ပညာသင်ကြားရေးကို ရွေးချယ်ကြသော ဆရာဆရာမများအဖို့ ဆိုရိုးစကားအတိုင်း စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာစိတ်ထား ပိုင်ဆိုင်ထားကြပြီး ကိုယ့်ဝါသနာကို တစိုက်မတ်မတ် အားကြိုးမာန်တက် ကြိုးစားနေဖို့ လိုအပ်ပါတယ်။
(၁) အစဉ်အမြဲ တိုးတက်နေရန်လိုအပ်ခြင်း
သိပ္ပံနဲ့နည်းပညာ တိုးတက်နေတဲ့ခေတ်ကြီးကို အမှီလိုက်နိုင်ဖို့အတွက် ဆရာဆရာမများဟာ အစဉ်အမြဲ တိုးတက်နေဖို့ လိုပါတယ်။ ဗဟုသုတအတွက်ရော စဉ်းစားဥာဏ်အတွက်ပါ အမြဲတိုးတက်နေဖို့ လိုအပ်ပါလိမ့်မယ်။ စာကောင်းပေကောင်း များများဖတ်ရှုခြင်း၊ စာဖတ်မှတ်စုများ ပြုစုခြင်း၊ အင်တာနက်၊ စာကြည့်တိုက်နဲ့ ကွန်ပြူတာများကို အသုံးပြုပြီး စူးစမ်းလေ့လာခြင်း စသည်တို့ကို ကြိုးစားနေဖို့လိုပါတယ်။
(၂) ဝန်ဆောင်မှုစိတ်ထား မွေးမြူခြင်း
ခေတ်သစ်ပညာရေးအရ ဆရာဆရာမများရဲ့တာဝန်ဟာ ကျောင်းသားများကို ပညာသင်ပေးခြင်းသက်သက် မဟုတ်တော့ဘဲ ကျောင်းသားများ ကိုယ်တိုင်လေ့လာတတ်တဲ့အကျင့် ပြုစုပျိုးထောင်ပေးခြင်း၊ လေ့လာသင်ယူလိုစိတ် နိုးကြားထကြွစေခြင်း၊ ဖန်တီးမှုအမြင် ပျိုးထောင်ပေးခြင်း စသည်တို့ ဖြစ်ပေါ်လာရန်အတွက် ဆရာဆရာများရဲ့ ဝန်ဆောင်မှုစိတ်ထားဟာ အလွန်အရေးကြီးလာပါတယ်။
သင်ကြားမှုဆိုတာ ကျောင်းသားများနားလည်အောင် အဖန်တလဲလဲ ရှင်းပြသင်ပြပေးခြင်းကိုဆိုလိုပြီး ပညာရေးဝန်ဆောင်မှုဆိုတာ ကျောင်းသားများရဲ့ ပါရမီလိုအပ်ချက်ကို ဖြည့်တင်းထောက်ပံပေးတဲ့သဘောကို ဆိုလိုပါတယ်။
(၃) အသစ်ဖန်တီးတတ်ခြင်း
ဆရာဆရာမများဟာ မိမိသင်သော သင်ခန်းစာများအပေါ် ဆက်စပ်တွေးခေါ်တတ်ခြင်း၊ တစ်မိုဒ်ပြရင် တစ်တောင်မြင်တတ်ခြင်း၊ ပိုင်းခြားစိတ်ဖြာတတ်ခြင်း၊ ထိုးထွင်းသိမြင်တတ်ခြင်း စသည့် အရည်အချင်းများကို ပိုင်ဆိုင်ကြပါတယ်။ မိမိသင်ကြားမည့် သင်ခန်းစာကို သမားရိုးကျ ပုံစံမျိုးနဲ့မသင်ပဲ အခန်းထဲက ကျောင်းသားများအတွက် သင့်တော်တဲ့ သင်ကြားမူပုံစံအသစ် ဖန်တီးတတ်ရပါမယ်။
(၄) သင်ရိုးညွန်းတန်းအသစ်ကို ရေးဆွဲတတ်ခြင်း
ဆရာဆရာမများဟာ ပုံစံဟောင်းအတိုင်း “ ၏သည် ” မရွေး သင်ပြစရာ မလိုတော့ပါ။ သင်ခန်းစာများကို ခြုံငုံနားလည်ဖို့ လိုတိုးပိုလျော့နည်းလမ်းဖြင့် သင်ရိုးညွန်းများကို ကျောင်းသားများလိုအပ်ချက်နဲ့အညီ ပြုပြင်အသုံးပြု ရေးဆွဲပြီး သင်ကြားပေးနိုင်အောင် ရေးဆွဲတတ်ရပါမယ်။
(၅) မှန်ကန်စွာ အကဲဖြတ်တတ်ခြင်း
ကျောင်းသူကျောင်းသားများကို လေးစားပါမှ မှန်မှန်ကန်ကန် အကဲဖြတ်တတ်မှာဖြစ်ပြီး ကျောင်းသားများရဲ့ အားသာချက် အားနည်းချက်ကိုသိရှိပြီး ဘယ်လိုအားပေးကူညီရင်ဖြင့် ပိုမိုကြိုးစားလာအောင် တွန်းအားပေးလို့ရတယ်ဆိုတာ ပြုလုပ်ပေးသင့်ပါတယ်။
(၆) လေးစားတတ်ခြင်း
ကျောင်းသူကျောင်းသားများကို လေးစားတတ်ရန်လိုအပ်ပါတယ်။ ကျောင်းသားကျောင်းသူများကို တန်းတူညီတူ သဘောထားဆက်ဆံရမှာ ဖြစ်ပါတယ်။ ဘယ်ကျောင်းသားကိုမှ မမုန်းဘူး၊ စိတ်မခုဘူး၊ ဘယ်လိုအခြေအနေမျိုးမှာမှ ဘယ်လို ကျောင်းသားမျိုးကိုမှ လက်မလွှတ်တတ်တဲ့ ဆရာဆရာမများ ဖြစ်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။
ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Recommended for you - University of Twente (UTS) က ပေးအပ်မည့် ပညာသင်ဆု
Recommended for you - မိမိတို့ရဲ့ သားသားမီးမီးတို့အတွက် Preschool ကျောင်းကောင်းကို ရှာနေပါသလား
Credit; knaung