×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 05 August 2020

ပုံလေးတွေကိုကြည့်ပြီး လတ်တလော သင့်ရဲ့ခံစားချက်တွေကို ဖော်ထုတ်ကြည့်ရအောင်

ပုံလေးတွေကိုကြည့်ပြီး လတ်တလော သင့်ရဲ့ခံစားချက်တွေကို ဖော်ထုတ်ကြည့်ရအောင်

 

ပုံတစ်ပုံချင်းဆီကို သေချာကြည့်ပါ။ ဘယ်ပုံကို ပထမဆုံး မြင်တယ်ဆိုတာကို ရိုးရိုးသားသားပြောပြပါ။ သင့်ရဲ့လတ်တလောခံစားချက်ဘယ်လိုရှိတယ်ဆိုတာကို ကျွန်တော်ပြောပြပါမယ်။

 

ပုံ(၁)

acrocodile


ဒီပုံကိုကြည့်ရင် သင်ဘယ်အရာကို ပထမဆုံး မြင်ပါသလဲ (၁) မိကျောင်း (၂) လှေတစင်း
သင်သာ မိကျောင်းတစ်ကောင်ကို ပထမဦးဆုံးမြင်ခဲ့မယ်ဆိုရင် -
ဆိုလိုတာက သင်က ပိုပြီးကြီးမားတဲ့ရုပ်ပုံများကို ကြည့်တတ်သူတစ်ဦးပါ။ သင်ဟာ အာရုံစူးစိုက်နိုင်ပြီး အလွန်လက်တွေ့ကျတဲ့လူတစ်ဦးပါ။ အများကြီး စွန့်စားမှုတွေကို မကြိုက်နှစ်သက်ပါဘူး။ အရာရာကိုသတိထားပြီး အတွေ့အကြုံအသစ်တွေကို မကြိုက်နှစ်တဲ့ လူတစ်ဦးပါ။

 

သင်သာ လှေတစ်စင်းကို ပထမဦးဆုံးမြင်ခဲ့မယ်ဆိုရင် -
ဆိုလိုတာကတော့ သင်ဟာ အသေးစိတ်အချက်အလက်များကို စိတ်ဝင်စားသူပါ။ ထူးခြားတဲ့ဖန်တီးမှုရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ အရာရာကို အသေးစိတ်အာရုံစိုက်နေတတ်သူတစ်ဦးဖြစ်လို့ တစ်ခါတစ်ရံမှာ အခြားအရာတွေ၊ တာဝန်တွေကို မေ့လျော့နေတတ်ပါတယ်။

 

ပုံ(၂)

btwo people 

ဒီပုံကိုကြည့်တဲ့အခါ တိုင်လုံးတွေကို ဦးစွာမြင်တယ်ဆိုရင်တော့ -
သင်ဟာ နှစ်သိမ့်မှုနဲ့ လုံခြုံမှုကို နှစ်သက်ကြောင်း ညွှန်ပြနေပါတယ်။ သင်ဟာ ရည်မှန်းချက်ပန်းတိုင်များအပေါ် အလွန်အမင်း အိပ်မက်မက်နေခြင်းနဲ့ ဒီအိပ်မက်များအပေါ် အမှန်တကယ် အကောင်အထည်ဖော်ရန်အတွက် အချိန်မလုံလောက်ခြင်းအပေါ် အာရုံစူးစိုက်သော လက္ခဏာရှိသည်။

 

လူပုံတွေကို ပထမဦးဆုံးမြင်တယ်ဆိုရင်တော့ -

သင်ဟာခံစားချက်လွတ်လပ်တဲ့သူတစ်ယောက်ပါ။ သင့်ဆီမှာ မယုံနိုင်လောက်တဲ့သူတွေနဲ့ပတ်သက်ပြီး စွန့်စားခန်းတွေ ပြည့်နေပါတယ်။

 

ပုံ(၃)
cgirl 
ဒီပုံမှာ အသက်ကြီးတဲ့လူတစ်ယောက်ကို သင်မြင်တယ်ဆိုရင်တော့ -
သင်ဟာ အခြားသူများအပေါ် အလွန်စာနာတတ်သော နူးညံ့သိမ်မွေ့သော စိတ်သဘောထက် ပိုသည်ဟု ဆိုလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတာတော့ မင်းက အသက်ကြီးတဲ့လူကို ဦးစွာမြင်လို့ပါပဲ။ မင်းရဲ့ညာဘက်ဦးနှောက်ကို ပိုမိုအသုံးပြုတဲ့လူတစ်ယောက်ဆိုတာကို ညွှန်ပြနေတာပါပဲ။

 

သင်က အမျိုးသမီးတစ်ဦးပုံကို ဦးစွာမြင်ခဲ့တယ်ဆိုရင်တော့ -
သင်ဟာ ခွဲခြမ်းစိတ်ဖြာမှုနှင့် စဉ်းစားတွေးခေါ်တွက်ဆမှု ပိုများပါတယ်။ သင့်ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းကို ပိုပြီးအသုံးပြုတဲ့လူတစ်ယောက်ပါ။ လုပ်ငန်းတစ်ခုခုကို လက်တွေ့ကျကျ ကြိုးစားရန်အားထုတ်နေသည့်အခါမှာ သင်ဟာ အေးစက်တဲ့နှလုံးသားပိုင်ရှင်ပါ။

 

ပုံ(၄)

dcar

ကားတစ်စီးကိုသာ ပထမဦးဆုံးမြင်ခဲ့တယ်ဆိုရင်-
သင်ဟာလွတ်လပ်မှုကိုမြတ်နိုးသူ၊ ခရီးသွားရတာကိုနှစ်သက်သူတစ်ဦးပါ။ စွန့်စားမှုကို အလွန်အမင်းနှစ်သက်တဲ့ လူတစ်ဦးလည်းဖြစ်ပါတယ်။


မှန်ဘီလူးတစ်လက်ကိုမြင်တယ်ဆိုရင်တော့ -
သင်ဟာ ခွဲခြားစိတ်ဖြာတတ်တဲ့လူတစ်ဦးပါ။ သင်ဟာ ကြီးမားတဲ့ရုပ်ပုံလွှာကို ပိုမိုအာရုံစိုက်ပြီး အသေးစိတ်အချက်အလက်များကို လျစ်လျူရှုထားတတ်ပါတယ်။


“A” ကိုသာမြင်ခဲ့တယ်ဆိုရင်
“A” က ဒီပုံမှာပထမဆုံးတွေ့ဖို့အခက်ခဲဆုံးပါ။ အကယ်၍ သင်ဟာ “A” ကို ဦးစွာမြင်ခဲ့တယ်ဆိုရင် လင်းယုန်မျက်စိရှိတဲ့သူတစ်ယောက်လို့ ဆိုရပါလိမ့်မယ်။ သင်ဟာ အခြားသူများသတိမပြုမိသော သိမ်မွေ့သောအကြောင်းအရာများကို သိရှိနိုင်တဲ့လူတစ်ယောက်ပေါ့။

 

ပုံ(၅)

5skull

ဒီပုံမှာ ဦးခေါင်းခွံတစ်ခုကို ဦးစွာမြင်ခဲ့တယ်ဆိုရင် -
သင်ဟာ ဆုံးဖြတ်ချက်များချရန်၊ ရှေ့သို့လမ်းကြောင်းတစ်ခုခုကိုရွေးချယ်ရန် ခက်ခဲသော လက္ခဏာရှိသူဖြစ်ပါတယ်။

 

အမျိုးသမီးတစ်ဦးပုံကိုဦးစွာမြင်ခဲ့တယ်ဆိုရင်-
သင့်မှာခုခံကာကွယ်မှုတွေများနေတဲ့လူတစ်ဦးပါ။ ဓာတ်ပုံထဲမှာပါတဲ့အမျိုးသမီးက မြေပေါ်လှဲချနေပြီး ခေါင်းပေါ်မှာလက်ကိုတင်ကာ သူမရဲ့ရင်ခွင်ထဲမှာ ဖုံးအုပ်နေတယ်။ သူမက အလွန်ခုခံကာကွယ်နေသော အနေအထားမှာရှိနေပါတယ်။ ရုပ်ပိုက်ဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ခံစားနေရသူပါ။ မိမိကိုယ်ကိုယုံကြည်မှုရှိဖို့ ကြိုးစားရပါလိမ့်မယ်။


ကဲ သင်ရော ဒီပုံလေးတွေမြင်ပြီး ဘယ်လိုတွေမြင်လည်း???
ဆွေးနွေးကြည့်ကြပါအုန်း။

 

ပံုေလးေတြကိုၾကည့္ၿပီး လတ္တေလာ သင့္ရဲ႕ခံစားခ်က္ေတြကို ေဖာ္ထုတ္ၾကည့္ရေအာင္

ပံုတစ္ပံုခ်င္းဆီကို ေသခ်ာၾကည့္ပါ။ ဘယ္ပံုကို ပထမဆံုး ျမင္တယ္ဆိုတာကို ရိုးရိုးသားသားေျပာျပပါ။ သင့္ရဲ႕လတ္တေလာခံစားခ်က္ဘယ္လိုရွိတယ္ဆုိတာကို ကၽြန္ေတာ္ေျပာျပပါမယ္။

 

ပံု(၁)

acrocodile

ဒီပံုကိုၾကည့္ရင္ သင္ဘယ္အရာကို ပထမဆံုး ျမင္ပါသလဲ (၁) မိေက်ာင္း (၂) ေလွတစင္း
သင္သာ မိေက်ာင္းတစ္ေကာင္ကို ပထမဦးဆံုးျမင္ခဲ့မယ္ဆိုရင္ -
ဆိုလိုတာက သင္က ပိုၿပီးႀကီးမားတဲ့ရုပ္ပံုမ်ားကို ၾကည့္တတ္သူတစ္ဦးပါ။ သင္ဟာ အာရံုစူးစိုက္ႏိုင္ၿပီး အလြန္လက္ေတြ႕က်တဲ့လူတစ္ဦးပါ။ အမ်ားႀကီး စြန္႔စားမႈေတြကို မႀကိဳက္ႏွစ္သက္ပါဘူး။ အရာရာကိုသတိထားၿပီး အေတြ႔အႀကံဳအသစ္ေတြကို မႀကိဳက္ႏွစ္တဲ့ လူတစ္ဦးပါ။

 

သင္သာ ေလွတစ္စင္းကို ပထမဦးဆံုးျမင္ခဲ့မယ္ဆိုရင္ -
ဆိုလိုတာကေတာ့ သင္ဟာ အေသးစိတ္အခ်က္အလက္မ်ားကို စိတ္၀င္စားသူပါ။ ထူးျခားတဲ့ဖန္တီးမႈရွိသူတစ္ဦးလည္းျဖစ္ပါတယ္။ အရာရာကို အေသးစိတ္အာရံုစိုက္ေနတတ္သူတစ္ဦးျဖစ္လို႔ တစ္ခါတစ္ရံမွာ အျခားအရာေတြ၊ တာ၀န္ေတြကို ေမ့ေလ်ာ့ေနတတ္ပါတယ္။

 

ပံု(၂)

btwo people

ဒီပံုကိုၾကည့္တဲ့အခါ တိုင္လံုးေတြကို ဦးစြာျမင္တယ္ဆိုရင္ေတာ့ -
သင္ဟာ ႏွစ္သိမ့္မႈနဲ႔ လံုၿခံဳမႈကို ႏွစ္သက္ေၾကာင္း ညႊန္ျပေနပါတယ္။ သင္ဟာ ရည္မွန္းခ်က္ပန္းတိုင္မ်ားအေပၚ အလြန္အမင္း အိပ္မက္မက္ေနျခင္းနဲ႔ ဒီအိပ္မက္မ်ားအေပၚ အမွန္တကယ္ အေကာင္အထည္ေဖာ္ရန္အတြက္ အခ်ိန္မလံုေလာက္ျခင္းအေပၚ အာရံုစူးစိုက္ေသာ လကၡဏာရွိသည္။

 

လူပံုေတြကို ပထမဦးဆံုးျမင္တယ္ဆိုရင္ေတာ့

သင္ဟာခံစားခ်က္လြတ္လပ္တဲ့သူတစ္ေယာက္ပါ။ သင့္ဆီမွာ မယံုႏိုင္ေလာက္တဲ့သူေတြနဲ႔ပတ္သက္ၿပီး စြန္႔စားခန္းေတြ ျပည့္ေနပါတယ္။

 

ပံု(၃)

cgirl

ဒီပံုမွာ အသက္ႀကီးတဲ့လူတစ္ေယာက္ကို သင္ျမင္တယ္ဆိုရင္ေတာ့ -
သင္ဟာ အျခားသူမ်ားအေပၚ အလြန္စာနာတတ္ေသာ ႏူးညံ့သိမ္ေမြ႕ေသာ စိတ္သေဘာထက္ ပိုသည္ဟု ဆိုလိုပါတယ္။ ဘာျဖစ္လို႔လဲဆိုတာေတာ့ မင္းက အသက္ႀကီးတဲ့လူကို ဦးစြာျမင္လို႔ပါပဲ။ မင္းရဲ႕ညာဘက္ဦးေႏွာက္ကို ပိုမိုအသံုးျပဳတဲ့လူတစ္ေယာက္ဆိုတာကို ညႊန္ျပေနတာပါပဲ။

 

သင္က အမ်ိဳးသမီးတစ္ဦးပံုကို ဦးစြာျမင္ခဲ့တယ္ဆိုရင္ေတာ့ -
သင္ဟာ ခြဲျခမ္းစိတ္ျဖာမႈႏွင့္ စဥ္းစားေတြးေခၚတြက္ဆမႈ ပိုမ်ားပါတယ္။ သင့္ဦးေႏွာက္ရဲ႕ ဘယ္ဘက္ျခမ္းကို ပိုၿပီးအသံုးျပဳတဲ့လူတစ္ေယာက္ပါ။ လုပ္ငန္းတစ္ခုခုကို လက္ေတြ႕က်က် ႀကိဳးစားရန္အားထုတ္ေနသည့္အခါမွာ သင္ဟာ ေအးစက္တဲ့ႏွလံုးသားပိုင္ရွင္ပါ။

 

ပံု(၄)

dcar

ကားတစ္စီးကိုသာ ပထမဦးဆံုးျမင္ခဲ့တယ္ဆိုရင္-
သင္ဟာလြတ္လပ္မႈကိုျမတ္ႏိုးသူ၊ ခရီးသြားရတာကိုႏွစ္သက္သူတစ္ဦးပါ။ စြန္႔စားမႈကို အလြန္အမင္းႏွစ္သက္တဲ့ လူတစ္ဦးလည္းျဖစ္ပါတယ္။

မွန္ဘီလူးတစ္လက္ကိုျမင္တယ္ဆိုရင္ေတာ့ -
သင္ဟာ ခြဲျခားစိတ္ျဖာတတ္တဲ့လူတစ္ဦးပါ။ သင္ဟာ ႀကီးမားတဲ့ရုပ္ပံုလႊာကို ပိုမိုအာရံုစိုက္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို လ်စ္လ်ဴရႈထားတတ္ပါတယ္။

“A” ကိုသာျမင္ခဲ့တယ္ဆိုရင္
“A” က ဒီပံုမွာပထမဆံုးေတြ႕ဖို႔အခက္ခဲဆံုးပါ။ အကယ္၍ သင္ဟာ “A” ကို ဦးစြာျမင္ခဲ့တယ္ဆိုရင္ လင္းယုန္မ်က္စိရွိတဲ့သူတစ္ေယာက္လို႔ ဆိုရပါလိမ့္မယ္။ သင္ဟာ အျခားသူမ်ားသတိမျပဳမိေသာ သိမ္ေမြ႕ေသာအေၾကာင္းအရာမ်ားကိုိ သိရွိႏိုင္တဲ့လူတစ္ေယာက္ေပါ့။

 

ပံု(၅)

5skull

ဒီပံုမွာ ဦးေခါင္းခြံတစ္ခုကို ဦးစြာျမင္ခဲ့တယ္ဆိုရင္ -
သင္ဟာ ဆံုးျဖတ္ခ်က္မ်ားခ်ရန္၊ ေရွ႕သို႔လမ္းေၾကာင္းတစ္ခုခုကိုေရြးခ်ယ္ရန္ ခက္ခဲေသာ လကၡဏာရွိသူျဖစ္ပါတယ္။

 

အမ်ိဳးသမီးတစ္ဦးပံုကိုဦးစြာျမင္ခဲ့တယ္ဆိုရင္-
သင့္မွာခုခံကာကြယ္မႈေတြမ်ားေနတဲ့လူတစ္ဦးပါ။ ဓာတ္ပံုထဲမွာပါတဲ့အမ်ိဳးသမီးက ေျမေပၚလွဲခ်ေနၿပီး ေခါင္းေပၚမွာလက္ကိုတင္ကာ သူမရဲ႕ရင္ခြင္ထဲမွာ ဖံုးအုပ္ေနတယ္။ သူမက အလြန္ခုခံကာကြယ္ေနေသာ အေနအထားမွာရွိေနပါတယ္။ ရုပ္ပိုက္ဆိုင္ရာနဲ႔စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈမ်ား ခံစားေနရသူပါ။ မိမိကိုယ္ကိုယံုၾကည္မႈရွိဖို႔ ႀကိဳးစားရပါလိမ့္မယ္။

 


ကဲ သင္ေရာ ဒီပံုေလးေတြျမင္ၿပီး ဘယ္လိုေတြျမင္လည္း???
ေဆြးေႏြးၾကည့္ၾကပါအုန္း။

Read times
Rate this articles
(2 votes)