×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 31 October 2019

မိမိလုပ္ငန္းခြင္မွာေအာင္ျမင္ဖို ့အတြက္ အရည္အခ်င္းနဲ႔ လုပ္ငန္းခြင္ကၽြမ္းက်င္မႈအျပင္ ေနာက္ထပ္မရွိမျဖစ္လိုအပ္တဲ့ body language (၄)မ်ိဳး

မိမိလုပ္ငန္းခြင္မွာေအာင္ျမင္ဖို ့အတြက္ အရည္အခ်င္းနဲ႔ လုပ္ငန္းခြင္ကၽြမ္းက်င္မႈအျပင္ ေနာက္ထပ္မရွိမျဖစ္လိုအပ္တဲ့  body language (၄)မ်ိဳး google.com

မိမိလုပ္ငန္းခြင္မွာေအာင္ျမင္ဖို ့အတြက္ အရည္အခ်င္းနဲ႔ လုပ္ငန္းခြင္ကၽြမ္းက်င္အျပင္ ေနာက္ထပ္မရွိမျဖစ္လိုအပ္တဲ့  body language (၄)မ်ိဳး
လုပ္ငန္းခြင္မွာ ေအာင္ျမင္ဖို႔ နဲ႔ ဩဇာတိကၠမ ရွိတဲ့ သူတစ္ေယာက္ျဖစ္ဖို႔ဆိုတာ လုပ္ငန္းခြင္ထဲက လူအေတာ္မ်ားမ်ား မက္ေမာၾကတဲ့ အရာဆိုလည္း မမွားပါဘူး။

ဒီလိုေအာင္ျမင္ဖို႔အတြက္ အရည္အခ်င္းနဲ႔ လုပ္ငန္းခြင္ကၽြမ္းက်င္မႈပဲ လိုအပ္တယ္လို႔ ထင္ေနရင္ေတာ့ မွားသြားပါလိမ့္မယ္။ တကယ္တမ္း လိုအပ္တာက သင့္ ေအာင္ျမင္မႈေတြအတြက္ အဓိက ေသာ့ခ်က္ကေတာ့ Body Language လို႔ေခၚတဲ့ ကိုယ္ႏႈတ္အမူအရာေလးေတြပါ။

 

ဘယ္လို body languageေတြ လိုအပ္လဲဆိုေတာ့……

(၁) အၿမဲ ျပံဳးပါ

မ်က္ႏွာ ရႉတည္တည္နဲ႔ေနတာ/ စူပုတ္ေနတာဟာ တစ္ဖက္လူလည္း စိတ္ကသိကေအာက္ ျဖစ္ရတယ္ဆိုတာ shopping ထြက္ရတာႀကိဳက္တဲ့ သူေတြ အသိဆံုးျဖစ္မွာပါ အေရာင္းဝန္ထမ္းေတြ မ်က္ႏွာစူပုတ္ေနရင္ ဝယ္ခ်င္စိတ္ကို ကုန္ေရာပဲ မဟုတ္လား… လုပ္ငန္းခြင္လည္း အလားတူပါပဲ။ မ်က္ေမွာင္ၾကံဳ႕ၿပီး ေနတာ/ ရႈတည္တည္ႀကီး ေနတာထက္ စာရင္ ျပံဳးျခင္းက သင္တို႔ကို လုပ္ငန္းခြင္မွာ ပိုေအာင္ျမင္ေစပါတယ္။

လုပ္ေဖာ္ကိုင္ဖက္ေတြ ၾကားမွာပဲျဖစ္ျဖစ္ အထက္လူႀကီးနဲ႔ ဆက္ဆံတဲ့အခါမွာပဲ ျဖစ္ျဖစ္ ျပံဳးေနတဲ့မ်က္ႏွာထားဟာ ကိုယ္နဲ႔ ဆက္ဆံရတဲ့ တစ္ဖက္သားရဲ႕စိတ္ကို ေပါ့ပါးေစသလို ကိုယ့္အေပၚ အေကာင္းျမင္စိတ္ကိုလည္း တိုးေစပါတယ္။ ျပံဳးျခင္းေၾကာင့္ ေယာင္းကို လုပ္ငန္းခြင္မွာ ကူညီေဖးမမယ့္သူ၊ ေယာင္းနဲ႔ ပူးေပါင္းေဆာင္ရြက္လိုတဲ့သူေတြလည္း တိုးလာေစပါတယ္။


(၂) ေၾကာက္ရြံ႕ေနတဲ့ အမူအရာမ်ိဳးကို ေရွာင္ပါ

လုပ္ငန္းခြင္မွာ အက္ဒ္မင္တို႔ ကိုယ္တိုင္ေတာင္ မသိလိုက္ဘဲ လုပ္မိလိုက္တဲ့ အက်င့္ဆိုးတစ္ခု ရွိပါတယ္။ အဲဒါကေတာ့ အထက္လူႀကီးနဲ႔ စကားေျပာရတဲ့အခါ ျဖစ္ျဖစ္၊ အစည္းအေဝးေတြ ဘာေတြမွာ presentationလုပ္ရတာျဖစ္ျဖစ္ ေၾကာက္ရြံ႕ေနတဲ့ ပံုစံ ေပါက္ေနတာပါပဲ။ မသိမသာျဖစ္ေစ သိသိသာသာျဖစ္ေစ ကတုန္ကယင္ျဖစ္ေနတာ ဒါမွမဟုတ္ ထိတ္ထိတ္ပ်ာပ်ာ ျဖစ္ေနတတ္တာမ်ိဳးေပါ့။

ဒါဟာ ေရွာင္ရွားသင့္တဲ့ အရာပါ။ ဒီလို ေၾကာက္ရြံေနတဲ့ ပံုစံေပါက္ေနရင္ တစ္ဖက္လူက ကိုယ့္ရဲ႕ တင္ျပေျပာဆိုခ်က္နဲ႔ ေဆြးေႏြးမႈ အေပၚကို ယံုၾကည္မႈ အားနည္းသြားတတ္ပါတယ္။ ဒါ့အျပင္ မဝံ့မရဲျဖစ္ေနတဲ့ ကိုယ့္ပံုစံေၾကာင့္ ေခါင္းေဆာင္မႈပိုင္း နဲ႔ အရည္အခ်င္းကို သံသယျဖစ္လာႏိုင္ပါတယ္။

 

(၃) စကားေျပာရင္ ေခါင္းကိုေမာ့၊ ေက်ာကို မတ္မတ္ထားၿပီး မတိုးမက်ယ္ အသံအေနအထားနဲ႔ ေျပာပါ

ကိုယ္ေျပာတဲ့ စကားေတြအေပၚ ဩဇာသက္ေရာက္ေစဖို႔ စကားေျပာတဲ့အခါ ကိုယ္အမူအရာ အေနအထား မွန္ကန္ဖို႔ လိုပါတယ္။ စကားေျပာတဲ့အခါ/ presentationလုပ္တဲ့အခါ မဝံ့မရဲ၊ အသံကလည္း မပြင့္တပြင့္ နဲ႔ ခါးကိုင္း/ လက္ျပင္ကိုင္း ေနမယ္ဆိုရင္ တစ္ဖက္သူရဲ႕ အာရံုကို ဆြဲထားႏိုင္မွာမဟုတ္သလို ပ်င္းစရာေကာင္းသြားပါလိမ့္မယ္

ဒါေၾကာင့္ စကားေျပာတဲ့အခါ ယံုၾကည္မႈအျပည့္နဲ႔ ေခါင္းကိုေမာ့၊ ေက်ာကို မတ္ၿပီး အရမ္းလည္းမတိုး၊ အရမ္းလည္း မက်ယ္တဲ့ အသံနဲ႔ ေျပာျခင္းဟာ လုပ္ေဖာ္ကိုင္ဖက္နဲ႔ အထက္လူႀကီးရဲ႕ အာရံုကို ဆြဲေခၚႏိုင္မွာျဖစ္သလို ကိုယ့္ေျပာမယ့္ အေၾကာင္းအရာကိုလည္း ပိုၿပီး အေလးအနက္ထားလာၾကမွာ ျဖစ္ပါတယ္။

Recommended For You >>> "အသက္ ၂၀ ေက်ာ္လာရင္ သင့္အေနနဲ ့ မျဖစ္မေန စြန္ ့လႊတ္လိုက္သင့္တဲ့ အရာ (၉) ခု"

 

(၄) စကားေျပာတိုင္း လက္ဟန္ေျခဟန္ (hand gestures) ကို အသံုးျပဳပါ

Hand gesturesေတြက အက္ဒ္မင္တို႔ စကားေျပာတဲ့ေနရာမွာ အမ်ားႀကီးအကူအညီေပးပါတယ္။ ေလ့လာခ်က္ေတြအရ hand gestures သံုးၿပီး ေျပာေလေလ ေၾကာက္စိတ္ေတြ၊ ေႏွာင့္ေႏွးတြန္႔ဆုတ္တာေတြ ေလ်ာ့ပါးသြားေလေလ ျဖစ္ၿပီး စကားေျပာရမွာ ေရွာေရွာရွဴရွဴ ျဖစ္ေလပါပဲ။

စကားေျပာေကာင္းတဲ့ သူေတြ/ စင္ေပၚတက္ေျပာတဲ့ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖေရးသမားေတြ/ လူရႊင္ေတာ္ေတြကို ၾကည့္ရင္ Hand gestures ကို အေတာ္ေလး ပိုင္ပိုင္ႏိုင္ႏိုင္ အသံုးျပဳေနၾကတာကို ေတြ႕ရပါတယ္။

ဒါေတြကေတာ့ လုပ္ငန္းခြင္မွာ သတိထားျပဳမူသင့္တဲ့ body languageေတြပါပဲ။

သင့္ရဲ ့အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ ဆိုရင္ေတာ့ sayar.com.mm မွာရွိတဲ့ ဆရာ၊ ဆရာမမ်ားႏွင့္ဆက္သြယ္လိုက္ပါ။
ဤလင့္ https://www.sayar.com.mm/subjects.html မွာ ဘာသာရပ္ေပါင္းစံု သင္ေပးေသာ ဆရာ၊ ဆရာမမ်ား ကို အခမဲ့ ဝင္ေရာက္ရ်ာေဖြႏိုင္ပါသည္။

- ဤဝက္ဆိုဒ္တြင္ သင္ယူလိုသည့္ သူမ်ားအေနျဖင့္ ဂီတ၊ ဘာသာစကား၊ ကြန္ျပဴတာ၊ ေကာ်င္းဘာသာရပ္မ်ား၊ ဒီဇိုင္းပညာရပ္မ်ား၊ အႏုပညာ စသည္ျဖင့္ ဘာသာရပ္အမ်ိဳးမ်ိဳးကို အနီးကပ္သင္ေပးေသာ ဆရာ၊ ဆရာမမ်ားကိုရွာေဖြ ႏိုင္ပါသည္။
- ဆရာ၊ ဆရာမမ်ား၏ ကိုယ္ေရးအခ်က္အလက္ အျပည့္ အစံုပါဝင္ေသာေၾကာင့္ အေသးစိတ္ၾကည့္ရွဳႏိုင္ပါသည္။
- ဝင္ေရာက္ၾကည့္ရႈ၊ ရွာေဖြ ပါက ဤလင့္ခ္ https://www.sayar.com.mm/subjects.html ေလးကိုသာႏွိပ္လိုက္ပါ...

 

Mia (For Her Myanmar)

 

UNICODE

မိမိလုပ်ငန်းခွင်မှာအောင်မြင်ဖို့အတွက် အရည်အချင်းနဲ့ လုပ်ငန်းခွင်ကျွမ်းကျင်အပြင် နောက်ထပ်မရှိမဖြစ်လိုအပ်တဲ့ body language (၄)မျိုး
လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ နဲ့ ဩဇာတိက္ကမ ရှိတဲ့ သူတစ်ယောက်ဖြစ်ဖို့ဆိုတာ လုပ်ငန်းခွင်ထဲက လူအတော်များများ မက်မောကြတဲ့ အရာဆိုလည်း မမှားပါဘူး။

ဒီလိုအောင်မြင်ဖို့အတွက် အရည်အချင်းနဲ့ လုပ်ငန်းခွင်ကျွမ်းကျင်မှုပဲ လိုအပ်တယ်လို့ ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။ တကယ်တမ်း လိုအပ်တာက သင့် အောင်မြင်မှုတွေအတွက် အဓိက သော့ချက်ကတော့ Body Language လို့ခေါ်တဲ့ ကိုယ်နှုတ်အမူအရာလေးတွေပါ။

ဘယ်လို body languageတွေ လိုအပ်လဲဆိုတော့……

 

(၁) အမြဲ ပြုံးပါ

မျက်နှာ ရှူတည်တည်နဲ့နေတာ/ စူပုတ်နေတာဟာ တစ်ဖက်လူလည်း စိတ်ကသိကအောက် ဖြစ်ရတယ်ဆိုတာ shopping ထွက်ရတာကြိုက်တဲ့ သူတွေ အသိဆုံးဖြစ်မှာပါ အရောင်းဝန်ထမ်းတွေ မျက်နှာစူပုတ်နေရင် ဝယ်ချင်စိတ်ကို ကုန်ရောပဲ မဟုတ်လား… လုပ်ငန်းခွင်လည်း အလားတူပါပဲ။ မျက်မှောင်ကြုံ့ပြီး နေတာ/ ရှုတည်တည်ကြီး နေတာထက် စာရင် ပြုံးခြင်းက သင်တို့ကို လုပ်ငန်းခွင်မှာ ပိုအောင်မြင်စေပါတယ်။
လုပ်ဖော်ကိုင်ဖက်တွေ ကြားမှာပဲဖြစ်ဖြစ် အထက်လူကြီးနဲ့ ဆက်ဆံတဲ့အခါမှာပဲ ဖြစ်ဖြစ် ပြုံးနေတဲ့မျက်နှာထားဟာ ကိုယ်နဲ့ ဆက်ဆံရတဲ့ တစ်ဖက်သားရဲ့စိတ်ကို ပေါ့ပါးစေသလို ကိုယ့်အပေါ် အကောင်းမြင်စိတ်ကိုလည်း တိုးစေပါတယ်။ ပြုံးခြင်းကြောင့် ယောင်းကို လုပ်ငန်းခွင်မှာ ကူညီဖေးမမယ့်သူ၊ ယောင်းနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့သူတွေလည်း တိုးလာစေပါတယ်။


(၂) ကြောက်ရွံ့နေတဲ့ အမူအရာမျိုးကို ရှောင်ပါ

လုပ်ငန်းခွင်မှာ အက်ဒ်မင်တို့ ကိုယ်တိုင်တောင် မသိလိုက်ဘဲ လုပ်မိလိုက်တဲ့ အကျင့်ဆိုးတစ်ခု ရှိပါတယ်။ အဲဒါကတော့ အထက်လူကြီးနဲ့ စကားပြောရတဲ့အခါ ဖြစ်ဖြစ်၊ အစည်းအဝေးတွေ ဘာတွေမှာ presentationလုပ်ရတာဖြစ်ဖြစ် ကြောက်ရွံ့နေတဲ့ ပုံစံ ပေါက်နေတာပါပဲ။ မသိမသာဖြစ်စေ သိသိသာသာဖြစ်စေ ကတုန်ကယင်ဖြစ်နေတာ ဒါမှမဟုတ် ထိတ်ထိတ်ပျာပျာ ဖြစ်နေတတ်တာမျိုးပေါ့။

ဒါဟာ ရှောင်ရှားသင့်တဲ့ အရာပါ။ ဒီလို ကြောက်ရွံနေတဲ့ ပုံစံပေါက်နေရင် တစ်ဖက်လူက ကိုယ့်ရဲ့ တင်ပြပြောဆိုချက်နဲ့ ဆွေးနွေးမှု အပေါ်ကို ယုံကြည်မှု အားနည်းသွားတတ်ပါတယ်။ ဒါ့အပြင် မဝံ့မရဲဖြစ်နေတဲ့ ကိုယ့်ပုံစံကြောင့် ခေါင်းဆောင်မှုပိုင်း နဲ့ အရည်အချင်းကို သံသယဖြစ်လာနိုင်ပါတယ်။

 

(၃) စကားပြောရင် ခေါင်းကိုမော့၊ ကျောကို မတ်မတ်ထားပြီး မတိုးမကျယ် အသံအနေအထားနဲ့ ပြောပါ

ကိုယ်ပြောတဲ့ စကားတွေအပေါ် ဩဇာသက်ရောက်စေဖို့ စကားပြောတဲ့အခါ ကိုယ်အမူအရာ အနေအထား မှန်ကန်ဖို့ လိုပါတယ်။ စကားပြောတဲ့အခါ/ presentationလုပ်တဲ့အခါ မဝံ့မရဲ၊ အသံကလည်း မပွင့်တပွင့် နဲ့ ခါးကိုင်း/ လက်ပြင်ကိုင်း နေမယ်ဆိုရင် တစ်ဖက်သူရဲ့ အာရုံကို ဆွဲထားနိုင်မှာမဟုတ်သလို ပျင်းစရာကောင်းသွားပါလိမ့်မယ်

ဒါကြောင့် စကားပြောတဲ့အခါ ယုံကြည်မှုအပြည့်နဲ့ ခေါင်းကိုမော့၊ ကျောကို မတ်ပြီး အရမ်းလည်းမတိုး၊ အရမ်းလည်း မကျယ်တဲ့ အသံနဲ့ ပြောခြင်းဟာ လုပ်ဖော်ကိုင်ဖက်နဲ့ အထက်လူကြီးရဲ့ အာရုံကို ဆွဲခေါ်နိုင်မှာဖြစ်သလို ကိုယ့်ပြောမယ့် အကြောင်းအရာကိုလည်း ပိုပြီး အလေးအနက်ထားလာကြမှာ ဖြစ်ပါတယ်။

Recommended For You >>> "အသက် ၂၀ ကျော်လာရင် သင့်အနေနဲ့ မဖြစ်မနေ စွန့်လွှတ်လိုက်သင့်တဲ့ အရာ (၉) ခု"

 

(၄) စကားပြောတိုင်း လက်ဟန်ခြေဟန် (hand gestures) ကို အသုံးပြုပါ

Hand gesturesတွေက အက်ဒ်မင်တို့ စကားပြောတဲ့နေရာမှာ အများကြီးအကူအညီပေးပါတယ်။ လေ့လာချက်တွေအရ hand gestures သုံးပြီး ပြောလေလေ ကြောက်စိတ်တွေ၊ နှောင့်နှေးတွန့်ဆုတ်တာတွေ လျော့ပါးသွားလေလေ ဖြစ်ပြီး စကားပြောရမှာ ရှောရှောရှူရှူ ဖြစ်လေပါပဲ။

စကားပြောကောင်းတဲ့ သူတွေ/ စင်ပေါ်တက်ပြောတဲ့ တစ်ကိုယ်တော် ဖျော်ဖြေရေးသမားတွေ/ လူရွှင်တော်တွေကို ကြည့်ရင် Hand gestures ကို အတော်လေး ပိုင်ပိုင်နိုင်နိုင် အသုံးပြုနေကြတာကို တွေ့ရပါတယ်။

ဒါတွေကတော့ လုပ်ငန်းခွင်မှာ သတိထားပြုမူသင့်တဲ့ body languageတွေပါပဲ။

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://www.sayar.com.mm/subjects.html မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။

- ဤဝက်ဆိုဒ်တွင် သင်ယူလိုသည့် သူများအနေဖြင့် ဂီတ၊ ဘာသာစကား၊ ကွန်ပြူတာ၊ ကောျင်းဘာသာရပ်များ၊ ဒီဇိုင်းပညာရပ်များ၊ အနုပညာ စသည်ဖြင့် ဘာသာရပ်အမျိုးမျိုးကို အနီးကပ်သင်ပေးသော ဆရာ၊ ဆရာမများကိုရှာဖွေ နိုင်ပါသည်။
- ဆရာ၊ ဆရာမများ၏ ကိုယ်ရေးအချက်အလက် အပြည့် အစုံပါဝင်သောကြောင့် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။
- ဝင်ရောက်ကြည့်ရှု၊ ရှာဖွေ ပါက ဤလင့်ခ် https://www.sayar.com.mm/subjects.html လေးကိုသာနှိပ်လိုက်ပါ..

 

Mia (For Her Myanmar)

sayar.com.mm

 

 

Read times Last modified on Wednesday, 08 January 2020 17:08
Rate this articles
(0 votes)