×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 05 April 2019

လုပ်ငန်းခွင်ထဲ လုပ်ဆောင်နိုင်မှုစွမ်းရည်တိုးစေတဲ့ နည်းလမ်းများ

လုပ်ငန်းခွင်ထဲ လုပ်ဆောင်နိုင်မှုစွမ်းရည်တိုးစေတဲ့ နည်းလမ်းများ google

နေ့စဉ် လုပ်ငန်းခွင်ထဲ ကြိုးပမ်းအားထုတ်နေရသူတွေတိုင်းဟာကိုယ့်ရဲ့ထုတ်လုပ်နိုင်မှုစွမ်းရည်နဲ့ပတ်သက်လို့ ထိထိရောက်ရောက်နဲ့ ပိုလို့မြန်မြန်ဆန်ဆန်ပြီးမြောက်လိုကြပါတယ်။

ဒါပေမယ့် ကိုယ်က အားထုတ်နေပေမယ့် မပြီးမြောက်နိုင်တာမျိုး ကြုံကြရတာမျိုး ရှိပါတယ်။ ဒီလိုအခြေအနေတွေကိုကျော်လွှားပြီး တစ်နေ့တာမှာ ကိုယ့်ရဲ့ထုတ်လုပ်နိုင်မှုစွမ်းရည်တွေဘယ်လို တိုးစေမလဲ ကျွမ်းကျင်ပညာရှင်တွေက လေ့လာဖြော်ပထားကြပါတယ်။

(၁)ရှုံးနိမ့်မှုတွေကိုအာရုံစိုက်နေတာကိုရပ်လိုက်ပါ

အလုပ်လုပ်တဲ့အခါ မကောင်းတာတွေ၊ အရှုံးတွေကိုချည်းတွေးပြီးလုပ်နေတာထက်၊အဲဒီလို ရှုံးနိမ့်မှုတွေ၊ မကောင်းတဲ့ စိတ်ခံစားမှုကိုဖြစ်စေတဲ့ အတွေးတွေကို ရပ်လိုက်ပြီး ကိုယ်အောင်မြင်ခဲ့တဲ့အရာတွေကိုတွေးပြီး အားဖြစ်တဲ့အတွေးတွေကိုတွေးပြီးလုပ်ဆောင်တာက တစ်နေ့တာရဲ့လုပ်ငန်းကို နှစ်ဆတိုးအောင်မြင်စေတယ်လို့ စိတ်ကုထုံးပညာရှင်တစ်ယောက်ဖြစ်တဲ့ Karen R.Koenig က ရှင်းပြထားပါတယ်။

(၂)လွယ်လွယ်လေးကနေတစ်ခုချင်းစလုပ်သွားပါ

အရမ်းခက်ခဲနေတာတွေကို တန်းပြီးသွားစဉ်းစားမနေဘဲ အလွယ်ကူဆုံးဖြစ်မယ့်အရာသေးသေးလေးက စတင်လုပ်ဆောင်ပြီး တစ်ဖြည်းဖြည်းနဲ့မြှင့်တင်လုပ်ဆောင်သွားတာက လုပ်ငန်းတစ်ခု ပြီးမြောက်အောင်မြင်ဖို့ လုပ်ဆောင်ရာမှာ အများကြီး အထောက်အကူပြုတယ်လို့ Crowmap ကိုတည်ထောင်သူ Jacqueline Lewis က ဆိုထားပါတယ်။

(၃)ရှေ့တစ်လှမ်းတိုးဖို့နောက်တစ်လှမ်းဆုတ်လိုက်ပါ

လုပ်နိုင်တဲ့ပမာဏထက် ပိုပြီး အားစိုက်လုပ်မိကြတဲ့အခါ အလုပ်ပြီးမြောက်မှုကို မခံစားရဘဲ ကိုယ့်ကိုကိုယ် တိုးတက်မှုမရှိဘူးဆိုတဲ့ခံစားချက်နဲ့ ပိတ်မိသွားနိုင်တဲ့အတွက် တစ်နေ့တာမှာ အရေးကြီးဆုံးသုံးခုလောက်ကို ပြီးမြောက်အောင်လုပ်ဆောင်ပြီး ကျန်တဲ့ သေးငယ်တဲ့အရာတွေအပေါ် အချိန်ရသလောက်သာအားထုတ်ဖို့ Lewis က အကြံပြုထားတာဖြစ်ပါတယ်။

(၄)ကိုယ့်ရဲ့အားနည်းချက်ကို သိပါ

ကိုယ်ဟာ အလွယ်တကူ ပင်ပန်းနွမ်းနယ်တတ်သူလား၊ စိတ်ပျက်အားလျော့တတ်သူလား ကိုယ့်ကိုကိုယ်သိနေဖို့လိုပြီး ဒါတွေ ကင်းဝေးကာ လုပ်ငန်းခွင်ထဲ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းတက်ကြွနေစေဖို့ ၊ ကိုယ့်ရဲ့ထုတ်လုပ်နိုင်မှုစွမ်းရည်တိုးစေဖို့ ကိုယ်နဲ့ကိုက်ညီရာ အားကစားတစ်ခုခုလုပ်သင့်တယ်လို့လည်း Lewis က အကြံပြုထားပါတယ်။

(၅)စနစ်တကျအချိန်ခန့်ခွဲလုပ်ဆောင်ပါ

အလုပ်တစ်ခုကိုအချိန်မှန်ပြီးနိုင်ဖို့ လက်ရှိသေချာတဲ့အချိန်မှာသတ်မှတ်လုပ်ဆောင်ဖို့၊ အရမ်းအရေးကြီးတဲ့အလုပ်တွေအတွက် တကယ့်အချိန်ကိုသတ်မှတ်လုပ်ဆောင်ဖို့ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Maura Thomas ဆိုသူက ပြောထားပါတယ်။

(၆) စိတ်အာရုံပျံ့လွင့်မှုကို ထိန်းချုပ်ပါ

အလုပ်လုပ်ချိန် ကိုယ့်ရဲ့စိတ်ကို ကြည်လင်လန်းဆန်းနေဖို့ ဂရုစိုက်သင့်ပြီး စိတ်ထဲ စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ခံစားမှုက ကိုယ့်ရဲ့ထုတ်လုပ်မှုစွမ်းရည်ကို ကျစေပါတယ်။ ဥပမာ- ကိုယ့်စိတ်အာရုံကိုပျံ့လွင့်စေမယ့် အရာမှန်သမျကို ပိတ်ထားပြီး ကိုယ့်ရဲ့လုပ်ငန်းခွင်ဝန်းကျင်လေးကို သက်သောင့်သက်သာဖြစ်အောင်ထားတာမျိုး။

ဒါ့အပြင် ကိုယ့်ရဲ့ဦးနှောက်ရွှင်ပြီးအလုပ်လုပ်လို့ကောင်းတဲ့အချိန်ကိုသိတာမျိုး၊ အလုပ်တစ်ခုပြီးမြောက်တိုင်းကိုယ့်ကိုကိုယ်ချီးကျုးတာမျိုး၊ ကိုယ်သတ်မှတ်ထားတဲ့အလုပ်တစ်ခုပြီးတိုင်း ခဏတစ်ဖြုတ်အမြဲနားတာမျိုး၊ အလုပ်ရဲ့အဆုံးသတ်ပြီးမြောက်မှုကိုအာရုံစူးစိုက်ထားတာမျိုး၊ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်တဲ့အလေ့အကျင့်မျိုးတွေဟာ ကိုယ့်ရဲ့ထုတ်လုပ်မှုအားကို တိုးစေတဲ့နည်းလမ်းတွေဖြစ်တယ်လို့ ဖော်ပြအကြံပြုထားကြပါတယ်။ ဒါကြောင့် နေ့စဉ်လုပ်ငန်းခွင်ထဲ ကိုယ့်ရဲ့ထုတ်လုပ်မှုစွမ်းရည်မြင့်စေဖို့ လေ့လာစရာကောင်းတယ်လို့ထင်ရတဲ့ နည်းလမ်းတစ်ချို့ကို ဝေမျဖော်ပြပေးလိုက်ပါတယ်။

 

Credit Sagawa (yangon life)

Read times Last modified on Monday, 17 February 2020 16:11
Rate this articles
(0 votes)