ပညာရေးဆိုင်ရာနည်းပညာကိုအခြေခံပြီး သင်ကြားတဲ့နည်းလမ်းတွေက ကျောင်းသားတွေရဲ့ သင်ယူမှု၊ ဖန်တီးနိုင်စွမ်း၊ စွမ်းဆောင်ရည်တွေကို ပိုမိုမြှင့်တင်ပေးနိုင်ပါတယ်။
နိုင်ငံတကာအဆင့်မှာတောင် သင်ကြားမှုနည်းစနစ်ကိုနည်းပညာနဲ့ပေါင်းစည်းလိုက်တာက ကောင်းသောပြောင်းလဲမှုတွေဖြစ်စေခဲ့ပါတယ်။ နည်းပညာက ပညာရေးနယ်ပယ်မှာ ဘယ်လိုတွေအထောက်အကူပေးနိုင်လဲဆိုတာ အောက်မှာလေ့လာကြည့်ပါမယ်..။
၁. သင်ကြားမှုကိုပိုမိုလွယ်ကူစေခြင်း
ကျောင်းသားတွေနားမလည်နိုင်တဲ့ မမြင်သာတဲ့ စာတွေ သီအိုရီတွေကို ဒီတိုင်းထိုင်ရှင်းပြနေရတာက ဆရာတွေအတွက်လည်း တော်တော်ပင်ပန်းပါတယ်။ သဘောတရားတစ်ခုချင်းစီကို ကျောင်းသားတစ်ယောက်ချင်းစီအတွက် လုံးဝရှင်းလင်းသွားအောင်ပြောပြဖို့ဆိုတာ အဲ့လောက်မလွယ်ကူပါဘူး။ ဒါပေမယ့် နည်းပညာက ဘယ်လိုဖြစ်စေခဲ့သလဲ? ရုပ်သံတင်ဆက်မှုတွေကြောင့် ကျောင်းသူ၊သား တွေအနေနဲ့ သူတို့သင်နေရတဲ့သီအိုရီတွေ သဘောတရားတွေကို လက်တွေ့ဒီလိုအသုံးချပါလားဆိုတာ ပိုမြင်သာစေပါတယ်။ ကွန်ပျူတာ ပရိုဂျက်တာရှိရုံနဲ့ သင်ခန်းစာတွေ လမ်းညွှန်ချက်တွေကို အရှင်းလင်းဆုံးရှင်းပြနိုင်ပြီး စာသင်ခန်းအတွင်းမှာသင်ယူနိုင်စွမ်းကို ပိုမိုတိုးတက်စေပါလိမ့်မယ်။
၂. ကျောင်းသားတွေရဲ့တိုးတက်လာမှုကိုခြေရာခံမှတ်သားနိုင်ခြင်း
အရင်တုန်းကလို ကျောင်းသားတစ်ယောက်ချင်းစီအကြောင်း စာအုပ်ကြီးထဲမှာ notes တွေနဲ့ ချမှတ်စရာမလိုတော့ပါဘူး။အခုဆို Platform တွေ Tools တွေလည်း တော်တော်များများရှိနေပြီဖြစ်လို့ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ အဆင့်တွေလုပ်ဆောင်နိုင်စွမ်းတွေကို ခြေရာခံပြီး သိမ်းထားနိုင်ပါတယ်။ ဥပမာ MyStudentsProgress တို့ theTeacherCloudProgress Tracker တို့ဆို နာမည်ကြီး အွန်လိုင်း Tools တွေပါပဲ။
၃. ပတ်ဝန်းကျင်အတွက်ကောင်းမွန်ခြင်း
ကျောင်းတွေကသာ Digital Textbook တွေသုံးတော့မယ်ဆိုရင် စာအုပ်တွေထုတ်ဖို့ ကုန်ရတဲ့သစ်ပင်ပမာဏလည်း သက်သာသွားပါလိမ့်မယ်။ မဖြစ်နိုင်သေးတဲ့ကိစ္စဆိုပေမယ့်လည်း စာသင်ခန်းတစ်ခန်းကစ တစ်ကျောင်းလုံး နောက်ပိုင်းတစ်နိုင်ငံလုံးအတိုင်းအတာထိသာ ပြောင်းလဲကြမယ်ဆိုရင် ဖြစ်နိုင်ပါတယ်…ဥပမာ သင့်အနေနဲ့ ကျောင်းသားတွေကို အွန်လိုင်းမှာစာမေးပွဲဖြေခိုင်း၊ စာတမ်းတွေ အိမ်စာတွေကို အီးမေးလ်နဲ့တင်ခိုင်းတာမျိုးနဲ့ စလုပ်သွားလို့ရပါတယ်။
Recommended for you - ၁၀ တန်းအမှတ် ၄၂၀ နှင့်အထက်ရရှိသူများ လျှောက်ထားနိုင်တဲ့ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်
၎. ကျောင်းသားတွေပိုနှစ်သက်ခြင်း
ကျောင်းသားတွေက အခုဆို ဖေ့စ်ဘွတ်, Instagram, စသဖြင့် ဆိုရှယ်မီဒီယာပေါင်းများစွာကို စွဲနေကြပါပြီ။ ဒါတွေက အွန်လိုင်းမှာ အလကားသက်သက်အချိန်ကုန်ရခြင်းအကြောင်းရင်းပါပဲ။ ဒီတော့အကျိုးရှိအောင် စာသင်ယူရတာလည်းပျော်ဖို့ကောင်းအောင် နည်းပညာကို အသုံးချလို့ရပါတယ်။ ဥပမာ ကိုယ့်ကျောင်းသားတွေနဲ့ဆွေးနွေးဖို့ ဖေ့စ်ဘွတ် Group တစ်ခုထောင်လိုက်ပြီး တစ်တန်းလုံးဝိုင်းဆွေးနွေးကြမယ်ဆိုရင် တော်တော်လေးအကျိုးရှိမှာပါ။
၅. အဝေးရောက်သင်ယူမှုတွေပိုအဆင်ပြေလာခြင်း
အင်တာနက်ဆိုတာမရှိရင် လူတိုင်းက ကိုယ်သိချင်တဲ့အရာမှန်သမျှကို အကုန်သိနိုင်မှာမဟုတ်ပါဘူး။ အခုနောက်ပိုင်းဆို အွန်လိုင်းကနေ စာသင်ပေးတဲ့စနစ်က တော်တော်လေးခေတ်စားလာပါတယ်။ ဥပမာ အာကာသသိပ္ပံအကြောင်းစိတ်ဝင်စားတယ် ဒါပေမယ့် သင်နေတဲ့သင်ရိုးလောက်နဲ့ သိချင်တဲ့အချက်တွေများမသိခဲ့ဘူးဆိုရင် အွန်လိုင်းသင်တန်းတွေဖြစ်တဲ့ Coursera တို့မှာ ဝင်ရောက်သင်ယူနိုင်ပါတယ်။ ဒီလိုအွန်လိုင်းစာသင်ကြားမှုတွေရှိလာတာ တော်တော်လေးအဆင်ပြေတယ်လို့တော့ မြင်ပါတယ်။
၆. အချက်အလက်တွေကိုအလျှင်မြန်ဆုံးရှာဖွေနိုင်ခြင်း
အရင်ခေတ်ကလို တစ်ခုခုသိချင်တိုင်း စာကြည့်တိုက်မှာ တစ်ပုံတစ်ပင်ကြီးဝင်မွှေနေစရာမလိုတော့ပါဘူး။ ကျောင်းသားတွေအနေနဲ့ သူတို့သိချင်တာမှန်သမျှကို Google တစ်ချက်ခေါက်လိုက်ရုံနဲ့သိနိုင်တယ်ဆိုတော့ ပိုရိုးရှင်းပြီးလွယ်ကူလာတာပေါ့။
၇. စုပေါင်းဆောင်ရွက်မှုကို ပိုကောင်းမွန်စေခြင်း
ဆရာမက အဖွဲ့လေးတွေဖွဲ့ပေးပြီး ပရောဂျက်တာဝန်တွေပေးတဲ့အခါ တစ်ချို့ကလည်း သူတို့အမြင်ကိုအော်ကြီးဟစ်ကျယ်ပြောကြနဲ့ ဆူညံပွက်လောရိုက်တဲ့အခါမျိုးမှာ ပရောဂျက်မှာပါတဲ့ကျောင်းသားတွေဝင်ရောက်စုဝေးလို့ရတဲ့ Setting တစ်ခု ခုနောက်ပိုင်း အွန်လိုင်း Tools တွေမှာ ပါလာပါပြီ။ အိမ်မှာပဲအလုပ်လုပ်လို့ရပြီး အင်တာနက်နဲ့ချိတ်ဆက်ဆွေးနွေးကြဆိုတော့ ဘေးကပွက်လောရိုက်ဆူညံတာမျိုးတွေမရှိဘဲ အေးဆေးလုပ်လို့ရနိုင်ပါတယ်။
ဒီလိုမျိုး နည်းပညာကိုသာ ပညာရေးနယ်ပယ်မှာ ကောင်းကောင်းအသုံးချနိုင်ရင် ကျောင်းသူကျောင်းသားတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်း စူးစမ်းလေ့လာနိုင်စွမ်း သိမြင်နိုင်စွမ်းတွေက တော်တော်ကြီးတိုးတက်လာမယ်လို့ယုံကြည်ပါတယ်။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။
Recommended for you - သင့်ဘဝရဲ့ စိတ်ဓာတ်ခွန်အားကို ပေးစွမ်းနိုင်မယ့်အရာများ
Recommended for you - ပညာရေးဘွဲ့(B.Ed) ၀င်ခွင့်တွေ လျှောက်လို့ရပြီ