×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 04 December 2019

"ျမန္မာႏိုင္ငံတြင္ ေခတ္စားလာသည့္ ကိုယ္ခံပညာအားကစား (၆) မ်ိဳး"

"ျမန္မာႏိုင္ငံတြင္ ေခတ္စားလာသည့္ ကိုယ္ခံပညာအားကစား (၆) မ်ိဳး" google.com

ျမန္မာႏိုင္ငံတြင္ ကိုယ္ခံပညာအားကစားနည္းမ်ား တစ္ဖန္ျပန္လည္ေခတ္စားလာၿပီးေနာက္ ႐ိုးရာလက္ေဝွ႔ေလ့က်င့္ေရး အားကစားခန္းမမ်ား၊ ေမြထိုင္းအားကစားခန္းမမ်ား အစရွိသျဖင့္ ကိုယ္ခံပညာအားကစားသင္တန္းမ်ားႏွင့္ အားကစားခန္းမမ်ား အမ်ားအျပားေပၚေပါက္လာခဲ့သည္။

ထို႔အျပင္ ျမန္မာလူငယ္မ်ားအေနျဖင့္ ကိုယ္ခံပညာအားကစားေပၚ ရႈျမင္သည့္အျမင္ကလည္း တျဖည္းျဖည္းေျပာင္းလဲလာသည္။

အာရွ၏ အႀကီးမားဆုံး ကိုယ္ခံပညာသိုင္းေပါင္းစုံအဖြဲ႕အစည္းျဖစ္သည့္ ONE Championship သည္ ၂၀၁၅ ခုႏွစ္တြင္ ျမန္မာႏိုင္ငံ၌ ကိုယ္ခံပညာသိုင္းေပါင္းစုံၿပိဳင္ပြဲမ်ားမိတ္ဆက္ေပးခဲ့ၿပီးေနာက္ လူသိနည္းေနခဲ့ေသာ ဂ်ဴဂ်စ္ဆု၊ နပမ္း အစရွိသည့္ အားကစားနည္းမ်ားသည္ေခတ္စားလာခဲ့သည္။

မိမိအေနျဖင့္ ကိုယ္ခံပညာအားကစားနည္းတစ္မ်ိဳးမ်ိဳးကို ေလ့လာရန္စိတ္ဝင္စားပါက ပထမဆုံးစဥ္းစားသင့္ေသာအခ်က္မွာ မတ္တပ္ရပ္တိုက္ခိုက္သည့္အမ်ိဳးအစား သို႔မဟုတ္ နပမ္းကဲ့သို႔ ေျမျပင္တြင္လုံးေထြးသတ္ပုတ္ရသည့္အမ်ိဳးအစား ႏွစ္ခုထဲမွ ဘယ္အရာကိုေလ့လာမည္ဆိုသည္ပင္ျဖစ္သည္။ အလားတူပင္ မိမိသည္ က်န္းမာေရးအတြက္ေပါ့ေပါ့ပါးပါးကစားလိုျခင္းေလာ၊ အေပ်ာ္တမ္းကစားသမားျဖစ္လိုျခင္းေလာဆိုသည္ကိုလည္း စဥ္းစားဆုံးျဖတ္ရမည္ျဖစ္သည္။

ကိုယ္ခံပညာအားကစားတစ္ရပ္ကိုေလ့လာလိုသူမ်ားအတြက္ ျမန္မာႏိုင္ငံတြင္ လတ္တေလာေခတ္စားေနသည့္ ထိပ္တန္းကိုယ္ခံပညာအားကစားနည္း (၆) ခုကို ေဖာ္ျပလိုက္ရပါသည္။

 

၁။ ျမန္မာ့႐ိုးရာလက္ေဝွ႔

12_a_4.jpg


သတ္ကိုးသတ္ ေမာင္းကိုးေမာင္း ရွိသည့္ျမန္မာ့႐ိုးရာလက္ေဝွ႔သည္ ကမာၻ႔ကိုယ္ခံပညာမ်ားထဲတြင္ အၾကမ္းတမ္းဆုံး ကိုယ္ခံပညာဟုပင္တင္စားႏိုင္သည္။ ဗလာလက္သီးႏွင့္ရင္ဆိုင္ယွဥ္ၿပိဳင္ရၿပီး ခႏၶာကိုယ္တစ္ခုလုံးကို လက္နက္သဖြယ္ အသုံးျပဳတိုက္ခိုက္ရသည့္ လက္နက္မဲ့ကိုယ္ခံပညာအမ်ိဳးအစားျဖစ္သည္။ ထူးျခားခ်က္မွာ ဦးေခါင္းျဖင့္ တိုက္ခိုက္ျခင္းပင္ျဖစ္သည္။

လြန္ခဲ့ေသာ ဆယ္စုႏွစ္မ်ားအတြင္း ျမန္မာ့လက္ေဝွ႔ကို ပေရာ္ဖက္ရွင္နယ္အျဖစ္အသက္ေမြးလိုသူမ်ားသာ ေလ့က်င့္သင္ယူေလ့ရွိ ေသာ္လည္း ယခုအခါတြင္ လူထုၾကားသို႔ပိုမိုပ်ံႏွံ႔လာၿပီး သာမန္လူမ်ားပင္ အားလပ္ခ်ိန္ေခြၽးထြက္ေစေသာ ေလ့က်င့္ခန္းတစ္ခု အျဖစ္ေလ့က်င့္လာၾကသည္။ ႐ိုးရာလက္ေဝွ႔အားကစား႐ုံမ်ားလည္းေပၚထြက္လာကာ အမ်ိဳးသားေရာ အမ်ိဳးသမီးမ်ားပါ ေလ့လာလိုက္စားလာၾကသည္။ Phoenix Gym ၊ သတၱိ ႐ိုးရာလက္ေဝွ႔အားကစားခန္းမတို႔သည္ ရန္ကုန္ၿမိဳ႕တြင္ နာမည္ႀကီးသည့္ ျမန္မာ့႐ိုးရာလက္ေဝွ႔ေလ့က်င့္ေရးခန္းမမ်ားျဖစ္သည္။

သေျပညိဳ၊ ေစာဘဦး၊ ရဲေသြးနီ၊ ေစာမိုက္႐ိုင္း အစရွိသည့္ ျမန္မာ့႐ိုးရာလက္ေဝွ႔ကစားသမားမ်ားသည္ ONE Championship ၏ ကိုယ္ခံပညာသိုင္းေပါင္းစုံၿပိဳင္ပြဲမ်ားတြင္ င္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ အျခားကိုယ္ခံပညာကစားသမားမ်ားတန္းတူ လက္စြမ္းျပႏိုင္ ခဲ့သည္။

 

၂။ ေမြထိုင္းလက္ေဝွ႔

Muay-Thai-boxing.jpg


ျမန္မာႏိုင္ငံတြင္ေခတ္စားလာသည့္ ကိုယ္ခံပညာအားကစားနည္းမ်ားထဲတြင္ ထိုင္း႐ိုးရာကိုယ္ခံပညာရပ္ျဖစ္သည့္ ေမြထိုင္း အားကစားနည္းလည္းပါဝင္သည္။ သတ္ရွစ္သတ္နည္းစနစ္ရွိသည့္ ေမြထိုင္းကိုယ္ခံပညာသည္ ကမာၻတြင္ေရပန္းစားလာသည့္ ကိုယ္ခံပညာတစ္ခုလည္းျဖစ္သည္။

ေရေျမခ်င္းထိစပ္ေနသည့္အေလွ်ာက္ ေမြထိုင္းႏွင့္ ျမန္မာ့႐ိုးရာလက္ေဝွ႔သည္ ေယဘုယ်အားျဖင့္ ပုံစံတူသည္ဟုဆိုရေပမည္။ ရန္ကုန္ၿမိဳ႕ရွိ Fitness Gym အခ်ိဳ႕ႏွင့္ လက္ေဝွ႔ကလပ္မ်ားတြင္ ေမြထိုင္းလက္ေဝွ႔ကိုေလ့က်င့္သင္ၾကားႏိုင္သည္။ ယခုေနာက္ပိုင္းတြင္ အမ်ိဳးသားမ်ားသာမက အမ်ိဳးသမီးမ်ားပါ က်န္းမာေရးအတြက္ေသာ္လည္းေကာင္း၊ မိမိကိုယ္ကိုယ္ ကာကြယ္ရန္ကိုယ္ခံပညာအေနျဖင့္ေသာ္လည္းေကာင္း၊ ခႏၶာကိုယ္အေလးခ်ိန္ထိန္းညႇိရန္အတြက္လည္းေကာင္း ေမြထိုင္းလက္ေဝွ႔ကိုကစားလာၾကသည္။

ONE Championship ၏ ဖယ္သာဝိတ္တန္း ကမာၻ႔ေမြထိုင္းခ်န္ပီယံ Rodtang “The Iron Man” Jitmuangnon ၏ ထိုးခ်က္၊ ကန္ခ်က္မ်ားသည္ ရင္သတ္ရႈေမာဖြယ္ေကာင္းေအာင္ ဆြဲေဆာင္ႏိုင္လွသည္။

 

 

၃။ ဘရာဇီး ဂ်ဴဂ်စ္ဆု

BJJ-Ego-1024x576.jpg


ကိုယ္ခံပညာသိုင္းေပါင္းစုံ အားကစားၿပိဳင္ပြဲမ်ားႏွင့္ ျမန္မာႏိုင္ငံသားမ်ား ရင္ႏွီးကြၽမ္းဝင္လာသည့္အခါ ဘရာဇီးဂ်ဴဂ်စ္ဆု အားကစားနည္းမွာလည္း အထိုက္အေလွ်ာက္ေခတ္စားလာခဲ့သည့္အားကစားနည္းတစ္ခုျဖစ္လာခဲ့သည္။ ဘရာဇီး ဂ်ဴဂ်စ္ဆုသည္ ၿပိဳင္ဘက္ကို အနီးကပ္ရင္ဆိုင္တိုက္ခိုက္ရသည့္ ကိုယ္ခံပညာအားကစားနည္းတစ္မ်ိဳးျဖစ္သည္။ ဘရာဇီး ဂ်ဴဂ်စ္ဆုတြင္ အမ်ိဳးမ်ိဳးေသာေျမျပင္ခ်ဳပ္ကြက္မ်ားစြာကို သင္ၾကားေလ့လာႏိုင္သည္။

ဘရာဇီးဂ်ဳဂ်စ္ဆုအားကစားနည္းသည္ ခႏၶာကိုယ္အခ်ိဳးအစားႏွင့္ က်ားမမေ႐ြးသင္ၾကားႏိုင္ၿပီး ကြၽမ္းက်င္မႈေပၚမူတည္၍ မိမိထက္ခႏၶာကိုယ္ႀကီးထြားသူမ်ားႏွင့္ ရင္ဆိုင္ရလ်င္ပင္အႏိုင္ယူႏိုင္သည္။ ထို႔ေၾကာင့္ အဆိုပါအားကစားနည္းသည္ မိမိကိုယ္ကိုကာကြယ္ရန္အတြက္ အေကာင္းဆုံးကိုယ္ခံပညာဟုပင္ဆိုၾကသည္။ ဘရာဇီးဂ်ဴဂ်စ္ဆုအားကစားနည္းကို ဖိုးေသာ္၏ Team PT Gym၊ Trandsend Gym ၏ BJJ Myanmar တို႔တြင္ ေလ့က်င့္သင္ၾကားႏိုင္သည္။

ONE Championship တြင္ ယွဥ္ၿပိဳင္ကစားေနသည့္ ျမန္မာကစားသမားအမ်ားစုသည္ ေျမျပင္ခ်ဳပ္ကြက္မ်ားအတြက္ ဘရာဇီး ဂ်ဴဂ်စ္ဆုကို ကြၽမ္းက်င္ေအာင္ေလ့လာသင္ယူထားသူမ်ားျဖစ္သည္။ ONE Championship ၏ ဝိတ္တန္း ( ၂) ခု ကမာၻ႔ခ်န္ပီယံ ရရွိထားသူ ျမန္မာ့စပါးအုံး ေအာင္လအန္ဆန္သည္ ဂ်ဴဂ်စ္ဆုကိုယ္ခံပညာထူးခြၽန္သူတစ္ဦးျဖစ္ၿပီး ၎၏ ခ်ဳပ္ကြက္မ်ားသည္ ႐ုန္းထြက္ရန္ခက္ခဲလွသည္။

 

 

၄။ ကရာေတး

karate-showcases-global-expansion-with-anticipated-karate-1-premier-league-shanghai-89.jpg


ကရာေတးကိုယ္ခံပညာသည္ မိမိကိုယ္ကိုကာကြယ္ေရးအတြက္ အလြန္ထိေရာက္မႈရွိေသာအားကစားနည္းတစ္မ်ိဳးျဖစ္သည္။ ၎ကိုယ္ခံပညာသည္ ၿပိဳင္ဘက္၏ မထင္မွတ္ထားသည့္အေနအထားမွတိုက္ခိုက္မႈကို လ်င္ျမန္စြာေရွာင္တိမ္းၿပီး ၿပိဳင္ဘက္ ဆက္လက္မတိုက္ခိုက္ႏိုင္ေအာင္ ျပန္လည္ထိန္းခ်ဳပ္ကာကြယ္သည့္ပုံစံျဖစ္သည္။

ကရာေတးသည္ ျမန္မာႏိုင္ငံတြင္ လူႀကိဳက္မ်ားသည့္ ကိုယ္ခံပညာအားကစားနည္းတြင္ပါဝင္ေနၿပီး ေလ့လာလိုက္စားသူ မ်ားသည့္ ကိုယ္ခံပညာရပ္ျဖစ္သည္။ ျမန္မာႏိုင္ငံကရာေတးအဖြဲ႕ခ်ဳပ္သည္ ေအာင္ဆန္းကြင္းအတြင္းတည္ရွိကာ ေႏြရာသီတြင္ ကေလးမ်ားအတြက္ ေႏြရာသီကရာေတးသင္တန္းမ်ားဖြင့္လွစ္ေပးလ်က္ရွိၿပီး အျခားသင္တန္းမ်ားကိုလည္း အလ်ဥ္းသင့္သလို ဖြင့္လွစ္ေပးေနသည္။ ကရာေတးအားကစားနည္းကို စနစ္တက်သင္ၾကားေပးေနသည့္ကရာေတးသင္တန္းမ်ားလည္း ရန္ကုန္ၿမိဳ႕တြင္ေျမာက္ျမားစြာရွိသည္။

ျမန္မာႏိုင္ငံ ဂုဏ္ေဆာင္၍ ONE Championship တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ေနသည့္ဖိုးေသာ္သည္ ကရာေတး ကစားသမား တစ္ဦးျဖစ္ၿပီး ႐ိုးရာလက္ေဝွ႔ႏွင့္ေပါင္းစပ္ကာ ၿပိဳင္ပြဲမ်ားတြင္လက္စြမ္းျပေနျခင္းျဖစ္သည္။ ONE: Quest of Gold ၿပိဳင္ပြဲႀကီးတြင္ ကေမာၻဒီးယားကစားသမား Sor Sey ကိုကန္ခဲ့သည့္အျမင့္ကန္ခ်က္မွာ လွပေသာကရာေတးကန္ခ်က္ဟုပင္ ခ်ီးမြမ္းခံခဲ့ရသည္။ အလားတူ ဖိုးေသာ္၏ တပည့္ျဖစ္သူ စိုင္းဉာဏ္လင္းသည္လည္း ျပည္တြင္းကရာေတးခ်န္ပီယံဆုကို သုံးႀကိမ္တိုင္ ဆြတ္ခူးဖူးသူ ျဖစ္သည္။

 

 

၅။ ဂ်ဴဒို

ijf-03-1550476915-1550476915.jpg


ဂ်ဴဒိုအားကစားနည္းသည္ ဒုတိယကမာၻစစ္လြန္ကာလတြင္ ျမန္မာႏိုင္ငံသို႔ ဂ်ပန္တို႔ႏွင့္အတူေရာက္ရွိလာသည့္ ဂ်ပန္႐ိုးရာ ကိုယ္ခံပညာတစ္ခုျဖစ္သည္။ ဂ်ဴဒိုသည္ ေရွးအလြန္က်သည့္ ဂ်ပန္ဂ်ဴဂ်စ္ဆုကိုယ္ခံပညာမွ ဆင့္ပြားေပၚေပါက္လာသည့္ အားကစားနည္းတစ္ရပ္ျဖစ္သည္။ ဂ်ဴဒိုအားကစားနည္းသည္ ျမန္မာႏိုင္ငံတြင္ေခတ္စားသည့္ ကိုယ္ခံပညာအားကစားနည္းမ်ား ထဲတြင္ တစ္မ်ိဳးအပါအဝင္ျဖစ္သည္။

ဂ်ဴဒိုအားကစားတြင္ ၿပိဳင္ဘက္ကိုကိုင္ေပါက္လွဲခ်ျခင္း၊ လည္ပင္းကို တံေတာင္ျဖင့္ညႇပ္၍ခ်ဳပ္ျခင္း၊ ေျခလက္တို႔ကို မလႈပ္ႏိုင္ေအာင္ခ်ဳပ္ကိုင္ျခင္းတို႔ပါဝင္သည္။ ဂ်ဴဒိုကိုယ္ခံပညာကို မိမိကိုယ္ကိုကာကြယ္ရန္အသုံးဝင္သည့္ ပညာရပ္တစ္ခုအျဖစ္ လက္ခံထားၾကသည္။

ျမန္မာႏိုင္ငံဂ်ဴဒိုအဖြဲ႕ခ်ဳပ္သည္ ဦးဝိစာရလမ္းမေပၚရွိ အမ်ိဳးသားေရကူးကန္ဝင္းအတြင္းတည္ရွိၿပီး ရာသီအလိုက္ ဂ်ဴဒိုသင္တန္း မ်ားဖြင့္လွစ္သင္ၾကားေပးလ်က္ရွိသည္။ အျခားပုဂၢလိကဂ်ဴဒိုသင္တန္းမ်ားလည္းမ်ားစြာရွိပါေသးသည္။ ONE Championship ၏ လိုက္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံေဟာင္း Shinya “Tobikan Judan” Aoki သည္ ၎ကြၽမ္းက်င္ေသာဂ်ဴဒိုနည္းစနစ္မ်ားကို ေပါင္းစပ္၍ ကိုယ္ခံပညာသိုင္းေပါင္းစုံအားကစားတြင္လက္စြမ္းျပၿပီး ႏိုင္ပြဲမ်ားစြာရယူခဲ့သူျဖစ္သည္။

 

 

၆။ တိုက္ကြမ္ဒို

leah-.jpg


တိုက္ကြမ္ဒိုအားကစားသည္ ျမန္မာႏိုင္ငံတြင္ လြန္ခဲ့သည့္ဆယ္စုႏွစ္မ်ားစြာကပင္အေျခက်ေနသည့္ ကိုယ္ခံပညာ အားကစား နည္းတစ္မ်ိဳးျဖစ္သည္။ တိုက္ကြမ္ဒိုအားကစားနည္းသည္ ၿပိဳင္ဘက္ကို လွ်ပ္တစ္ျပက္တိုက္ခိုက္ရသည့္ ကိုးရီးယား႐ိုးရာ လက္နက္မဲ့အားကစားနည္းတစ္မ်ိဳးျဖစ္သည္။

တိုက္ကြမ္ဒိုအားကစားနည္းသည္ ယွဥ္ၿပိဳင္မႈကိုဦးစားေပးသည့္ ကိုယ္ခံပညာအားကစားနည္းတစ္မ်ိဳးျဖစ္ၿပီး ေျခကန္ခ်က္မ်ားကို အဓိကထားသည္။ လူသားတို႔၏ ေျခေထာက္မ်ားသည္ လက္ထက္ပိုမိုရွည္လ်ားေသာေၾကာင့္ ၿပိဳင္ဘက္၏ ခ်က္ေကာင္းမ်ားကို ပိုမိုလြယ္ကူစြာထိႏိုင္သည္။ ျမန္မာႏိုင္ငံတြင္ တိုက္ကြမ္ဒိုအားကစားနည္းသည္ လူႀကိဳက္မ်ားသည့္ကိုယ္ခံပညာ အားကစားမ်ား ထဲတြင္ တစ္ခုအပါအဝင္ျဖစ္သည္။

တိုက္ကြမ္ဒိုအားကစားနည္းကိုေလ့လာလိုက္စားလိုသူမ်ားအေနျဖင့္ ေအာင္ဆန္းကြင္းရွိ ျမန္မာႏိုင္ငံတိုက္ကြမ္ဒိုအဖြဲ႕ခ်ဳပ္မွ ဖြင့္လွစ္သည့္သင္တန္းမ်ားတက္ေရာက္ႏိုင္သလို၊ အျခားပုဂၢလိကတိုက္ကြမ္ဒိုသင္တန္းမ်ားကိုလည္း ရန္ကုန္ၿမိဳ႕တြင္ ေတြ႕ရွိ ႏိုင္သည္။ ကေလးငယ္မ်ားအတြက္မူ Balance Fitness Gym တြင္ Kid Taekwondo သင္တန္းတစ္ခုကို ဖြင့္လွစ္ သင္ၾကား လ်က္ရွိသည္။

ONE Championship ကစားသမားျဖစ္သည့္ Anthony “The Archangel” Engelen သည္ ထိပ္တန္းတိုက္ကြမ္ဒိုကစားသမား တစ္ဦးျဖစ္ၿပီး ၎သည္ ၿပိဳင္ဘက္၏ ဦးေခါင္းကို ေျချဖင့္တစ္ခ်က္တည္းကန္၍ပြဲသိမ္းႏိုင္သည္အထိ စြမ္းေဆာင္ထားသူ ျဖစ္သည္။

sayar.com.mmတြင္တိုက္ကြမ္ဒိူ ႏွင့္ ကရာေတး သင္ၾကားေပးေသာ Guide ဆရာ၊ ဆရာမ်ားကို လြယ္လြယ္ကူကူ၊ လ်င္လ်င္ျမန္ျမန္နဲ ့အခမဲ့ ရွာေဖြႏိုင္ပါျပီ။

Taekwondo >>> https://bit.ly/2OO6935

Karate >>> https://bit.ly/2rVQO7G

 

 

Sources : Yoeyarlay

UNICODE

"မြန်မာနိုင်ငံတွင် ခေတ်စားလာသည့် ကိုယ်ခံပညာအားကစား (၆) မျိုး"

မြန်မာနိုင်ငံတွင် ကိုယ်ခံပညာအားကစားနည်းများ တစ်ဖန်ပြန်လည်ခေတ်စားလာပြီးနောက် ရိုးရာလက်ဝှေ့လေ့ကျင့်ရေး အားကစားခန်းမများ၊ မွေထိုင်းအားကစားခန်းမများ အစရှိသဖြင့် ကိုယ်ခံပညာအားကစားသင်တန်းများနှင့် အားကစားခန်းမများ အများအပြားပေါ်ပေါက်လာခဲ့သည်။ ထို့အပြင် မြန်မာလူငယ်များအနေဖြင့် ကိုယ်ခံပညာအားကစားပေါ် ရှုမြင်သည့်အမြင်ကလည်း တဖြည်းဖြည်းပြောင်းလဲလာသည်။

အာရှ၏ အကြီးမားဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းဖြစ်သည့် ONE Championship သည် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲများမိတ်ဆက်ပေးခဲ့ပြီးနောက် လူသိနည်းနေခဲ့သော ဂျူဂျစ်ဆု၊ နပမ်း အစရှိသည့် အားကစားနည်းများသည်ခေတ်စားလာခဲ့သည်။

မိမိအနေဖြင့် ကိုယ်ခံပညာအားကစားနည်းတစ်မျိုးမျိုးကို လေ့လာရန်စိတ်ဝင်စားပါက ပထမဆုံးစဉ်းစားသင့်သောအချက်မှာ မတ်တပ်ရပ်တိုက်ခိုက်သည့်အမျိုးအစား သို့မဟုတ် နပမ်းကဲ့သို့ မြေပြင်တွင်လုံးထွေးသတ်ပုတ်ရသည့်အမျိုးအစား နှစ်ခုထဲမှ ဘယ်အရာကိုလေ့လာမည်ဆိုသည်ပင်ဖြစ်သည်။ အလားတူပင် မိမိသည် ကျန်းမာရေးအတွက်ပေါ့ပေါ့ပါးပါးကစားလိုခြင်းလော၊ အပျော်တမ်းကစားသမားဖြစ်လိုခြင်းလောဆိုသည်ကိုလည်း စဉ်းစားဆုံးဖြတ်ရမည်ဖြစ်သည်။

ကိုယ်ခံပညာအားကစားတစ်ရပ်ကိုလေ့လာလိုသူများအတွက် မြန်မာနိုင်ငံတွင် လတ်တလောခေတ်စားနေသည့် ထိပ်တန်းကိုယ်ခံပညာအားကစားနည်း (၆) ခုကို ဖော်ပြလိုက်ရပါသည်။

 

၁။ မြန်မာ့ရိုးရာလက်ဝှေ့

12_a_4.jpg


သတ်ကိုးသတ် မောင်းကိုးမောင်း ရှိသည့်မြန်မာ့ရိုးရာလက်ဝှေ့သည် ကမ္ဘာ့ကိုယ်ခံပညာများထဲတွင် အကြမ်းတမ်းဆုံး ကိုယ်ခံပညာဟုပင်တင်စားနိုင်သည်။ ဗလာလက်သီးနှင့်ရင်ဆိုင်ယှဉ်ပြိုင်ရပြီး ခန္ဓာကိုယ်တစ်ခုလုံးကို လက်နက်သဖွယ် အသုံးပြုတိုက်ခိုက်ရသည့် လက်နက်မဲ့ကိုယ်ခံပညာအမျိုးအစားဖြစ်သည်။ ထူးခြားချက်မှာ ဦးခေါင်းဖြင့် တိုက်ခိုက်ခြင်းပင်ဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း မြန်မာ့လက်ဝှေ့ကို ပရော်ဖက်ရှင်နယ်အဖြစ်အသက်မွေးလိုသူများသာ လေ့ကျင့်သင်ယူလေ့ရှိ သော်လည်း ယခုအခါတွင် လူထုကြားသို့ပိုမိုပျံနှံ့လာပြီး သာမန်လူများပင် အားလပ်ချိန်ချွေးထွက်စေသော လေ့ကျင့်ခန်းတစ်ခု အဖြစ်လေ့ကျင့်လာကြသည်။ ရိုးရာလက်ဝှေ့အားကစားရုံများလည်းပေါ်ထွက်လာကာ အမျိုးသားရော အမျိုးသမီးများပါ လေ့လာလိုက်စားလာကြသည်။ Phoenix Gym ၊ သတ္တိ ရိုးရာလက်ဝှေ့အားကစားခန်းမတို့သည် ရန်ကုန်မြို့တွင် နာမည်ကြီးသည့် မြန်မာ့ရိုးရာလက်ဝှေ့လေ့ကျင့်ရေးခန်းမများဖြစ်သည်။

သပြေညို၊ စောဘဦး၊ ရဲသွေးနီ၊ စောမိုက်ရိုင်း အစရှိသည့် မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများသည် ONE Championship ၏ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲများတွင် င်ရောက်ယှဉ်ပြိုင်ခဲ့ရာ အခြားကိုယ်ခံပညာကစားသမားများတန်းတူ လက်စွမ်းပြနိုင် ခဲ့သည်။

 

 

၂။ မွေထိုင်းလက်ဝှေ့

Muay-Thai-boxing.jpg


မြန်မာနိုင်ငံတွင်ခေတ်စားလာသည့် ကိုယ်ခံပညာအားကစားနည်းများထဲတွင် ထိုင်းရိုးရာကိုယ်ခံပညာရပ်ဖြစ်သည့် မွေထိုင်း အားကစားနည်းလည်းပါဝင်သည်။ သတ်ရှစ်သတ်နည်းစနစ်ရှိသည့် မွေထိုင်းကိုယ်ခံပညာသည် ကမ္ဘာတွင်ရေပန်းစားလာသည့် ကိုယ်ခံပညာတစ်ခုလည်းဖြစ်သည်။

ရေမြေချင်းထိစပ်နေသည့်အလျှောက် မွေထိုင်းနှင့် မြန်မာ့ရိုးရာလက်ဝှေ့သည် ယေဘုယျအားဖြင့် ပုံစံတူသည်ဟုဆိုရပေမည်။ ရန်ကုန်မြို့ရှိ Fitness Gym အချို့နှင့် လက်ဝှေ့ကလပ်များတွင် မွေထိုင်းလက်ဝှေ့ကိုလေ့ကျင့်သင်ကြားနိုင်သည်။ ယခုနောက်ပိုင်းတွင် အမျိုးသားများသာမက အမျိုးသမီးများပါ ကျန်းမာရေးအတွက်သော်လည်းကောင်း၊ မိမိကိုယ်ကိုယ် ကာကွယ်ရန်ကိုယ်ခံပညာအနေဖြင့်သော်လည်းကောင်း၊ ခန္ဓာကိုယ်အလေးချိန်ထိန်းညှိရန်အတွက်လည်းကောင်း မွေထိုင်းလက်ဝှေ့ကိုကစားလာကြသည်။

ONE Championship ၏ ဖယ်သာဝိတ်တန်း ကမ္ဘာ့မွေထိုင်းချန်ပီယံ Rodtang “The Iron Man” Jitmuangnon ၏ ထိုးချက်၊ ကန်ချက်များသည် ရင်သတ်ရှုမောဖွယ်ကောင်းအောင် ဆွဲဆောင်နိုင်လှသည်။

 

 

၃။ ဘရာဇီး ဂျူဂျစ်ဆု

BJJ-Ego-1024x576.jpg


ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် မြန်မာနိုင်ငံသားများ ရင်နှီးကျွမ်းဝင်လာသည့်အခါ ဘရာဇီးဂျူဂျစ်ဆု အားကစားနည်းမှာလည်း အထိုက်အလျှောက်ခေတ်စားလာခဲ့သည့်အားကစားနည်းတစ်ခုဖြစ်လာခဲ့သည်။ ဘရာဇီး ဂျူဂျစ်ဆုသည် ပြိုင်ဘက်ကို အနီးကပ်ရင်ဆိုင်တိုက်ခိုက်ရသည့် ကိုယ်ခံပညာအားကစားနည်းတစ်မျိုးဖြစ်သည်။ ဘရာဇီး ဂျူဂျစ်ဆုတွင် အမျိုးမျိုးသောမြေပြင်ချုပ်ကွက်များစွာကို သင်ကြားလေ့လာနိုင်သည်။

ဘရာဇီးဂျုဂျစ်ဆုအားကစားနည်းသည် ခန္ဓာကိုယ်အချိုးအစားနှင့် ကျားမမရွေးသင်ကြားနိုင်ပြီး ကျွမ်းကျင်မှုပေါ်မူတည်၍ မိမိထက်ခန္ဓာကိုယ်ကြီးထွားသူများနှင့် ရင်ဆိုင်ရလျင်ပင်အနိုင်ယူနိုင်သည်။ ထို့ကြောင့် အဆိုပါအားကစားနည်းသည် မိမိကိုယ်ကိုကာကွယ်ရန်အတွက် အကောင်းဆုံးကိုယ်ခံပညာဟုပင်ဆိုကြသည်။ ဘရာဇီးဂျူဂျစ်ဆုအားကစားနည်းကို ဖိုးသော်၏ Team PT Gym၊ Trandsend Gym ၏ BJJ Myanmar တို့တွင် လေ့ကျင့်သင်ကြားနိုင်သည်။

ONE Championship တွင် ယှဉ်ပြိုင်ကစားနေသည့် မြန်မာကစားသမားအများစုသည် မြေပြင်ချုပ်ကွက်များအတွက် ဘရာဇီး ဂျူဂျစ်ဆုကို ကျွမ်းကျင်အောင်လေ့လာသင်ယူထားသူများဖြစ်သည်။ ONE Championship ၏ ဝိတ်တန်း ( ၂) ခု ကမ္ဘာ့ချန်ပီယံ ရရှိထားသူ မြန်မာ့စပါးအုံး အောင်လအန်ဆန်သည် ဂျူဂျစ်ဆုကိုယ်ခံပညာထူးချွန်သူတစ်ဦးဖြစ်ပြီး ၎င်း၏ ချုပ်ကွက်များသည် ရုန်းထွက်ရန်ခက်ခဲလှသည်။

 

 

၄။ ကရာတေး

karate-showcases-global-expansion-with-anticipated-karate-1-premier-league-shanghai-89.jpg


ကရာတေးကိုယ်ခံပညာသည် မိမိကိုယ်ကိုကာကွယ်ရေးအတွက် အလွန်ထိရောက်မှုရှိသောအားကစားနည်းတစ်မျိုးဖြစ်သည်။ ၎င်းကိုယ်ခံပညာသည် ပြိုင်ဘက်၏ မထင်မှတ်ထားသည့်အနေအထားမှတိုက်ခိုက်မှုကို လျင်မြန်စွာရှောင်တိမ်းပြီး ပြိုင်ဘက် ဆက်လက်မတိုက်ခိုက်နိုင်အောင် ပြန်လည်ထိန်းချုပ်ကာကွယ်သည့်ပုံစံဖြစ်သည်။

ကရာတေးသည် မြန်မာနိုင်ငံတွင် လူကြိုက်များသည့် ကိုယ်ခံပညာအားကစားနည်းတွင်ပါဝင်နေပြီး လေ့လာလိုက်စားသူ များသည့် ကိုယ်ခံပညာရပ်ဖြစ်သည်။ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်သည် အောင်ဆန်းကွင်းအတွင်းတည်ရှိကာ နွေရာသီတွင် ကလေးများအတွက် နွေရာသီကရာတေးသင်တန်းများဖွင့်လှစ်ပေးလျက်ရှိပြီး အခြားသင်တန်းများကိုလည်း အလျဉ်းသင့်သလို ဖွင့်လှစ်ပေးနေသည်။ ကရာတေးအားကစားနည်းကို စနစ်တကျသင်ကြားပေးနေသည့်ကရာတေးသင်တန်းများလည်း ရန်ကုန်မြို့တွင်မြောက်မြားစွာရှိသည်။

မြန်မာနိုင်ငံ ဂုဏ်ဆောင်၍ ONE Championship တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့်ဖိုးသော်သည် ကရာတေး ကစားသမား တစ်ဦးဖြစ်ပြီး ရိုးရာလက်ဝှေ့နှင့်ပေါင်းစပ်ကာ ပြိုင်ပွဲများတွင်လက်စွမ်းပြနေခြင်းဖြစ်သည်။ ONE: Quest of Gold ပြိုင်ပွဲကြီးတွင် ကမ္ဘောဒီးယားကစားသမား Sor Sey ကိုကန်ခဲ့သည့်အမြင့်ကန်ချက်မှာ လှပသောကရာတေးကန်ချက်ဟုပင် ချီးမွမ်းခံခဲ့ရသည်။ အလားတူ ဖိုးသော်၏ တပည့်ဖြစ်သူ စိုင်းဉာဏ်လင်းသည်လည်း ပြည်တွင်းကရာတေးချန်ပီယံဆုကို သုံးကြိမ်တိုင် ဆွတ်ခူးဖူးသူ ဖြစ်သည်။

 

 

၅။ ဂျူဒို

ijf-03-1550476915-1550476915.jpg


ဂျူဒိုအားကစားနည်းသည် ဒုတိယကမ္ဘာစစ်လွန်ကာလတွင် မြန်မာနိုင်ငံသို့ ဂျပန်တို့နှင့်အတူရောက်ရှိလာသည့် ဂျပန်ရိုးရာ ကိုယ်ခံပညာတစ်ခုဖြစ်သည်။ ဂျူဒိုသည် ရှေးအလွန်ကျသည့် ဂျပန်ဂျူဂျစ်ဆုကိုယ်ခံပညာမှ ဆင့်ပွားပေါ်ပေါက်လာသည့် အားကစားနည်းတစ်ရပ်ဖြစ်သည်။ ဂျူဒိုအားကစားနည်းသည် မြန်မာနိုင်ငံတွင်ခေတ်စားသည့် ကိုယ်ခံပညာအားကစားနည်းများ ထဲတွင် တစ်မျိုးအပါအဝင်ဖြစ်သည်။

ဂျူဒိုအားကစားတွင် ပြိုင်ဘက်ကိုကိုင်ပေါက်လှဲချခြင်း၊ လည်ပင်းကို တံတောင်ဖြင့်ညှပ်၍ချုပ်ခြင်း၊ ခြေလက်တို့ကို မလှုပ်နိုင်အောင်ချုပ်ကိုင်ခြင်းတို့ပါဝင်သည်။ ဂျူဒိုကိုယ်ခံပညာကို မိမိကိုယ်ကိုကာကွယ်ရန်အသုံးဝင်သည့် ပညာရပ်တစ်ခုအဖြစ် လက်ခံထားကြသည်။

မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်သည် ဦးဝိစာရလမ်းမပေါ်ရှိ အမျိုးသားရေကူးကန်ဝင်းအတွင်းတည်ရှိပြီး ရာသီအလိုက် ဂျူဒိုသင်တန်း များဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ အခြားပုဂ္ဂလိကဂျူဒိုသင်တန်းများလည်းများစွာရှိပါသေးသည်။ ONE Championship ၏ လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Shinya “Tobikan Judan” Aoki သည် ၎င်းကျွမ်းကျင်သောဂျူဒိုနည်းစနစ်များကို ပေါင်းစပ်၍ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားတွင်လက်စွမ်းပြပြီး နိုင်ပွဲများစွာရယူခဲ့သူဖြစ်သည်။

 

၆။ တိုက်ကွမ်ဒို

leah-.jpg


တိုက်ကွမ်ဒိုအားကစားသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သည့်ဆယ်စုနှစ်များစွာကပင်အခြေကျနေသည့် ကိုယ်ခံပညာ အားကစား နည်းတစ်မျိုးဖြစ်သည်။ တိုက်ကွမ်ဒိုအားကစားနည်းသည် ပြိုင်ဘက်ကို လျှပ်တစ်ပြက်တိုက်ခိုက်ရသည့် ကိုးရီးယားရိုးရာ လက်နက်မဲ့အားကစားနည်းတစ်မျိုးဖြစ်သည်။

တိုက်ကွမ်ဒိုအားကစားနည်းသည် ယှဉ်ပြိုင်မှုကိုဦးစားပေးသည့် ကိုယ်ခံပညာအားကစားနည်းတစ်မျိုးဖြစ်ပြီး ခြေကန်ချက်များကို အဓိကထားသည်။ လူသားတို့၏ ခြေထောက်များသည် လက်ထက်ပိုမိုရှည်လျားသောကြောင့် ပြိုင်ဘက်၏ ချက်ကောင်းများကို ပိုမိုလွယ်ကူစွာထိနိုင်သည်။ မြန်မာနိုင်ငံတွင် တိုက်ကွမ်ဒိုအားကစားနည်းသည် လူကြိုက်များသည့်ကိုယ်ခံပညာ အားကစားများ ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

တိုက်ကွမ်ဒိုအားကစားနည်းကိုလေ့လာလိုက်စားလိုသူများအနေဖြင့် အောင်ဆန်းကွင်းရှိ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ ဖွင့်လှစ်သည့်သင်တန်းများတက်ရောက်နိုင်သလို၊ အခြားပုဂ္ဂလိကတိုက်ကွမ်ဒိုသင်တန်းများကိုလည်း ရန်ကုန်မြို့တွင် တွေ့ရှိ နိုင်သည်။ ကလေးငယ်များအတွက်မူ Balance Fitness Gym တွင် Kid Taekwondo သင်တန်းတစ်ခုကို ဖွင့်လှစ် သင်ကြား လျက်ရှိသည်။

ONE Championship ကစားသမားဖြစ်သည့် Anthony “The Archangel” Engelen သည် ထိပ်တန်းတိုက်ကွမ်ဒိုကစားသမား တစ်ဦးဖြစ်ပြီး ၎င်းသည် ပြိုင်ဘက်၏ ဦးခေါင်းကို ခြေဖြင့်တစ်ချက်တည်းကန်၍ပွဲသိမ်းနိုင်သည်အထိ စွမ်းဆောင်ထားသူ ဖြစ်သည်။

sayar.com.mm တွင်တိုက်ကွမ်ဒိူ နှင့် ကရာတေး သင်ကြားပေးသော Guide ဆရာ၊ ဆရာများကို လွယ်လွယ်ကူကူ၊ လျင်လျင်မြန်မြန်နဲ့အခမဲ့ ရှာဖွေနိုင်ပါပြီ။

Taekwondo >>> https://bit.ly/2OO6935
Karate >>> https://bit.ly/2rVQO7G

 

 

sayar.com.mm

Sources : Yoeyarlay



Read times Last modified on Monday, 30 December 2019 17:01
Rate this articles
(0 votes)