အလုပ်တစ်ခုကို ကိုယ်တိုင်က မလုပ်ကြည့်ရသေးပဲ သူများကမကောင်းဘူးလို့ ပြောတိုင်းတွေဝေနေရင် သူများပါးစပ်မှာ ကိုယ့်အနာဂတ် ရှိနေသလိုဖြစ်ပါလိမ့်မယ်။
အနည်းဆုံးတော့ ကိုယ်လုပ်မယ့်အလုပ်ကို ကိုယ်တိုင်လေ့လာပါ၊ လက်တွေ့လုပ်ဆောင်ကြည့်ပါ။ အောင်မြင်ရင်ရှေ့ဆက်လှမ်းနိုင်ဖို့ ပြင်ဆင်ရမယ်။ ကျရှုံးခဲ့ရင် အတွေ့အကြုံနဲ့သင်ခန်းစာက ကိုယ့်အတွက်ရရှိနိုင်တယ်။
ကိုယ့်အားနည်းချက် ဘာလဲဆိုတာသိရရင် နောက်တစ်ကြိမ်ကြိုးစားနိုင်ဖို့အတွက် အားနည်းချက်ကို ပိုပြီးလေ့လာပြင်ဆင်ရင်း မနက်ဖြန်ဆိုတာ ကိုယ့်အတွက် ကြိုးစားဖို့အခွင့်အရေးပဲ။
ကိုယ်လုပ်မယ့် အလုပ်ကိုသူများက မကောင်းဘူးဆိုတိုင်း ရပ်တန့်မနေပါနဲ့။ အလုပ်ကိုအကောင်းမြင်စိတ်နဲ့ ရိုးသားကြိုးစားသူတိုင်း သူတို့ရဲ့ကြိုးစားမှုအတွက် အလုပ်ပေးတဲ့ချိုမြိန်ခြင်းတွေ ပြန်လည်စားသုံးရလို့ သူတို့အနာဂတ် လှပသွားသူတွေ အများကြီးပါပဲ။
အလုပ်တိုင်းက အစမှာအဆင်ပြေချောမွေ့တယ်ဆိုတာ မရှိပါဘူး။ နေသားမကျတာရယ် အလုပ်ရဲ့သဘောတရားကို ကောင်းကောင်း မကျွမ်းကျင်သေးတာကြောင့် အဆင်မပြေတာလေးတွေတော့ အနည်းနဲ့အများတော့ ကိုယ့်ရဲ့အာရုံစိုက်လေ့လာမှုပေါ်မူတည်ပြီးရှိမှာပါပဲ။
Recommended for you - လုပ်ငန်းခွင်နဲ့ပတ်သက်သော သင်တန်းကျောင်း (Vocational School) များ ဖွင့်လှစ်ရန် ရန်ကုန်တိုင်းအစိုးရ စီစဉ်နေ
ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်မယ်လို့ ရည်ရွယ်တဲ့အလုပ်ကို တစိုက်မတ်မတ် အားရုံစိုက်လုပ်ဆောင်ပါ။ သူတစ်ပါးမျက်ရည်နဲ့ ကင်းသောအလုပ်ဖြစ်ပါစေ။ အလုပ်ကအောင်မြင်ရင် ကိုယ်ပဲကောင်းမွန်တဲ့ အကျိုးရလဒ်ကိုခံစားရမှာပါ။ အလုပ်က အကြောင်းတစ်စုံတစ်ရာကြောင့် ထင်သလိုမဖြစ်လာရင်လည်း သင်ပဲရင်ဆိုင်ရမှာမို့၊ ကိုယ်လုပ်တဲ့အလုပ်သည် ကိုယ့်အလုပ်။
အခက်အခဲတွေကို ထိုင်တွေး ကြောက်ရွံ့နေရင် သင်ဘယ်တော့ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တော့မှာလဲ။ စိတ်ဓာတ်ပျော့ညံ့သူ၊ အကောင်းမြင်စိတ်နည်းသူ၊ ကိုယ်တိုင်လည်းမကြိုးစားဘူး ကိုယ့်ဘေးကလူကိုလည်း သူ့လိုပဲ နေသာသလိုနေရင်း မတိုးတက်စေချင်သူတွေကို သင့်ဘဝအတွက် အရေးကြီးတဲ့အကြောင်းရာတွေကို တိုင်ပင်မိရင် သင့်အတွက် နည်းလမ်းကောင်းမရနိုင်ပါဘူး။
အလုပ်တိုင်းအတွက် ခိုင်မာတဲ့စိတ်၊ ဘယ်လိုအခက်အခဲတွေပဲရှိရှိ ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ ပြတ်သားတဲ့ ခံယူချက်တွေ ရှိနေဖို့လိုပါတယ်။ ကိုယ်ကြိုးစားမှ ကိုယ့်အနာဂတ်လှပနိုင်မှာ။ ကိုယ်လျှောက်မယ့်လမ်း ကိုယ်တိုင်ဖောက်ပါ၊ သူများပါးစပ်မှာလမ်းမဆုံးစေဖို့ ကိုယ့်ဦးနှောက်နဲ့စဉ်းစားဆုံးဖြတ်ပါ။
( ရွေးချယ်မှုသည် မိမိအတွက်ပါ )
Recommended for you - အသက် (၂၀)အရွယ် လူတစ်ယောက်အတွက် ဘဝသင်ခန်းစာ (၂၀)
Recommended for you - YUFL မှ အချိန်ပိုင်း ဘာသာစကားသင်တန်းများ အောက်တိုဘာလဆန်းတွင် ဖွင့်မည်
Credit; YawTharLay