READ -အချိန်တန်ရင်
၎. တနင်္လာနေ့နဲ့ပတ်သတ်တဲ့ ပျင်းရိငြီးငွေ့မှုဟာ အများအားဖြင့် အသက်45 နဲ့ 55 နှစ် လူကြီးတွေကြားမှာ အဖြစ်အများဆုံးပါပဲ။
READ -ငါဖြစ်စေချင်တဲ့သူ
Unicode
တနင်္လာနေ့ဆိုတာက အားအင်တွေ အပြည့်နဲ့ လန်းဆန်းမှုတွေ တက်ကြွမှုတွေနဲ့ စတင်ရမယ့်နေ့တစ်နေ့ပါ။ ရက်သတ္တပတ်ကုန်လို့ အသစ်ပြန်လည်စတင်တဲ့နေ့လေးတစ်နေ့ပေါ့။
အများစုကတော့ ကျောင်းတက်နေတဲ့အချိန်ပဲဖြစ်ဖြစ် လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ် တနင်္လာနေ့က တက်ကြွနေရမယ့်အစား ငြီးငွေ့မှုတွေ ပျင်းရိမှုတွေနဲ့စတင်မိ တတ်ပါတယ်။
ဒါကထူးတော့မထူးဆန်းပါဘူး။ ပိတ်ရက်မှာ သေချာတောင် အနားမယူရသေးဘူး တနင်္လာနေ့က ရောက်လာပြန်ပြီ။ တစ်ပတ်စာ လုပ်ငန်းဆောင်တာတွေကို ပြန်လည်စတင်ရတော့မယ့် အချိန် မလုပ်ချင်လုပ်ချင်နဲ့ မသွားချင်သွားချင်နဲ့ ရုံးတွေ ကျောင်းတွေ ပြန်တက်ရပါတယ်။
ဒီလို တနင်္လာမှာ ထူးခြားချက်လေးတွေရှိတယ်ဆိုတာ သင်သိပြီးပြီလား။
၁. လူတွေက တနင်္လာနေ့တွေ့မှာ နေ့လည် ၁၁ နာရီမတိုင်ခင်ထိ ပြုံးရယ်မှုနည်းပါးကြပါတယ်။
၂. တစ်ကမ္ဘာလုံးမှာရှိတဲ့ 50ရာခိုင်နှုန်းသော ၀န်ထမ်းတွေဟာ တနင်္လာနေ့မနက်မှာ ရုံးနောက်ကျလေ့ရှိပါတယ်။
၃. လူအများစုဟာ တနင်္လာနေ့မှာ ရုံးတွေ ၊ ကျောင်းတွေ မသွားချင်ကြကြောင်းကို 12မိနစ်နီးပါးခန့် ကြာအောင် ငြီးညူလေ့ရှိကြပါတယ်။
၄. တနင်္လာနေ့နဲ့ပတ်သတ်တဲ့ ပျင်းရိငြီးငွေ့မှုဟာ အများအားဖြင့် အသက်45 နဲ့ 55 နှစ် လူကြီးတွေကြားမှာ အဖြစ်အများဆုံးပါပဲ။
၅. စစ်တမ်းတွေအရ တနင်္လာနေ့မှာ ၀န်ထမ်းတွေရဲ့ ထိထိရောက်ရောက် အလုပ်လုပ်နိုင်စွမ်းရည်ဟာ 3.5နာရီမျှသာရှိပါတယ် ။
၆. မိမိကိုယ်ကို သေကြောင်းကြံစည်မှုအဖြစ်များဆုံးနေ့ဟာ တနင်္လာနေ့ပါပဲ။
၇. တနင်္လာနေ့မှာ နှလုံးရောဂါကိုခံစားရသူအရေအတွက်ဟာ သာမန်နေ့တွေထက် ၂၀% ခန့်ပိုမိုများပြားပါတယ်။
၈. အကောင်းဖက်ကနေပြောရရင်တော့ တနင်္လာနေ့ဟာ ကုန်ပစ္စည်းတွေ promotion ချလေ့ရှိတဲ့ ၊ အရောင်းအဝယ်လုပ်ငန်းတွေအတွက် အဆင်ပြေစေတဲ့ နေ့တစ်နေ့ပါပဲ။
Source ;upupmm