×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Monday, 16 October 2017

သင့္မွာဒါေတြ႐ွိလား

သင့္မွာဒါေတြ႐ွိလား google.com

သူမ်ားနဲ႕မတူတဲ့ေနရာတစ္ခုကို ပိုင္ဆိုင္ခ်င္တဲ့သူတိုင္းမွာ ဒီလိုအရည္အခ်င္းေတြ ရွိဖို႔လိုအပ္ပါတယ္။ အရည္အခ်င္း အရည္အေသြးေတြဆိုတာ ေလ့က်င့္ယူမယ္ဆိုရင္ ပိုင္ဆိုင္လာနိုင္မယ့္ အရာေတြပါ။

အခုခ်ိန္မွာ ဒီအရည္အခ်င္းေတြ မပိုင္ဆိုင္ေသးဘူးဆိုရင္ေတာင္ ေနာက္မက်ေသးပါဘူး ၾကိဳးစားခ်င္စိတ္ ရွိဖို႔ပဲ လိုပါတယ္။

၁. ယံုၾကည္မႈ

အေရးအၾကီးဆံုးလိုအပ္ခ်က္တစ္ခုပါ။ ယံုၾကည္မွဳ မရွိတဲ့လူက ဘယ္ေတာ့မွ ေအာင္ျမင္မွာ မဟုတ္ပါဘူး။ ယံုၾကည္မွဳဆိုတာ ေအာင္ျမင္ဖို႔အတြက္ သဘာဝကေပးတဲ့ အရင္းအႏွီးတစ္ခုပါ။ ကိုယ့္ကိုယ္ကို ယံုၾကည္မွ ကိုယ္လုပ္တဲ့လုပ္ရပ္တိုင္းကို ယံုၾကည္မွ သူမ်ားက ယံုၾကည္လာမွာပါ။

၂. ရည္ရြယ္ခ်က္

ရည္ရြယ္ခ်က္ဆိုတာ ကုိယ့္ဘဝေရွ႕ေရးအတြက္ တိတိက်က်ေသေသခ်ာခ်ာ ခ်မွတ္ထားတဲ့ ပန္းတိုင္တစ္ခုပါ။ ေနာင္တစ္ခ်ိန္မွာ ငါဘယ္လိုဘဝမ်ိဳးကို ပိုင္ဆိုင္ရမယ္ဆိုတာမ်ိဳး။ ခဏတာ အဆင္ေျပဖို႔အတြက္ပဲ အာရံုစိုက္ေနတဲ့လူမ်ိဳးေတြအတြက္ေတာ့ ရည္မွန္းခ်က္ဆိုတာမ်ိဳးက ေပ်ာက္ဆံုးေနတတ္ျပီး လက္ရွိဘဝကိုပဲ အဟုတ္ထင္ေနတတ္ပါတယ္။ ရည္မွန္းခ်က္တစ္ခုေတာ့ ခ်မွတ္လုိက္ပါ။

Recommended for you - သင့္ကိုကူညီေပးေနတယ္ဆိုတိုင္း ကြ်န္ေတာ္အဆင္ေျပေနတယ္မထင္ပါနဲ႕

၃. အလုပ္တစ္ခုကို တစ္ဝက္တစ္ပ်က္မလုပ္တတ္ျခင္း

ၾကီးမားတဲ့အလုပ္မ်ိဳးကို လုပ္ရသည္ျဖစ္ေစ ေသးငယ္တဲ့အလုပ္မ်ိဳးကို လုပ္ရသည္ျဖစ္ေစ စတင္ျပီးလွ်င္ ျပီးဆံုးတဲ့အထိ တာဝန္ယူလုပ္ကိုင္တတ္ဖို႔ လုိပါတယ္။ ကိုယ္တာဝန္ယူထားတဲ့အလုပ္တစ္ခုကို ျပီးဆံုးတဲ့ အထိ တာဝန္ယူနိုင္တဲ့အရည္အခ်င္းေတြ ရွိတဲ့လူမ်ိဳးေတြက ေအာင္ျမင္တဲ့သူေတြပါ။

၄. ဇြဲ စိတ္အားထက္သန္မႈ

ေအာင္ျမင္မႈအတြက္မ႐ွိမျဖစ္လိုအပ္ေသာအရာတစ္ခု။ အခက္အခဲေတြကို ၾကံ႕ၾကံ႕ခံရင္ဆိုင္ျပီး လဲက်တိုင္းျပန္ထနိုင္ရမယ္ဆိုတဲ့ စိတ္အားထက္သန္မွဳ ကိုယ့္ပန္းတိုင္ဆီး မေရာက္ေရာက္ေအာင္ သြားမယ္ဆိုတဲ့ မဆုတ္မနစ္တဲ့ဇြဲ ဒါေတြက သင့္ကို ဝန္းရံထားဖို႔လုိပါတယ္။

Recommended for you - သာမန္ထက္ပိုေတာ္ေနတယ္ဆုိတာ ေဖာ္ျပေနတဲ့အခ်က္မ်ား

၅. မိမိကိုယ္ကို သံုးသပ္ျခင္း

ကိုယ့္ကုိယ္သံုးသပ္တတ္ဖို႔ဆိုတာ အေရးၾကီးပါတယ္။ လူေတြက သူမ်ားေတြကို အလြယ္တကူေဝဖန္တတ္ ၾကပါတယ္။ ဒါေပမယ့္ ကုိယ့္ကုိယ္ျပန္ျမင္ဖို႔ ျပန္ျပီးေဝဖန္တာကိုေတာ့ အားနည္းတတ္တယ္။ ကိုယ့္ကုိယ္ကို ျပန္သံုးသပ္တတ္တဲ့အက်င့္ကို ေလ့က်င့္ယူပါ။ ဒါမွာ ကိုယ္ဘာေတြ လုိအပ္ေနေသးတယ္၊ အပိုအလုပ္ေတြ လုပ္မိေနတာလား အခ်ိန္ေတြ ကုန္သြားတာ အက်ိဳးရွိရဲ႕လားဆိုတာ ျပန္ျမင္ျပီး ကိုယ့္ကုိယ္ကို ျပဳျပင္သြားဖို႔ လိုပါတယ္။

၆. စကား

စကားေျပာတတ္စအရြယ္ကတည္းက မေမာနိုင္မပန္းနိုင္ စကားေတြအမ်ားၾကီး ေျပာခဲ့ၾကတယ္။ အက်ိဳးရွိတာလည္း ပါသလို အက်ိဳးမရွိတာေတြလည္း ပါနိုင္ပါတယ္။ စကားေတြက ဓားလွံ လက္နက္ေတြ ထက္ပိုျပီး ေၾကာက္စရာေကာင္းပါတယ္၊ ပိုျပီးလည္း ထိခိုက္လြယ္ပါတယ္။ ကိုယ့္စကားေၾကာင့္ ကိုယ္တိုင္ပ်က္သုဥ္းရသလို သူမ်ားေတြလည္း ပ်က္စီးရာပ်က္စီးေၾကာင္းကို ျဖစ္ေစတတ္ပါတယ္။ ဒါေၾကာင့္ စကားမေျပာခင္ စဥ္းစားပါ။ အက်ိဳးမရွိတဲ့စကားေတြကို ေလွ်ာ့ေျပာျပီး အလုပ္မ်ားမ်ားလုပ္ပါ။

သင္က စီးပြါးေရးနဲ႕ပက္သက္တဲ့ အေၾကာင္းအရာေတြကို စိတ္ဝင္စားတယ္ သင္ခ်င္တယ္ ဆိုရင္ေတာ့ sayar.com.mm မွာ ေဖာ္ျပထားတဲ့ subject မွာ ကိုယ္သင္ခ်င္တဲ့ ဘာသာရပ္ကို ရွာေဖြျပီး သင္ယူဖို႔အတြက္ အခုပဲ ဆက္သြယ္လုိက္ပါ။

[Unicode Version]


သူများနဲ့မတူတဲ့နေရာတစ်ခုကို ပိုင်ဆိုင်ချင်တဲ့သူတိုင်းမှာ ဒီလိုအရည်အချင်းတွေ ရှိဖို့လိုအပ်ပါတယ်။ အရည်အချင်း အရည်အသွေးတွေဆိုတာ လေ့ကျင့်ယူမယ်ဆိုရင် ပိုင်ဆိုင်လာနိုင်မယ့် အရာတွေပါ။ အခုချိန်မှာ ဒီအရည်အချင်းတွေ မပိုင်ဆိုင်သေးဘူးဆိုရင်တောင် နောက်မကျသေးပါဘူး ကြိုးစားချင်စိတ် ရှိဖို့ပဲ လိုပါတယ်။
၁. ယုံကြည်မှု
အရေးအကြီးဆုံးလိုအပ်ချက်တစ်ခုပါ။ ယုံကြည်မှု မရှိတဲ့လူက ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ ယုံကြည်မှုဆိုတာ အောင်မြင်ဖို့အတွက် သဘာဝကပေးတဲ့ အရင်းအနှီးတစ်ခုပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှ ကိုယ်လုပ်တဲ့လုပ်ရပ်တိုင်းကို ယုံကြည်မှ သူများက ယုံကြည်လာမှာပါ။
၂. ရည်ရွယ်ချက်
ရည်ရွယ်ချက်ဆိုတာ ကိုယ့်ဘဝရှေ့ရေးအတွက် တိတိကျကျသေသေချာချာ ချမှတ်ထားတဲ့ ပန်းတိုင်တစ်ခုပါ။ နောင်တစ်ချိန်မှာ ငါဘယ်လိုဘဝမျိုးကို ပိုင်ဆိုင်ရမယ်ဆိုတာမျိုး။ ခဏတာ အဆင်ပြေဖို့အတွက်ပဲ အာရုံစိုက်နေတဲ့လူမျိုးတွေအတွက်တော့ ရည်မှန်းချက်ဆိုတာမျိုးက ပျောက်ဆုံးနေတတ်ပြီး လက်ရှိဘဝကိုပဲ အဟုတ်ထင်နေတတ်ပါတယ်။ ရည်မှန်းချက်တစ်ခုတော့ ချမှတ်လိုက်ပါ။

Recommended for you - သင့်ကိုကူညီပေးနေတယ်ဆိုတိုင်း ကျွန်တော်အဆင်ပြေနေတယ်မထင်ပါနဲ့
၃. အလုပ်တစ်ခုကို တစ်ဝက်တစ်ပျက်မလုပ်တတ်ခြင်း
ကြီးမားတဲ့အလုပ်မျိုးကို လုပ်ရသည်ဖြစ်စေ သေးငယ်တဲ့အလုပ်မျိုးကို လုပ်ရသည်ဖြစ်စေ စတင်ပြီးလျှင် ပြီးဆုံးတဲ့အထိ တာဝန်ယူလုပ်ကိုင်တတ်ဖို့ လိုပါတယ်။ ကိုယ်တာဝန်ယူထားတဲ့အလုပ်တစ်ခုကို ပြီးဆုံးတဲ့ အထိ တာဝန်ယူနိုင်တဲ့အရည်အချင်းတွေ ရှိတဲ့လူမျိုးတွေက အောင်မြင်တဲ့သူတွေပါ။
၄. ဇွဲ စိတ်အားထက်သန်မှု

အောင်မြင်မှုအတွက်မရှိမဖြစ်လိုအပ်သောအရာတစ်ခု။ အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး လဲကျတိုင်းပြန်ထနိုင်ရမယ်ဆိုတဲ့ စိတ်အားထက်သန်မှု ကိုယ့်ပန်းတိုင်ဆီး မရောက်ရောက်အောင် သွားမယ်ဆိုတဲ့ မဆုတ်မနစ်တဲ့ဇွဲ ဒါတွေက သင့်ကို ဝန်းရံထားဖို့လိုပါတယ်။

Recommended for you - သာမန်ထက်ပိုတော်နေတယ်ဆိုတာ ဖော်ပြနေတဲ့အချက်များ
၅. မိမိကိုယ်ကို သုံးသပ်ခြင်း
ကိုယ့်ကိုယ်သုံးသပ်တတ်ဖို့ဆိုတာ အရေးကြီးပါတယ်။ လူတွေက သူများတွေကို အလွယ်တကူဝေဖန်တတ် ကြပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ပြန်မြင်ဖို့ ပြန်ပြီးဝေဖန်တာကိုတော့ အားနည်းတတ်တယ်။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ယူပါ။ ဒါမှာ ကိုယ်ဘာတွေ လိုအပ်နေသေးတယ်၊ အပိုအလုပ်တွေ လုပ်မိနေတာလား အချိန်တွေ ကုန်သွားတာ အကျိုးရှိရဲ့လားဆိုတာ ပြန်မြင်ပြီး ကိုယ့်ကိုယ်ကို ပြုပြင်သွားဖို့ လိုပါတယ်။
၆. စကား
စကားပြောတတ်စအရွယ်ကတည်းက မမောနိုင်မပန်းနိုင် စကားတွေအများကြီး ပြောခဲ့ကြတယ်။ အကျိုးရှိတာလည်း ပါသလို အကျိုးမရှိတာတွေလည်း ပါနိုင်ပါတယ်။ စကားတွေက ဓားလှံ လက်နက်တွေ ထက်ပိုပြီး ကြောက်စရာကောင်းပါတယ်၊ ပိုပြီးလည်း ထိခိုက်လွယ်ပါတယ်။ ကိုယ့်စကားကြောင့် ကိုယ်တိုင်ပျက်သုဉ်းရသလို သူများတွေလည်း ပျက်စီးရာပျက်စီးကြောင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် စကားမပြောခင် စဉ်းစားပါ။ အကျိုးမရှိတဲ့စကားတွေကို လျှော့ပြောပြီး အလုပ်များများလုပ်ပါ။
သင်က စီးပွါးရေးနဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားတယ် သင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာ ဖော်ပြထားတဲ့ subject မှာ ကိုယ်သင်ချင်တဲ့ ဘာသာရပ်ကို ရှာဖွေပြီး သင်ယူဖို့အတွက် အခုပဲ ဆက်သွယ်လိုက်ပါ။

 

Read times Last modified on Monday, 30 December 2019 14:45
Rate this articles
(2 votes)