×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Wednesday, 28 February 2018

မက္ကစီကိုနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမယ့် First Robotic Competition 2018

မက္ကစီကိုနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမယ့် First Robotic Competition 2018 google.com







နောက်ထပ်လည်း ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ စိတ်ဝင်စားတဲ့ တက္ကသိုလ်တွေ ကျောင်းတွေကိုလည်း သွားရောက် ရှင်းလင်းပြသပေးမှာဖြစ်တဲ့အတွက် စိတ်ဝင်စားတယ်ဆိုရင် ဖန်တီးရာကို ဆက်သွယ်နိုင်ပါတယ်။






Source: Phandeeyar

2018 First Robotic Competition ပြိုင်ပွဲကို သြဂုတ်လ ၁၅ ရက်မှ ၁၈ ရက်နေ့ထိ မက္ကစီကိုနိုင်ငံ ရဲ့မြိ့တော် မက္ကစီကိုစီးတီးမှာ ကျင်းပြုလုပ်မှာဖြစ်ပါတယ်။

မနှစ်က အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ First Robotic Competition မှာ ကမ္ဘာတစ်ဝန်းမှ အသင်းပေါင်း ၁၆၃ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအသင်းက အဆင့် ၆ ရရှိခဲ့တာကို မှတ်မိကြဦး မယ်ထင်ပါတယ်။

ဒီနှစ်အတွက်လည်း မြန်မာနိုင်ငံကိုယ်စားပြုအသင်းအနေနဲ့ သွားရောက်ယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေး ရောက်ရှိလို့ လာပါပြီ။ programming, Arduino, RaspberryPi, Electronics, Hardward design စတဲ့ နည်းပညာ ကိုစိတ်ဝင်စားတဲ့ ကျောင်းသားကျောင်းသူများ robotics ကို စိတ်ဝင်စားပြီး နည်းပညာ အင်ဂျင်နီယာ ကျောင်းသားကျောင်းသူများ လျှောက်ထားနိုင်ပါတယ်။ အသက်ကန့်သတ်ချက်က ၁၄ မှ ၁၈ နှစ်ကြားရှိရမှာပါ။

Recommended for you - သြစတြေးလျနိုင်ငံမှာ ကျောင်းတက်ဖို့ ဘာတွေပြင်ဆင်ထားရမလဲ ?

ဖန်တီးရာမှ လိုအပ်တဲ့နည်းစနစ်ပိုင်းဆိုင်ရာ အကူအညီတွေနဲ့ မနှစ်က ပြိုင်ပွဲမစခင် တက္ကသိုလ်တွေ၊ ကျောင်းတွေမှာသွားပြီး ပြိုင်ပွဲဝင်မယ့်သူတွေကို ရှာဖွေခဲ့ပြီး ပြိုင်ပွဲဝင်တဲ့နေရာအထိ အသေးစိတ် ကူညီခဲ့ ပါတယ်။

အခုဒီနှစ် First Robotic Competition 2018 အတွက်လည်း ထပ်မံသွားရောက်ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင် နေကြပြီဖြစ်ပြီး လူရွေးချယ်မှုလည်း စတင်နေပြီ ဖြစ်ပါတယ်။ ဖန်တီးရာ အဖွဲ့သားတွေ နဲ့ First Robotic Competition 2017 မှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေက Myanmar Noble College တွင် ဒီနှစ်မှာ ကျင်းပမယ့် ပြိုင်ပွဲအကြောင်းနဲ့ လိုအပ်ချက်တွေကို ရှင်းလင်း ပြသပေးခဲ့ပါတယ်။

နောက်ထပ်လညး် ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ စိတ်ဝင်စားတဲ့ တက္ကသိုလ်တွေ ကျောင်းတွေကိုလည်း သွားရောက် ရှင်းလင်းပြသပေးမှာဖြစ်တဲ့အတွက် စိတ်ဝင်စားတယ်ဆိုရင် ဖန်တီးရာကို ဆက်သွယ်နိုင်ပါတယ်။

Recommended for you - ပိုက်ဆံစုနည်း ဗျူဟာ

ပြိုင်ပွဲက ၂၀၁၈ သြဂုတ်လ ၁၅ ရက်မှ ၁၈ ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီး သွားရောက်ယှဉ်ပြိုင်ရမည့်သူများ အနေဖြင့် လိုအပ်တဲ့ visa နဲ့ ခရီးစရိတ်အတွက်လည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။

မက္ကစီကိုနိုင်ငံရဲ့ မြို့တော် မက္ကစိကိုစီးတီးမှာ သွားရောက်ယှဉ်ပြိုင်ရမယ့် 2018 င်္First Robotic Competition ကို မြန်မာနိုင်ငံကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိမယ့် အခွင့်အရေးကြီးကို စိတ်ဝင်စားတယ်ဆိုရင် ဒီ link မှာ လျှောက်လို့ရပါတယ်။

အင်္ဂလိပ်စာကို အခြေခံမှစပြီး ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ သင်ယူချင်ပါ သလား။ IELTS စာမေးပွဲကို အကောင်းဆုံးဖြေဆိုအောင်မြင်ချင်ပါသလား။ Sayar.com.mm တွင် ရှိသော ဆရာ ဆရာမ များနှင့် ဆက်သွယ်လိုက်ပါ။

သင်ကိုယ်တိုင်က ဆရာတစ်ယောက် ဖြစ်နေလျှင် ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်လိုက်ပါ။

Source: Phandeeyar

Read times Last modified on Friday, 03 January 2020 14:26
Rate this articles
(0 votes)