×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 20 February 2020

"အသက်ငယ်ငယ် နဲ့ အောင်မြင်ကျော်ကြားေ နကြတဲ့ Hollywood မှ အနုပညာရှင်များ"

"အသက်ငယ်ငယ် နဲ့ အောင်မြင်ကျော်ကြားေ နကြတဲ့ Hollywood မှ အနုပညာရှင်များ" google


စာေတြ ေလ့လာဖို႕ အတြက္ ပဲ အျမဲ တမ္း တင္ေပးေနေတာ့ ပ်င္းေနမွာ ဆိုးလို႕ ဒီတခါမွာ ေတာ့ အသက္ငယ္ငယ္ နဲ႕ ေအာင္ျမင္ေနၾကတဲ့ ေဟာလိဝုဒ္ က ရုပ္ရွင္သ ရုပ္ေဆာင္ အခ်ိဳ႕ ေၾကာင္းကို ဗဟုသုတ အေနနဲ႕ တင္ေပးလိုက္ရပါတယ္။


(၁) Millie Bobby Brown

Millie Bobby Brown

 

ဒီကေလးမေလးကိုေတာ့ ျမင္တာ နဲ႕ နာမည္ မသိရင္ေတာင္ မွတ္မိၾကမယ္ထင္ပါတယ္။ သူမကိုေတာ့ ၂၀၀၄ ခုႏွစ္ စပိန္ႏိုင္ငံ Marbella ျမိဳ႕ HC Marbella International Hospital မွာ ေမြးဖြားခဲ့ပါတယ္။ Millie ဟာ သရုပ္ေဆာင္ ေမာ္ဒယ္ တစ္ေယာက္ ျဖစ္သလို ရုပ္ရွင္ ထုတ္လုပ္ သူလည္းျဖစ္ပါတယ္။ သူ မကေတာ့ “Godzilla vs King Kong” “Godzilla: King of the Monsters” နဲ႕ Netflix ရဲ႕ Original Series ျဖစ္တဲ့ Stranger Things တို႕မွာ သရုပ္ေဆာင္ျပီး ေနာက္ပိုင္းမွာ လူသိမ်ား ေက်ာ္ၾကားလာခဲ့ပါတယ္။
သူမဟာ ရုပ္ရွင္ေလာက ကို ၂၀၁၃ ခုနွစ္မွာ စတင္ဝင္ေရာက္ခဲ့ျပီး Once Upon A Time in Wonderland ဆိုတဲ့ ရုပ္ရွင္ Series မွာ ဧည့္သည္ သရုပ္ေဆာင္ အျဖစ္ ပါဝင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ “Grey’s Anatomy”, “Intruders” “NCIS” စတဲ့ ရုပ္ရွင္ေတြမွာ သရုပ္ေဆာင္ခဲ့ပါတယ္။ ဒါ့အျပင္ Millie ဟာ Drake ရဲ႕ “In my feeling’’ MTV မွာလည္း ပါဝင္သရုပ္ေဆာင္ေပးခဲ့ပါေသးတယ္။
သူမဟာ ၂၀၁၆ ခုႏွစ္မွာ “Screen Actors Guild Award” ကိုရရွိ ခဲ့ျပီး တစ္ႏွစ္တည္းမွာ ပဲ TV Series တစ္ခုရဲ႕ အသက္ငယ္ဆံုး ရုပ္ရွင္သရုပ္ေဆာင္အျဖစ္ Saturn Award ဆုကို လည္းရရွိခဲ့ပါတယ္။ ၂၀၁၇ ေတာ့ Emmy ဆုကို ရရွိခဲ့ျပီး အသက္အငယ္ဆံုး Emmy award ဆုရွင္ျဖစ္လာခဲ့ပါတယ္။ အဲ့အခ်ိန္မွာ ဆိုရင္ သူမဟာ အသက္ ၁၃ႏွစ္သာ ရွိပါေသးတယ္။

Sayar_Guice_banner_design_2_3.jpg


(၂) Finn Wolfhard

gettyimages-848566514-h_2017.jpg


သူ႕ကိုေတာ့ IT ဇာတ္ကားေတြ မွာ ေတြ႔ဖူးၾကမယ္ထင္ပါတယ္။ Finn ကို ၂၀၀၃ ခုႏွစ္ ကေနဒါႏိုင္ငံ Vancouver ျမိဳ႕ မွာေမြးဖြားခဲ့ပါတယ္။ Finn ဟာဆိုရင္ ကေနဒါႏိုင္ငံရဲ႕ ေက်ာ္ၾကားတဲ့ ရုပ္ရွင္သရုပ္ေဆာင္ ေမာ္ဒယ္ ျဖစ္သလို ဂီတ ပညာရွင္ တစ္ေယာက္လည္းျဖစ္ပါတယ္။ အားက်စရာၾကီးေနာ္ ငယ္ငယ္ ေလး နဲ႕ ေအာင္ျမင္ေနတာ။
Finn ဟာ ဆိုရင္ လူေတာ္ေတာ္ မ်ားမ်ားသိၾကတဲ့ “IT” (2017) နဲ႕ “IT Chapter Two” စတင္ ရုပ္ရွင္ေတြမွာ ဇာတ္ပို႕ အျဖစ္ပါဝင္ သရုပ္ေဆာင္ခဲ့ပါတယ္။ Netflix ရဲ႕ Original series တစ္ခုျဖစ္တဲ့ Stranger Things မွာလည္း အဓိကသရုပ္ေဆာာင္ အျဖစ္လည္း ပါဝင္သရုပ္ေဆာင္ခဲ့ပါေသးတယ္။ ဒါ့အျပင္ Finn ဟာ Animation ရုပ္ရွင္ေတြျဖစ္တဲ့ “Carmen Sandiego” (2019) “The Addams Family” (2019). တို႔မွာ လည္း ေနာက္ခံစကားေျပာ အသံသရုပ္ေဆာင္ အျဖစ္လည္း ပါဝင္ခဲ့ပါေသးတယ္။
Finn ဟာ Stranger Things ရုပ္ရွင္ Series နဲ႕ “Screen Actors Guild Award” ကိုရရွိခဲ့တဲ့ အျပင္ “IT” နဲ႕ လည္း ဇာတ္ပို႕ သရုပ္ေဆာင္ဆုကို ရရွိခဲ့ပါေသးတယ္။
Finn ဟာ ၂၀၁၉ ခုနစ္ မွာ ေမာ္ဒယ္ေလာက ကို Saint Laurent မွာ စတင္ဝင္ေရာက္ခဲ့ပါတယ္။ ဒါအျပင္ Calpurnia Rock Band ကို ၂၀၁၇ ကေန ၂၀၁၉ ခုနွစ္အထိ ဦးေဆာင္ခဲ့ပါတယ္။ မၾကာေသးမွီကေတာ့ Aubreys Rock Band ကိုတည္ေထာင္ခဲ့ပါတယ္။

 


(၃) Jaeden Martell

57dc7e5a17b39a5987da52c1b9f69da0


သူကေတာ့ အားလံုးသိၾကတဲ့ အတိုင္း "IT” ရုပ္ရွင္ေတြနဲ႕ "Knives out” ရုပ္ရွင္ေတြမွာ ပါဝင္ရုပ္ေဆာင္ျပီး လူသိမ်ား နာမည္ၾကီးလာတဲ့ ျမန္မာႏိုင္ငံက ႏႈတ္ခမ္း နီမေလးေတြ အသည္းစြဲ Billပဲ ျဖစ္ပါတယ္။ Jaeden ကိုေတာ့ ၂၀၀၃ ခုႏွစ္ january လ ၄ ၇က္ေန႕ အေမရိကန္ ႏိုင္ငံ Pennsylvania မွာေမြးဖြားခဲ့ပါတယ္။ Jaeden ဟာ ရုပ္ရွင္ ေလာကကို မဝင္မွီ Google, Hyundai, Hot Wheel စတဲ့ ကုမၸဏီၾကီးေတြရဲ႕ ေၾကာ္ျငာေတြမွာ ပါဝင္သရုပ္ေဆာင္ခဲ့ပါေသးတယ္။ သူ႕ရဲ႕ ပထမဆံုးရုိက္တဲ့ ရုပ္ရွင္ကေတာ့ ၂၀၁၄ မွာ ထြက္ရွိခဲ့တဲ့ "St Vincent”ပဲျဖစ္ပါတယ္။ Jaeden ဟာ ဆုိရင္ ၂၀၁၄ ကေန ၂၀၁၉ ခုႏွစ္အတြင္းရုပ္ရွင္ ၁၅ ကားမွာ ဆု ၃ ဆုထိရွိခဲ့တဲ့ လူငယ္ အႏုပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။

 

 

Unicode ဖြင့်ဖတ်ရန်
"အသက်ငယ်ငယ် နဲ့ အောင်မြင်ကျော်ကြားေ နကြတဲ့ Hollywood မှ အနုပညာရှင်လေးများ"
စာတွေ လေ့လာဖို့ အတွက် ပဲ အမြဲ တမ်း တင်ပေးနေတော့ ပျင်းနေမှာ ဆိုးလို့ ဒီတခါမှာ တော့ အသက်ငယ်ငယ် နဲ့ အောင်မြင်နေကြတဲ့ ဟောလိဝုဒ် က ရုပ်ရှင်သ ရုပ်ဆောင် အချို့ ကြောင်းကို ဗဟုသုတ အနေနဲ့ တင်ပေးလိုက်ရပါတယ်။


(၁) Millie Bobby Brown

Millie Bobby Brown

 

ဒီကလေးမလေးကိုတော့ မြင်တာ နဲ့ နာမည် မသိရင်တောင် မှတ်မိကြမယ်ထင်ပါတယ်။ သူမကိုတော့ ၂၀၀၄ ခုနှစ် စပိန်နိုင်ငံ Marbella မြို့ HC Marbella International Hospital မှာ မွေးဖွားခဲ့ပါတယ်။ Millie ဟာ သရုပ်ဆောင် မော်ဒယ် တစ်ယောက် ဖြစ်သလို ရုပ်ရှင် ထုတ်လုပ် သူလည်းဖြစ်ပါတယ်။ သူ မကတော့ “Godzilla vs King Kong” “Godzilla: King of the Monsters” နဲ့ Netflix ရဲ့ Original Series ဖြစ်တဲ့ Stranger Things တို့မှာ သရုပ်ဆောင်ပြီး နောက်ပိုင်းမှာ လူသိများ ကျော်ကြားလာခဲ့ပါတယ်။
သူမဟာ ရုပ်ရှင်လောက ကို ၂၀၁၃ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး Once Upon A Time in Wonderland ဆိုတဲ့ ရုပ်ရှင် Series မှာ ဧည့်သည် သရုပ်ဆောင် အဖြစ် ပါဝင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ “Grey’s Anatomy”, “Intruders” “NCIS” စတဲ့ ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် Millie ဟာ Drake ရဲ့ “In my feeling’’ MTV မှာလည်း ပါဝင်သရုပ်ဆောင်ပေးခဲ့ပါသေးတယ်။
သူမဟာ ၂၀၁၆ ခုနှစ်မှာ “Screen Actors Guild Award” ကိုရရှိ ခဲ့ပြီး တစ်နှစ်တည်းမှာ ပဲ TV Series တစ်ခုရဲ့ အသက်ငယ်ဆုံး ရုပ်ရှင်သရုပ်ဆောင်အဖြစ် Saturn Award ဆုကို လည်းရရှိခဲ့ပါတယ်။ ၂၀၁၇ တော့ Emmy ဆုကို ရရှိခဲ့ပြီး အသက်အငယ်ဆုံး Emmy award ဆုရှင်ဖြစ်လာခဲ့ပါတယ်။ အဲ့အချိန်မှာ ဆိုရင် သူမဟာ အသက် ၁၃နှစ်သာ ရှိပါသေးတယ်။

Sayar_Guice_banner_design_2_3.jpg


(၂) Finn Wolfhard

gettyimages-848566514-h_2017.jpg


သူ့ကိုတော့ IT ဇာတ်ကားတွေ မှာ တွေ့ဖူးကြမယ်ထင်ပါတယ်။ Finn ကို ၂၀၀၃ ခုနှစ် ကနေဒါနိုင်ငံ Vancouver မြို့ မှာမွေးဖွားခဲ့ပါတယ်။ Finn ဟာဆိုရင် ကနေဒါနိုင်ငံရဲ့ ကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင် မော်ဒယ် ဖြစ်သလို ဂီတ ပညာရှင် တစ်ယောက်လည်းဖြစ်ပါတယ်။ အားကျစရာကြီးနော် ငယ်ငယ် လေး နဲ့ အောင်မြင်နေတာ။
Finn ဟာ ဆိုရင် လူတော်တော် များများသိကြတဲ့ “IT” (2017) နဲ့ “IT Chapter Two” စတင် ရုပ်ရှင်တွေမှာ ဇာတ်ပို့ အဖြစ်ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ Netflix ရဲ့ Original series တစ်ခုဖြစ်တဲ့ Stranger Things မှာလည်း အဓိကသရုပ်ဆောာင် အဖြစ်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါ့အပြင် Finn ဟာ Animation ရုပ်ရှင်တွေဖြစ်တဲ့ “Carmen Sandiego” (2019) “The Addams Family” (2019). တို့မှာ လည်း နောက်ခံစကားပြော အသံသရုပ်ဆောင် အဖြစ်လည်း ပါဝင်ခဲ့ပါသေးတယ်။
Finn ဟာ Stranger Things ရုပ်ရှင် Series နဲ့ “Screen Actors Guild Award” ကိုရရှိခဲ့တဲ့ အပြင် “IT” နဲ့ လည်း ဇာတ်ပို့ သရုပ်ဆောင်ဆုကို ရရှိခဲ့ပါသေးတယ်။
Finn ဟာ ၂၀၁၉ ခုနစ် မှာ မော်ဒယ်လောက ကို Saint Laurent မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ ဒါအပြင် Calpurnia Rock Band ကို ၂၀၁၇ ကနေ ၂၀၁၉ ခုနှစ်အထိ ဦးဆောင်ခဲ့ပါတယ်။ မကြာသေးမှီကတော့ Aubreys Rock Band ကိုတည်ထောင်ခဲ့ပါတယ်။

 


(၃) Jaeden Martell

57dc7e5a17b39a5987da52c1b9f69da0


သူကတော့ အားလုံးသိကြတဲ့ အတိုင်း "IT” ရုပ်ရှင်တွေနဲ့ "Knives out” ရုပ်ရှင်တွေမှာ ပါဝင်ရုပ်ဆောင်ပြီး လူသိများ နာမည်ကြီးလာတဲ့ မြန်မာနိုင်ငံက နှုတ်ခမ်း နီမလေးတွေ အသည်းစွဲ Billပဲ ဖြစ်ပါတယ်။ Jaeden ကိုတော့ ၂၀၀၃ ခုနှစ် january လ ၄ ရက်နေ့ အမေရိကန် နိုင်ငံ Pennsylvania မှာမွေးဖွားခဲ့ပါတယ်။ Jaeden ဟာ ရုပ်ရှင် လောကကို မဝင်မှီ Google, Hyundai, Hot Wheel စတဲ့ ကုမ္ပဏီကြီးတွေရဲ့ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ သူ့ရဲ့ ပထမဆုံးရိုက်တဲ့ ရုပ်ရှင်ကတော့ ၂၀၁၄ မှာ ထွက်ရှိခဲ့တဲ့ "St Vincent”ပဲဖြစ်ပါတယ်။ Jaeden ဟာ ဆိုရင် ၂၀၁၄ ကနေ ၂၀၁၉ ခုနှစ်အတွင်းရုပ်ရှင် ၁၅ ကားမှာ ဆု ၃ ဆုထိရှိခဲ့တဲ့ လူငယ် အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

 

sayar.com.mm

Read times Last modified on Thursday, 20 February 2020 15:58
Rate this articles
(0 votes)