×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Monday, 20 November 2017

ဆုေငြဆယ္သိန္းရနိုင္မယ့္ Myanamar Cyber Security Challenge 2018

ဆုေငြဆယ္သိန္းရနိုင္မယ့္ Myanamar Cyber Security Challenge 2018 google.com

နည္းပညာေခတ္ေရာက္လာတဲ့အခ်ိန္မွာ cyber security ဆိုတာကို လူတိုင္းကြ်မ္းက်င္တာ မဟုတ္ရင္ေတာင္ နားလည္ထားရမယ့္ အေနအထားတစ္ခုျဖစ္ေနပါျပီ။  ကြ်န္ေတာ္တို႔လည္း သတင္းေတြ ဖတ္တာနဲ႔ cyber တိုက္ခိုက္မွဳေတြ အျမဲတမ္းလိုလို ၾကားေနရပါတယ္။

 

ကြ်န္ေတာ္တို႔ ျမန္မာနိုင္ငံမွာလည္း cyber security ပိုင္းနဲ႔ ပက္သက္ျပီး အသိအျမင္နဲ႕ ကြ်မ္းက်င္မွဳေတြ တိုးတက္လာေစဖို႔အတြက္ ရည္ရြယ္ျပီး ဒီျပိဳင္ပြဲေလးကို က်င္းပေပးတာ ျဖစ္ပါတယ္။ ျပိဳင္ပြဲကို အသက္ ၃၀ ထက္မၾကီးတဲ့ ျမန္မာနိုင္ငံသားေတြ ပါဝင္နိုင္မွာ ျဖစ္ပါတယ္။ အဖြဲ႕လိုက္ ျပိဳင္ရမွာျဖစ္ျပီး အဖြဲ႕တစ္ဖြဲ႕မွာ ေခါင္းေဆာင္အပါအဝင္ အဖြဲ႕ဝင္သံုးဦးရွိရမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ပညာသင္ယူေနဆဲဆိုရင္ေတာ့ သက္ဆိုင္ရာေက်ာင္းက ခြင့္ျပဳခ်က္ပါရမွာ ျဖစ္ပါတယ္။

ျပိဳင္ပြဲကို ဇန္နဝါရီ ၂၅ ရက္ ၂၀၁၈ MICT Park မွာ က်င္းပမွာ ျဖစ္ပါတယ္။ ေလွ်ာက္လႊာေတြကို ဇန္နဝါရီ ၁၂ ရက္မွာ ပိတ္မွာျဖစ္ျပီး ဝင္ေရာက္ယွဥ္ျပိဳင္ခြင့္ရသူေတြကို ဇန္နဝါရီ ၂၀ မွာ ေၾကညာေပးသြားမွာ ျဖစ္ ပါတယ္။ ေလွ်ာက္လႊာေတြကို http://www.mcf.org.mm/ http://www.mmcert.org.mm/ http://www.mcpamyanmar.org/ တို႔မွာ Download ရယူနိုင္မွာ ျဖစ္ပါတယ္။

 mmCert အဖြဲ႕ဝင္ေတြ Cvber Security နဲ႕ပက္သက္ျပီး အစိုးရဌာနေတြမွာ တာဝန္ထမ္းေဆာင္ေနသူေတြ ဝင္ေရာက္ယွဥ္ျပိဳင္ခြင့္ မရွိဘူး လို႔ သတ္မွတ္ထားပါတယ္။ ေလွ်ာက္လႊာေတြကို ျမန္မာနိုင္ငံကြန္ပ်ဴတာ အသင္းခ်ဳပ္မွာ လာေရာက္ေပးပို႕ ရမွာျဖစ္ပါတယ္။ This email address is being protected from spambots. You need JavaScript enabled to view it. ကို အီးေမးလ္ပို႔ျပီး ေတာ့လညး္ ေပးပို႔နိုင္ပါတယ္။

အဲဒီၿပိဳင္ပြဲအတြက္ Web Security, Reverse Engineering, Cryptography, Pwn, Forensics, Miscellaneous တို႔ကို ေလ့လာထားရမွာ ျဖစ္ပါတယ္။ အကယ္၍ ေလွ်ာက္ထားသူ ၂၀ ဖြဲ႔ထက္ေက်ာ္ လြန္လို႔ရွိရင္ အြန္လိုင္းစာေမးပြဲ စစ္ေဆးၿပီးေရြးခ်ယ္ သြားမယ္လို႔ သိရပါတယ္။ ပထမဆု ၁၀ သိန္း၊ ဒုတိ ယဆု ၇ သိန္းနဲ႔ တတိယဆု ၅ သိန္းက်ပ္ ရမွာျဖစ္ပါတယ္။ ဆုအားလံုးအတြက္ Trophy နဲ႔ Certificate တို႔ေပးအပ္မယ္လို႔ သိရပါတယ္။ ၿပိဳင္ပြဲဆိုင္ရာ ကိစၥအဝဝနဲ႔ ပတ္သက္လို႔ အေသးစိတ္သိရွိလိုတာေတြကို ျမန္မာႏိုင္ငံ ကြန္ပ်ဳတာအသင္းခ်ဳပ္၊ mmCert ႐ံုးေတြကို တိုက္႐ိုက္ဆက္သြယ္ ေမးျမန္းႏိုင္တယ္လို႔ သိရပါတယ္။

Source;internetjournal

[Unicode Converter]

နည်းပညာခေတ်ရောက်လာတဲ့အချိန်မှာ cyber security ဆိုတာကို လူတိုင်းကျွမ်းကျင်တာ မဟုတ်ရင်တောင် နားလည်ထားရမယ့် အနေအထားတစ်ခုဖြစ်နေပါပြီ။ ကျွန်တော်တို့လည်း သတင်းတွေ ဖတ်တာနဲ့ cyber တိုက်ခိုက်မှုတွေ အမြဲတမ်းလိုလို ကြားနေရပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း cyber security ပိုင်းနဲ့ ပက်သက်ပြီး အသိအမြင်နဲ့ ကျွမ်းကျင်မှုတွေ တိုးတက်လာစေဖို့အတွက် ရည်ရွယ်ပြီး ဒီပြိုင်ပွဲလေးကို ကျင်းပပေးတာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို အသက် ၃၀ ထက်မကြီးတဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ အဖွဲ့လိုက် ပြိုင်ရမှာဖြစ်ပြီး အဖွဲ့တစ်ဖွဲ့မှာ ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင်သုံးဦးရှိရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပညာသင်ယူနေဆဲဆိုရင်တော့ သက်ဆိုင်ရာကျောင်းက ခွင့်ပြုချက်ပါရမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲကို ဇန်နဝါရီ ၂၅ ရက် ၂၀၁၈ MICT Park မှာ ကျင်းပမှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို ဇန်နဝါရီ ၁၂ ရက်မှာ ပိတ်မှာဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသူတွေကို ဇန်နဝါရီ ၂၀ မှာ ကြေညာပေးသွားမှာ ဖြစ် ပါတယ်။ လျှောက်လွှာတွေကို http://www.mcf.org.mm/ http://www.mmcert.org.mm/ http://www.mcpamyanmar.org/ တို့မှာ Download ရယူနိုင်မှာ ဖြစ်ပါတယ်။
mmCert အဖွဲ့ဝင်တွေ Cvber Security နဲ့ပက်သက်ပြီး အစိုးရဌာနတွေမှာ တာဝန်ထမ်းဆောင်နေသူတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူး လို့ သတ်မှတ်ထားပါတယ်။ လျှောက်လွှာတွေကို မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှာ လာရောက်ပေးပို့ ရမှာဖြစ်ပါတယ်။ This email address is being protected from spambots. You need JavaScript enabled to view it. ကို အီးမေးလ်ပို့ပြီး တော့လညး် ပေးပို့နိုင်ပါတယ်။
အဲဒီပြိုင်ပွဲအတွက် Web Security, Reverse Engineering, Cryptography, Pwn, Forensics, Miscellaneous တို့ကို လေ့လာထားရမှာ ဖြစ်ပါတယ်။ အကယ်၍ လျှောက်ထားသူ ၂၀ ဖွဲ့ထက်ကျော် လွန်လို့ရှိရင် အွန်လိုင်းစာမေးပွဲ စစ်ဆေးပြီးရွေးချယ် သွားမယ်လို့ သိရပါတယ်။ ပထမဆု ၁၀ သိန်း၊ ဒုတိ ယဆု ရ သိန်းနဲ့ တတိယဆု ၅ သိန်းကျပ် ရမှာဖြစ်ပါတယ်။ ဆုအားလုံးအတွက် Trophy နဲ့ Certificate တို့ပေးအပ်မယ်လို့ သိရပါတယ်။ ပြိုင်ပွဲဆိုင်ရာ ကိစ္စအဝဝနဲ့ ပတ်သက်လို့ အသေးစိတ်သိရှိလိုတာတွေကို မြန်မာနိုင်ငံ ကွန်ပျုတာအသင်းချုပ်၊ mmCert ရုံးတွေကို တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်တယ်လို့ သိရပါတယ်။
Source;internetjournal

Read times Last modified on Monday, 30 December 2019 15:35
Rate this articles
(1 Vote)