ မှန်ကန်တာပါ။ လောကမှာ ငွေနဲ့ပေးဝယ်လို့မရတဲ့ အရာတွေအများကြီးရှိပါတယ်။

ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ ငွေထက်ပိုပြီး တန်ဖိုးထားသင့်တဲ့ အရာတွေကို လျစ်လျူရှုမနေဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဘဝဟာ အဓိပ္ပါယ်မရှိဘဲ နေချင်စရာကောင်းတော့မှာ မဟုတ်ပါဘူး။

(၁) အချစ်

အချစ်ဟာ ကျွန်တော်ရင်ထဲ နှလုံးသားထဲကနေ ပေါက်ဖွားလာတဲ့နုနယ်ပြီး ထူးဆန်းတဲ့ အရာလေးတစ်ခုပဲဖြစ်ပါတယ်။ အချစ်ဟာ ငွေနဲ့မတူ ပါဘူး။ ငွေသားတွေလိုဘယ်လောက်ပေးမှ ဘယ်ပစ္စည်းရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိသလို ငွေလိုမျိုး အခြားအရာ တစ်ခု နဲ့ဖလှယ် လဲလှယ် လို့ရတဲ့ ပစ္စည်းမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ချစ်တဲ့သူတွေကို ကိုယ်သူတို့ကိုဘယ်လောက်ထိချစ်ကြောင်း ဖွင့်ဟပြောဆိုဖို့ ဝန်မလေးပါနဲ့။

(၂) အမှန်တရား

အမှန်တရားကို ဘယ်အရာမှ ထာဝစဉ် မလွှမ်းမိုးနိုင်ပါဘူး။တကယ်လို့ငွေကြေးတွေ လုပ်ပိုင်ခွင့်အာဏာတွေသုံးပြီး အမှန်တရားကို အနိုင် ကျင့်မယ်ဆိုရင်တောင်ခဏတာပဲ ရပါလိမ့်မယ်။ အချိန်တန်ရင် အမှန်တရားဟာ သူ့အလိုလို ပြန်ပြီးပေါ်ထွက်လာစမြဲပါ။သင်လည်း အမှန်တရား ကို ဖုံးကွယ်ဖို့ မကြိုးစားပါနဲ့။ အမှန်တရားကို ကွယ်ဝှက်ထားပြီး ဟန်ဆောင်နေတဲ့လူတစ်ယောက်ရဲ့ဘဝဟာ သိပ်ကိုပူလောင်လွန်းလှပါတယ်။

(၃) အချိန်

ကျွန်တော်တို့ရဲ့ ကုန်ဆုံးသွားတဲ့ အချိန်တွေကိုဘယ်နည်းနဲ့မှ ပြန်မရနိုင်ပါဘူး။ ငွေနဲ့လည်း ဝယ်ယူလို့ နိုင်တဲ့ တကယ်ကို တန်ဖိုးရှိတဲ့အရာပါ။ ကျွန်တို့ဟာ ဒီလိုအဖိုးတန်တဲ့ အချိန်တွေကို အလကားမဖြစ်စေဖို့ နေ့ရက်တိုင်း နေ့ရက်တိုင်းကိုအကျိုးရှိရှိနဲ့ မှန်ကန်စွာ ဖြတ်သန်းနေထိုင် သင့်ပါတယ်။

(၄) ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေးဆိုတာဟာ စစ်မက်ဖြစ်ပွားတာတွေရပ်တန့်တာ တစ်ခုတာကို ဆိုလိုခြင်း မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာ ကြည်နူးနေ တာလည်း ငြိမ်းချမ်းတာပါပဲ။ ခွင့်လွှတ်နားလည်ပေးတာဟာလည်း ငြိမ်းချမ်းတာပါပဲ။ ကိုယ်နဲ့ မသင့်တော်တဲ့အရာတစ်ခုကို တပ်မက် မနေတော့ဘဲ လွှတ်ချလိုက်တာဟာလည်း ငြိမ်းချမ်းတာပါပဲ။ ဒါတွေကို ငွေနဲ့ပေးဝယ်လို့မရဘူးလို့ကျွန်တော်ပြောရင် သင်ငြင်းမယ် မထင်ပါဘူး။

(၅) အရည်အချင်း

အရည်အချင်းဆိုတဲ့ ပန်းတစ်ပွင့်ဟာ ကြိုးစားခြင်းချွေစက်ပေါင်းမြောက်များစွာကို နေ့စဉ်မပြတ်သွန်းလောင်းမှ ပွင့်လန်းလာတဲ့ ပန်းတစ်ပွင့်ပါ။ လူတစ်ယောက်တော်နေဖို့ထက်မြက်နေဖို့ အရည်ချင်းအပြည့်အဝရှိနေဖို့ဆိုတာဟာ နေ့ချင်းညချင်း ဖြစ်လာတာမဟုတ်ဘဲ တဖြည်းဖြည်းချင်း စုစည်းလာပြီးမှ ဖြစ်တည်လာတာပါ။ သင်ဟာ ဘီလီယံနဲ့ ချီတဲ့ ပိုက်ဆံတွေကို အလကားရမယ်ဆိုရင်တောင်သင့်မှာ၎င်းပိုက်ဆံတွေကို ထပ်ပွားနိုင်စွမ်းနဲ့ ထိန်းသိမ်းနိုင်တဲ့ အရည်အချင်းမရှိရင်အလကားပါပဲ။

(၆) ကျန်းမာရေး

လူတစ်ယောက် ကျန်းမာနေဖို့အတွက် ကံ၊ ရာသီဥတု၊စိတ်နဲ့ အာဟာရတို့ နေဖို့ လိုအပ်တာပါ။ ပိုက်ဆံလိုအပ်တာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ဒီလောကမှာ ဘယ်ဆရာဝန်နဲ့မှ ဘယ်ဆေးဝါးနဲ့မှ ကုသလို့မရတဲ့ ရောဂါတွေ အများကြီးရှိနေလို့ပဲဖြစ်ပါတယ်။

(၇) အမူအကျင့်

အမူအကျင့်တွေဟာလည်း အချိန်ယူပြီးတဖြည်းဖြည်းချင်းကျင့်ယူရတာပါ။ကောင်းမွန်တဲ့အမူအကျင့်တွေရှိရင် သမ္မတတောင်ဖြစ်လာနိုင်သလို မကောင်းတဲ့အမူအကျင့်တွေများနေရင်လည်းသူတောင်းစားဖြစ်ပြီး မြောင်းထဲရောက်သွားနိုင်ပါတယ်။ ငွေဟာသင့်ကို အထက်တန်းလွှာ လူတန်းစား(လူ့မလိုင်လူတန်းစား)ထဲရောက်သွားအောင် ဆွဲခေါ်သွားနိုင်တာမှန်ပေမယ့် ကောင်းမွန်တဲ့ အမူအကျင့်တွေ ရရှိလာအောင်တော့ မလုပ်ပေးနိုင်ပါဘူး။

(၈) အသိပညာ/ဗဟုသုတ

ဒါတွေကိုတော့ စာဖတ်ခြင်းကနေ အများဆုံးရယူနိုင်ပါတယ်။ ငွေကနေတော့ လုံးဝမရနိုင်ပါဘူး။ သင့်မှာပိုက်ဆံရှိလို့ စာအုပ်တွေ ဝယ်နိုင် တယ်ဆိုရင် တောင်သင်ဝယ်ပြီးမဖတ်ရင် အလကားပါ။ ဒါ့အပြင် ငွေဆိုတာခိုးယူလို့ရတဲ့ အရာဖြစ်ပြီး အသိပညာ/ ဗဟုသုတကတော့ တစ်သက် လုံး ဘယ်သူမှ မခိုးယူနိုင်ပါဘူး။

(၉) သူငယ်ချင်းအစစ်အမှန်

ငွေဟာလူတွေကို အင်မတန်ဆွဲဆောင်နိုင်ပါတယ်။ဒါကြောင့်လည်း ငွေရှိတဲ့သူကို လူအများက မိတ်ဆွေဖွဲ့ချင်ကြပါတယ်။ သို့သော်လည်း ဒါဟာ အန္တရာယ်ပါ။ ငွေဟာ မိတ်ဆွေပေါများဖို့ကို အထောက်အကူဖြစ်စေပေမယ့် သူငယ်ချင်းအစစ်အမှန်ကိုတော့ရခဲစေပါတယ်။ လူတစ်ယောက် ချမ်းသာ လာလေလေ သူငယ်ချင်းအစစ်အမှန်ရနိုင်ချေ ပိုပြီး နည်းလာလေလေပါပဲ။

(၁၀) ကျေးဇူးတင်ခြင်းနှင့်လက်ခံခြင်း

လူတစ်ယောက်မှာ အရေးကြီးဆုံးအချက်က ကိုယ့်အပေါ်ကျေးဇူးရှိတဲ့သူကိုကျေးဇူးတင်တတ်ဖို့နဲ့ ကိုယ်ရဲ့ဖြစ်တည်မှုအမှန်ကို လက်ခံနိုင်ဖို့ ပဲဖြစ်ပါတယ်။ ဒီအရာနှစ်ခုဟာအသက်ရှည်ရှည်နဲ့ ပျော်ရွှင်စွာနေသွားနိုင်သူတွေရဲ့ လျှို့ဝှက်ချက်တွေ ဖြစ်ပါတယ်။ ဒါတွေကိုပိုက်ဆံပေးပြီး ဝယ်လို့မရဘူးဆိုတာကတော့ ထုတ်ပြောစရာတောင် မလိုပါဘူး။

source: lunge.media

Read times Last modified on Wednesday, 29 January 2020 10:22
Rate this articles
(2 votes)