×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 15 February 2020

စိတ်ဓါတ်ရင့်ကျက်လာဖို့”

စိတ်ဓါတ်ရင့်ကျက်လာဖို့” google

(၁) တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ..တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ။


(၂) ကိုယ့်ကိုကိုယ်တောင် မပိုင်တာ..ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ။
(၃) ငါ သေရအုံးမှာ..အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ။
(၄) ငါဘာတွေတွေးနေလဲ?ဘာတွေခံစားနေလဲ ?
ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ။
(၅) ငါဘာကိုတန်ဖိုးထားတာလဲ? အပေါ်ယံအရာဖြစ်တဲ့ပစ္စည်းတွေလား?
တစ်စုံတခုလား? တစ်စုံတစ်ယောက်လား?စိတ်ထားမြင့်မြတ်တာလား? ကိုယ်ကျင့်တရားမြင့်မြတ်တာလား?
ငါ့ဘဝမှာ ငါတကယ်တမ်း တန်ဖိုးအထားဆုံးအရာဟာ ဘာလဲ?
ခုလုပ်နေတာတွေဟာ ငါဘာကိုတန်ဖိုးထားပြီး လုပ်နေကိုင်နေပြောနေတာလဲ?
ငါတန်ဖိုးအထားဆုံးအရာဟာ တကယ်တမ်း နောက်ဆုံးတော့ အားကိုးရရဲ့လား?
ဆိုတဲ့မေးခွန်းမျိုးကို ကိုယ့်ကိုကိုယ် မမေ့မလျော့ ပြန်ပြန်မေးပါ။
(ကိုယ့်ကိုကိုယ် မလိမ်မညာပဲဖြေရင် အမှန်တွေနဲ့ အကောင်းတရားတွေနဲ့ နီးလာပြီ)
(၆) ဖြစ်နေတဲ့ အဆိုးတွေရော အကောင်းတွေရောဟာဘာမှ မမြဲဘူး။ ဘာမှ မဟုတ်ဘူး။ တခဏလေးတွေချည်းပဲ။ သင်္ခါရတရားတွေ အချိန်ပြည့် နှိပ်စက်နေတာလို့ အမြဲနှလုံးသွင်းနေကြည့်လိုက်ပါ။
သဘာဝကို သဘာဝ၊ အမှန်ကို အမှန်လို့ကြည့်တတ် မြင်တတ် လက်ခံတတ်တာ လက်ခံနိုင်တာဟာ သတ္တိရှိလို့ပါ။
သဘာဝအမှန်တရားကို လက်ခံနိုင်ရင် စိတ်ဓါတ်ရင့်ကျက်လာပြီ။အရှိကိုအရှိအတိုင်း အမှန်တရားကို အမှန်အတိုင်း လက်ခံနိုင်တဲ့စွမ်းရည်ကပဲအရာရာအပေါ်ကို balance အဖြစ် မြင်တတ်လာလိမ့်မယ်။
အဲဒီလက်ခံနိုင်တဲ့ စိတ်ဓါတ်ကပဲ ကိုယ့်ဘဝကို တကယ်တမ်းဘာရှေ့ဆက်လုပ်ရမလဲ ဘယ်အရာတွေကို မလုပ်သင့်တော့ဘူး။ဘယ်အရာတွေတော့ ပိုလုပ်သင့်သလဲဆိုတာ လမ်းပြပေးသွားပါလိမ့်မယ်။
နေတတ်ထိုင်တတ်အောင် စိတ်ချမ်းသာနေအောင်လည်း အပြည့်အဝ ကူညီပါလိမ့်မယ်။
ဒါပေမယ့် ဖတ်ထားပြီးရော ပြီးရင်မေ့ မလုပ်ပဲ…အဲဒီအတွေးတွေကို မမေ့မလျော့ သတိတရ တွေးတွေးနေပေးဖို့တော့ လိုတယ်။
တကယ် တွေးတွေးကြည့်ပြီးတဲ့အခါ လက်တွေ့ စိတ်ချမ်းသာလာတာကို တွေ့ရလိမ့်မယ်။
တချို့အရာတွေက သူများရေးထားတာဖတ်တာထက် ကိုယ်ကိုတိုင် လက်တွေ့ကြုံလာတဲ့အခါ အဲဒီအရသာက ပိုပြီးစိတ်ကိုကြည်နူးကျေနပ်စေတယ်။ တချို့အမြင်တွေက ကိုယ်ကိုတိုင်လုပ်ကြည့်လာမှ မြင်လာတယ်။ ပြီးမှ ဟုတ်ပါလားလို့ပေါ့..။ ရေးထားတဲ့စာလေးနဲ့ ရပ်မနေပဲ ဒီထက်ပိုပြီးချဲ့တွေးစေချင်တာရယ်ပါ။
ဥပမာအနေနဲ့ “တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ.. တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ” လို့ ရေးထားတဲ့အတိုင်း ကိုယ့်စိတ်ရင်းနဲ့ တွေးပေးလိုက်ရင် မတရားသဖြင့်လိုချင်တဲ့ မတရားလောဘတွေနဲသွားစေတယ်။ ငါစွန့်သွားရမှာပဲ..။ မတရားသဖြင့် လိုချင်မက်မောတာတွေနဲ့ မတရားလုပ်မနေတော့ပါဘူးဆိုတာမျိုး ဖြစ်လာတယ်။ ဒီထက်မကကို ကျယ်ပြန့်လွန်းပါတယ်။
“ကိုယ့်ကိုကိုယ်တောင် မပိုင်တာ.. ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ” ဆိုတာကို ဆင်ခြင်တဲ့အခါ.. ကိုယ်တကယ်ပိုင်လို့မရတဲ့အရာတွေရှိလာရင် ကိုယ်တကယ်လုပ်ယူလို့မရတဲ့အရာတွေ ဖြစ်လာရင် အဲဒီတွေးနည်းက တော်တော်အလုပ်ဖြစ်တယ်နော်..။ အဲဒီဆင်ခြင်နည်းက တော်တော်စိတ်ကိုသက်သာစေလိမ့်မယ်နော်။
“ငါ သေရအုံးမှာ.. အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ” လို့ နှလုံးသွင်းကြည့်ရင်… စာဖတ်သူ သေသေချာချာစိတ်နှစ်ပြီး နှလုံးသွင်းကြည့်လိုက်ပါ..။ဘယ်လိုခံစားရလဲလို့..။ ဒါဆိုရင် ရေးနေစရာတောင်မလိုတော့ပါဘူးနော်..။ အနည်းဆုံးဥပမာလေးကတော့ မာန်တွေ တော်တော်လျော့သွားစေတယ်..။
“ငါဘာတွေတွေးနေလဲ? ဘာတွေခံစားနေလဲ ? ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ”
အဲဒီအတိုင်း ပြန်ပြန်ကြည့်တဲ့အခါ ကိုယ့်စိတ်အကြောင်း ကိုယ်သိလာတယ်။ ပိုသိလာတယ်။ ကိုယ်ကောင်းတာလည်းသိလာလိမ့်မယ်။ ကိုယ်မကောင်းတာလည်း သိလာလိမ့်မယ်။ ဆရာတော်ဦးဇောတိကစာအုပ်တွေ ဖတ်ပြီးလက်တွေ့လုပ်ကြည့်တဲ့သူတွေဆိုရင် အထူးသိပြီးသားတွေပါ။ ကိုယ့်စိတ်ထဲကခံစားမှုတွေကို စောင့်ကြည့်ပါများလာရင် မကောင်းတာတွေတွေးတာတွေ မကောင်းတာပြောတော့မှာတွေ မကောင်းတာလုပ်တော့မှာတွေကို ခွင့်မပြုတော့ဘူး။
အသေးစားဥပမာအနေနဲ့ ဒေါသအားကြီးလို့ ဒေါသကြီးလိုက်တာကိုတောင် အနည်းဆုံး ဒေါသဖြစ်နေတယ်လို့ ကိုယ့်ကိုကိုယ် ပြန်သိနေတယ်။ သိနေတော့ ဆိုးဆိုးဝါးဝါးတွေ မလုပ်ဖြစ်အောင် စိတ်ကပြောနေတယ်။ တုံ့ခနဲ့ ရပ်နိုင်တာ မရပ်နိုင်တာတော့ အလေ့အကျင့်ပေါ်မှာ မူတည်ပါတယ်။ နောက်ထပ်အကျိုးကျေးဇူးတွေက အများကြီးပဲ..။ အကျိုးများလွန်းလို့ လုပ်ကြည့်စေချင်တာရယ်ပါ။ အဓိကက အလေ့အကျင့်ရှိဖို့ အလေ့အကျင့် လုပ်ဖို့ရယ်ပါ..။
နံပါတ်(၅)က ကိုယ်တိုင်ဖြေရမှာမို့…………
ကိုယ့်အတွေးတွေကို ပြောင်းလိုက်ရင် ကိုယ့်လောကလည်း ပြောင်းသွားပါတယ်

(ဆရာတော်ဦးဇောတိက)။

 

Credit -(Zawgyi)

(၁) တစ္ေန႔ အရာအာလုံးကို စြန႔္ခြာသြားရမွာ..တစ္ေန႔ အားလုံးအားလုံးကို ထားသြားရအုံးမွာ.. ဆိုတာ ခဏခဏ ေတြးေပးပါ။


(၂) ကိုယ့္ကိုကိုယ္ေတာင္ မပိုင္တာ..ငါပိုင္တာ တကယ္တမ္းေတာ့ ဘာဆိုဘာမွ မရွိပါလားလို႔ ခဏခဏ ဆင္ျခင္ေနေပးပါ။
(၃) ငါ ေသရအုံးမွာ..အခ်ိန္မေ႐ြး ငါေသသြားႏိုင္တယ္လို႔လည္း ခဏခဏ ႐ြတ္႐ြတ္ေပးပါ။
(၄) ငါဘာေတြေတြးေနလဲ?ဘာေတြခံစားေနလဲ ?
ခုစိတ္ထဲမွာ ဘယ္လိုေတြျဖစ္ေနလဲ.. ဆိုတာမ်ိဳး ကိုယ့္စိတ္ကို ကိုယ္အၿမဲတမ္း သတိရတိုင္းရတိုင္း ျပန္ျပန္ၾကည့္ေနေပးပါ။ ျပန္ျပန္သိေနေပးပါ။
(၅) ငါဘာကိုတန္ဖိုးထားတာလဲ? အေပၚယံအရာျဖစ္တဲ့ပစၥည္းေတြလား?
တစ္စုံတခုလား? တစ္စုံတစ္ေယာက္လား?စိတ္ထားျမင့္ျမတ္တာလား? ကိုယ္က်င့္တရားျမင့္ျမတ္တာလား?
ငါ့ဘဝမွာ ငါတကယ္တမ္း တန္ဖိုးအထားဆုံးအရာဟာ ဘာလဲ?
ခုလုပ္ေနတာေတြဟာ ငါဘာကိုတန္ဖိုးထားၿပီး လုပ္ေနကိုင္ေနေျပာေနတာလဲ?
ငါတန္ဖိုးအထားဆုံးအရာဟာ တကယ္တမ္း ေနာက္ဆုံးေတာ့ အားကိုးရရဲ႕လား?
ဆိုတဲ့ေမးခြန္းမ်ိဳးကို ကိုယ့္ကိုကိုယ္ မေမ့မေလ်ာ့ ျပန္ျပန္ေမးပါ။
(ကိုယ့္ကိုကိုယ္ မလိမ္မညာပဲေျဖရင္ အမွန္ေတြနဲ႔ အေကာင္းတရားေတြနဲ႔ နီးလာၿပီ)
(၆) ျဖစ္ေနတဲ့ အဆိုးေတြေရာ အေကာင္းေတြေရာဟာဘာမွ မၿမဲဘူး။ ဘာမွ မဟုတ္ဘူး။ တခဏေလးေတြခ်ည္းပဲ။ သခၤါရတရားေတြ အခ်ိန္ျပည့္ ႏွိပ္စက္ေနတာလို႔ အၿမဲႏွလုံးသြင္းေနၾကည့္လိုက္ပါ။
သဘာဝကို သဘာဝ၊ အမွန္ကို အမွန္လို႔ၾကည့္တတ္ ျမင္တတ္ လက္ခံတတ္တာ လက္ခံႏိုင္တာဟာ သတၱိရွိလို႔ပါ။
သဘာဝအမွန္တရားကို လက္ခံႏိုင္ရင္ စိတ္ဓါတ္ရင့္က်က္လာၿပီ။အရွိကိုအရွိအတိုင္း အမွန္တရားကို အမွန္အတိုင္း လက္ခံႏိုင္တဲ့စြမ္းရည္ကပဲအရာရာအေပၚကို balance အျဖစ္ ျမင္တတ္လာလိမ့္မယ္။
အဲဒီလက္ခံႏိုင္တဲ့ စိတ္ဓါတ္ကပဲ ကိုယ့္ဘဝကို တကယ္တမ္းဘာေရွ႕ဆက္လုပ္ရမလဲ ဘယ္အရာေတြကို မလုပ္သင့္ေတာ့ဘူး။ဘယ္အရာေတြေတာ့ ပိုလုပ္သင့္သလဲဆိုတာ လမ္းျပေပးသြားပါလိမ့္မယ္။
ေနတတ္ထိုင္တတ္ေအာင္ စိတ္ခ်မ္းသာေနေအာင္လည္း အျပည့္အဝ ကူညီပါလိမ့္မယ္။
ဒါေပမယ့္ ဖတ္ထားၿပီးေရာ ၿပီးရင္ေမ့ မလုပ္ပဲ…အဲဒီအေတြးေတြကို မေမ့မေလ်ာ့ သတိတရ ေတြးေတြးေနေပးဖို႔ေတာ့ လိုတယ္။
တကယ္ ေတြးေတြးၾကည့္ၿပီးတဲ့အခါ လက္ေတြ႕ စိတ္ခ်မ္းသာလာတာကို ေတြ႕ရလိမ့္မယ္။
တခ်ိဳ႕အရာေတြက သူမ်ားေရးထားတာဖတ္တာထက္ ကိုယ္ကိုတိုင္ လက္ေတြ႕ႀကဳံလာတဲ့အခါ အဲဒီအရသာက ပိုၿပီးစိတ္ကိုၾကည္ႏူးေက်နပ္ေစတယ္။ တခ်ိဳ႕အျမင္ေတြက ကိုယ္ကိုတိုင္လုပ္ၾကည့္လာမွ ျမင္လာတယ္။ ၿပီးမွ ဟုတ္ပါလားလို႔ေပါ့..။ ေရးထားတဲ့စာေလးနဲ႔ ရပ္မေနပဲ ဒီထက္ပိုၿပီးခ်ဲ႕ေတြးေစခ်င္တာရယ္ပါ။
ဥပမာအေနနဲ႔ “တစ္ေန႔ အရာအာလုံးကို စြန႔္ခြာသြားရမွာ.. တစ္ေန႔ အားလုံးအားလုံးကို ထားသြားရအုံးမွာ.. ဆိုတာ ခဏခဏ ေတြးေပးပါ” လို႔ ေရးထားတဲ့အတိုင္း ကိုယ့္စိတ္ရင္းနဲ႔ ေတြးေပးလိုက္ရင္ မတရားသျဖင့္လိုခ်င္တဲ့ မတရားေလာဘေတြနဲသြားေစတယ္။ ငါစြန႔္သြားရမွာပဲ..။ မတရားသျဖင့္ လိုခ်င္မက္ေမာတာေတြနဲ႔ မတရားလုပ္မေနေတာ့ပါဘူးဆိုတာမ်ိဳး ျဖစ္လာတယ္။ ဒီထက္မကကို က်ယ္ျပန႔္လြန္းပါတယ္။
“ကိုယ့္ကိုကိုယ္ေတာင္ မပိုင္တာ.. ငါပိုင္တာ တကယ္တမ္းေတာ့ ဘာဆိုဘာမွ မရွိပါလားလို႔ ခဏခဏ ဆင္ျခင္ေနေပးပါ” ဆိုတာကို ဆင္ျခင္တဲ့အခါ.. ကိုယ္တကယ္ပိုင္လို႔မရတဲ့အရာေတြရွိလာရင္ ကိုယ္တကယ္လုပ္ယူလို႔မရတဲ့အရာေတြ ျဖစ္လာရင္ အဲဒီေတြးနည္းက ေတာ္ေတာ္အလုပ္ျဖစ္တယ္ေနာ္..။ အဲဒီဆင္ျခင္နည္းက ေတာ္ေတာ္စိတ္ကိုသက္သာေစလိမ့္မယ္ေနာ္။
“ငါ ေသရအုံးမွာ.. အခ်ိန္မေ႐ြး ငါေသသြားႏိုင္တယ္လို႔လည္း ခဏခဏ ႐ြတ္႐ြတ္ေပးပါ” လို႔ ႏွလုံးသြင္းၾကည့္ရင္… စာဖတ္သူ ေသေသခ်ာခ်ာစိတ္ႏွစ္ၿပီး ႏွလုံးသြင္းၾကည့္လိုက္ပါ..။ဘယ္လိုခံစားရလဲလို႔..။ ဒါဆိုရင္ ေရးေနစရာေတာင္မလိုေတာ့ပါဘူးေနာ္..။ အနည္းဆုံးဥပမာေလးကေတာ့ မာန္ေတြ ေတာ္ေတာ္ေလ်ာ့သြားေစတယ္..။
“ငါဘာေတြေတြးေနလဲ? ဘာေတြခံစားေနလဲ ? ခုစိတ္ထဲမွာ ဘယ္လိုေတြျဖစ္ေနလဲ.. ဆိုတာမ်ိဳး ကိုယ့္စိတ္ကို ကိုယ္အၿမဲတမ္း သတိရတိုင္းရတိုင္း ျပန္ျပန္ၾကည့္ေနေပးပါ။ ျပန္ျပန္သိေနေပးပါ”
အဲဒီအတိုင္း ျပန္ျပန္ၾကည့္တဲ့အခါ ကိုယ့္စိတ္အေၾကာင္း ကိုယ္သိလာတယ္။ ပိုသိလာတယ္။ ကိုယ္ေကာင္းတာလည္းသိလာလိမ့္မယ္။ ကိုယ္မေကာင္းတာလည္း သိလာလိမ့္မယ္။ ဆရာေတာ္ဦးေဇာတိကစာအုပ္ေတြ ဖတ္ၿပီးလက္ေတြ႕လုပ္ၾကည့္တဲ့သူေတြဆိုရင္ အထူးသိၿပီးသားေတြပါ။ ကိုယ့္စိတ္ထဲကခံစားမႈေတြကို ေစာင့္ၾကည့္ပါမ်ားလာရင္ မေကာင္းတာေတြေတြးတာေတြ မေကာင္းတာေျပာေတာ့မွာေတြ မေကာင္းတာလုပ္ေတာ့မွာေတြကို ခြင့္မျပဳေတာ့ဘူး။
အေသးစားဥပမာအေနနဲ႔ ေဒါသအားႀကီးလို႔ ေဒါသႀကီးလိုက္တာကိုေတာင္ အနည္းဆုံး ေဒါသျဖစ္ေနတယ္လို႔ ကိုယ့္ကိုကိုယ္ ျပန္သိေနတယ္။ သိေနေတာ့ ဆိုးဆိုးဝါးဝါးေတြ မလုပ္ျဖစ္ေအာင္ စိတ္ကေျပာေနတယ္။ တုံ႔ခနဲ႔ ရပ္ႏိုင္တာ မရပ္ႏိုင္တာေတာ့ အေလ့အက်င့္ေပၚမွာ မူတည္ပါတယ္။ ေနာက္ထပ္အက်ိဳးေက်းဇူးေတြက အမ်ားႀကီးပဲ..။ အက်ိဳးမ်ားလြန္းလို႔ လုပ္ၾကည့္ေစခ်င္တာရယ္ပါ။ အဓိကက အေလ့အက်င့္ရွိဖို႔ အေလ့အက်င့္ လုပ္ဖို႔ရယ္ပါ..။
နံပါတ္(၅)က ကိုယ္တိုင္ေျဖရမွာမို႔…………
ကိုယ့္အေတြးေတြကို ေျပာင္းလိုက္ရင္ ကိုယ့္ေလာကလည္း ေျပာင္းသြားပါတယ္

(ဆရာေတာ္ဦးေဇာတိက)။

ကိုယ့္ႏွလုံးရဲ႕ ႏွလုံးသြင္းနည္းေတြကို ေျပာင္းပစ္လိုက္ရင္ ကိုယ့္ဘဝလည္း ေျပာင္းသြားမယ္။
ဘယ္လိုအခက္အခဲ အႀကီးအေသးေတြႀကဳံႀကဳံ ကိုယ္စိတ္ထားတတ္ရင္ အိုေခေနတယ္ဆိုတာ သိလာလိမ့္မယ္။ အခက္အခဲက ေသးေနပါေစ ကိုယ္စိတ္မထားတတ္ရင္ စိတ္ဆင္းရဲေနတယ္ဆိုတာ သိလာလိမ့္မယ္။ အဲဒါမို႔လို႔ အဲဒါေတြအေပၚထားတဲ့ ျမင္တဲ့ ကိုယ့္အေတြးေတြ၊ ကိုယ္ႏွလုံးသြင္းတဲ့နည္းေတြက အရမ္းအေရးႀကီးေနပါတယ္။

Credit to Ko Nyo Lwin

ကိုယ့်နှလုံးရဲ့ နှလုံးသွင်းနည်းတွေကို ပြောင်းပစ်လိုက်ရင် ကိုယ့်ဘဝလည်း ပြောင်းသွားမယ်။
ဘယ်လိုအခက်အခဲ အကြီးအသေးတွေကြုံကြုံ ကိုယ်စိတ်ထားတတ်ရင် အိုခေနေတယ်ဆိုတာ သိလာလိမ့်မယ်။ အခက်အခဲက သေးနေပါစေ ကိုယ်စိတ်မထားတတ်ရင် စိတ်ဆင်းရဲနေတယ်ဆိုတာ သိလာလိမ့်မယ်။ အဲဒါမို့လို့ အဲဒါတွေအပေါ်ထားတဲ့ မြင်တဲ့ ကိုယ့်အတွေးတွေ၊ ကိုယ်နှလုံးသွင်းတဲ့နည်းတွေက အရမ်းအရေးကြီးနေပါတယ်။

Credit to Ko Nyo Lwin

Read times Last modified on Saturday, 15 February 2020 11:14
Rate this articles
(0 votes)