ဒီခေတ်ကြီးက information အရမ်းများတဲ့ခေတ်ကြီးဖြစ်နေပြီ။ သိချင်ချင်မသိချင်ချင်မျက်စိရှေ့ကိုရောက်လာတယ်။
ဘာလို့လည်းဆိုတော့ Facebook မသုံးရင် သိပ်မှ အဆင်မပြေတော့တာကိုး။ အရင်ခေတ်တုန်းက ကိုယ့်အတင်းပြောတယ်ဆိုတာမျိုးကို ကိုယ့်နားထဲသယ်လာပေးမယ့် ကြားခံTechnologyဆိုတာ မရှိဘူး။ ဘယ်သူကိုယ့်အတင်းပြောနေမှန်း မသိတော့ စိတ်လည်း မဆိုးကြဘူး။အခုတော့ Information ခေတ်ကြီးဆိုတော့ မြန်လိုက်တာမှ ဝှီကနဲပဲ။ ဒီတော့ information တွေကိုစစ်ပြီး ခေါင်းထဲထည့်ဖို့လိုလာပါတယ်။ အမှိုက်တွေ အကုန်ထည့်နေရင် ကိုယ့်ခေါင်းလည်း အမှိုက်တောင်း ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့်ဘယ်လို အကြောင်း အရာတွေကို သင့်ရဲ့ facebook newsfeed မှာ မထားသင့်လဲဆိုတော့ ..
(၁) အတင်းပြောတာ…၊ ဝေဖန်တာ….
အဲ့ဒါကတော့ အမြဲရှိမှာပဲ။ ပိုအောင်မြင်လာလေလေ၊ ပိုလူသိများလာလေလေ ပိုရှိလာလေလေပဲ။ အဲ့ဒီဒဏ်မခံနိုင်ရင်တော့ အမြင့်မတက်တာကောင်းတယ်။ လေကြမ်းရင် ပြုတ်ကျလိမ့်မယ်။ ကိုယ်တွေလည်း လေတိုက်ခံခဲ့ရတာ မနည်းတော့ဘူး။ အဝေဖန်မခံချင်လို့ဘာမှ မလုပ်ရင် ဘာမှလည်း ဖြစ်လာမှာမဟုတ်ဘူး။ ဘာမှမလုပ်ရင်တောင် ဝေဖန်ခံရတာလွတ်မှာ မဟုတ်ဘူး။ အဲ့တော့ ဝေဖန်ခံရရင်ကိုယ်မှားလား သေချာ ပြန်ဆန်းစစ်ကြည့်။ တစ်ခါတစ်လေ တကယ်လည်း ကိုယ်မှားနေတာ ရှိတတ်တယ်။ ကိုယ်က မမှားတာသေချာရင်လည်း ရှင်းပြမနေနဲ့။ (မဖြစ်မနေဆိုရင်တော့ ရှင်းပြပေါ့။) တစ်ခါတစ်လေ ရှင်းလေ ရှုပ်လေတွေ အများကြီးပဲ။ လျစ်လျူရှုတတ်အောင် ကြိုးစားပါ။
(၂) ကိုယ့်စိတ်ကို အနှောက်အယှက်ပေးတဲ့ဟာတွေ
အကုန် Unfriend လုပ်ပစ်။ Unfriend လုပ်လို့မကောင်းရင် Unfollow လုပ်ပစ်။ (ကျွန်တော့်ကို မျက်စိနောက်ရင်လည်း လုပ်လို့ရပါတယ်။ စိတ်မဆိုးပါဘူး။) အဓိကက ကိုယ်စိတ်ချမ်းသာဖို့ပါ။ နေ့တိုင်း သင်အမှိုက်လို့ထင်တဲ့အရာတွနဲ့ ပြည့်နေတဲ့ Newsfeedကို ထိုင်ကြည့်မနေပါနဲ့။ ကိုယ်က Single ဖြစ်ပြီး ကိုယ့်အကောင့်ထဲမှာ အရမ်းအကဲပိုနေတဲ့Couple ရှိရင် ၊ ကိုယ်ကလည်း အမြင်ကတ်ရင်၊ Unfriend လုပ်ပစ်။ သို့မဟုတ် Unfollow လုပ်ပစ်။ သူတို့လည်းမှားတာ မဟုတ်ဘူး။ သင်လည်း အဲ့လို လုပ်ပစ်လို့မမှားဘူး။ Win-Win ပဲ။ ကိုယ့်အကောင့်ကိုယ်ကြိုက်သလို လုပ်ခွင့်ရှိတယ်။
(၃) စိတ်ချမ်းသာမယ့်ဟာတွေ Follow လုပ်ဗဟုသုတရမယ့် အရာတွေ Follow လုပ်
ဘာကသင့်ကို ပျော်စေလဲ။ အဲ့ဒါတွေ Followလုပ်။ Newsfeed ကို အဲဒါတွေနဲ့ပဲ ပြည့်နေပါစေ။ ဗဟုသုတရမယ့်အရာတွေ Followလုပ်ထား။ ရယ်စရာတွေ Follow လုပ်ထား။
(၄) မကောင်းသတင်း သယ်လာတဲ့သူတွေကို ကြိုပြောထားပါ။
တစ်ခါတစ်လေ ဘော်ဒါတွေထဲမှာ ရှိတတ်တယ်။ကိုယ့်ဘက်က နာလို့ ဆိုပြီးတော့ ကိုယ့်ကို Mentionခေါ်တာတွေ။ ကိုယ့်ကိုပြတာတွေ။အဲ့ဒါမျိုးဆို နောက် မပြဖို့ ပွင့်ပွင့်လင်းလင်း အားမနာပဲ ပြောထား။ (အဲ့ဒါမျိုး ပြတာကြိုက်တဲ့သူတွေကတော့ မပြောနဲ့ပေါ့နော်) ကျွန်တော်တစ်ဦး တစ်ယောက်ထဲရဲ့ အမြင်ကတော့မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ မသိလည်း ဘာမှမဖြစ်တဲ့ information ကို သိကို မသိချင်ပါဘူး။ အဲ့ဒါကြောင့် အဲ့လို မပြဖို့လည်း ကြိုပြောထားပါတယ်။ မှန်တာဆိုရင်တော့ တစ်မျိုးပေါ့။ ဘာမှမဟုတ်တဲ့ အတင်းအဖျင်းကတော့သိစရာမလိုဘူးထင်ပါတယ်။
(၅) သိတာတွေ အရမ်းများတဲ့ခေတ်မှာ တွေးတတ်အောင်လည်း လေ့ကျင့်ထားပါ။
စာအုပ်တွေလည်း ဖတ်ပါရဲ့။ အွန်လိုင်းက စာတွေလည်းဖတ်ပါရဲ့။ information တွေကလည်း ပေါမှပေါ။ ဒါပေမယ့် အဲ့ဒါတွေကို သေချာ Analysis လုပ်ဖူးလား။စာရေးဆရာတွေ ရေးတိုင်း အမှန်မဟုတ်ပါဘူး။ ကျွန်တော်ရေးတာတွေ အပါအဝင်ပေါ့။ ကိုယ့်ဘာသာ ပြန်သုံးသပ်ပါ။မျက်စိမှိတ်မယုံပါနဲ့။ ကျွန်တာ့်အတွက် မှန်ပေမယ့်၊ သင့်အတွက် မမှန်တာတွေလည်း ရှိတတ်ပါတယ်။ စာထဲမှတွေ့သမျှ မယုံပါနဲ့။ကိုယ့်ဘာသာ သေချာစဉ်းစားပြီးမှယုံသင့်မှ ယုံပါ။
သိထားတာတွေထဲက ဘာတွေရော ကျင့်သုံးနေလဲ။ စာတွေ အရမ်းဖတ်ပြီး ဒုက္ခရောက်သွားတဲ့ သူတွေဟာအဲ့ဒီလိုလူမျိုးတွေပါ။ ကိုယ့်ခေါင်းထဲရောက်တဲ့ ဗဟုသုတ အစားအစာတွေကို အစာချေချိန်မပေးပဲ တွေ့သမျှ အစာတွေဆက်တိုက်ထည့်နေလို့ မကောင်းပါဘူး။ အသိပညာ၊ဗဟုသုတဆိုတာ တပ်ဆင်အသုံးမပြုတတ်ရင် အကျိုးမရှိပါဘူး။
သင့်စိတ်ချမ်းသာမှု စိတ်ဆင်းရဲမှုတွေက သင့်လက်ထဲက ဖုန်းနဲ့ တော်တော်ပတ်သက်နေပါပြီ။ ပိုပြီး တိတိကျကျပြောရရင် သင့်ရဲ့Facebook နဲ့ ပိုပြီး ပတ်သက်နေပါတယ်။ ကိုယ့်ခေါင်းထဲဝင်တဲ့ အရာလေးတွေ၊သေချာလေး စစ်နိုင်မှ တော်ရာကျပါတယ်။ Newsfeed ပေါ်က information တွေကြောင့် သောကတွေဖြစ်ပြီး။ သောကတွေ ပိနေတဲ့ သူတစ်ယောက်မဖြစ်ပါစေနဲ့။ မယုံမရှိနဲ့ အဲ့ဒီဖုန်းသေးသေးလေးကဗဟုသုတလည်း ပေးသလို လူကိုလည်း စိတ်ဆင်းရဲစရာတွေ တစ်ပုံကြီးပေးတတ်ပါတယ်။
Crd ;မိုးရှင်း (I.M.T)