×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 18 February 2020

"အလုပ္အင္တာဗ်ဴး မေခၚရသည့္အေၾကာင္းအရင္း (၆) ခ်က္"

"အလုပ္အင္တာဗ်ဴး မေခၚရသည့္အေၾကာင္းအရင္း (၆) ခ်က္" freepick

သင္ကိုယ္တိုင္လည္း ၾကံဳဘူးမွာပါ။ Cv ေတြသာ တင္ထားတယ္ ဘာလို႕ အင္တာဗ်ဴး မေခၚရတာလဲေပါ့။

အေၾကာင္းရင္းကေတာ့ မ်ားစြာရွိပါတယ္။ ဒါေၾကာင့္ ေဆာင္ရန္၊ ေရွာင္ရန္အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ အဲ့ဒါေတြကေတာ့..


(၁) Job Agency ေတြကေနတစ္ဆင့္ေလွ်ာက္တာ
တိုးတက္ေျပာင္းလဲေနတဲ့ အင္တာနတ္ေခတ္ၾကီးမွာ Job Agency ေတြက အလုပ္ရွာေဖြသူနဲ႕ လုပ္ငန္းရွင္ၾကား ဝင္လာၾကပါတယ္။ တကယ္ေတာ့ ဒီနည္းက လြယ္ကူတဲ့ နည္းလမ္းပါ။ Job Agency ကို ကိုယ့္ရဲ႕ resume ကိုေပးလိုက္တယ္။ သူကေနတစ္ဆင့္ သင့္ေတာ္မယ့္ အလုပ္ကို ျပန္ရွာေပးတယ္။ လြယ္ကူရိုးရွင္းတယ္လို႕ထင္ရေပမယ့္ အဲ့ဒီ Job Agency ေတြမွာ သင့္လိုပဲ Resume ေပးပို႕ထားတဲ့ သူေတြမွ အမ်ားၾကီးပါ။ အဲ့အမ်ားၾကီးထဲ ကမွ အင္တာဗ်ဴး ဝင္ရဖို႕ ဆိုတာ လြယ္ကူတဲ့ ကိစၥေတ့ာ မဟုတ္ပါဘူး။ ဒါေၾကာင့္ မိမိရဲ႕ ေလ်ာက္လႊာကို ကုမၸဏီ ဆီ တိုက္ရိုက္တင္ပါ။

 


(၂) သင့္ရဲ႕ Resume မွာေဖာ္ျပထားတဲ့ အရင္အလုပ္ရဲ႕ တာဝန္ေတြက သင့္ေအာင္ျမင္မႈမဟုတ္ပါ
ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီကိစၥမွာလြဲၾကတာပါပဲ။ အလုပ္ေလ်ာက္တဲ့ အခါ ကိုယ့္ရဲ႕ Resume မွာ အရင္အလုပ္မွာ လုပ္ခဲ့တဲ့ ရာထူးနဲ႕ အလုပ္တာဝန္ေတြကို သာ ေဖာ္ျပၾကပါတယ္။ ဒါသင့္ရဲ႕ ေအာင္ျမင္မႈမဟုတ္ပါဘူး။ အဲ့လိုေဖာ္ျပတာ အျပင္ ဥပမာ သင္ဟာ အေရာင္းဝန္ထမ္းဆို ဘယ္ေလာက္ထိ ေရာင္းအားေကာင္းေအာင္ျပဴ လုပ္ေပးခဲ့ေၾကာင္း အစရွိတဲ့ ကိုယ့္ရဲ႕ ေအာင္ျမင္မႈေလးေတြကိုပါ ေဖာ္ျပေပးသင့္ပါတယ္။

 


(၃) ကိုယ္နဲ႕သက္ဆိုင္တဲ့ အလုပ္နယ္ပယ္မဟုတ္ျခင္း
အလုပ္ေခၚစာေတြ ေတြ႕ တိုင္းကိုယ္နဲ႕ သက္ဆိုင္တဲ့ အလုပ္နယ္ပယ္ ဟုတ္ဟုတ္ မဟုတ္ဟုတ္ေလ်ာက္လို႕မရပါဘူး။ facebook group ေတြမွာ ဆို အလုပ္ေခၚစာေတြ တစ္ေန႕ နဲ႕ တစ္ေန႕ မ်ားျပားစြာ အလုပ္ရွင္ေတြက ေခၚယူေနတာကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ အလုပ္ေခၚစာေတြ ႔တိုင္းလိုက္ေလ်ာက္ေနလို႕ေတာ့ မျဖစ္ပါဘူး။ ကိုယ္စိတ္ဝင္စားမယ့္အလုပ္၊ ကိုယ္နဲ႕ကိုက္ညီမယ့္အလုပ္၊ ကိုယ္နဲ႕ အဆင္ေျပတဲ့ အလုပ္ကိုေသေသခ်ာခ်ာ ေရြးခ်ယ္တတ္မွ အလုပ္အင္တာဗ်ဴး ဝင္ရဖို႕ ရာခိုင္ႏႈန္းမ်ားမွာ ျဖစ္ပါတယ္။

Sayar Guice banner design 2 2


(၄) သင့္ရဲ႕ Resume ကအရမ္းရွည္ျပီး ထိေရာက္မႈမရွိျခင္း
တကယ္လို႕ သင့္ရဲ႕ Resume ဟာ အရမး္ရွည္ေနျပီး သူတို႕လိုခ်င္တဲ့ အခ်က္အလက္ေတြကို ထိထိေရာက္ေရာက္ေဖာ္မျပႏိုင္ရင္လည္း အဆင္မေျပပါဘူး။ ေနာက္တစ္ခုကေတာ့ သင့္ရဲ႕ Resume ဟာ စိတ္ဝင္စားဖို႕ မေကာင္းတာပါပဲ။ စိတ္ဝင္စားဖို႕ မေကာင္းဘူးဆိုတာကေတာ့ သင့္ရဲ႕ Cv က လမ္းထိပ္မွာ ေရာင္းတဲ့ ၅၀ တန္ အသင့္လုပ္ျပီးသား CV Form ျဖစ္ေနတာေၾကာင့္လဲ ပါပါတယ္။ အဲ့ဒါေတြက အလြယ္တကူရႏိုင္ေပမယ့္ အခ်က္အလက္မစံုပါဘူး။ ဒါေၾကာင့္ အလုပ္ေလ်ာက္ေတာ့မယ္ဆိုရင္ ကုိယ့္ရဲ႕ CV ကို တိုတုိ နဲ႕ လိုရင္းေဖာ္ျပျပီး၊ ကိုယ့္ရဲ႕ အရည္အခ်င္းေတြက ေလ်ာက္မယ့္အလုပ္နဲ႕ ကိုက္ညီေၾကာင္း ေဖာ္ျပျပီး စိတ္ဝင္စားစရာေကာင္းတဲ့ CV တစ္ေဆာင္ျဖစ္ေအာင္ဖန္တီးပါ။

 


(၅) အရည္အခ်င္းမျပည့္မီွ ျခင္း
လစာေကာင္းလည္းေကာင္းတယ္၊ ကိုယ့္ရဲ႕ career နဲ႕ လည္းဆိုင္တယ္ဆိုျပီး ေလ်ာက္ခ်င္တုိငး္ သြားေလ်ာက္လို႕ လည္းမရပါဘူး။ ဥပမာေျပာရရင္ သူတုိ႕ရဲ႕ Job Requirement မွာ English 4 skill (intermediate) လို႕ ေဖာ္ျပထားရင္ ကိုယ့္ရဲ႕ skill က Basic ျဖစ္ေနလို႕မရပါဘူး။ တစ္ခ်ိဳ႕ အလုပ္ေတြ အတြက္ ေတာ့ အဆင္ေျပေကာင္းေျပႏိုင္ေပမယ့္ တစ္ခ်ို႕ အလုပ္ေတြက ေတာ့ တကယ္ တက္ကၽြမ္းတဲ့ ပေရာ္ဖက္ရွင္နယ္ေတြကို လိုအပ္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္အရည္အခ်င္းနဲ႔ ကိုက္ညီမယ့္ အလုပ္ကို ေလ်ာက္ပါ။

 


(၆) အလုပ္အေတြ႔ အၾကံဳကို ေသခ်ာစြာ မေဖာ္ျပျခင္း
ဥပမာ ေျပာရင္ Resume မွာ သင့္လုပ္ခဲ့ တဲ့ အလုပ္ရဲ႕ နာမည္နဲ႕ ရာထူးကုိသာေဖာ္ျပထားျပီး ဘာေတြ လုပ္ရတယ္ဆိုတာကို မေဖာ္ျပထားလိုကမရပါဘူး။ အဲ့ဒါေတြက အရမ္းကုိ အေရးၾကီးပါတယ္။ နံပါတ္ ၂ မွာ ေျပာခဲ့သလိုပဲ ရာထူးနဲ႕ ကိုယ္လုပ္ရတဲ့ အလုပ္တာဝန္ေတြကို ျပည့္စံုစြာ ေဖာ္ျပျပီး ရရွိခဲ့တဲ့ ေအာင္ျမင္မႈေလးေတြကိုပါ ပူးတြဲျပီး ေဖာ္ျပေပးဖို႕လိုအပ္ပါတယ္။
အခုေဖာ္ျပေပးခဲ့တာေတြကေတာ့ အလုပ္အင္တာဗ်ဴး မေခၚတဲ့ အေၾကာင္းအရင္း အခ်ိဳ႕ ပဲ ျဖစ္ပါတယ္။ ဒီအခ်က္ေတြ အေပၚ မူတည္ျပီး ေဆာင္ရန္ ေရွာင္ရန္ေလးေတြ သိေအာင္ ေဖာ္ျပေပးလိုက္ျခင္းျဖစ္ပါတယ္။

Business Mangement သင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-466.html

 

Unicode ဖြင့်ဖတ်ရန်
"အလုပ်အင်တာဗျူး မခေါ်ရသည့်အကြောင်းအရင်း (၆) ချက်"
သင်ကိုယ်တိုင်လည်း ကြုံဘူးမှာပါ။ Cv တွေသာ တင်ထားတယ် ဘာလို့ အင်တာဗျူး မခေါ်ရတာလဲပေါ့။ အကြောင်းရင်းကတော့ များစွာရှိပါတယ်။ ဒါကြောင့် ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အဲ့ဒါတွေကတော့..


(၁) Job Agency တွေကနေတစ်ဆင့်လျှောက်တာ
တိုးတက်ပြောင်းလဲနေတဲ့ အင်တာနတ်ခေတ်ကြီးမှာ Job Agency တွေက အလုပ်ရှာဖွေသူနဲ့ လုပ်ငန်းရှင်ကြား ဝင်လာကြပါတယ်။ တကယ်တော့ ဒီနည်းက လွယ်ကူတဲ့ နည်းလမ်းပါ။ Job Agency ကို ကိုယ့်ရဲ့ resume ကိုပေးလိုက်တယ်။ သူကနေတစ်ဆင့် သင့်တော်မယ့် အလုပ်ကို ပြန်ရှာပေးတယ်။ လွယ်ကူရိုးရှင်းတယ်လို့ထင်ရပေမယ့် အဲ့ဒီ Job Agency တွေမှာ သင့်လိုပဲ Resume ပေးပို့ထားတဲ့ သူတွေမှ အများကြီးပါ။ အဲ့အများကြီးထဲ ကမှ အင်တာဗျူး ဝင်ရဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စတေ့ာ မဟုတ်ပါဘူး။ ဒါကြောင့် မိမိရဲ့ လျောက်လွှာကို ကုမ္ပဏီ ဆီ တိုက်ရိုက်တင်ပါ။

 


(၂) သင့်ရဲ့ Resume မှာဖော်ပြထားတဲ့ အရင်အလုပ်ရဲ့ တာဝန်တွေက သင့်အောင်မြင်မှုမဟုတ်ပါ
တော်တော်များများကတော့ ဒီကိစ္စမှာလွဲကြတာပါပဲ။ အလုပ်လျောက်တဲ့ အခါ ကိုယ့်ရဲ့ Resume မှာ အရင်အလုပ်မှာ လုပ်ခဲ့တဲ့ ရာထူးနဲ့ အလုပ်တာဝန်တွေကို သာ ဖော်ပြကြပါတယ်။ ဒါသင့်ရဲ့ အောင်မြင်မှုမဟုတ်ပါဘူး။ အဲ့လိုဖော်ပြတာ အပြင် ဥပမာ သင်ဟာ အရောင်းဝန်ထမ်းဆို ဘယ်လောက်ထိ ရောင်းအားကောင်းအောင်ပြူ လုပ်ပေးခဲ့ကြောင်း အစရှိတဲ့ ကိုယ့်ရဲ့ အောင်မြင်မှုလေးတွေကိုပါ ဖော်ပြပေးသင့်ပါတယ်။

 


(၃) ကိုယ်နဲ့သက်ဆိုင်တဲ့ အလုပ်နယ်ပယ်မဟုတ်ခြင်း
အလုပ်ခေါ်စာတွေ တွေ့ တိုင်းကိုယ်နဲ့ သက်ဆိုင်တဲ့ အလုပ်နယ်ပယ် ဟုတ်ဟုတ် မဟုတ်ဟုတ်လျောက်လို့မရပါဘူး။ facebook group တွေမှာ ဆို အလုပ်ခေါ်စာတွေ တစ်နေ့ နဲ့ တစ်နေ့ များပြားစွာ အလုပ်ရှင်တွေက ခေါ်ယူနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်ခေါ်စာတွေ့တိုင်းလိုက်လျောက်နေလို့တော့ မဖြစ်ပါဘူး။ ကိုယ်စိတ်ဝင်စားမယ့်အလုပ်၊ ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်၊ ကိုယ်နဲ့ အဆင်ပြေတဲ့ အလုပ်ကိုသေသေချာချာ ရွေးချယ်တတ်မှ အလုပ်အင်တာဗျူး ဝင်ရဖို့ ရာခိုင်နှုန်းများမှာ ဖြစ်ပါတယ်။

Sayar Guice banner design 2 2

 


(၄) သင့်ရဲ့ Resume ကအရမ်းရှည်ပြီး ထိရောက်မှုမရှိခြင်း
တကယ်လို့ သင့်ရဲ့ Resume ဟာ အရမ်းရှည်နေပြီး သူတို့လိုချင်တဲ့ အချက်အလက်တွေကို ထိထိရောက်ရောက်ဖော်မပြနိုင်ရင်လည်း အဆင်မပြေပါဘူး။ နောက်တစ်ခုကတော့ သင့်ရဲ့ Resume ဟာ စိတ်ဝင်စားဖို့ မကောင်းတာပါပဲ။ စိတ်ဝင်စားဖို့ မကောင်းဘူးဆိုတာကတော့ သင့်ရဲ့ Cv က လမ်းထိပ်မှာ ရောင်းတဲ့ ၅၀ တန် အသင့်လုပ်ပြီးသား CV Form ဖြစ်နေတာကြောင့်လဲ ပါပါတယ်။ အဲ့ဒါတွေက အလွယ်တကူရနိုင်ပေမယ့် အချက်အလက်မစုံပါဘူး။ ဒါကြောင့် အလုပ်လျောက်တော့မယ်ဆိုရင် ကိုယ့်ရဲ့ CV ကို တိုတို နဲ့ လိုရင်းဖော်ပြပြီး၊ ကိုယ့်ရဲ့ အရည်အချင်းတွေက လျောက်မယ့်အလုပ်နဲ့ ကိုက်ညီကြောင်း ဖော်ပြပြီး စိတ်ဝင်စားစရာကောင်းတဲ့ CV တစ်ဆောင်ဖြစ်အောင်ဖန်တီးပါ။

 


(၅) အရည်အချင်းမပြည့်မီ ခြင်း
လစာကောင်းလည်းကောင်းတယ်၊ ကိုယ့်ရဲ့ career နဲ့ လည်းဆိုင်တယ်ဆိုပြီး လျောက်ချင်တိုင်း သွားလျောက်လို့ လည်းမရပါဘူး။ ဥပမာပြောရရင် သူတို့ရဲ့ Job Requirement မှာ English 4 skill (intermediate) လို့ ဖော်ပြထားရင် ကိုယ့်ရဲ့ skill က Basic ဖြစ်နေလို့မရပါဘူး။ တစ်ချို့ အလုပ်တွေ အတွက် တော့ အဆင်ပြေကောင်းပြေနိုင်ပေမယ့် တစ်ချို့ အလုပ်တွေက တော့ တကယ် တက်ကျွမ်းတဲ့ ပရော်ဖက်ရှင်နယ်တွေကို လိုအပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီမယ့် အလုပ်ကို လျောက်ပါ။

 


(၆) အလုပ်အတွေ့ အကြုံကို သေချာစွာ မဖော်ပြခြင်း
ဥပမာ ပြောရင် Resume မှာ သင့်လုပ်ခဲ့ တဲ့ အလုပ်ရဲ့ နာမည်နဲ့ ရာထူးကိုသာဖော်ပြထားပြီး ဘာတွေ လုပ်ရတယ်ဆိုတာကို မဖော်ပြထားလိုကမရပါဘူး။ အဲ့ဒါတွေက အရမ်းကို အရေးကြီးပါတယ်။ နံပါတ် ၂ မှာ ပြောခဲ့သလိုပဲ ရာထူးနဲ့ ကိုယ်လုပ်ရတဲ့ အလုပ်တာဝန်တွေကို ပြည့်စုံစွာ ဖော်ပြပြီး ရရှိခဲ့တဲ့ အောင်မြင်မှုလေးတွေကိုပါ ပူးတွဲပြီး ဖော်ပြပေးဖို့လိုအပ်ပါတယ်။
အခုဖော်ပြပေးခဲ့တာတွေကတော့ အလုပ်အင်တာဗျူး မခေါ်တဲ့ အကြောင်းအရင်း အချို့ ပဲ ဖြစ်ပါတယ်။ ဒီအချက်တွေ အပေါ် မူတည်ပြီး ဆောင်ရန် ရှောင်ရန်လေးတွေ သိအောင် ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။

Business Mangement သင်ကြားပေးသော ဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-466.html


Ref : https://careersidekick.com/why-not-getting-interviews/

Read times Last modified on Tuesday, 18 February 2020 15:28
Rate this articles
(0 votes)