×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Monday, 09 April 2018

အောင်မြင်ချင်ရင် နှစ်ဆလောက် ဆုံးရှုံးတာခံရမယ်

အောင်မြင်ချင်ရင် နှစ်ဆလောက် ဆုံးရှုံးတာခံရမယ် google.com

ဆုံးရှုံးမှုဆိုတာ အောင်မြင်ခြင်းရဲ့လမ်းမကြီးတစ်ခုဖြစ်တယ်။ IBM က Tom Watson Sr. က "အောင်မြင်ချင်ရင် နှစ်ဆလောက် ဆုံးရှုံးတာခံရမယ်" လို့ပြောဖူးတယ်။

သမိုင်းကိုလေ့လာရင် အောင်ပွဲဆင်နိုင်ခဲ့သူတွေမှာ မအောင်မြင်ခဲ့တဲ့ ဆုံရှုံးခဲ့ရမှုတွေ အများကြီးရှိနေခဲ့တာ တွေ့ရလိမ့်မယ်။ လူတွေက အောင်မြင်မှုသာ သတိပြုမိတာ။ ဆုံးရှုံးခဲ့ရတာတွေကို သိကြတာ မဟုတ်ဘူး။ နောက်ဆုံးရလဒ်ကိုကြည့်ပြီး ဒီလူကံကောင်းလိုက်တာ ဆိုတဲ့မှတ်ချက်မျိုးနဲ့ "ခုမှပဲ လူမှန် နေရာမှန်ရောက် တယ်" လို့ပြောကြတာ။

သမိုင်းဝင်ဇာတ်လမ်းလေးတစ်ပုဒ်ပြောပြချင်ပါတယ်။

လူတစ်ယောက်ဟာ
အသက် ၂၁ နှစ်မှာ စီးပွားပျက်တယ်။
အသက် ၂၂ နှစ်မှာ အမှုတစ်ခုဖြစ်တော့လည်း ရှုံးတယ်။
အသက် ၂၄ နှစ်မှာ စီးပွားတစ်ကြိမ်ထပ်ပျက်တယ်။
အသက် ၂၆ နှစ်မှာ ချစ်သူရည်းစား ကွယ်လွန်သွားတယ်။
အသက် ၂၇ နှစ်မှာ စိတ်ကျရောဂါစွဲတယ်။
အသက် ၃၄ နှစ်မှာ လွှတ်တော်အမတ်ဝင်ရွေးတာ ရှုံးတယ်။
အသက် ၄၅ နှစ်မှာ အထက်လွှတ်တော်အမတ်ဝင်ရွေးတော့လည်း ရှုံးတယ်။
အသက် ၄၇ နှစ်မှာ ဒုသမ္မတအဖြစ်ဝင်အရွေးခံတော့လည်း ရှုံးတယ်။
အသက် ၄၉ နှစ်မှာ အထက်လွှတ်တော်အမတ် ထပ်အရွေးခံတာ ရှုံးပြန်တယ်။
အသက် ၅၂ နှစ်ကျမှ အမေရိကန်နိုင်ငံရဲ့ သမ္မတကြီးအဖြစ် အရွေးခံရတော့တယ်။ အဲဒီလူကို ဘယ်သူဆိုတာ သိကြရဲ့လား။ အေဘရာဟင် လင်ကွန်းပါပဲ။

လင်ကွန်းကို အရှုံးသမားလို့ပြောနိုင်သလား။ သူထွက်ပြေးနိုင်လောက်တဲ့ အခြေအနေတွေ၊ ကိုယ့်ကိုယ်ကို ရှက်လွန်းလို့ သတ်သေနိုင်တဲ့ အနေအထားတွေ ရင်ဆိုင်ခဲ့ရပေမယ့် ဥပဒေကိုပဲ လေ့လာပြီးနေတယ်။ လင်ကွန်း အတွက်ကတော့ အရှုံးဆိုတာကို လမ်းလွှဲထားလို့ရတယ်။ လည်စင်းခံလိုက်ဖို့မဟုတ်ဘူး။

Recommended for you - တိုးဂိုက်လုပ်မည့်သူများ ဖတ်ရန်

၁၉၁၃ ခုနှစ်မှာ Lee De Forest ဆိုသူဟာ ဒေသဆိုင်ရာတရားရုံးတစ်ရုံးမှာ တရားစွဲခံရတယ်။ သူက အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး လူတွေစကားပြောနိုင်ဖို့ စီမံချက်တစ်ခုကိုတင်ပြပြီး လူတွေကို စတော့ ရှယ်ယာတွေ ရောင်းခဲ့တယ်။ လူထဲသူထဲ အရှက်ကွဲလောက်အောင် အရှက်ခွဲခံခဲ့ရတယ်။ အဲဒီအချိန်က သမုဒ္ဒရာကြီးကို ဖြတ်ပြီး စကားပြောနိုင်ဖို့ဆိုတာ တီထွင်ရသေးတာတောင်မဟုတ်ဘူး။

နယူးယော့ခ်တိုင်းမ်သတင်းစာကြီးရဲ့ အယ်ဒီတာအာဘော်အခန်းမှာ ၁၉၀၃ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့က မေးခွန်း တစ်ခုထုတ်ထားတယ်။ ရိုက်ညီနောင်က လေထက်လေးတဲ့စက်ပစ္စည်းတစ်ခုကို တီထွင်ပြီး လေထဲမှာ ပျံသန်းနိုင်ပါ့မလားပေါ့။ နောက်တစ်ပတ်အကြာမှာ ရိုက်ညီနောင်က သူတို့ရဲ့ သမိုင်းဝင်ပျံသန်းမှုကို စတင်လုပ် ဆောင်ပြခဲ့တယ်။

Colonel Sanders ဆိုသူဟာ အသက် ၆၅ နှစ်မှာ ကားတစ်စီးကိုထုရိုက်မှုနဲ့ အပြစ်ဒဏ် တစ်ခုချမှတ်ခြင်းခံ လိုက်ရတယ်။ သူ့ဘဝကို ပြန်ပြီးပြင်ဆင်တဲ့အနေနဲ့ တစ်ခုခုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ သူ့မိခင်ကြီးက ကြက်ကြော်လိုက်ရောင်းတာ သွားပြီးသတိရလိုက်တယ်။ သူကိုယ်တိုင် အိမ်ပေါက်စေ့တံခါးတွေကို လိုက်ခေါက်ပြီး ကြက်ကြော်မှာဖို့ လိုက်ပြောခဲ့ရတယ်။ လေး ငါးအိမ်တံခါးခေါက်လိုက်၊ အမှာမရဘူး။ နောက်ဆယ်အိမ်၊ အိမ်တစ်ရာ၊ အိမ်တစ်ထောင် သူကိုယ်တိုင်ကြက်ကြော်အော်ဒါရဖို့ ကြိုးစားခဲ့ရတယ်။ သာမန်ဆိုရင် စိတ်ပျက်ပြီး နောက်ဆုတ်လိုက်မိမှာပေါ့။ သူ့ရဲ့ မလျော့တဲ့ဇွဲကြောင့် နောက် ဆုံးအောင်မြင်ခဲ့ရတယ်။

ကာတွန်းဆရာလေး ဝေါ့ဒစ္စနေးရဲ့ကာတွန်းလက်ရာတွေကို သတင်းစာအယ်ဒီတာတွေက အကြိမ်ပေါင်း များစွာ ပယ်ပြီး အရည်အချင်းမရှိဘူးလို့ မှတ်ချက်ချခြင်းခံခဲ့ရတယ်။ တစ်နေ့သူ့ကို ဘုန်းတော်ကြီးတစ်ပါးက ကာတွန်း တွေဆွဲဖို့ခေါ်လိုက်တယ်။ ဒစ္စနေးဟာ ဘုရားကျောင်းအပြင်မှာစောင့်နေရင်း ကြွက်လေးတစ် ကောင်ကိုမြင်လိုက်ရာက ကာတွန်းတစ်မျိုးကိုဖန်တီးဖို့ စိတ်ကူးရသွားတယ်။ အဲဒီကနေ မစ်ကီးမောက်စ် ဆိုတာဖြစ်လာတယ်။

အောင်မြင်သူတွေဟာ အကြီးကြီးတွေကိုလုပ်ပြီး အောင်မြင်လာကြတာမဟုတ်ဘူး။ သေးသေးလေးတွေကို အကြီးကြီးဖြစ်သွားအောင်လုပ်ပြလိုက်လို့ အောင်မြင်လာကြတာများတယ်။

တစ်နေ့မှာ နားနည်းနည်းလေးနေတဲ့ အသက် လေးနှစ်အရွယ် ကလေးတစ်ယောက်ဟာ အိမ်ကိုစာလေး တစ်စောင်နဲ့ ပြန်လာတယ်။ စာကို အိတ်ထဲကထုတ်ပြီး သူ့အမေကိုပေးလိုက်တယ်။ "ရှင့်သား တော်မီက စာသင်လို့မရဘူး။ ကျောင်းလာထုတ်ပါ" တဲ့။ အမေက စာဖတ်ပြီး ဆရာမဆီကို စာပြန်လိုက်တယ်။ "ကျွန်မ တို့တော်မီက စာသင်လို့မရတာမဟုတ်ဘူး။ ကျွန်မကိုယ်တိုင်သင်မယ်"။ အဲဒီကလေးဟာ နောင်အသက်ကြီး လာတော့ သောမတ်စ် အယ်ဒီဆင်ဖြစ်လာတယ်။ သောမတ်စ် အယ်ဒီဆင်ဟာ ကျောင်းဆိုတာကို သုံးလပဲ တက်ဖူးတယ်။

ပြဿနာတွေ ဘယ်လောက်ပဲကြုံခဲ့ပါစေ သူတို့ အောင်မြင်ခဲ့တယ်။ ပြဿနာကြောင့် သူတို့ နောက်ဆုတ် သွားတာလည်း မရှိဘူး။ အဆိုးမြင်သူတွေကတော့ သူတို့အောင်မြင်တာကို “ကံကောင်းလို့ပါကွာ” လို့ ပြောကောင်း ပြောနိုင်ပါတယ်။

အောင်မြင်သူတွေရဲ့ဇာတ်လမ်းတွေကို ပြန်ကြည့်ရင် အကြီးအကျယ် ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာတွေ ရှိနေတာ တွေ့ရလိမ့်မယ်။ သူများတွေနဲ့ သူတို့ကွာခြားတာက ဆုံးရှုံးလေ သူတို့ ကြိုးစားလေဆိုတာပါ။ မအောင်မြင်ဘူး ဆိုရင် သူတို့က နောက်ပြန် ဆုတ်ရမယ့်အစား ရှေ့ကိုပဲ မိုက်မိုက်ကမ်းကမ်း ဆက်တိုး တတ်တာ သူတို့ရဲ့ အလေ့အထလိုဖြစ်နေတယ်။ အောင်မြင်သူတွေရဲ့ ဇာတ်လမ်းတွေကို လေ့လာကြည့်ပြီး ရှေ့ဆက်တိုးသင့်တယ်။

Recommended for you - ခေါင်းဆောင်ညံ့တစ်ယောက်ဖြစ်ကြောင်း ပြသနေတဲ့ အချက်(၁ဝ)ချက်

၁၉၁၄ ခုနှစ်မှာ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ သောမတ်စ် အယ်ဒီဆင်ဟာ အလုပ်ရုံမီးလောင်ဆုံးရှံးခဲ့တယ်။ မီးအာမခံထားတဲ့ ငွေကလည်း နည်းနည်းလေးပဲထားမိတယ်။ ခုချိန်မှာ လူငယ်လေးတစ်ယောက်လည်း မဟုတ်တော့တဲ့ အယ်ဒီဆင်ဟာ သူ့ဘဝ တစ်လျှောက်လုံးကြိုးစားခဲ့ရတာ ခုတော့ ပြာပုံအတိဖြစ်နေ တာကိုကြည့်ပြီး “အဆိုးထဲက အကောင်းဖြစ်တော့မှာပဲ။ အမှားတစ်ချက်နဲ့ မီးလောင်ပျက်စီးခဲ့ရပြီ။ အစကနေ ပြန်စခွင့်ရလို့ ကျေးဇူးတင်ပါတယ် ဘုရားသခင်” ဆိုပြီး ရေရွတ်လိုက်တယ်။ သူဟာ ဒုက္ခကို ဒုက္ခလို့မမြင်ဘဲ ပြန်ကြိုးစားလိုက်တာ သုံးပတ်အကြာမှာ ဓာတ်စက်ကို တီထွင်လိုက်နိုင်တယ်။ ဘယ်လောက် ကောင်းတဲ့ စိတ်ဓာတ်လဲ။

အောင်မြင်သူတွေရဲ့ ဆုံးရှုံးမှုဇာတ်လမ်းတွေကိုကြည့်ရအောင်။
− သောမတ်စ် အယ်ဒီဆင်ဟာ လျှပ်စစ်မီးသီးကို တီထွင်ချိန်မှာ၊ ပျမ်းမျှ အကြိမ်ပေါင်း ၁၀၀၀၀ လောက် ဆုံးရှုံးခဲ့တယ်။ 
− ဟင်နရီ ဖို့ဒ်ဟာ အသက် ၄၀ မှာ ကုန်းကောက်စရာမရှိအောင် မွဲသွားဖူးတယ်။
− ဒုတိယမြောက် ဟင်နရီ ဖို့ဒ်က Lee Iacocca ကို အသက် ၅၄ နှစ်မှာ အလုပ်ထုတ်ဖူးတယ်။
− ဘီသိုဗင်ဟာ ငယ်စဉ်က ဂီတမှာ ပါရမီမရှိဘူးလို့ အပြောခံရတယ်။ ခုချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဂီတတွေကို ဖန်တီး ခဲ့သူလို့ သတ်မှတ်ခြင်းခံရတယ်။

အနှောက်အယှက် အတားအဆီးတွေဆိုတာ လူတိုင်းကြုံတွေ့ရမှာပဲ။ အပျက်သဘောတွေ ဝင်လာရင် လူဆိုတာက စိတ်ဓာတ်ကျတယ်။ ဆုံးရှုံးမှုတွေ ဘယ်လောက်ပဲကြုံတွေ့ရပါစေ အတားအဆီးတွေဆိုပြီး ကျော်လွှားချင်တဲ့ သတ္တိမျိုးတွေမွေးရမယ်။ အောင်မြင်သူဖြစ်ချင်ရင် ဘယ်တော့မှ ကိုယ့်ကိုယ်ကို ဆုံးရှုံးမှုရဲ့ သားကောင် မဖြစ်ပါစေနဲ့။ ကြောက်ရွံ့ခြင်းနဲ့ သံသယဖြစ်ခြင်းဟာ စိတ်ကိုပျက်စီးစေတတ်တယ်။

အတားအဆီးတွေ အနှောင့်အယှက်တွေ ကြုံရတိုင်း ကိုယ့်ကိုယ်ကို ပြန်မေးကြည့်စမ်းပါ။ အဲဒီလို ကြုံတွေ့ လိုက်ရတဲ့အတွက် ကိုယ်က ဘာကိုပြန်ပြီးရလိုက်သလဲ။ လမ်းမှာ ပိတ်ဆို့ထားတဲ့ ကျောက်တုံးတစ်တုံးကို ကိုယ့်အတွက် လှေကားတစ်ထစ်လို အသုံးပြုနိုင်ခဲ့သလားဆိုတာ။

Credit: Myanmar Educo

Read times Last modified on Wednesday, 08 January 2020 11:17
Rate this articles
(3 votes)