×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 07 November 2019

"သင့္ကိုအဆိပ္အေတာက္ျဖစ္ေစတဲ့လူမွန္းသိေစႏိုင္တဲ့ လကၡဏာမ်ား"

"သင့္ကိုအဆိပ္အေတာက္ျဖစ္ေစတဲ့လူမွန္းသိေစႏိုင္တဲ့ လကၡဏာမ်ား" google.com

တခါတရံမွာ အဆိပ္အေတာက္လိုလူေတြက ကြၽန္ေတာ္တို႔ဆီကို သူငယ္ခ်င္းေကာင္းဟန္ေဆာင္ၿပီး ေရာက္လာတတ္ပါတယ္။

အမွန္တကယ္ေကာင္းတာမ်ိဳးမဟုတ္ဘဲ ဟန္ေဆာင္ၿပီးသင့္အေပၚေကာင္းျပေနတဲ့သူမ်ိဳးကို သင္ယုံၾကည္ေနမိမွာပါပဲ။ ထိုကဲ့သို႔ဟန္ေဆာင္တတ္သူမ်ိဳးရဲ႕ အစစ္အမွန္႐ုပ္သြင္ကို သင္ခ်က္ခ်င္းသိႏိုင္မွာေတာ့မဟုတ္ပါဘူး။ အဲဒါေၾကာင့္ အဲဒီလိုလူမ်ိဳးေတြရဲ႕ အက်င့္စ႐ိုက္၊ လကၡဏာကို အၾကမ္းဖ်င္းအားျဖင့္ ေဖာ္ျပေပးလိုက္ရပါတယ္။ သင့္အေပါင္းအသင္းေတြထဲမွာ ထိုလကၡဏာအက်င့္စ႐ိုက္ရွိသူမ်ိဳးကို သတိထားဆက္ဆံႏိုင္ဖို႔ ဖတ္ၾကည့္လိုက္ပါအုံး။

(၁) သင့္ကို အၿမဲ ႏွိမ့္ခ်ဆက္ဆံတတ္ပါတယ္။ သင့္ကို အၿမဲ စိတ္အားငယ္ေအာင္၊ စိတ္ဓာတ္က်ေအာင္ လုပ္တတ္ပါတယ္။
(၂) သူတို႔လုပ္ေစခ်င္တာလုပ္ဖို႔ဆိုရင္ တဖက္လူကို ၿခိမ္းေျခာက္ဖို႔လည္း ဝန္မေလးပါဘူး။
(၃) သင့္ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားတတ္ၿပီး သင့္ကိုသင္အျပစ္မကင္းသလိုမ်ိဳး ခံစားရေအာင္လည္းလုပ္တတ္ၾကပါတယ္။
(၄) အေသးအဖြဲကအစ မနာလိုျဖစ္တတ္ၾကပါတယ္။
(၅) သူတို႔အတြက္ မလုပ္ေပးႏိုင္ပါဘူး….လို႔ ျငင္းဆန္တာမ်ိဳးကို မႀကိဳက္ၾကပါဘူး။
(၆) သင့္ကိုလည္း အႏိုင္က်င့္တတ္သူေတြျဖစ္ပါတယ္။
(၇) ဘယ္ေလာက္ေကာင္းေအာင္လုပ္ေပးပါေစ…၊ ဘယ္ေတာ့မွ အေကာင္းမျမင္တတ္ၾကပါဘူး။
(၈) တဖက္လူအေပၚ ႐ိုေသမႈရွိဖို႔လည္း နားမလည္ၾကပါဘူး။
(၉) သူတို႔ခံစားခ်က္ကိုသာ သူတို႔အေလးထားၾကပါတယ္။ တဖက္လူရဲ႕ခံစားခ်က္ကိုနားမလည္ေပးၾကပါဘူး။
(၁၀) တဖက္လူရဲ႕လွ်ိဳ႕ဝွက္ခ်က္မွန္သမွ်ကို ႏႈတ္ဖြာတတ္ၾကပါတယ္။

Recommended For You >>> "သင့္ကုိတန္းဖုိးထားရာ အရပ္မွာ ေနထုိင္ပါ"

Sources : Bawa

 

UNICODE

"သင့်ကိုအဆိပ်အတောက်ဖြစ်စေတဲ့လူမှန်းသိစေနိုင်တဲ့ လက္ခဏာများ"
တခါတရံမှာ အဆိပ်အတောက်လိုလူတွေက ကျွန်တော်တို့ဆီကို သူငယ်ချင်းကောင်းဟန်ဆောင်ပြီး ရောက်လာတတ်ပါတယ်။ အမှန်တကယ်ကောင်းတာမျိုးမဟုတ်ဘဲ ဟန်ဆောင်ပြီးသင့်အပေါ်ကောင်းပြနေတဲ့သူမျိုးကို သင်ယုံကြည်နေမိမှာပါပဲ။ ထိုကဲ့သို့ဟန်ဆောင်တတ်သူမျိုးရဲ့ အစစ်အမှန်ရုပ်သွင်ကို သင်ချက်ချင်းသိနိုင်မှာတော့မဟုတ်ပါဘူး။ အဲဒါကြောင့် အဲဒီလိုလူမျိုးတွေရဲ့ အကျင့်စရိုက်၊ လက္ခဏာကို အကြမ်းဖျင်းအားဖြင့် ဖော်ပြပေးလိုက်ရပါတယ်။ သင့်အပေါင်းအသင်းတွေထဲမှာ ထိုလက္ခဏာအကျင့်စရိုက်ရှိသူမျိုးကို သတိထားဆက်ဆံနိုင်ဖို့ ဖတ်ကြည့်လိုက်ပါအုံး။

(၁) သင့်ကို အမြဲ နှိမ့်ချဆက်ဆံတတ်ပါတယ်။ သင့်ကို အမြဲ စိတ်အားငယ်အောင်၊ စိတ်ဓာတ်ကျအောင် လုပ်တတ်ပါတယ်။
(၂) သူတို့လုပ်စေချင်တာလုပ်ဖို့ဆိုရင် တဖက်လူကို ခြိမ်းခြောက်ဖို့လည်း ဝန်မလေးပါဘူး။
(၃) သင့်ကို ထိန်းချုပ်ဖို့ ကြိုးစားတတ်ပြီး သင့်ကိုသင်အပြစ်မကင်းသလိုမျိုး ခံစားရအောင်လည်းလုပ်တတ်ကြပါတယ်။
(၄) အသေးအဖွဲကအစ မနာလိုဖြစ်တတ်ကြပါတယ်။
(၅) သူတို့အတွက် မလုပ်ပေးနိုင်ပါဘူး….လို့ ငြင်းဆန်တာမျိုးကို မကြိုက်ကြပါဘူး။
(၆) သင့်ကိုလည်း အနိုင်ကျင့်တတ်သူတွေဖြစ်ပါတယ်။
(၇) ဘယ်လောက်ကောင်းအောင်လုပ်ပေးပါစေ…၊ ဘယ်တော့မှ အကောင်းမမြင်တတ်ကြပါဘူး။
(၈) တဖက်လူအပေါ် ရိုသေမှုရှိဖို့လည်း နားမလည်ကြပါဘူး။
(၉) သူတို့ခံစားချက်ကိုသာ သူတို့အလေးထားကြပါတယ်။ တဖက်လူရဲ့ခံစားချက်ကိုနားမလည်ပေးကြပါဘူး။
(၁၀) တဖက်လူရဲ့လျှို့ဝှက်ချက်မှန်သမျှကို နှုတ်ဖွာတတ်ကြပါတယ်။

Recommended For You >>> "သင့်ကိုတန်းဖိုးထားရာ အရပ်မှာ နေထိုင်ပါ"

 

Sources : Bawa

sayar.com.mm

Read times Last modified on Wednesday, 08 January 2020 17:34
Rate this articles
(0 votes)