×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 05 July 2018

သင့်ဘဝရဲ့ စိတ်ဓာတ်ခွန်အားကို ပေးစွမ်းနိုင်မယ့်အရာများ

သင့်ဘဝရဲ့ စိတ်ဓာတ်ခွန်အားကို ပေးစွမ်းနိုင်မယ့်အရာများ google.com

၁။ ဘဝမှာ ကြုံတွေ့လာသမျှ အဖြစ်အပျက်တိုင်းမှာ သင်ခန်းစာ ယူစရာတွေ ရှိပါတယ်။

 

၂။ မလိုအပ်ဘဲ စိုးရိမ်ပူပန်နေတာတွေဟာ အချိန်ဖြုန်းခြင်းသက်သက် ဖြစ်တယ်ဆိုတာကို အချိန်နဲ့ အတွေ့အကြုံက သင်ကြားသွားပါလိမ့်မယ်။

 

၃။ အတိတ်က ဖြစ်ပျက်ခဲ့တဲ့အရာတွေကို ဘာမှ ပြင်ဆင်လို့မရတော့ပေမယ့် လက်ရှိအခြေအနေမှာ အကောင်းဆုံးဖြစ်အောင် ရပ်တည်လို့ ရပါတယ်။

 

၎။ ခက်ခဲကြမ်းတမ်းမှုတွေဆိုတာ အမြဲတမ်းဖြစ်နေတာမျိုး မဟုတ်ပါဘူး။ ခိုင်မာတဲ့ စိတ်ဓါတ်နဲ့ မေတ္တာတရားရှေ့ထား ဖြေရှင်းလိုက်ပါ။

 

၅။ ဘဝဟာ ကြိုတင်စီစဉ်ထားတဲ့အတိုင်း ဖြစ်လာတယ်ဆိုတာ သိပ်ကိုရှားပါတယ်။ ဒါပေမယ့် ဖြစ်လာတဲ့ အခြေအနေတိုင်းကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ အကောင်းမြင်စိတ်လေးနဲ့ ရှေ့ဆက်လိုက်ပါ။

 

Recommended for you - မြန်မာနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခု

 

၆။ ရှေ့တစ်လှမ်းတိုးဖို့ နောက်တစ်လှမ်းပြန်ဆုတ်ချင်လည်း ဆုတ်ရမှာပါ။ ဒီတော့ ဖြစ်ပျက်လာသမျှ အခြေအနေတိုင်းကို အားမလျှော့ဘဲ ရင်ဆိုင်ရဲရင့် လိုက်ပါ။

 

၇။ ဘယ်လောက်ပဲ ခက်ခဲတဲ့အခြေအနေပဲ ဖြစ်နေပါစေ အချိန်တန်ရင်ပြီးဆုံးသွားမယ် ဆိုတာကို သတိရပါ။

 

၈။ ဘဝရဲ့ အနိမ့်အမြင့်အတက်အကျတွေ ဘယ်လောက်ပဲ ပြောင်းလဲပါစေ ကိုယ့်စိတ်ကို ပျက်စီးမသွားအောင် ထိန်းသိမ်းထားပါ။

 

၉။ ကိုယ့်အတွေးတွေကို ပြောင်းလဲလိုက်တာနဲ့ ဘဝတစ်ခုလုံး ပြောင်းလဲသွားနိုင်တယ်ဆိုတာ သတိရပါ။

 

Recommended for you - သူများထက် ခေါင်းတစ်လုံးသာချင်ရင် စာများများဖတ်ပါ

 

Recommended for you - ဒဂုံတက္ကသိုလ်(day)မှ မေဂျာအမှတ်များ

 

Credit; jobs4u

Read times Last modified on Friday, 10 January 2020 10:29
Rate this articles
(1 Vote)