ဦးနှောက်မှာ အာရုံခြောက်ပါးကို သိရှိခံစားနိုင်တဲ့၊ ဆုံးဖြတ်နိုင်တဲ့၊ မှတ်မိနိုင်တဲ့ ကဏ္ဍတွေ အများကြီးပါဝင်ပါတယ်။
၁။ သင်ခန်းစာများ
ဦးနှောက်ဟာ ကျောင်းမှာသင်တဲ့ သင်ခန်းစာတွေကိုတော့ ဘယ်လောက်ပဲ သင်သင်၊ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သင်ကြားမှုတွေရဲ့ 5% ကိုသာ မှတ်မိနိုင်စွမ်းရှိပါတယ်။
၂။ ဖတ်ရှုခြင်း
လူတွေဟာ စာအုပ်တွေ ပြဌာန်းစာတွေ မြောက်များစွာကို ဖတ်ရှုကြပါတယ်။ အဲဒီစာတွေ ဘယ်လောက်ပဲဖတ်ဖတ် ဦးနှောက်က ကောင်းကောင်းမှတ်နိုင်တာကတော့ ဖတ်ရှုခြင်းများစွာရဲ့ 10% သာ မှတ်မိနိုင်ပါတယ်။
၃။ နားထောင်ခြင်း
သင်ခန်းစာ အသံဖိုင်တွေကို နားထောင်တယ်၊ တရားတွေ နာတယ်၊ သီချင်းတွေ နားထောင်တယ်။ အဲဒီ နားထောင်ခြင်းကနေ 20% အထိ မှတ်မိနိုင်ပါတယ်။
၎။ သရုပ်ပြသင်ကြားမှု
သင်ခန်းစာတွေကို စာသင်ခန်းထဲမှာ ဒီအတိုင်း သင်သွားတာထက်စာရင် သရုပ်ပြသင်ကြားခြင်းကို ကျောင်းသားတွေက ပိုမှတ်မိပါတယ်။ သရုပ်ပြသင်ကြားခြင်း 100% အနက် ကျောင်းသားတွေရဲ့ ဦးနှောက်ဟာ 30% အထိ မှတ်မိနိုင်ပါတယ်။ ထို့ကြောင့် တက္ကသိုလ်တွေဟာ နောက်ပိုင်းကာလတွေမှာ သင်ကြားပြသခြင်းထက် သရုပ်ပြသင်ကြားခြင်းကို ပိုပြီး လုပ်ကိုင်လာကြတာ ဖြစ်ပါတယ်။
၅။ အစုအဖွဲ့အလိုက် ဆွေးနွေးငြင်းခုန်ခြင်း
ကျောင်းသားတွေဟာ အစုအဖွဲ့လိုက် ဆွေးနွေးခြင်းကနေ 50% အထိ မှတ်မိနိုင်ပါတယ်။ တက္ကသိုလ်နဲ့ ပညာရေးကျောင်း တော်တော်များများမှာ Group Activity နဲ့ Group Presentation အစီအစဉ်တွေ ထည့်သွင်းခဲ့ပြီး ကျောင်းသားတွေကို Topic တွေ ပေးကာ ငြင်းခုန်စေတာမျိုးတွေ ရှိလာပါတယ်။ ဒါဟာလည်း မှတ်ဉာဏ်အတွက် ထိရောက်ပါတယ်။
၆။ လက်တွေ့လေ့ကျင့်ခန်းများ
ဦးနှောက်ဟာ လက်တွေ့လုပ်ရတဲ့ အလုပ်တွေကို 75% အထိ မှတ်မိနိုင်ပါတယ်။ ဒီတွေ့ရှိချက်ကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တက္ကသိုလ်ကဲ့သို့သော ပညာရေးစင်တာကြီးတွေမှာ ဘာသာရပ်တိုင်းအတွက် လက်တွေ့လုပ်ဆောင်နိုင်ဖို့ အခန်းတွေ၊ သုတေသနအခန်းတွေ ဖွဲ့စည်းတည်ထောင်ပေးခဲ့ပါတယ်။
၇။ အခြားအရာများ
ဦးနှောက်ဟာ အခြားဘာမှ မသင်ရ၊ မကြားရပါဘဲ၊ ကိုယ့်ဘာသာ စူးစမ်းခြင်း၊ ရုတ်တရက် တွေ့ရှိခြင်း၊ လွှတ်ကနဲပြောဆိုလိုက်ခြင်း၊ ငယ်ငယ်က မှတ်မှတ်ရရဖြစ်ရပ်၊ ဘဝမှာ မမေ့နိုင်တဲ့အကြောင်းအရာ စတဲ့ သင်ကြားခြင်းနဲ့မဆိုင်တဲ့ အချက်တွေကိုတော့ 90% အထိ မှတ်မိပါတယ်။ ဥပမာ လူတစ်ယောက်ဟာ စာဆယ်ကြောင်းလောက်ပါတဲ့ စာတစ်ပုဒ်ကို ငါးမိနစ်အတွင်း အလွတ်မရနိုင်ပေမယ့် စာအကြောင်း ၂၀ လောက်ပါတဲ့ သီချင်းတစ်ပုဒ်ကိုတော့ အလွတ်ရနိုင်စွမ်း ရှိပါတယ်။
ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Recommended for you - စင်ကာပူ၊ အမေရိကန် နှင့် အင်္ဂလန်နိုင်ငံတို့၏ ပညာရေးလမ်းကြောင်း ဆွေးနွေးပွဲပြုလုပ်မည်
Recommended for you - မြန်မာစာစွမ်းရည်ပြိုင်ပွဲ ကိုယ်ပိုင်ကျောင်းနှင့် ဘကကျောင်းမှ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်
Credit; shwemom