×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 09 May 2019

"ပလတ်စတစ်အမှိုက်များကို ကျောင်းလခအဖြစ် လက်ခံသည့် အိန္ဒိယကျောင်း"

"ပလတ်စတစ်အမှိုက်များကို ကျောင်းလခအဖြစ် လက်ခံသည့် အိန္ဒိယကျောင်း" facebook

အိန္ဒိယနိုင်ငံ ဂူဝါဟာတီမြို့ကြီးရှိ စာသင်ကျောင်းတစ်ကျောင်းသည်

ပလတ်စတစ်အမှိုက်များကို ကျောင်းလခအဖြစ် လက်ခံသဖြင့် နာမည်ကြီးလာသည့် ကျောင်းဖြစ်သည်။ ပလတ်စတစ်အမှိုက်ပြဿနာကို ကလေးလေးများ နားလည်လာစေရန်အလို့ငှာ ယင်းက ထိုသို့လုပ်ခြင်းဖြစ်သည်။ ယင်းကျောင်းကို ၂၀၁၆ ခုနှစ်က စဖွင့်ခဲ့ခြင်းဖြစ်သည်။

လူ့အသိုင်းအ၀ိုင်း အောက်ဆုံးလွှာရှိ ကလေးများပညာသင်ခွင့်ရစေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မည်မျှ အရေးကြီးကြောင်းထိုကလေးများအား သင်ပေးနိုင်ရန်အလို့ငှာ ယင်းကျောင်းကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကျောင်းသည် အောင်မြင်နေပြီဖြစ်သည်။ ကလေးများသည် တစ်ပတ်လျှင် ပလတ်စတစ်အမှိုက် ၁၀ ခုမှ အခု ၂၀ အထိ ကျောင်းသို့ ယူလာရသည်။ ပလတ်စတစ်အမှိုက်များကို မီးရှို့မပစ်ပါဟု ၄င်းတို့က စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများကို ကတိပေးထားသည်။

Credit- central online news

Read times Last modified on Tuesday, 17 March 2020 16:58
Rate this articles
(1 Vote)