×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Friday, 28 July 2017

Albert Einstein ပြောကြားခဲ့တဲ့ တီထွင်ဆန်းသစ်မှုများအတွက် လိုအပ်သည့်လုပ်ဆောင်ချက်များ

Albert Einstein ပြောကြားခဲ့တဲ့ တီထွင်ဆန်းသစ်မှုများအတွက် လိုအပ်သည့်လုပ်ဆောင်ချက်များ google.com

လောကကြီးမှာမရှိတော့တာ နှစ်ပေါင်း ၆၀ ကျော်လောက်ရှိပေမယ့် သူ့ရဲသီအိုရီတွေကြောင့် သိပ္ပံပညာရှင်ကြီး Albert Einstein ဆိုတာနဲ့ လူတိုင်းက မှတ်မိနေပြီးသားဖြစ်မှာပါ။

၎င်းသိပ္ပံပညာရှင်ကြီးကြောင့် ယနေ့ လူနေမှုဘ၀ အဆင့်အတန်းမြင့်မားလာပြီး ပိုမိုလွယ်ကူစွာ သွားလာနေထိုင်နိုင်တယ်ဆိုတာလည်း အမှန်တရားတစ်ခုဖြစ်ပါတယ်။ လူငယ်သိပ္ပံပညာရှင်များ၏ စံထားရသည့် ပုဂ္ဂိုလ်ကြီးဖြစ်တဲ့အလျှောက် သိပ္ပံပညာနှင့်ပတ်သက်သည့် တီထွင်ဆန်းသစ်ရာတွင် လည်း မည်သူမျှ လိုက်မမီအောင် အရည်အချင်းပြည့်ဝသူတစ်ဦးလည်းဖြစ်ပါတယ်။

ယနေ့မှာတော့ Sayar.com.mm မှ သိပ္ပံပညာရှင်ကြီး Albert Einstein ၏ လူငယ်များ စံထားဖွယ် တီထွင်ဆန်းသစ်မှုသင်ခန်းစာများကို တင်ပြပေးလိုက်ပါတယ်။

 

၁။ အကောင်းဆုံးသော ပြဿနာတစ်ခုကိုရှာဖွေပါ။

အိုင်းစတိုင်း၏ ခံယူချက်အရ ကောင်းမွန်တဲ့ အရည်အချင်းတွေဆိုကာ လွယ်လွယ်ကူကူနှင့် ထွက်မပေါ်လာပါဘူး။ မိမိဘ၀၏ အခက်ခဲဆုံး သို့မဟုတ် အကျပ်တည်းဆုံး အချိန်ကို ရောက်မှသာလျှင် ထိုသို့သော အရည်အချင်းများက ထွက်ပေါ်လာတတ်ပါတယ်။ အဲဒီလိုပါပဲ စွန့်ဦးတီထွင်မှုတစ်ခုကို လုပ်တော့မယ်ဆိုရင် အကြီးမားဆုံး အခက်အခဲတစ်ခုကိုေ ကျာ်လွှားပြီးမှသာ အောင်မြင်မှုပန်းတိုင်ကို ရောက်မည်ဟု ဆိုခဲ့ပါတယ်။

 

၂။ တီထွင်မှုဆိုတာ လုံလောက်တဲ့လုံ့လဝီရိယရှိမှုပါ။

တီထွင်မှုတစ်ခုလုပ်ဆောင်ပြီဆိုတာနဲ့ အခက်အခဲတွေ ကျရှုံးမှုတွေကတော့ မလွဲမသွေ ကြုံရမှာပါပဲ။ ဇွဲလုံ့လ၀ီရိယရှိသူဟာ အောင်မြင်ခြင်းပန်းတိုင်ဆီသို့ ရောက်ရှိရန် အချိန်ကြာ သည်ဖြစ်စေ၊ မြန်သည်ဖြစ်စေ၊ အခက်အခဲမည်မျှကြုံရသည်ဖြစ်စေ ယုံကြည်စွာ လျှောက်လှမ်း နိုင်မည့်သူ တွေဖြစ်ပါတယ်။ အဲဒီတော့ ပညာရှင်ကြီး အိုင်းစတိုင်းက စွန့်ဦးတီထွင်သည့် လူငယ် များအား မိမိ၏ယုံကြည်မှုကို ရင်ဝယ်ပိုက်ပြီး လုံ့လ၀ီရိယရှိစွာ လျှောက်လှမ်းမှသာ မိမိမျှော်မှန်း ထားသော တီထွင်ဆန်းသစ်မှုကို အောင်မြင်အောင်လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

 

၃။ အကြံဥာဏ်ထောက်ပံ့မှု၊ တိုးတက်မှုပေးနိုင်သည့် ပတ်ဝန်းကျင်ကိုရှာဖွေပါ။

အချို့တီထွင်မှုတွေက စိတ်ကူးအကြံဥာဏ် လုပ်ရည်ကိုင်ရည်ရှိယုံနဲ့ မအောင်မြင်နိုင်ပါဘူး။ တချို့ကိစ္စများတွင် မိမိ၏ တီထွင်ဆန်းသစ်မှုလုပ်ငန်းစဉ်ကို အထောက်အကူပေးခြင်းများ လိုအပ်ပါတယ်။ ငွေအား၊ လူအားဖြင့် အထောက်အကူပေးနိုင်မည့် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုကို ကျောထောက်နောက်ခံအဖြစ် ရှာဖွေထားရန် လိုအပ်ပါတယ်။

 

၎။ genius တွေတောင် အမှားနဲ့မကင်းပါဘူး။ အမှားတွေပြုလုပ်ပါ။

ကမ္ဘာပေါ်မှာ မွေးကတည်းက အမှန်တရားတွေပြုလုပ်ပြီး မွေးလာတယ်ဆိုတာ တစ်ယောက် မှမရှိပါဘူး။ အဲဒီလိုပါပဲ အိုင်းစတိုင်းကတော့ အမှားများများပိုလုပ်တဲ့လူဟာ အောင်မြင်မှု လမ်းကြောင်းနှင့် အနီးစပ်ဆုံးလူဟု ခံယူထားပါတယ်။အမှားများပြုလုပ်မှသာ ထိုအမှားကို နောက် ထပ်မပြုလုပ်စေရန်အတွက် သတိရှိလာပြီး မှန်ကန်မှုလမ်းကြောင်းပေါ်ကို တင်ပို့ပေးနိုင်မှာ ဖြစ်ပါတယ်။

 

Source; inc.southeast asia

Read times Last modified on Saturday, 28 December 2019 13:54
Rate this articles
(1 Vote)